ကေလး ၁ ဦး အပါအဝင္ လူ ၃ ဦးေသဆုံးတဲ့ ပလက္ဝ ခရီးသည္ စက္ေလွ ပစ္ခတ္မႈ တပ္နဲ႔ ေအေအ အျပန္အလွန္ စြပ္စြဲ

ပလက္ဝခရီးသည္တင္ စက္ေလွ ပစ္ခတ္ခံရ ၊ လူသုံးဦးေသဆုံး
(Zawgyi)⤵⤵⤵
ဒီဇင္ဘာ ၁၀ ရက္ေန႔မွာ ခ်င္းျပည္နယ္ ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္ကေန ကုလားတန္ျမစ္ အထက္ပိုင္း ေတာင္ၿပိဳေက်း႐ြာကို သြားတဲ့ ခရီးသည္တင္ စက္ေလွတစ္စီးဟာ ျမစ္ညာဘက္ကို ဆန္တက္စဥ္ ႏႈန္းဘူးေက်း႐ြာ အေရာက္မွာ လက္နက္ႀကီးနဲ႔ ပစ္ခတ္ခံရတာေၾကာင့္ ကေလးတစ္ဦးအပါအဝင္ လူသုံးဦး ေသဆုံးခဲ့ပါတယ္။

ေသဆုံးသူမ်ားမွာ အသက္ႏွစ္ႏွစ္ေက်ာ္ အ႐ြယ္ ရခိုင္လူမ်ိဳး ကေလးငယ္တစ္ဦး၊ အသက္ ၁၈ ႏွစ္အ႐ြယ္ မရာလူမ်ိဳး အမ်ိဳးသမီး တစ္ဦးတို႔ စက္ေလွေပၚမွာ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ၿပီး ဒဏ္ရာျပင္းထန္ တဲ့ အသက္ ၃၂ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ဟာ ပလက္ဝ ေဆး႐ုံမွာ ထပ္မံေသဆုံးသြားခဲ့ပါတယ္။

ဒါ့အျပင္ စက္ေလွသမား အပါအဝင္ ခရီးသည္ တခ်ိဳ႕လည္း ထိခိုက္ဒဏ္ရာ ေတြရရွိခဲ့ပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သက္လို႔ တပ္မေတာ္ဘက္က အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ပထမတန္း ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကို ေမးၾကည့္ေတာ့ " တိုက္ပြဲနဲ႔ မဆိုင္ဘူးဗ်၊ စက္ေလွက ႏႈန္းဘူးဘက္ကေန အေနာက္ဘက္ကမ္း၊ ႐ြာဘက္ျခမ္းကို ကပ္တဲ့အခါမွာ ႐ြာဘက္ကေနၿပီးေတာ့မွ ေအေအက အာပီဂ်ီနဲ႔ ပစ္တာ၊ အာပီဂ်ီနဲ႔ ပစ္ေတာ့ ေလွကိုမွန္ၿပီး တစ္ေယာက္ ေရထဲျပဳတ္က်သြားတယ္။ သုံးေယာက္ေသတယ္။ ၿပီးရင္ ေျခာက္ေယာက္ဒဏ္ရာရတယ္ " လို႔ ဘီဘီစီကို ေျပာပါတယ္။

အဲဒီစက္ေလွဟာ ေတာင္ၿပိဳကေနၿပီးေတာ့ ပလက္ဝကို ဆင္းလာတာ ျဖစ္ၿပီး စက္ေလွေပၚမွာ ပါလာသူေတြဟာ ခမီနဲ႔ ခ်င္းလူမ်ိဳးေတြ ျဖစ္ႏိုင္တယ္လို႔ ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက ဆိုပါတယ္။

ရကၡိဳင့္တပ္မေတာ္ ေအေအရဲ႕ ေျပာခြင့္ရသူ ခိုင္သုခကို ဘီဘီစီက ဆက္သြယ္ေမးျမန္းတဲ့အခါ အခု ျဖစ္ပြားတဲ့ ႏႈန္းဘူးေက်း႐ြာရဲ႕ တစ္ဖက္ကမ္းမွာ တပ္မေတာ္ရဲ႕ စစ္ဗ်ဳဟာတစ္ခု ရွိၿပီး အဲဒီရဲ႕ ေအာက္ဘက္မွာ ရွိတဲ့ ခလရ ၂၈၉ တပ္ရင္းကေန ပစ္ခတ္တာျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီစက္ေလွ ပစ္ခတ္ခံရတာနဲ႔ ပတ္သက္လို႔ တပ္မေတာ္ေကာ ေအေအဘက္ကပါ သူတို႔ လက္ခ်က္မဟုတ္ေၾကာင္း ျငင္းဆိုထားပါတယ္။

ဒါ့အျပင္ ေအေအတပ္ဖြဲ႕ဝင္ေတြဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း ပလက္ဝကေန ေတာင္ၿပိဳကို ေျပးဆြဲေနတဲ့ စက္ေလွတစ္စီေပၚက ရိကၡာေတြကို ယူေဆာင္သြားခဲ့တဲ့ အေပၚ ေအေအဘက္က ျငင္းဆိုပါတယ္။

ျပည္သူေတြပိုင္ဆိုင္တဲ့ ပစၥည္းေတြကို သေဘာမတူဘဲ ယူေဆာင္ျခင္းမျပဳဖို႔ တင္းက်ပ္တဲ့ စည္းကမ္းခ်က္ေတြ ထုတ္ျပန္ထားသလို တန္ရာ တန္ေၾကးေပးၿပီး ဝယ္ယူတာသာ ရွိေၾကာင္းနဲ႔ တပ္မေတာ္စစ္ေၾကာင္းက အရပ္သား စက္ေလွ ေတြကို အသုံးျပဳၿပီး သယ္ယူေနတဲ့ ရိကၡာေတြကိုသာ သိမ္းဆည္းထားတာ ရွိေၾကာင္း ခိုင္သုခက ေျပာပါတယ္။

ပစ္ခတ္ခံလိုက္ရတဲ့ စက္ေလွဟာ ဒီဇင္ဘာ ၁၀ရက္ေန႔ မနက္ပိုင္း ၇ နာရီမွာ ပလက္ဝၿမိဳ႕ကေန ေတာင္ၿပိဳကို တက္သြားခဲ့တာ ျဖစ္ၿပီး ႏႈန္းဘူးေက်း႐ြာကို အေရာက္ ၁၁ နာရီေလာက္မွာ ပစ္ခံလိုက္ရတာလို႔ စက္ေလွပိုင္ရွင္က ဘီဘီစီကို အတည္ျပဳပါတယ္။

" ပထမက ဒုံးက်ည္ႏွစ္လုံးဟာ ဘုတ္ေရွ႕မွာက်တယ္။ အဲဒီေတာ့ ဘုတ္ကို ႏႈန္းဘူးမွာ ကပ္လိုက္တယ္။ လူေတြကို ကမ္းေပၚတက္ခိုင္းတယ္။ ပုန္းဖို႔ ခိုဖို႔ ရေအာင္တြက္ပါ ။ အဲဒီမယ္ တတိယေျမာက္ အလုံးက ဘုတ္မွာလာထိပါတယ္။ ဘုတ္ထဲမွာေသတာက ကေလးတစ္ေယာက္နဲ႔ မိန္းမတစ္ေယာက္ ၊ ေနာက္ ၇ ေယာက္ ဒဏ္ရာ ရတယ္။ ႏႈန္းဘူး႐ြာ တစ္ဖက္ကမ္း အေရွ႕ဘက္က လာတဲ့ က်ည္ပါ " လို႔ စက္ေလွပိုင္ရွင္က ေျပာပါတယ္။

ေသဆုံးသူ သုံးဦးထဲက အသက္၂ ႏွစ္ေက်ာ္အ႐ြယ္ကေလးနဲ႔ အသက္ ၃၂ ႏွစ္အ႐ြယ္ အမ်ိဳးသားတို႔မွာ သားအဖႏွစ္ဦးျဖစ္ၿပီး မိခင္ျဖစ္သူမွာလည္း ဒဏ္ရာရခဲ့ပါတယ္။

ေသဆုံးသူ အမ်ိဳးသားဟာ ပလက္ဝၿမိဳ႕နယ္ တေရာ္အိုင္ေက်း႐ြာ စာသင္ေက်ာင္းမွာ တာဝန္က်ေနတဲ့ အေထြေထြ ဝန္ထမ္းျဖစ္ၿပီး ဒဏ္ရာရခဲ့တဲ့ ဇနီးသည္ကေတာ့ ေက်ာင္းဆရာမတစ္ဦးျဖစ္ပါတယ္။

စက္ေလွေပၚမွာ ခရီးသည္ ၁၈ ဦး၊ စက္ေလွသမား ၃ ဦးပါဝင္ၿပီး ဒီလို ပစ္ခတ္မႈေၾကာင့္ ထပ္ၿပီး လိုင္းေျပးဆြဲဖို႔ မေသခ်ာေတာ့ဘူးလို႔ စက္ေလွပိုင္ရွင္က ေျပာပါတယ္။

အခု ဒီဇင္ဘာလအတြင္း တိုက္ပြဲေတြ ျပင္းထန္ လာေနၿပီး အရပ္သား ထိခိုက္မႈေတြလည္း ေန႔စဥ္လိုလို ျဖစ္ပြားလ်က္ရွိေနေၾကာင္း နဲ႔ ရခိုင္စစ္ပြဲ တစ္ႏွစ္တာ ကာလ အတြင္း အရပ္သား ေသဆုံးမႈ ၉၇ ဦးခန္႔၊ ထိခိုက္ဒဏ္ရာရသူ ၁၄၀ ေက်ာ္ခန္႔နဲ႔ ေနရပ္စြန္႔ခြာ ထြက္ေျပးေနသူ ၉ ေသာင္းေက်ာ္ထိ ရွိလာေနၿပီး ဖမ္းဆီးခံရသူ ၅၀ဝ ေက်ာ္အထိ ရွိေနၿပီလို႔ အရပ္ဖက္အဖြဲ႕အစည္းေတြရဲ႕ စာရင္းဇယား အရ သိရပါတယ္။

BBC Burmese
https://www.bbc.com
----------------
(Unicode)⤵⤵⤵
ကလေး ၁ ဦး အပါအဝင် လူ ၃ ဦးသေဆုံးတဲ့ ပလက်ဝ ခရီးသည် စက်လှေ ပစ်ခတ်မှု တပ်နဲ့ အေအေ အပြန်အလှန် စွပ်စွဲ

ဓာတ်ပုံ မူပိုင် Zalen/Salai Lal Nun Uk
Image caption ပလက်ဝခရီးသည်တင် စက်လှေ ပစ်ခတ်ခံရ ၊ လူသုံးဦးသေဆုံး

ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်ကနေ ကုလားတန်မြစ် အထက်ပိုင်း တောင်ပြိုကျေးရွာကို သွားတဲ့ ခရီးသည်တင် စက်လှေတစ်စီးဟာ မြစ်ညာဘက်ကို ဆန်တက်စဉ် နှုန်းဘူးကျေးရွာ အရောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် ကလေးတစ်ဦးအပါအဝင် လူသုံးဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူများမှာ အသက်နှစ်နှစ်ကျော် အရွယ် ရခိုင်လူမျိုး ကလေးငယ်တစ်ဦး၊ အသက် ၁၈ နှစ်အရွယ် မရာလူမျိုး အမျိုးသမီး တစ်ဦးတို့ စက်လှေပေါ်မှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ဒဏ်ရာပြင်းထန် တဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦး ဟာ ပလက်ဝ ဆေးရုံမှာ ထပ်မံသေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် စက်လှေသမား အပါအဝင် ခရီးသည် တချို့လည်း ထိခိုက်ဒဏ်ရာ တွေရရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော်ဘက်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို မေးကြည့်တော့ " တိုက်ပွဲနဲ့ မဆိုင်ဘူးဗျ၊ စက်လှေက နှုန်းဘူးဘက်ကနေ အနောက်ဘက်ကမ်း၊ ရွာဘက်ခြမ်းကို ကပ်တဲ့အခါမှာ ရွာဘက်ကနေပြီးတော့မှ အေအေက အာပီဂျီနဲ့ ပစ်တာ၊ အာပီဂျီနဲ့ ပစ်တော့ လှေကိုမှန်ပြီး တစ်ယောက် ရေထဲပြုတ်ကျသွားတယ်။ သုံးယောက်သေတယ်။ ပြီးရင် ခြောက်ယောက်ဒဏ်ရာရတယ် " လို့ ဘီဘီစီကို ပြောပါတယ်။

အဲဒီစက်လှေဟာ တောင်ပြိုကနေပြီးတော့ ပလက်ဝကို ဆင်းလာတာ ဖြစ်ပြီး စက်လှေပေါ်မှာ ပါလာသူတွေဟာ ခမီနဲ့ ချင်းလူမျိုးတွေ ဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆိုပါတယ်။

ရက္ခိုင့်တပ်မတော် အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခကို ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါ အခု ဖြစ်ပွားတဲ့ နှုန်းဘူးကျေးရွာရဲ့ တစ်ဖက်ကမ်းမှာ တပ်မတော်ရဲ့ စစ်ဗျုဟာတစ်ခု ရှိပြီး အဲဒီရဲ့ အောက်ဘက်မှာ ရှိတဲ့ ခလရ ၂၈၉ တပ်ရင်းကနေ ပစ်ခတ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစက်လှေ ပစ်ခတ်ခံရတာနဲ့ ပတ်သက်လို့ တပ်မတော်ကော အေအေဘက်ကပါ သူတို့ လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

ဒါ့အပြင် အေအေတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပလက်ဝကနေ တောင်ပြိုကို ပြေးဆွဲနေတဲ့ စက်လှေတစ်စီပေါ်က ရိက္ခာတွေကို ယူဆောင်သွားခဲ့တဲ့ အပေါ် အေအေဘက်က ငြင်းဆိုပါတယ်။

ပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို သဘောမတူဘဲ ယူဆောင်ခြင်းမပြုဖို့ တင်းကျပ်တဲ့ စည်းကမ်းချက်တွေ ထုတ်ပြန်ထားသလို တန်ရာ တန်ကြေးပေးပြီး ဝယ်ယူတာသာ ရှိကြောင်းနဲ့ တပ်မတော်စစ်ကြောင်းက အရပ်သား စက်လှေ တွေကို အသုံးပြုပြီး သယ်ယူနေတဲ့ ရိက္ခာတွေကိုသာ သိမ်းဆည်းထားတာ ရှိကြောင်း ခိုင်သုခက ပြောပါတယ်။

ပစ်ခတ်ခံလိုက်ရတဲ့ စက်လှေဟာ ဒီဇင်ဘာ ၁၀ရက်နေ့ မနက်ပိုင်း ၇ နာရီမှာ ပလက်ဝမြို့ကနေ တောင်ပြိုကို တက်သွားခဲ့တာ ဖြစ်ပြီး နှုန်းဘူးကျေးရွာကို အရောက် ၁၁ နာရီလောက်မှာ ပစ်ခံလိုက်ရတာလို့ စက်လှေပိုင်ရှင်က ဘီဘီစီကို အတည်ပြုပါတယ်။

" ပထမက ဒုံးကျည်နှစ်လုံးဟာ ဘုတ်ရှေ့မှာကျတယ်။ အဲဒီတော့ ဘုတ်ကို နှုန်းဘူးမှာ ကပ်လိုက်တယ်။ လူတွေကို ကမ်းပေါ်တက်ခိုင်းတယ်။ ပုန်းဖို့ ခိုဖို့ ရအောင်တွက်ပါ ။ အဲဒီမယ် တတိယမြောက် အလုံးက ဘုတ်မှာလာထိပါတယ်။ ဘုတ်ထဲမှာသေတာက ကလေးတစ်ယောက်နဲ့ မိန်းမတစ်ယောက် ၊ နောက် ၇ ယောက် ဒဏ်ရာ ရတယ်။ နှုန်းဘူးရွာ တစ်ဖက်ကမ်း အရှေ့ဘက်က လာတဲ့ ကျည်ပါ " လို့ စက်လှေပိုင်ရှင်က ပြောပါတယ်။

သေဆုံးသူ သုံးဦးထဲက အသက်၂ နှစ်ကျော်အရွယ်ကလေးနဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသားတို့မှာ သားအဖနှစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူမှာလည်း ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသူ အမျိုးသားဟာ ပလက်ဝမြို့နယ် တရော်အိုင်ကျေးရွာ စာသင်ကျောင်းမှာ တာဝန်ကျနေတဲ့ အထွေထွေ ဝန်ထမ်းဖြစ်ပြီး ဒဏ်ရာရခဲ့တဲ့ ဇနီးသည်ကတော့ ကျောင်းဆရာမတစ်ဦးဖြစ်ပါတယ်။

စက်လှေပေါ်မှာ ခရီးသည် ၁၈ ဦး၊ စက်လှေသမား ၃ ဦးပါဝင်ပြီး ဒီလို ပစ်ခတ်မှုကြောင့် ထပ်ပြီး လိုင်းပြေးဆွဲဖို့ မသေချာတော့ဘူးလို့ စက်လှေပိုင်ရှင်က ပြောပါတယ်။

အခု ဒီဇင်ဘာလအတွင်း တိုက်ပွဲတွေ ပြင်းထန် လာနေပြီး အရပ်သား ထိခိုက်မှုတွေလည်း နေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိနေကြောင်း နဲ့ ရခိုင်စစ်ပွဲ တစ်နှစ်တာ ကာလ အတွင်း အရပ်သား သေဆုံးမှု ၉၇ ဦးခန့်၊ ထိခိုက်ဒဏ်ရာရသူ ၁၄၀ ကျော်ခန့်နဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေသူ ၉ သောင်းကျော်ထိ ရှိလာနေပြီး ဖမ်းဆီးခံရသူ ၅၀ဝ ကျော်အထိ ရှိနေပြီလို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စာရင်းဇယား အရ သိရပါတယ်။

BBC Burmese
https://www.bbc.com
ကေလး ၁ ဦး အပါအဝင္ လူ ၃ ဦးေသဆုံးတဲ့ ပလက္ဝ ခရီးသည္ စက္ေလွ ပစ္ခတ္မႈ တပ္နဲ႔ ေအေအ အျပန္အလွန္ စြပ္စြဲ ကေလး ၁ ဦး အပါအဝင္ လူ ၃ ဦးေသဆုံးတဲ့ ပလက္ဝ ခရီးသည္ စက္ေလွ ပစ္ခတ္မႈ တပ္နဲ႔ ေအေအ အျပန္အလွန္ စြပ္စြဲ Reviewed by THITHTOOLWIN on 21:44 Rating: 5
Powered by Blogger.