ေၾကးနီစီမံကိန္း သိမ္းဆည္းေျမယာေလ်ာ္ေၾကးရဖို႔ ေဒသခံေတြ ဆႏၵျပေတာင္းဆို

စစ္ကိုင္းတိုင္း ဆားလင္းႀကီးၿမိဳ႕နယ္ရွိ ေၾကးနီစီမံကိန္းအတြက္ သိမ္းဆည္းခံခဲ့ရသည့္လယ္ယာေျမေတြအတြက္ ထိုက္သင့္တဲ့ ေလ်ာ္ေၾကးေငြေပးဖို႔ ၂၀၁၉ ဒီဇင္ဘာလ ၃ဝ ရက္ေန႔က ဆားလင္းႀကီးၿမိဳ႕တြင္ ဆႏၵျပစဥ္။
(Zawgyi)⤵⤵⤵
တ႐ုတ္ကုမၸဏီတစ္ခုျဖစ္တဲ့ ျမန္မာယန္စီကုမၸဏီက ေၾကးနီထုတ္လုပ္ေရးစီမံကိန္းအတြက္ သိမ္းဆည္းထားတဲ့ ေျမယာေတြအတြက္ ေလ်ာ္ေၾကးရရွိဖို႔နဲ႔ ခ်င္းတြင္းျမစ္ေရ သုံးစြဲခြင့္ရရွိေရးအတြက္ ဆားလင္းႀကီးၿမိဳ႕နယ္၊ ကံကုန္းေက်း႐ြာက ေဒသခံ ၂၀၀ ခန႔္ ဒီကေန႔ ဆႏၵျပေတာင္းဆိုခဲ့တာပါ။

စံပယ္ေတာင္နဲ႔ ေၾကးစင္ေတာင္ကေန ေၾကးနီထုတ္လုပ္ေနတာျဖစ္ၿပီး အဲဒီေတာင္အနီးက ေျမယာေတြကို လိုအပ္ခ်က္အရဆိုၿပီး စစ္အစိုးရလက္ထက္က သိမ္းဆည္းထားခဲ့တာျဖစ္ပါတယ္။

ေျမယာေလ်ာ္ေၾကးနဲ႔ ပတ္သက္ၿပီး လက္ပံေတာင္းေတာင္ စုံစမ္းစစ္ေဆးေရး အစီရင္ခံစာထဲကပါတဲ့အတိုင္း ရလိုတာေၾကာင့္ ေတာင္းဆိုတာျဖစ္ေၾကာင္း ဆႏၵျပပြဲကို ဦးေဆာင္သူျဖစ္တဲ့ ကိုတင့္ေအာင္စိုးက ေျပာပါတယ္။

“ေျမယာေလ်ာ္ေၾကးေပးမယ္ဆိုတဲ့ ကတိကဝတ္က ၂၀၁၅ ေလာက္ကတည္းက ရထားတယ္။ ကုမၸဏီကလည္း စာထြက္ထားတယ္။ အစိုးရအေနနဲ႔ ကူညီေပးဖို႔၊ သူတို႔ကလည္း ေလ်ာ္ေၾကးေပးဖို႔ အဆင္သင့္ရွိေနပါတယ္ေပါ့။ ေတာင္းဆိုမႈ လုပ္မေပးဘူးဆိုရင္ တစ္နယ္လုံးခ်ိတ္ဆက္ၿပီးေတာ့ ေတာင္းဆိုမႈေတြ ဆက္တိုက္လုပ္သြားမယ္“

ေလ်ာ္ေၾကးမေပးဘူးလို႔ ကုမၸဏီဘက္က မေျပာေပမယ့္ ေဒသခံေတြ ေတာင္းဆိုထားတဲ့ႏႈန္းအတိုင္း မေပးတာေၾကာင့္ ေလ်ာ္ေၾကးေပးဖို႔ ၾကန႔္ၾကာေနတာကို ဆႏၵျပေတာင္းဆိုတာလို႔ ကိုတင့္ေအာင္စိုးက ေျပာပါတယ္။

ျမန္မာယန္စီ ေၾကးနီထုတ္လုပ္ေရးလုပ္ငန္းဟာ လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္း အေကာင္အထည္မေဖာ္ခင္ထဲက ေဆာင္႐ြက္ေနတဲ့ စီမံကိန္းျဖစ္ပါတယ္။

ဒါေၾကာင့္ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေနတဲ့ စီမံကိန္းကထြက္ရွိတဲ့ အညစ္ေၾကးေတြေၾကာင့္ ေျမေအာက္ေရ ပ်က္စီးေနတယ္လို႔ ေဒသခံေတြက ယူဆေနၾကပါတယ္။

႐ြာထဲက သုံးစြဲေနရတဲ့ေရေတြအေၾကာင္းကို ေဒသခံ႐ြာသူတစ္ေယာက္ျဖစ္တဲ့ ေဒၚေအးသန္းက

“ေခ်ာင္းေရတင္ၿပီးေသာက္တယ္၊ ဒါေပမဲ့ အဆင္မေျပဘူး၊ အဲဒါေၾကာင့္ လာေတာင္းတာ၊ အစတုန္းက ေပးမယ္ေျပာထားတာ၊ ေပးႏိုး ေပးႏိုး ေစာင့္ေနတာ၊ ႏွစ္ေတြက ၾကာေနၿပီ၊ အခုသုံးေနရတဲ့ေရက ဒီေန႔ စဥ့္အိုးထဲမွာ ေရထည့္ထားရင္ ေနာက္ေန႔ ဆားခ်က္သလို ျဖစ္သြားတာ”

ေဒသခံေတြေတာင္းဆိုခ်က္နဲ႔ ပတ္သက္ၿပီး ျမန္မာယန္စီ ကုမၸဏီ တာဝန္ရွိသူေတြကို RFA က ေမးျမန္းဖို႔ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ေျမယာေလ်ာေၾကးရရွိဖို႔ကို ေဒသခံ႐ြာသားေတြက ယခင္အစိုးရလက္ထက္ကတည္းက ေတာင္းဆိုခဲ့ၾကတာျဖစ္ၿပီး လက္ရွိအစိုးရလက္ထက္ လာမယ့္ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း ေျမယာေလ်ာ္ေၾကးေတြ အၿပီးေပးအပ္ဖို႔  ေျမယာေလ်ာ္ေၾကးေပးအပ္ေရးေကာ္မတီက လ်ာထားသတ္မွတ္ထားေၾကာင္း ေဒသခံေတြနဲ႔ သက္ဆိုင္ရာ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက သိရပါတယ္။

ေဒသခံေတြ ေတာင္းဆိုေနတဲ့ ေလ်ာ္ေၾကးႏႈန္းက တစ္ဧကကို က်ပ္ ၁၅ သိန္းကေန ၂၅ သိန္းအထိ ႏႈန္းထားနဲ႔ ေတာင္းဆိုေနတာျဖစ္ၿပီး ကုမၸဏီဘက္က ေပးေခ်ေနတဲ့ ေဈးႏႈန္းကေတာ့ တစ္ဧကကို က်ပ္ ၁၂ သိန္းကေန က်ပ္ ၁၄ သိန္း အထိပဲေပးေနတာျဖစ္ပါတယ္။ ေဒသခံေတြက သူတို႔ေတာင္းဆိုတဲ့ ႏႈန္းထားအတိုင္း ေလ်ာ္ေၾကးရဖို႔ အခုလို ဆႏၵျပေတာင္းဆိုတာျဖစ္ပါတယ္။

သတ္မွတ္ထားတဲ့ ကာလမွာ ေျမယာေလ်ာ္ေၾကးကိစၥေတြ ၿပီးျပတ္ႏိုင္မလားဆိုတာနဲ႔ပတ္သတ္ၿပီး ဆားလင္းႀကီးၿမိဳ႕နယ္ တိုင္းေဒသႀကီး လြတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာသိန္းႏိုင္က

“နဂိုကလည္း ၿခံစည္း႐ိုးမခတ္ခဲ့တဲ့အတြက္ လုပ္စားေနတဲ့သူေတြကလည္း သူတို႔ပိုင္သြားၿပီထင္ေနတာ၊ အစိုးရက ဥပေဒနဲ႔အညီ ျမန္ျမန္ခတ္လိုက္ရင္ေတာ့ ျမန္ျမန္ျပတ္မွာ၊ ကုမၸဏီကလည္း ၿခံခတ္မၿပီးရင္ေတာ့ ေထာက္ပံ့ေၾကး မေပးႏိုင္ဘူးဆိုတာကလည္း အစကတည္းက ႀကိဳတင္ေျပာထားတာရွိတဲ့အတြက္ ဒီကိစၥ တိုင္းေဒသႀကီးအစိုးရက ျဖတ္မေပးရင္ ၂၀၂၀ မဟုတ္ဘူး၊ ဘယ္ေတာ့မွမျပတ္ဘူး”

ခ်င္းတြင္းျမစ္ေရ ရရွိဖို႔ ေတာင္းဆိုခ်က္နဲ႔ပတ္သတ္ၿပီး ကံကုန္းေက်း႐ြာက ေရခက္ခဲတာမွန္ကန္ေၾကာင္းနဲ႔ လက္တေလာမွာ ႐ြာေတြအေနနဲ႔ ေခ်ာင္းေရေတြနဲ႔ သုံးလို႔ရေနေသးတာေၾကာင့္ အမွန္တကယ္ အခက္အခဲျဖစ္လာရင္ေတာ့ ကုမၸဏီက ကူညီမယ့္သေဘာရွိတယ္လို႔ ေဒါက္တာ သိန္းႏိုင္က ေျပာပါတယ္။

ယင္းမာပင္ၿမိဳနယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္ႏွင္းရီကေတာ့ ျမန္မာ-ယန္စီေၾကးနီစီမံကိန္းအတြက္ ေျမယာေလ်ာ္ေၾကး သတ္မွတ္ထားတဲ့ႏႈန္းထားေတြနဲ႔ပတ္သတ္ၿပီး လႊတ္ေတာ္မွာ ေမးခြန္း (ဒါမွမဟုတ္) ဝန္ႀကီးခ်ဳပ္ကိုစာပို႔ၿပီး ေမးျမန္းသြားဖို႔ရွိေၾကာင္း RFA ကိုေျပာပါတယ္။

ျမန္မာယန္စီ ကုမၸဏီကို ၂၀၁၁ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့တာျဖစ္ၿပီး စံပယ္ေတာင္နဲ႔ ေၾကးစင္ေတာင္ေတြက ေျမဧက ၇၈၀၀ ခန႔္မွာ တပ္မေတာ္ပိုင္ စီးပြားေရးဦးပိုင္ ကုမၸဏီနဲ႔ ပူးေပါင္းၿပီး ေၾကးနီထုတ္လုပ္ေနတာ ျဖစ္ပါတယ္။

ဒီေန႔ဆႏၵျပသူေတြက ေျမဧက ၂၀၀၀ ေက်ာ္အတြက္ ထိုက္တန္တဲ့ ေလ်ာ္ေၾကးရရွိဖို႔နဲ႔ ခ်င္းတြင္းျမစ္ေရ သုံးစြဲႏိုင္ေအာင္ ေဆာင္႐ြက္ေပးဖို႔ကို ကံကုန္းေက်း႐ြာကေန ယန္စီကုမၸဏီ ဂိတ္ေပါက္အထိ ဆႏၵျပေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

ျမန္မာယန္စီကုမၸဏီအေနနဲ႔ ဆားလင္းႀကီးၿမိဳ႕နယ္အျပင္ ယင္းမာပင္ၿမိဳ႕နယ္က ဝါးစိမ္းေတာင္မွာလည္း သတၳဳစမ္းသပ္တူးေဖာ္ခြင့္ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္မွာ တင္ျပထားပါတယ္။ အဲဒီလို တိုးခ်ဲ႕ေဆာင္႐ြက္မယ့္ စီမံကိန္းကိုလည္း ေဒသခံေတြက ကန႔္ကြက္တာေတြရွိေနပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ကြေးနီစီမံကိန်း သိမ်းဆည်းမြေယာလျော်ကြေးရဖို့ ဒေသခံတွေ ဆန္ဒပြတောင်းဆို

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ ကြေးနီစီမံကိန်းအတွက် သိမ်းဆည်းခံခဲ့ရသည့်လယ်ယာမြေတွေအတွက် ထိုက်သင့်တဲ့ လျော်ကြေးငွေပေးဖို့ ၂၀၁၉ ဒီဇင်ဘာလ ၃ဝ ရက်နေ့က ဆားလင်းကြီးမြို့တွင် ဆန္ဒပြစဉ်။
ဓာတ်ပုံ - ကိုတင့်အောင်စိုး

တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ မြန်မာယန်စီကုမ္ပဏီက ကြေးနီထုတ်လုပ်ရေးစီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ မြေယာတွေအတွက် လျော်ကြေးရရှိဖို့နဲ့ ချင်းတွင်းမြစ်ရေ သုံးစွဲခွင့်ရရှိရေးအတွက် ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာက ဒေသခံ ၂၀၀ ခန့် ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့တာပါ။

စံပယ်တောင်နဲ့ ကြေးစင်တောင်ကနေ ကြေးနီထုတ်လုပ်နေတာဖြစ်ပြီး အဲဒီတောင်အနီးက မြေယာတွေကို လိုအပ်ချက်အရဆိုပြီး စစ်အစိုးရလက်ထက်က သိမ်းဆည်းထားခဲ့တာဖြစ်ပါတယ်။

မြေယာလျော်ကြေးနဲ့ ပတ်သက်ပြီး လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာထဲကပါတဲ့အတိုင်း ရလိုတာကြောင့် တောင်းဆိုတာဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူဖြစ်တဲ့ ကိုတင့်အောင်စိုးက ပြောပါတယ်။

“မြေယာလျော်ကြေးပေးမယ်ဆိုတဲ့ ကတိကဝတ်က ၂၀၁၅ လောက်ကတည်းက ရထားတယ်။ ကုမ္ပဏီကလည်း စာထွက်ထားတယ်။ အစိုးရအနေနဲ့ ကူညီပေးဖို့၊ သူတို့ကလည်း လျော်ကြေးပေးဖို့ အဆင်သင့်ရှိနေပါတယ်ပေါ့။ တောင်းဆိုမှု လုပ်မပေးဘူးဆိုရင် တစ်နယ်လုံးချိတ်ဆက်ပြီးတော့ တောင်းဆိုမှုတွေ ဆက်တိုက်လုပ်သွားမယ်“

လျော်ကြေးမပေးဘူးလို့ ကုမ္ပဏီဘက်က မပြောပေမယ့် ဒေသခံတွေ တောင်းဆိုထားတဲ့နှုန်းအတိုင်း မပေးတာကြောင့် လျော်ကြေးပေးဖို့ ကြန့်ကြာနေတာကို ဆန္ဒပြတောင်းဆိုတာလို့ ကိုတင့်အောင်စိုးက ပြောပါတယ်။

မြန်မာယန်စီ ကြေးနီထုတ်လုပ်ရေးလုပ်ငန်းဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်မဖော်ခင်ထဲက ဆောင်ရွက်နေတဲ့ စီမံကိန်းဖြစ်ပါတယ်။

ဒါကြောင့် နှစ်ပေါင်းများစွာ ကြာမြင့်နေတဲ့ စီမံကိန်းကထွက်ရှိတဲ့ အညစ်ကြေးတွေကြောင့် မြေအောက်ရေ ပျက်စီးနေတယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။

ရွာထဲက သုံးစွဲနေရတဲ့ရေတွေအကြောင်းကို ဒေသခံရွာသူတစ်ယောက်ဖြစ်တဲ့ ဒေါ်အေးသန်းက

“ချောင်းရေတင်ပြီးသောက်တယ်၊ ဒါပေမဲ့ အဆင်မပြေဘူး၊ အဲဒါကြောင့် လာတောင်းတာ၊ အစတုန်းက ပေးမယ်ပြောထားတာ၊ ပေးနိုး ပေးနိုး စောင့်နေတာ၊ နှစ်တွေက ကြာနေပြီ၊ အခုသုံးနေရတဲ့ရေက ဒီနေ့ စဉ့်အိုးထဲမှာ ရေထည့်ထားရင် နောက်နေ့ ဆားချက်သလို ဖြစ်သွားတာ”

ဒေသခံတွေတောင်းဆိုချက်နဲ့ ပတ်သက်ပြီး မြန်မာယန်စီ ကုမ္ပဏီ တာဝန်ရှိသူတွေကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မြေယာလျောကြေးရရှိဖို့ကို ဒေသခံရွာသားတွေက ယခင်အစိုးရလက်ထက်ကတည်းက တောင်းဆိုခဲ့ကြတာဖြစ်ပြီး လက်ရှိအစိုးရလက်ထက် လာမယ့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြေယာလျော်ကြေးတွေ အပြီးပေးအပ်ဖို့  မြေယာလျော်ကြေးပေးအပ်ရေးကော်မတီက လျာထားသတ်မှတ်ထားကြောင်း ဒေသခံတွေနဲ့ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေက သိရပါတယ်။

ဒေသခံတွေ တောင်းဆိုနေတဲ့ လျော်ကြေးနှုန်းက တစ်ဧကကို ကျပ် ၁၅ သိန်းကနေ ၂၅ သိန်းအထိ နှုန်းထားနဲ့ တောင်းဆိုနေတာဖြစ်ပြီး ကုမ္ပဏီဘက်က ပေးချေနေတဲ့ ဈေးနှုန်းကတော့ တစ်ဧကကို ကျပ် ၁၂ သိန်းကနေ ကျပ် ၁၄ သိန်း အထိပဲပေးနေတာဖြစ်ပါတယ်။ ဒေသခံတွေက သူတို့တောင်းဆိုတဲ့ နှုန်းထားအတိုင်း လျော်ကြေးရဖို့ အခုလို ဆန္ဒပြတောင်းဆိုတာဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ ကာလမှာ မြေယာလျော်ကြေးကိစ္စတွေ ပြီးပြတ်နိုင်မလားဆိုတာနဲ့ပတ်သတ်ပြီး ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က

“နဂိုကလည်း ခြံစည်းရိုးမခတ်ခဲ့တဲ့အတွက် လုပ်စားနေတဲ့သူတွေကလည်း သူတို့ပိုင်သွားပြီထင်နေတာ၊ အစိုးရက ဥပဒေနဲ့အညီ မြန်မြန်ခတ်လိုက်ရင်တော့ မြန်မြန်ပြတ်မှာ၊ ကုမ္ပဏီကလည်း ခြံခတ်မပြီးရင်တော့ ထောက်ပံ့ကြေး မပေးနိုင်ဘူးဆိုတာကလည်း အစကတည်းက ကြိုတင်ပြောထားတာရှိတဲ့အတွက် ဒီကိစ္စ တိုင်းဒေသကြီးအစိုးရက ဖြတ်မပေးရင် ၂၀၂၀ မဟုတ်ဘူး၊ ဘယ်တော့မှမပြတ်ဘူး”

ချင်းတွင်းမြစ်ရေ ရရှိဖို့ တောင်းဆိုချက်နဲ့ပတ်သတ်ပြီး ကံကုန်းကျေးရွာက ရေခက်ခဲတာမှန်ကန်ကြောင်းနဲ့ လက်တလောမှာ ရွာတွေအနေနဲ့ ချောင်းရေတွေနဲ့ သုံးလို့ရနေသေးတာကြောင့် အမှန်တကယ် အခက်အခဲဖြစ်လာရင်တော့ ကုမ္ပဏီက ကူညီမယ့်သဘောရှိတယ်လို့ ဒေါက်တာ သိန်းနိုင်က ပြောပါတယ်။

ယင်းမာပင်မြိုနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီကတော့ မြန်မာ-ယန်စီကြေးနီစီမံကိန်းအတွက် မြေယာလျော်ကြေး သတ်မှတ်ထားတဲ့နှုန်းထားတွေနဲ့ပတ်သတ်ပြီး လွှတ်တော်မှာ မေးခွန်း (ဒါမှမဟုတ်) ဝန်ကြီးချုပ်ကိုစာပို့ပြီး မေးမြန်းသွားဖို့ရှိကြောင်း RFA ကိုပြောပါတယ်။

မြန်မာယန်စီ ကုမ္ပဏီကို ၂၀၁၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး စံပယ်တောင်နဲ့ ကြေးစင်တောင်တွေက မြေဧက ၇၈၀၀ ခန့်မှာ တပ်မတော်ပိုင် စီးပွားရေးဦးပိုင် ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ကြေးနီထုတ်လုပ်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဆန္ဒပြသူတွေက မြေဧက ၂၀၀၀ ကျော်အတွက် ထိုက်တန်တဲ့ လျော်ကြေးရရှိဖို့နဲ့ ချင်းတွင်းမြစ်ရေ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးဖို့ကို ကံကုန်းကျေးရွာကနေ ယန်စီကုမ္ပဏီ ဂိတ်ပေါက်အထိ ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာယန်စီကုမ္ပဏီအနေနဲ့ ဆားလင်းကြီးမြို့နယ်အပြင် ယင်းမာပင်မြို့နယ်က ဝါးစိမ်းတောင်မှာလည်း သတ္ထုစမ်းသပ်တူးဖော်ခွင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ တင်ပြထားပါတယ်။ အဲဒီလို တိုးချဲ့ဆောင်ရွက်မယ့် စီမံကိန်းကိုလည်း ဒေသခံတွေက ကန့်ကွက်တာတွေရှိနေပါတယ်။

RFA Burmese
https://www.rfa.org
ေၾကးနီစီမံကိန္း သိမ္းဆည္းေျမယာေလ်ာ္ေၾကးရဖို႔ ေဒသခံေတြ ဆႏၵျပေတာင္းဆို ေၾကးနီစီမံကိန္း သိမ္းဆည္းေျမယာေလ်ာ္ေၾကးရဖို႔ ေဒသခံေတြ ဆႏၵျပေတာင္းဆို Reviewed by THITHTOOLWIN on 03:20 Rating: 5
Powered by Blogger.