ေရးၿမိဳ႕နယ္ ဓါတ္အားေပးစက္႐ုံ အပူရွိန္လြန္ကဲၿပီး မီးေလာင္မႈျဖစ္ပြား

(Zawgyi)⤵⤵⤵
ေရး ဒီဇင္ဘာ ၂၈

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ ဒူးယားေက်း႐ြာအုပ္စု၊ ၿမိဳ႕ေဟာင္းကုန္းရွိ ျမတ္သူရကုမၸဏီမွ ေရးၿမိဳ႕သို႔ ဓါတ္အားပို႔လႊတ္လ်က္ရွိေသာ ဓါတ္အားေပးစက္႐ုံမွ မီးစက္မ်ား အပူခ်ိန္လြန္ကဲၿပီး ယေန႔နံနက္ ၁၁ နာရီခန႔္က မီးေလာင္မႈ ျဖစ္ပြားခဲ့သည္။


အဆိုပါ မီးေလာင္ကြၽမ္းမႈေၾကာင့္ ေရးၿမိဳ႕သို႔ ဓါတ္အားပို႔လႊတ္ လ်က္ရွိေသာ မိန္းထရန္ စေဖာ္မာ(၃၀၀၀) KVA(၁)လုံး၊ ဇီးျဖဴေသာင္အစင္သို႔ ေပးပို႔လ်က္ရွိေသာ မိန္းထရန္စေဖာ္မာ (၁၅၀၀)KVA(၁)လုံး၊ ဒူးယားေက်း႐ြာသို႔ေပးပို႔လ်က္ရွိေသာ မိန္းထရန္ စေဖာ္မာ (၇၅၀) KVA(၁)လုံးႏွင့္ ဓါတ္အားေပးစက္(၁၂)လုံး မီးေလာင္ကြၽမ္းခဲ့ၿပီး ပတ္ဝန္းက်င္ လူေနအိမ္မ်ား၊ လူႏွင့္တိရစာၦန္မ်ား ထိခိုက္ပ်က္စီးဆုံးရႈံးမႈမရွိေၾကာင္း သိရသည္။


ၿမိဳ႕နယ္(ျပန္/ဆက္)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
------------
(Unicode)⤵⤵⤵
ရေးမြို့နယ် ဓါတ်အားပေးစက်ရုံ အပူရှိန်လွန်ကဲပြီး မီးလောင်မှုဖြစ်ပွား

ရေး ဒီဇင်ဘာ ၂၈

မွန်ပြည်နယ်၊ ရေးမြို့နယ် ဒူးယားကျေးရွာအုပ်စု၊ မြို့ဟောင်းကုန်းရှိ မြတ်သူရကုမ္ပဏီမှ ရေးမြို့သို့ ဓါတ်အားပို့လွှတ်လျက်ရှိသော ဓါတ်အားပေးစက်ရုံမှ မီးစက်များ အပူချိန်လွန်ကဲပြီး ယနေ့နံနက် ၁၁ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ရေးမြို့သို့ ဓါတ်အားပို့လွှတ် လျက်ရှိသော မိန်းထရန် စဖော်မာ(၃၀၀၀) KVA(၁)လုံး၊ ဇီးဖြူသောင်အစင်သို့ ပေးပို့လျက်ရှိသော မိန်းထရန်စဖော်မာ (၁၅၀၀)KVA(၁)လုံး၊ ဒူးယားကျေးရွာသို့ပေးပို့လျက်ရှိသော မိန်းထရန် စဖော်မာ (၇၅၀) KVA(၁)လုံးနှင့် ဓါတ်အားပေးစက်(၁၂)လုံး မီးလောင်ကျွမ်းခဲ့ပြီး ပတ်ဝန်းကျင် လူနေအိမ်များ၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ေရးၿမိဳ႕နယ္ ဓါတ္အားေပးစက္႐ုံ အပူရွိန္လြန္ကဲၿပီး မီးေလာင္မႈျဖစ္ပြား ေရးၿမိဳ႕နယ္ ဓါတ္အားေပးစက္႐ုံ အပူရွိန္လြန္ကဲၿပီး မီးေလာင္မႈျဖစ္ပြား Reviewed by THITHTOOLWIN on 03:33 Rating: 5
Powered by Blogger.