ဖိလစ္ပိုင္ႏိုင္ငံတြင္ တိုင္ဖြန္းမုန္တိုင္း ကမ္မူရီ ဝင္ေရာက္မႈေၾကာင့္ မနီလာ၏ အျပည္ျပည္ဆိုင္ရာေလဆိပ္ကို ၁၂ နာရီၾကာပိတ္ထားမည္

ဖိလစ္ပိုင္ႏိုင္ငံ နီႏြိဳင္အကြီႏို အျပည္ျပည္ဆိုင္ေလဆိပ္အား ေတြ႕ရစဥ္ (ဓာတ္ပုံ-အင္တာနက္)
(Zawgyi)⤵⤵⤵
မနီလာ၊ ဒီဇင္ဘာ ၃ ရက္ (ဆင္ဟြာ)

ဖိလစ္ပိုင္ႏိုင္ငံတြင္ ဒီဇင္ဘာ ၂ ရက္ညပိုင္း သို႔မဟုတ္ ဒီဇင္ဘာ ၃ ရက္ အေစာပိုင္းတြင္ အားေကာင္းေသာ တိုင္ဖြန္းမုန္တိုင္း ကမ္မူရီ (Kammuri) ဝင္ေရာက္မည္ျဖစ္ေသာေၾကာင့္ မနီလာ၏ နီႏြိဳင္အကြီႏို အျပည္ျပည္ဆိုင္ရာေလဆိပ္ ကို ဒီဇင္ဘာ ၃ ရက္ နံနက္ ၁၁:၀၀ နာရီမွ စတင္ကာ ၁၂ နာရီၾကာ ပိတ္ထားမည္ျဖစ္ေၾကာင္း ေလဆိပ္ အာဏာပိုင္မ်ားက ဒီဇင္ဘာ ၂ ရက္တြင္ ေျပာၾကားခဲ့သည္။

အဆိုပါ ေလဆိပ္ကို ဒီဇင္ဘာ ၃ ရက္ နံနက္ ၁၁:၀၀ နာရီမွ ည ၁၁:၀၀ နာရီအထိ ပိတ္ထားမည္ျဖစ္ေၾကာင္း မနီလာ အျပည္ျပည္ဆိုင္ရာ ေလဆိပ္အာဏာပိုင္ အေထြေထြမန္ေနဂ်ာ အတ္ မြန္ရီရယ္ (Ed Monreal) က ေျပာခဲ့သည္။

“ဒါက မေရွာင္လြဲႏိုင္တဲ့ျဖစ္ရပ္ျဖစ္ၿပီး ခရီးသည္မ်ား ေဘးကင္းေရးအတြက္ ျဖစ္ပါတယ္” ဟု မြန္ရီရယ္က သတင္းစာရွင္းလင္းပြဲ၌ ေျပာခဲ့သည္။ ယင္းသို႔ ေလဆိပ္ပိတ္လိုက္ျခင္းေၾကာင့္ စုစုေပါင္း ခရီးစဥ္ ၄၃၈ ခုအေပၚ သက္ေရာက္မႈရွိခဲ့ေၾကာင္း သိရသည္။

တိုင္ဖြန္း ကမ္မူရီသည္ ဒီဇင္ဘာ ၂ ရက္ ညေန ၅:၀၀ နာရီမွစ၍ Sorsogon ျပည္နယ္ ဂ်ဴဘန္ၿမိဳ႕ အေရွ႕ဘက္ ၁၅၅ ကီလိုမီတာသို႔ ဝင္ေရာက္ခဲ့ေၾကာင္း ဖိလစ္ပိုင္ ေလထု၊ ဘူမိေဗဒႏွင့္ နကၡတ္ေဗဒလုပ္ငန္း ဉီးစီးဌာနက ေျပာခဲ့သည္။

အဆိုပါ တိုင္ဖြန္းသည္ တစ္နာရီလွ်င္ ၂၀ ကီလိုမီတာမွ ၁၅ ကီလိုမီတာျဖင့္ အေနာက္ဘက္သို႔ ျဖည္းျဖည္းခ်င္း ေ႐ႊ႕လ်ားလ်က္ရွိေၾကာင္း သိရသည္။

ကမ္မူရီ တိုင္ဖြန္းမုန္တိုင္းသည္ ယခုႏွစ္အတြင္း ဖိလစ္ပိုင္ႏိုင္ငံသို႔ ဝင္ေရာက္သည့္ အႀကိမ္ ၂၀ ေျမာက္ တိုင္ဖြန္းမုန္တိုင္း ျဖစ္သည္။

(Xinhua)
http://www.xinhuamyanmar.com
---------------
(Unicode)⤵⤵⤵

ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း ကမ်မူရီ ဝင်ရောက်မှုကြောင့် မနီလာ၏ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၁၂ နာရီကြာပိတ်ထားမည်

ဖိလစ်ပိုင်နိုင်ငံ နီနွိုင်အကွီနို အပြည်ပြည်ဆိုင်လေဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
 မနီလာ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတွင် ဒီဇင်ဘာ ၂ ရက်ညပိုင်း သို့မဟုတ် ဒီဇင်ဘာ ၃ ရက် အစောပိုင်းတွင် အားကောင်းသော တိုင်ဖွန်းမုန်တိုင်း ကမ်မူရီ (Kammuri) ဝင်ရောက်မည်ဖြစ်သောကြောင့် မနီလာ၏ နီနွိုင်အကွီနို အပြည်ပြည်ဆိုင်ရာလေဆိပ် ကို ဒီဇင်ဘာ ၃ ရက် နံနက် ၁၁:၀၀ နာရီမှ စတင်ကာ ၁၂ နာရီကြာ ပိတ်ထားမည်ဖြစ်ကြောင်း လေဆိပ် အာဏာပိုင်များက ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ လေဆိပ်ကို ဒီဇင်ဘာ ၃ ရက် နံနက် ၁၁:၀၀ နာရီမှ ည ၁၁:၀၀ နာရီအထိ ပိတ်ထားမည်ဖြစ်ကြောင်း မနီလာ အပြည်ပြည်ဆိုင်ရာ လေဆိပ်အာဏာပိုင် အထွေထွေမန်နေဂျာ အတ် မွန်ရီရယ် (Ed Monreal) က ပြောခဲ့သည်။

“ဒါက မရှောင်လွဲနိုင်တဲ့ဖြစ်ရပ်ဖြစ်ပြီး ခရီးသည်များ ဘေးကင်းရေးအတွက် ဖြစ်ပါတယ်” ဟု မွန်ရီရယ်က သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။ ယင်းသို့ လေဆိပ်ပိတ်လိုက်ခြင်းကြောင့် စုစုပေါင်း ခရီးစဉ် ၄၃၈ ခုအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း သိရသည်။

တိုင်ဖွန်း ကမ်မူရီသည် ဒီဇင်ဘာ ၂ ရက် ညနေ ၅:၀၀ နာရီမှစ၍ Sorsogon ပြည်နယ် ဂျူဘန်မြို့ အရှေ့ဘက် ၁၅၅ ကီလိုမီတာသို့ ဝင်ရောက်ခဲ့ကြောင်း ဖိလစ်ပိုင် လေထု၊ ဘူမိဗေဒနှင့် နက္ခတ်ဗေဒလုပ်ငန်း ဉီးစီးဌာနက ပြောခဲ့သည်။

အဆိုပါ တိုင်ဖွန်းသည် တစ်နာရီလျှင် ၂၀ ကီလိုမီတာမှ ၁၅ ကီလိုမီတာဖြင့် အနောက်ဘက်သို့ ဖြည်းဖြည်းချင်း ရွှေ့လျားလျက်ရှိကြောင်း သိရသည်။

ကမ်မူရီ တိုင်ဖွန်းမုန်တိုင်းသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်သည့် အကြိမ် ၂၀ မြောက် တိုင်ဖွန်းမုန်တိုင်း ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com
ဖိလစ္ပိုင္ႏိုင္ငံတြင္ တိုင္ဖြန္းမုန္တိုင္း ကမ္မူရီ ဝင္ေရာက္မႈေၾကာင့္ မနီလာ၏ အျပည္ျပည္ဆိုင္ရာေလဆိပ္ကို ၁၂ နာရီၾကာပိတ္ထားမည္ ဖိလစ္ပိုင္ႏိုင္ငံတြင္ တိုင္ဖြန္းမုန္တိုင္း ကမ္မူရီ ဝင္ေရာက္မႈေၾကာင့္ မနီလာ၏ အျပည္ျပည္ဆိုင္ရာေလဆိပ္ကို ၁၂ နာရီၾကာပိတ္ထားမည္ Reviewed by THITHTOOLWIN on 06:28 Rating: 5
Powered by Blogger.