အီရန္ဒံုးက်ည္တိုက္ခိုက္မႈ ကန္တပ္ဖြဲ႔ဝင္တခ်ဳိ႕ ဦးေခါင္းထိခိုက္ေဝဒနာ ခံစားခဲ့ရ

အေမရိကန္တပ္ဖြဲ႔ေတြ စခန္းခ်တဲ့ ေလတပ္အေျခစိုက္စခန္းႏွစ္ခုကို အီရန္က ဒံုးက်ည္နဲ႔ ပစ္ခတ္တိုက္ခိုက္အၿပီး

(Zawgyi/Unicode)

အီရတ္မွာ အေမရိကန္တပ္ဖြဲ႔ေတြ စခန္းခ်တဲ့ ေလတပ္အေျခစိုက္စခန္းႏွစ္ခုကို အီရန္က ဒံုးက်ည္နဲ႔ ပစ္ခတ္တိုက္ခိုက္တာ ခံရၿပီးတဲ့ေနာက္ တပ္ဖြဲ႔ဝင္ ၁၁ ဦးဟာ ဦးေခါင္းထိခိုက္တဲ့ ေရာဂါလကၡဏာေတြနဲ႔ ေဆးကုသမႈ ခံယူခဲ့ရတယ္လို႔ အေမရိကန္ စစ္ဘက္ကေျပာပါတယ္။

အီရန္ေတာ္လွန္ေရး ျပည္ေစာင့္တပ္ဖြဲ႔က Quds အထူးတပ္ဖြဲ႔ တပ္မွဴး ဗိုလ္ခ်ဳပ္ Qassem Soleimani ကို အေမရိကန္က ဒ႐ံုးယာဥ္ ကေန ဒံုးက်ည္ေတြနဲ႔ပစ္ၿပီး လုပ္ၾကံလိုက္တဲ့အေပၚ လက္တံု႔ျပန္တဲ့အေနနဲ႔ အီရန္က ဒံုးက်ည္ေတြနဲ႔ ျပန္ပစ္တာပါ။

Al Asad ေလတပ္အေျခစိုက္စခန္းကို ဇန္နဝါရီလ ၈ ရက္ေန႔မွာ အီရန္တိုက္ခိုက္တာကေန အေမရိကန္တပ္ဖြဲ႔ဝင္ တေယာက္မွ က်ဆံုးတာမရွိေပမယ့္ ေပါက္ကြဲမႈေၾကာင့္ တပ္ဖြဲ႔ဝင္အမ်ားအျပား ဦးေခါင္းထိခိုက္တဲ့ ေရာဂါလကၡဏာေတြနဲ႔ ကုသမႈခံယူခဲ့ရၿပီး ဆက္ၿပီး စမ္းသပ္စစ္ေဆးမႈ ခံယူေနပါတယ္လုိ႔ အလယ္ပိုင္းေဒသ အေမရိကန္ ကြပ္ကဲမႈစစ္ဌာနခ်ဳပ္ ေျပာခြင့္ရတဦးျဖစ္သူ ဗိုလ္ႀကီး Bill Urban ကေျပာပါတယ္။

တပ္ဖြဲ႔ဝင္ ၈ ဦးဟာ ဂ်ာမနီႏုိင္ငံက Landstuhl ေဒသဆိုင္ရာေဆး႐ံုမွာ ေနာက္ထပ္ စမ္းသပ္စစ္ေဆးမႈေတြ ခံယူေနၿပီးေတာ့ သံုးေယာက္ကိုေတာ့ ကူဝိတ္ႏိုင္ငံက Arifjan စခန္းကို ပို႔လိုက္ပါတယ္။

တာဝန္ထမ္းေဆာင္ဖို႔ က်န္းမာၿပီလို႔ယူဆရင္ အဲဒီတပ္ဖြဲ႔ဝင္ေတြကို အီရတ္ကိုျပန္ပို႔ဖို႔ ခန္႔မွန္းထားတယ္လုိ႔ ေျပာခြင့္ရ ဗိုလ္ႀကီး Urban ကေျပာပါတယ္။ အီရန္ကတိုက္ခိုက္မႈေၾကာင့္ အေမရိကန္တပ္ဖြဲ႔ဝင္ တေယာက္မွ ဒဏ္ရာမရဘူးလို႔ သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္က ေျပာခဲ့ပါတယ္။

.........................

အီရန်ဒုံးကျည်တိုက်ခိုက်မှု ကန်တပ်ဖွဲ့ဝင်တချို့ ဦးခေါင်းထိခိုက်ဝေဒနာ ခံစားခဲ့ရ

(Unicode)

အီရတ်မှာ အမေရိကန်တပ်ဖွဲ့တွေ စခန်းချတဲ့ လေတပ်အခြေစိုက်စခန်းနှစ်ခုကို အီရန်က ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်တာ ခံရပြီးတဲ့နောက် တပ်ဖွဲ့ဝင် ၁၁ ဦးဟာ ဦးခေါင်းထိခိုက်တဲ့ ရောဂါလက္ခဏာတွေနဲ့ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ အမေရိကန် စစ်ဘက်ကပြောပါတယ်။

အီရန်တော်လှန်ရေး ပြည်စောင့်တပ်ဖွဲ့က Quds အထူးတပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ် Qassem Soleimani ကို အမေရိကန်က ဒရုံးယာဉ် ကနေ ဒုံးကျည်တွေနဲ့ပစ်ပြီး လုပ်ကြံလိုက်တဲ့အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်က ဒုံးကျည်တွေနဲ့ ပြန်ပစ်တာပါ။

Al Asad လေတပ်အခြေစိုက်စခန်းကို ဇန်နဝါရီလ ၈ ရက်နေ့မှာ အီရန်တိုက်ခိုက်တာကနေ အမေရိကန်တပ်ဖွဲ့ဝင် တယောက်မှ ကျဆုံးတာမရှိပေမယ့် ပေါက်ကွဲမှုကြောင့် တပ်ဖွဲ့ဝင်အများအပြား ဦးခေါင်းထိခိုက်တဲ့ ရောဂါလက္ခဏာတွေနဲ့ ကုသမှုခံယူခဲ့ရပြီး ဆက်ပြီး စမ်းသပ်စစ်ဆေးမှု ခံယူနေပါတယ်လို့ အလယ်ပိုင်းဒေသ အမေရိကန် ကွပ်ကဲမှုစစ်ဌာနချုပ် ပြောခွင့်ရတဦးဖြစ်သူ ဗိုလ်ကြီး Bill Urban ကပြောပါတယ်။

တပ်ဖွဲ့ဝင် ၈ ဦးဟာ ဂျာမနီနိုင်ငံက Landstuhl ဒေသဆိုင်ရာဆေးရုံမှာ နောက်ထပ် စမ်းသပ်စစ်ဆေးမှုတွေ ခံယူနေပြီးတော့ သုံးယောက်ကိုတော့ ကူဝိတ်နိုင်ငံက Arifjan စခန်းကို ပို့လိုက်ပါတယ်။

တာဝန်ထမ်းဆောင်ဖို့ ကျန်းမာပြီလို့ယူဆရင် အဲဒီတပ်ဖွဲ့ဝင်တွေကို အီရတ်ကိုပြန်ပို့ဖို့ ခန့်မှန်းထားတယ်လို့ ပြောခွင့်ရ ဗိုလ်ကြီး Urban ကပြောပါတယ်။ အီရန်ကတိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် တယောက်မှ ဒဏ်ရာမရဘူးလို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောခဲ့ပါတယ်။

VOA (Burmese)
https://burmese.voanews.com
အီရန္ဒံုးက်ည္တိုက္ခိုက္မႈ ကန္တပ္ဖြဲ႔ဝင္တခ်ဳိ႕ ဦးေခါင္းထိခိုက္ေဝဒနာ ခံစားခဲ့ရ အီရန္ဒံုးက်ည္တိုက္ခိုက္မႈ ကန္တပ္ဖြဲ႔ဝင္တခ်ဳိ႕ ဦးေခါင္းထိခိုက္ေဝဒနာ ခံစားခဲ့ရ Reviewed by THITHTOOLWIN on 06:18 Rating: 5
Powered by Blogger.