တ႐ုတ္ျမန္မာနယ္စပ္မွာ လူစုလူေဝးနဲ႔ အသြားအလာမ်ားကန္႔သတ္

 ေ႐ႊလီမွာ ဗိုင္းရပ္စ္ကူးသူေတြ႕လို႔ အသြားအလာကန္႔သတ္
(Zawgyi)⤵⤵⤵
ျမန္မာ တ႐ုတ္နယ္စပ္ရဲ႕ အဓိက ကုန္သြယ္ေရး ၿမိဳ႕ျဖစ္တဲ့ ေ႐ႊလီၿမိဳ႕မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ေတြ႕ရွိခဲ့တဲ့အတြက္ ေ႐ႊလီၿမိဳ႕ေပၚက ပန္းၿခံ ၊ ဟိုတယ္နဲ႔ ေလာင္းကစားဝိုင္းေတြကို ေခတၱပိတ္ထားမယ့္ အျပင္ လူစုလူေဝးနဲ႔ ျပဳလုပ္တဲ့ ပြဲလမ္းသဘင္ အခမ္းအနားေတြကိုလည္း ပိတ္ထားမွာ ျဖစ္တယ္လို႔ ေ႐ႊလီၿမိဳ႕အစိုးရက ေၾကညာထားပါတယ္။

တ႐ုတ္ႏိုင္ငံ ၊ ဟူေဘးျပည္နယ္ ၊ ဝူဟန္ၿမိဳ႕ကေန စတင္ျဖစ္ပြားခဲ့တဲ့ ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ အခုဆိုရင္ ေသဆုံးသူ ၈၀ ဦးထိရွိလာၿပီး ေရာဂါပိုးကူးစက္သူ ၃၀ဝ၀ ေက်ာ္ အထိ ရွိလာေနပါတယ္။

ေ႐ႊလီၿမိဳ႕မွာ ျဖစ္ပ်က္ေနတဲ့ အေျခအေနကေတာ့ လက္ရွိ အေနအထားမွာ ေရာဂါပိုးကို မထိန္းခ်ဳပ္ႏိုင္ဘူးဆိုရင္ ႏွစ္ႏိုင္ငံ အျပန္အလွန္ ပိတ္ဆို႔မႈေတြ လုပ္ရေတာ့မွာ ျဖစ္တယ္လို႔ မူဆယ္ေဒသခံ ကုန္သည္တစ္ဦးျဖစ္တဲ့ ဦးစိုင္းခင္ေမာင္က ေျပာပါတယ္။

ဒါ့အျပင္ ႏွစ္ႏိုင္ငံနယ္စပ္ဂိတ္ျဖစ္တဲ့ မူဆယ္ (၁၀၅)မိုင္ ကုန္သြယ္ေရးဇုန္မွာလည္း သယ္ယူပို႔ေဆာင္ေရး လမ္းေၾကာင္း ကန္႔သတ္ထားမႈေၾကာင့္ တင္ပို႔ေရာင္းခ်မႈနဲ႔ ဝယ္ယူမႈ ေဈးကြက္မွာ အခက္အခဲ ျဖစ္ေပၚေနတယ္လို႔ မူဆယ္က သစ္သီးဝလံ ကုန္စည္ဒိုင္က စာထုတ္ျပန္ထားပါတယ္။

ၾကယ္ေဂါင္မွာ ေနထိုင္တဲ့ ေဒသခံ တစ္ဦးကေတာ့ ၾကယ္ေဂါင္ထဲကို တ႐ုတ္ကား မဟုတ္ရင္ အဝင္ မခံသလို ေသေသခ်ာခ်ာ လည္း စစ္ေဆးတဲ့အျပင္ တ႐ုတ္ကားနံပါတ္ဆိုရင္လည္း မဝင္ခင္ ပိုးသတ္ေဆးဖ်န္းၿပီးမွ ေပးဝင္တယ္လို႔ ေဒသအေျခအေနကို ဘီဘီစီကို ေျပာျပပါတယ္။

ေ႐ႊလီၿမိဳ႕ထဲမွာလည္း တည္းခိုတဲ့ဟိုတယ္တိုင္းက ေ႐ႊလီေဒသခံ မဟုတ္သူေတြကို ကိုယ့္ေနရာေဒသကို ျပန္ဖို႔ ေ႐ႊလီၿမိဳ႕ အာဏာပိုင္ေတြက ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ေ႐ႊလီၿမိဳ႕ဟာ ျမန္မာႏိုင္ငံနဲ႔ နယ္နိမိတ္ျခင္း ထိစပ္ေနတဲ့ ၿမိဳ႕ျဖစ္သလို ကုန္သြယ္ေရး အဓိကျပဳလုပ္ေနတဲ့ၿမိဳ႕ျဖစ္ပါတယ္။

အခုလက္ရွိအခ်ိန္မွာေတာ့ တ႐ုတ္ႏွစ္သစ္ကူးကာလျဖစ္တဲ့အတြက္ ဖရဲ၊ သခြားေမႊးနဲ႔ င႐ုတ္သီးေတာင့္ အစရွိတဲ့ သစ္သီးကုန္စည္ေတြကို ဒီကေန႔ ျပန္လည္ဖြင့္လွစ္ ေရာင္းခ်ေနတယ္လို႔ သစ္သီးကုန္သည္ေတြက ဆိုပါတယ္။

ပုံမွန္ ေရာင္းခ်မႈေတြရွိေပမယ့္ တ႐ုတ္ျပည္တြင္းမွာ တျပည္နယ္နဲ႔ တျပည္နယ္ အသြားအလာေတြ ကန္႔သတ္ထားတာေၾကာင့္ ေရာင္းခ်မႈကေတာ့ ေႏွးေကြးေနၿပီး မနက္ျဖန္ထိ ဆက္လက္ ေစာင့္ၾကည့္ရမွာ ျဖစ္တဲ့အျပင္ ေနာက္ထပ္ လာေရာက္ေရာင္းခ်မယ့္ သစ္သီး ကုန္သည္ေတြအေနနဲ႔လည္း ေရာဂါထိန္းခ်ဳပ္ႏိုင္ၿပီး အေျခအေနတည္ၿငိမ္တဲ့အထိ ေစာင့္ဆိုင္းသင့္တယ္လို႔ မူဆယ္က သစ္သီးကုန္သည္တစ္ခ်ိဳ႕က ေျပာခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
တရုတ်မြန်မာနယ်စပ်မှာ လူစုလူဝေးနဲ့ အသွားအလာများကန့်သတ်


Image caption ရွှေလီမှာ ဗိုင်းရပ်စ်ကူးသူတွေ့လို့ အသွားအလာကန့်သတ်

မြန်မာ တရုတ်နယ်စပ်ရဲ့ အဓိက ကုန်သွယ်ရေး မြို့ဖြစ်တဲ့ ရွှေလီမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တွေ့ရှိခဲ့တဲ့အတွက် ရွှေလီမြို့ပေါ်က ပန်းခြံ ၊ ဟိုတယ်နဲ့ လောင်းကစားဝိုင်းတွေကို ခေတ္တပိတ်ထားမယ့် အပြင် လူစုလူဝေးနဲ့ ပြုလုပ်တဲ့ ပွဲလမ်းသဘင် အခမ်းအနားတွေကိုလည်း ပိတ်ထားမှာ ဖြစ်တယ်လို့ ရွှေလီမြို့အစိုးရက ကြေညာထားပါတယ်။

တရုတ်နိုင်ငံ ၊ ဟူဘေးပြည်နယ် ၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် အခုဆိုရင် သေဆုံးသူ ၈၀ ဦးထိရှိလာပြီး ရောဂါပိုးကူးစက်သူ ၃၀ဝ၀ ကျော် အထိ ရှိလာနေပါတယ်။

ရွှေလီမြို့မှာ ဖြစ်ပျက်နေတဲ့ အခြေအနေကတော့ လက်ရှိ အနေအထားမှာ ရောဂါပိုးကို မထိန်းချုပ်နိုင်ဘူးဆိုရင် နှစ်နိုင်ငံ အပြန်အလှန် ပိတ်ဆို့မှုတွေ လုပ်ရတော့မှာ ဖြစ်တယ်လို့ မူဆယ်ဒေသခံ ကုန်သည်တစ်ဦးဖြစ်တဲ့ ဦးစိုင်းခင်မောင်က ပြောပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်ဂိတ်ဖြစ်တဲ့ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှာလည်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်း ကန့်သတ်ထားမှုကြောင့် တင်ပို့ရောင်းချမှုနဲ့ ဝယ်ယူမှု ဈေးကွက်မှာ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ မူဆယ်က သစ်သီးဝလံ ကုန်စည်ဒိုင်က စာထုတ်ပြန်ထားပါတယ်။

ကြယ်ဂေါင်မှာ နေထိုင်တဲ့ ဒေသခံ တစ်ဦးကတော့ ကြယ်ဂေါင်ထဲကို တရုတ်ကား မဟုတ်ရင် အဝင် မခံသလို သေသေချာချာ လည်း စစ်ဆေးတဲ့အပြင် တရုတ်ကားနံပါတ်ဆိုရင်လည်း မဝင်ခင် ပိုးသတ်ဆေးဖျန်းပြီးမှ ပေးဝင်တယ်လို့ ဒေသအခြေအနေကို ဘီဘီစီကို ပြောပြပါတယ်။

ရွှေလီမြို့ထဲမှာလည်း တည်းခိုတဲ့ဟိုတယ်တိုင်းက ရွှေလီဒေသခံ မဟုတ်သူတွေကို ကိုယ့်နေရာဒေသကို ပြန်ဖို့ ရွှေလီမြို့ အာဏာပိုင်တွေက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ရွှေလီမြို့ဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ မြို့ဖြစ်သလို ကုန်သွယ်ရေး အဓိကပြုလုပ်နေတဲ့မြို့ဖြစ်ပါတယ်။

အခုလက်ရှိအချိန်မှာတော့ တရုတ်နှစ်သစ်ကူးကာလဖြစ်တဲ့အတွက် ဖရဲ၊ သခွားမွှေးနဲ့ ငရုတ်သီးတောင့် အစရှိတဲ့ သစ်သီးကုန်စည်တွေကို ဒီကနေ့ ပြန်လည်ဖွင့်လှစ် ရောင်းချနေတယ်လို့ သစ်သီးကုန်သည်တွေက ဆိုပါတယ်။

ပုံမှန် ရောင်းချမှုတွေရှိပေမယ့် တရုတ်ပြည်တွင်းမှာ တပြည်နယ်နဲ့ တပြည်နယ် အသွားအလာတွေ ကန့်သတ်ထားတာကြောင့် ရောင်းချမှုကတော့ နှေးကွေးနေပြီး မနက်ဖြန်ထိ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်တဲ့အပြင် နောက်ထပ် လာရောက်ရောင်းချမယ့် သစ်သီး ကုန်သည်တွေအနေနဲ့လည်း ရောဂါထိန်းချုပ်နိုင်ပြီး အခြေအနေတည်ငြိမ်တဲ့အထိ စောင့်ဆိုင်းသင့်တယ်လို့ မူဆယ်က သစ်သီးကုန်သည်တစ်ချို့က ပြောခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
တ႐ုတ္ျမန္မာနယ္စပ္မွာ လူစုလူေဝးနဲ႔ အသြားအလာမ်ားကန္႔သတ္ တ႐ုတ္ျမန္မာနယ္စပ္မွာ လူစုလူေဝးနဲ႔ အသြားအလာမ်ားကန္႔သတ္ Reviewed by THITHTOOLWIN on 00:22 Rating: 5
Powered by Blogger.