အာဖဂန္က ကန္တပ္ဖြဲ႔ေတြ ႐ုပ္သိမ္းေတာ့မည္

အာဖဂန္နစၥတန္မွ အေမရိကန္တပ္ဖြဲ႔ဝင္အခ်ဳိ႕။ (ေမ ၁၃၊ ၂၀၁၅)
(Zawgyi / Unicode)

အာဖဂန္မွာရွိတဲ့ ေထာင္ခ်ီတဲ့ အေမရိကန္တပ္ဖြဲ႔ဝင္ေတြ ျပန္႐ုပ္သိမ္းေတာ့မယ္လို႔ တနဂၤေႏြေန႔မွာ အာဖဂန္အာဏာပိုင္ေတြ အတည္ျပဳေျပာဆိုလို္က္ၿပီး ဒါဟာ ႏွစ္ႏိုင္ငံ အျပန္အလွန္ သေဘာတူညီခ်က္အရ လုပ္ေဆာင္တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

တပ္ေတြျပန္ဆုတ္ေရး လုပ္ငန္းစဥ္ကို လာမယ့္ ၃ လအတြင္း လုပ္ေဆာင္သြားဖို႔ ရွိတယ္လို႔ Kabul ၿမဳိ႕မွာရွိတဲ့ သတင္းရင္းျမစ္ေတြက ဗီြအုိေအကို ေျပာေပမယ့္ လတ္တေလာမွာေတာ့ အစိုးရတာဝန္ရွိသူေတြကို ဆက္သြယ္ အတည္ျပဳလို႔ မရေသးပါဘူး။

အာဖဂန္မွာရွိတဲ့ အေမရိကန္တပ္ဖြဲ႔ဝင္ ေလးေထာင္ေလာက္ ျပန္လည္႐ုပ္သိမ္း ေလွ်ာ့ခ်သြားေရး အစီအစဥ္ကို ဒီသီတင္းပတ္မကုန္ခင္ တတ္ႏိုင္သမွ် အေစာဆုံး ေၾကညာသြားဖို႔ သမၼတ Donald Trump အစိုးရက ရည္ရြယ္ထားေၾကာင္း စေနေန႔ထုတ္ အေမရိကန္ သတင္းေတြမွာ ေဖာ္ျပပါတယ္။

အာဖဂန္သမၼတ Ashraf Ghani ရဲ႕ ေျပာခြင့္ရပုဂၢဳိလ္ကေတာ့ အေမရိကန္တပ္ေတြ ေလွ်ာ့ခ်ေရး အစီအစဥ္ဟာ တာလီဘန္ေတြနဲ႔ တိုက္ေနရတဲ့ ၁၈ ႏွစ္ၾကာ ျပည္တြင္းစစ္ အဆုံးသတ္ေရး ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြနဲ႔ေတာ့ မသက္ဆိုင္ဘူးလို႔ ေျပာပါတယ္။

အာဖဂန္မွာ အေမရိကန္တပ္ဖြဲ႔ဝင္ ၁၃,၀၀၀ ေလာက္ရွိၿပီး အဲဒီထဲက ၄,၀၀၀ ကုိ အရင္႐ုပ္သိမ္းဖို႔ မူအားျဖင့္ သေဘာတူထားတာ ျဖစ္ပါတယ္။

-------------------------------------

(Unicode)

အာဖဂန်က ကန်တပ်ဖွဲ့တွေ ရုပ်သိမ်းတော့မည်

အာဖဂန်မှာရှိတဲ့ ထောင်ချီတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ ပြန်ရုပ်သိမ်းတော့မယ်လို့ တနင်္ဂနွေနေ့မှာ အာဖဂန်အာဏာပိုင်တွေ အတည်ပြုပြောဆိုလိုက်ပြီး ဒါဟာ နှစ်နိုင်ငံ အပြန်အလှန် သဘောတူညီချက်အရ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တပ်တွေပြန်ဆုတ်ရေး လုပ်ငန်းစဉ်ကို လာမယ့် ၃ လအတွင်း လုပ်ဆောင်သွားဖို့ ရှိတယ်လို့ Kabul မြို့မှာရှိတဲ့ သတင်းရင်းမြစ်တွေက ဗွီအိုအေကို ပြောပေမယ့် လတ်တလောမှာတော့ အစိုးရတာဝန်ရှိသူတွေကို ဆက်သွယ် အတည်ပြုလို့ မရသေးပါဘူး။

အာဖဂန်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင် လေးထောင်လောက် ပြန်လည်ရုပ်သိမ်း လျှော့ချသွားရေး အစီအစဉ်ကို ဒီသီတင်းပတ်မကုန်ခင် တတ်နိုင်သမျှ အစောဆုံး ကြေညာသွားဖို့ သမ္မတ Donald Trump အစိုးရက ရည်ရွယ်ထားကြောင်း စနေနေ့ထုတ် အမေရိကန် သတင်းတွေမှာ ဖော်ပြပါတယ်။

အာဖဂန်သမ္မတ Ashraf Ghani ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ အမေရိကန်တပ်တွေ လျှော့ချရေး အစီအစဉ်ဟာ တာလီဘန်တွေနဲ့ တိုက်နေရတဲ့ ၁၈ နှစ်ကြာ ပြည်တွင်းစစ် အဆုံးသတ်ရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့တော့ မသက်ဆိုင်ဘူးလို့ ပြောပါတယ်။

အာဖဂန်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၁၃,၀၀၀ လောက်ရှိပြီး အဲဒီထဲက ၄,၀၀၀ ကို အရင်ရုပ်သိမ်းဖို့ မူအားဖြင့် သဘောတူထားတာ ဖြစ်ပါတယ်။

VOA Burmese
https://burmese.voanews.com
အာဖဂန္က ကန္တပ္ဖြဲ႔ေတြ ႐ုပ္သိမ္းေတာ့မည္ အာဖဂန္က ကန္တပ္ဖြဲ႔ေတြ ႐ုပ္သိမ္းေတာ့မည္ Reviewed by THITHTOOLWIN on 06:53 Rating: 5
Powered by Blogger.