အက်ဥ္းသားေတြ ေတာင္းဆိုတဲ့အခ်က္ေတြကို အက်ဥ္းေထာင္ဘက္က လိုက္ေလ်ာေပးမယ္

(Zawgyi)⤵⤵⤵
မႏၲေလး၊ ဒီဇင္ဘာ ၃၀-၂၀၁၉

မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕ရွိ ျမင္းၿခံေထာင္တြင္းမွာ ဒီကေန႔မနက္ပိုင္းက အက်ဥ္းသားေတြဟာ ေထာင္ပိုင္ကို အလိုမရွိတဲ့အတြက္ ေထာင္တြင္းဆူပူမႈျဖစ္ပြားခဲ့ပါတယ္။

ဆူပူမူျဖစ္ပြားေန႔ခ်ိန္ ေန႔လည္ပိုင္းမွာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မ်ား ၊ အက်ဥ္းေထာင္အရာရွိ‌ေတြနဲ႔ အက်ဥ္းသားေတြ ေတြ႕ဆုံမႈျပဳလုပ္ခဲ့ရာ အက်ဥ္းသားေတြ ေတာင္းဆိုတဲ့ အခ်က္ေတြကို အက်ဥ္းေထာင္ဘက္ လိုက္ေလ်ာေပးခဲ့တယ္လို႔ သိရပါတယ္။

" သူတို႔ေတာင္းဆိုတဲ့ အခ်က္(၁၁)ခ်က္ရွိတယ္၊ နံပါတ္(၁)အခ်က္က သူတို႔အိပ္တဲ့ေနရာကို ေန႔အခ်ိန္ျဖဳတ္ထားၿပီး ညအခ်ိန္လုံၿခဳံေရးအရ သံဆူးႀကိဳးကာဖို႔ ၊ နံပါတ္(၂)အခ်က္က အကိုက္အခဲေပ်ာက္ေဆးကို အလုံး(၂၀)ယူေဆာင္ခြင့္ျပဳဖို႔၊ နံပါတ္(၃)အခ်က္က အေဝးကလာတဲ့ ေထာင္၀င္စာေတြကို မ်ားမ်ားသြင္းေပးဖို႔၊ နံပါတ္(၄)အခ်က္က ‌ေဆာင္းတြင္းေရာက္ၿပီ ျဖစ္တဲ့အတြက္ ေစာင္မ်ားကို လိုအပ္သလိုယူေဆာင္ခြင့္ျပဳဖို႔၊ နံပါတ္(၅)အခ်က္က ေဈးကားနဲ႔ ေဈး၀ယ္ရင္ ပစၥည္းေတြကို ေဈးအမ်ားႀကီးတင္တာကို ရာခိုင္ႏူန္းေလွ်ာ့ေပးဖို႔၊ နံပါတ္(၆)ေစာင္တို႔ ၊ အေႏြးထည္တို႔ေရစိုေနရင္ အ၀တ္လွန္းခြင့္ကို ေထာင္ပိတ္တဲ့အခ်ိန္ထိ တိုးေပးဖို႔၊ နံပါတ္(၇)က ပ႐ုတ္ဆီလိမ္းေဈးကို ဖန္ပုလင္းနဲ႔ ယူၿပီး ကုန္တဲ့အခါ ေထာင္မႉးကိုျပန္အပိဖို႔ နံပါတ္(၈)ႏွစ္ထပ္ဘလိတ္ဓါးကို တစ္လစာ(၅)ေခ်ာင္းထားဖို႔၊ နံပါတ္(၉)က လ်က္ဆားထားဖို႔လည္ူ ခြင့္ျပဳဖို႔ (၁၀)ေထာင္ေဆး႐ုံမွာတက္ေနတဲ့ သူငယ္ခ်င္းေထာင္လူနာကို လည္း တစ္ပတ္ကို တစ္ရက္ေပးေတြ႕ဖို႔ နံပါတ္(၁၁)အေဝးကလာတဲ့ ‌ေထာင္၀င္စာလာေတြ႕တဲ့ မိသားစုေတြကို အားလုံးတန္းတူေပးေတြ႕ဖို႔ စတဲ့အခ်က္ေတြကို ေဆြးေႏြးမႈအဆင္ေျပခဲ့ပါတယ္"လို႔ ျမင္းၿခံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိန္ျမင့္က‌ VOMကို အတည္ျပဳေျပာပါတယ္။

ညႇိႏိူင္းမႈေတြ လုပ္ေနခ်ိန္ ေထာင္တြင္းမွာ အနည္းငယ္ဆူပူမႈေတြတာ ရွိခဲ့ၿပီး ေဆြးေႏြးမႈအၿပီးမွာေတာ့ ေထာင္ဆူတာ လုံး၀ရပ္တန္႔ခဲ့တယ္လို႔ ဦးစိန္ျမင့္ကေျပာထားတာျဖစ္ပါတယ္။

ျမင္းၿခံအက်ဥ္းေထာင္မွာ ၂၀၁၆ခုႏွစ္က ယခုလို ေထာင္ပိုင္ေျပာင္းလဲၿပီး အက်ဥ္းသားေတြကိုႏွိပ္စက္တာေတြရွိတဲ့အတြက္ ေထာင္ဆူမႈျဖစ္ေပၚခဲ့တယ္လို႔လည္း သိရပါတယ္။

လင္းခိုင္(VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-----------
(Unicode)⤵⤵⤵
အကျဉ်းသားတွေ တောင်းဆိုတဲ့အချက်တွေကို အကျဉ်းထောင်ဘက်က လိုက်လျောပေးမယ်

မန္တလေး၊ ဒီဇင်ဘာ ၃၀-၂၀၁၉

မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ မြင်းခြံထောင်တွင်းမှာ ဒီကနေ့မနက်ပိုင်းက အကျဉ်းသားတွေဟာ ထောင်ပိုင်ကို အလိုမရှိတဲ့အတွက် ထောင်တွင်းဆူပူမှုဖြစ်ပွားခဲ့ပါတယ်။

ဆူပူမူဖြစ်ပွားနေ့ချိန် နေ့လည်ပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ရဲတပ်ဖွဲ့များ ၊ အကျဉ်းထောင်အရာရှိ‌တွေနဲ့ အကျဉ်းသားတွေ တွေ့ဆုံမှုပြုလုပ်ခဲ့ရာ အကျဉ်းသားတွေ တောင်းဆိုတဲ့ အချက်တွေကို အကျဉ်းထောင်ဘက် လိုက်လျောပေးခဲ့တယ်လို့ သိရပါတယ်။

" သူတို့တောင်းဆိုတဲ့ အချက်(၁၁)ချက်ရှိတယ်၊ နံပါတ်(၁)အချက်က သူတို့အိပ်တဲ့နေရာကို နေ့အချိန်ဖြုတ်ထားပြီး ညအချိန်လုံခြုံရေးအရ သံဆူးကြိုးကာဖို့ ၊ နံပါတ်(၂)အချက်က အကိုက်အခဲပျောက်ဆေးကို အလုံး(၂၀)ယူဆောင်ခွင့်ပြုဖို့၊ နံပါတ်(၃)အချက်က အဝေးကလာတဲ့ ထောင်ဝင်စာတွေကို များများသွင်းပေးဖို့၊ နံပါတ်(၄)အချက်က ‌ဆောင်းတွင်းရောက်ပြီ ဖြစ်တဲ့အတွက် စောင်များကို လိုအပ်သလိုယူဆောင်ခွင့်ပြုဖို့၊ နံပါတ်(၅)အချက်က ဈေးကားနဲ့ ဈေးဝယ်ရင် ပစ္စည်းတွေကို ဈေးအများကြီးတင်တာကို ရာခိုင်နူန်းလျှော့ပေးဖို့၊ နံပါတ်(၆)စောင်တို့ ၊ အနွေးထည်တို့ရေစိုနေရင် အဝတ်လှန်းခွင့်ကို ထောင်ပိတ်တဲ့အချိန်ထိ တိုးပေးဖို့၊ နံပါတ်(၇)က ပရုတ်ဆီလိမ်းဈေးကို ဖန်ပုလင်းနဲ့ ယူပြီး ကုန်တဲ့အခါ ထောင်မှူးကိုပြန်အပိဖို့ နံပါတ်(၈)နှစ်ထပ်ဘလိတ်ဓါးကို တစ်လစာ(၅)ချောင်းထားဖို့၊ နံပါတ်(၉)က လျက်ဆားထားဖို့လည်ူ ခွင့်ပြုဖို့ (၁၀)ထောင်ဆေးရုံမှာတက်နေတဲ့ သူငယ်ချင်းထောင်လူနာကို လည်း တစ်ပတ်ကို တစ်ရက်ပေးတွေ့ဖို့ နံပါတ်(၁၁)အဝေးကလာတဲ့ ‌ထောင်ဝင်စာလာတွေ့တဲ့ မိသားစုတွေကို အားလုံးတန်းတူပေးတွေ့ဖို့ စတဲ့အချက်တွေကို ဆွေးနွေးမှုအဆင်ပြေခဲ့ပါတယ်"လို့ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်က‌ VOMကို အတည်ပြုပြောပါတယ်။

ညှိနိူင်းမှုတွေ လုပ်နေချိန် ထောင်တွင်းမှာ အနည်းငယ်ဆူပူမှုတွေတာ ရှိခဲ့ပြီး ဆွေးနွေးမှုအပြီးမှာတော့ ထောင်ဆူတာ လုံးဝရပ်တန့်ခဲ့တယ်လို့ ဦးစိန်မြင့်ကပြောထားတာဖြစ်ပါတယ်။

မြင်းခြံအကျဉ်းထောင်မှာ ၂၀၁၆ခုနှစ်က ယခုလို ထောင်ပိုင်ပြောင်းလဲပြီး အကျဉ်းသားတွေကိုနှိပ်စက်တာတွေရှိတဲ့အတွက် ထောင်ဆူမှုဖြစ်ပေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

လင်းခိုင်(VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
အက်ဥ္းသားေတြ ေတာင္းဆိုတဲ့အခ်က္ေတြကို အက်ဥ္းေထာင္ဘက္က လိုက္ေလ်ာေပးမယ္ အက်ဥ္းသားေတြ ေတာင္းဆိုတဲ့အခ်က္ေတြကို အက်ဥ္းေထာင္ဘက္က လိုက္ေလ်ာေပးမယ္ Reviewed by THITHTOOLWIN on 03:14 Rating: 5
Powered by Blogger.