ပါကစၥတန္က အစၥလာမ္ဘာသာေရး တက္ႂကြလႈပ္ရွားသူမ်ား ေထာင္ဒဏ္ႏွစ္ရွည္ ခ်မွတ္ခံရ

Asia Bibiကို ျပန္လြတ္ေပးတာကို ကန္႔ကြက္ဆႏၵျပသူမ်ား

(Zawgyi/Unicode)

အစၥလာမ္ဘာသာကုိ ေစာ္ကားတယ္ဆုိတဲ့ စြပ္စြဲခ်က္နဲ႔ ခရစ္ယာန္ဘာသာ၀င္ Asia Bibi ကုိ တရားရုံးက ၂၀၁၈ ခုႏွစ္မွာ ျပန္လြတ္ေပးခဲ့တာကုိ ကန္႔ကြက္ဆႏၵျပပြဲမွာ ပါ၀င္ခဲ့သူ အစၥလာမ္ဘာသေရး တက္ႂကြလႈပ္ရွားသူ ၈၀ ေက်ာ္ကုိ ပါကစၥတန္တရားရုံးက ေထာင္ဒဏ္ ၅၅ ႏွစ္စီ အသီးသီး ခ်မွတ္ အျပစ္ေပးလုိက္ပါတယ္။

အစၥလာမ္ဘာသာကုိ ေစာ္ကားတယ္ဆုိတဲ့ စြပ္စြဲမႈနဲ႔ပတ္သက္လုိ႔ ဆတ္ဆတ္ထိမခံ ျဖစ္ေလ့ရွိတဲ့ ပါကစၥတန္ႏုိ္င္ငံမွာ စစ္တပ္ၿမိဳ႕ျဖစ္တဲ့ Rawalpindi တရားရုံးက ၾကာသပေတးေန႔မွာ အခုလုိ ျပင္းထန္တဲ့ စီရင္ခ်က္ခ်လုိက္တာဟာ ျဖစ္ေတာင့္ျဖစ္ခဲကိစၥလုိ႔ အျပစ္ေပးခံရသူေတြရဲ႕ Tehreek-e-Labaik Pakistani / TLP အဖြဲ႔ေခါင္းေဆာင္ Pir Ejaz Ashrafi က ေျပာပါတယ္။

၂၀၁၈ ခုႏွစ္ ေႏွာင္းပုိင္းမွာ Asia Bibi ကုိ ျပန္လႊတ္ေပးလုိက္ၿပီးတဲ့ေနာက္ပုိင္း အခုျပစ္ဒဏ္ေပးခံရတဲ့ TLP အဖြဲ႔၀င္ေတြက ဘာသာေရးကုိ အေျခခံတဲ့ အၾကမ္းဖက္ ဆႏၵျပပြဲေတြ ျပဳလုပ္ခဲ့ၾကတာပါ။

ဆႏၵျပပြဲေတြကုိ ထိန္းခ်ဳပ္ဖုိ႔ႀကိဳးစားတဲ့အေနနဲ႔ အဲဒီအခ်ိန္က ဒီအဖြဲ႔ရဲ႕ ေခါင္းေဆာင္အျဖစ္ တာ၀န္ယူထားသူ Khadim Hussain Rizvi ကုိ ပါကစၥတန္ အာဏာပုိင္ေတြ ဖမ္းဆီး ထိန္းသိမ္းခဲ့ပါတယ္။

တႏွစ္ေက်ာ္ၾကာ တရားရင္ဆုိင္ၿပီးတဲ့ေနာက္မွာ သူတုိ႔အဖြဲ႔၀င္ ၈၆ ေယာက္ကုိ အခုလုိ ေထာင္ဒဏ္ အျပစ္ေပးလုိက္တာလုိ႔ လက္ရွိ အဖြဲ႔ေခါင္းေဆာင္ Ashrafi က ေျပာၿပီး သူတုိ႔ဟာ Asia Bibi ကုိ ျပန္လြတ္ေပးလုိက္တဲ့အတြက္ ဆႏၵျပခဲ့ၾကတာမဟုတ္ဘဲ သူတုိ႔ရဲ႕ ေခါင္းေဆာင္ေဟာင္း Rizvi ကုိ ဖမ္းဆီး ထိန္းသိမ္းတဲ့အတြက္ ဆႏၵျပခဲ့ၾကတာလုိ႔ ဆုိပါတယ္။

.................

ပါကစ္စတန်က အစ္စလာမ်ဘာသာရေး တက်ကြွလှုပ်ရှားသူများ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရ

(Unicode)

အစ္စလာမ်ဘာသာကို စော်ကားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ခရစ်ယာန်ဘာသာဝင် Asia Bibi ကို တရားရုံးက ၂၀၁၈ ခုနှစ်မှာ ပြန်လွတ်ပေးခဲ့တာကို ကန့်ကွက်ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ အစ္စလာမ်ဘာသရေး တက်ကြွလှုပ်ရှားသူ ၈၀ ကျော်ကို ပါကစ္စတန်တရားရုံးက ထောင်ဒဏ် ၅၅ နှစ်စီ အသီးသီး ချမှတ် အပြစ်ပေးလိုက်ပါတယ်။

အစ္စလာမ်ဘာသာကို စော်ကားတယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ပတ်သက်လို့ ဆတ်ဆတ်ထိမခံ ဖြစ်လေ့ရှိတဲ့ ပါကစ္စတန်နိုင်ငံမှာ စစ်တပ်မြို့ဖြစ်တဲ့ Rawalpindi တရားရုံးက ကြာသပတေးနေ့မှာ အခုလို ပြင်းထန်တဲ့ စီရင်ချက်ချလိုက်တာဟာ ဖြစ်တောင့်ဖြစ်ခဲကိစ္စလို့ အပြစ်ပေးခံရသူတွေရဲ့ Tehreek-e-Labaik Pakistani / TLP အဖွဲ့ခေါင်းဆောင် Pir Ejaz Ashrafi က ပြောပါတယ်။

၂၀၁၈ ခုနှစ် နှောင်းပိုင်းမှာ Asia Bibi ကို ပြန်လွှတ်ပေးလိုက်ပြီးတဲ့နောက်ပိုင်း အခုပြစ်ဒဏ်ပေးခံရတဲ့ TLP အဖွဲ့ဝင်တွေက ဘာသာရေးကို အခြေခံတဲ့ အကြမ်းဖက် ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြတာပါ။

ဆန္ဒပြပွဲတွေကို ထိန်းချုပ်ဖို့ကြိုးစားတဲ့အနေနဲ့ အဲဒီအချိန်က ဒီအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ Khadim Hussain Rizvi ကို ပါကစ္စတန် အာဏာပိုင်တွေ ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

တနှစ်ကျော်ကြာ တရားရင်ဆိုင်ပြီးတဲ့နောက်မှာ သူတို့အဖွဲ့ဝင် ၈၆ ယောက်ကို အခုလို ထောင်ဒဏ် အပြစ်ပေးလိုက်တာလို့ လက်ရှိ အဖွဲ့ခေါင်းဆောင် Ashrafi က ပြောပြီး သူတို့ဟာ Asia Bibi ကို ပြန်လွတ်ပေးလိုက်တဲ့အတွက် ဆန္ဒပြခဲ့ကြတာမဟုတ်ဘဲ သူတို့ရဲ့ ခေါင်းဆောင်ဟောင်း Rizvi ကို ဖမ်းဆီး ထိန်းသိမ်းတဲ့အတွက် ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။

VOA (Burmese)
https://burmese.voanews.com
ပါကစၥတန္က အစၥလာမ္ဘာသာေရး တက္ႂကြလႈပ္ရွားသူမ်ား ေထာင္ဒဏ္ႏွစ္ရွည္ ခ်မွတ္ခံရ ပါကစၥတန္က အစၥလာမ္ဘာသာေရး တက္ႂကြလႈပ္ရွားသူမ်ား ေထာင္ဒဏ္ႏွစ္ရွည္ ခ်မွတ္ခံရ Reviewed by THITHTOOLWIN on 06:20 Rating: 5
Powered by Blogger.