တ႐ုတ္ႏိုင္ငံထဲ ဇနီးမယားအျဖစ္ ေရာင္းစားခံရသူ တစ္ဦး ကိုျမန္မာဘက္ကကယ္

 တစ္ႏွစ္ရွစ္လခန႔္ အၾကာ မွာ အခုလိုကယ္ႏိုင္
(Zawgyi)⤵⤵⤵
တ႐ုတ္ ဇနီးမယားအျဖစ္ ေရာင္းစားခံထားရတဲ့ ျမန္မာအမ်ိဳးသမီးတစ္ဦးကို လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕နဲ႔ တ႐ုတ္ႏိုင္ငံဘက္ေရာက္ေနသူေတြ အကူညီနဲ႔ ပူးေပါင္းၿပီး ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ ကိုယ္တိုင္နယ္စပ္ကိုသြားေခၚေပးခဲ့တဲ့ ထန္းတစ္ပင္ၿမိဳ႕နယ္ တိုင္းေဒ သႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေ႒းလြင္ ကဘီဘီစီကို ေျပာပါတယ္။

တ႐ုတ္နယ္စပ္မွာ ဇနီးမယားအျဖစ္ေရာင္းစားခံရၿပီး တစ္ႏွစ္ရွစ္လခန႔္ အၾကာ မွာ အခုလိုကယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ထန္းတစ္ပင္ၿမိဳ႕နယ္ ေက်း႐ႊာတစ္႐ြာကေန တစ္႐ြာတည္းသားက နယ္စပ္က ထမင္းဆိုင္မွာ အလုပ္ရမယ္ ဆိုၿပီး ေခၚသြားရာက တဆင့္ တ႐ုတ္နယ္စပ္မွာေရာင္းစားခံလိုက္ရတာျဖစ္ပါတယ္ ။

၂၀၁၉ ေအာက္တိုဘာလအတြင္းမွာ တ႐ုတ္ႏိုင္ငံသားနဲ႔ ရတဲ့ ကေလးေမြးဖြားခဲ့ၿပီး အခု အဲဒီကေလးကို ထားၿပီးေတာ့ အဝတ္တစ္ထည္ကိုယ္တစ္ခုနဲ႔ ထြက္ေျပးလြတ္ေျမာက္လာတာလို႔လည္း သူ႔မိသားစုဝင္ေတြကေျပာပါတယ္။
တ႐ုတ္ႏိုင္ငံ ထဲက အကူညီေပးသူေတြနဲ႔ခ်ိတ္ဆက္ၿပီး ျပန္ေခၚ

တ႐ုတ္ျမန္မာနယ္စပ္ ခ်င္းေ႐ႊေဟာ္မွာ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲက တ႐ုတ္ႏိုင္ငံထဲ ကအကူညီေပးသူေတြနဲ႔ခ်ိတ္ဆက္ၿပီး ျပန္ေခၚခဲ့တာျဖစ္ပါတယ္။

သူေနထိုင္တဲ့တ႐ုတ္ႏိုင္ငံထဲက ျပည္နယ္ဟာ ကားနဲ႔၁၈ နာရီ ၾကာခ်င္းေ႐ႊေဟာ္ကို ေမာင္းရၿပီး ျပန္ေခၚေပးတဲ့ ကားခအပါအဝင္ သူ႔ကိုျပန္ေခၚဖို႔ ယြမ္ေငြ ခုႏွစ္ေထာင္ ျမန္မာေငြ ၁၄ သိန္းေလာက္ ကုန္က်ခဲ့တယ္ လို႔ေျပာပါတယ္။

ဒီေငြကို တ႐ုတ္ႏိုင္ငံဘက္ေရာက္ေနတဲ့ အဖြဲ႕ေတြ အကူညီေပးေရး အဖြဲ႕ေတြက ကူညီေပးခဲ့ၿပီး သူတို႔အေနနဲ႔ ေပးစရာမရွိသလို ေပးလည္းမေပးခဲ့ရေၾကာင္းမိသားစုဝင္ေတြကေျပာပါတယ္။

ခ်င္းေ႐ႊေဟာ္ကေန သူေနထိုင္တဲ့ ထန္းတစ္ပင္ ၿမိဳ႕နယ္ထဲက ေက်း႐ြာကို ႏွစ္ညအိပ္နဲ႔ ျပန္ေရာက္လာခဲ့ၿပီးဒီဇင္ဘာ ၁၆ ရက္ေန႔ ညက သူ႔အိမ္ကို ျပန္ေရာက္တာလို႔ ထန္းတစ္ပင္ၿမိဳ႕နယ္ တိုင္းေဒ သႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေ႒းလြင္ကေျပာပါတယ္။

တ႐ုတ္ႏိုင္ငံသား ဇနီးမယားအျဖစ္ ေရာင္းစားခံထားရၿပီးထြက္ေျပးလြတ္ေျမာက္လာသူဟာ က်န္းမာေရးအေျခေနေကာင္းမြန္ၿပီး တ႐ုတ္ႏိုင္ငံသားနဲ႔ရတဲ့ ကေလးကို ေတာ့ ထားခဲ့တယ္လို႔ မိသားစုဝင္ေတြကေျပာပါတယ္။

သူရဲ႕နယ္စပ္ အဝင္ အထြက္ ကိစၥေတြကို ကူမင္းၿမိဳ႕ ျမန္မာေကာင္စစ္ဝန္႐ုံးခ်ဳပ္ ကအကူညီေပးခဲ့ပါတယ္ ။
 သတင္းအခ်က္အလက္ေတြ အေသးစိတ္ ပို႔ေပမယ့္ သူ႔ကို ကယ္ထုတ္ႏိုင္တာ မရွိေသးပါဘူး။

သူအခုလိုျပန္လာဖို႔ႀကိဳးစားေနခဲ့တာ တႏွစ္ေက်ာ္လာခဲ့ၿပီျဖစ္ပါတယ္။

ေရာင္းစားခံရသူက ဆက္သြယ္ေနတာ ၂၀၁၈ ခုႏွစ္ ကတည္းက ျဖစ္ၿပီး သတင္းအခ်က္အလက္ေတြ အေသးစိတ္ ပို႔ေပမယ့္ သူ႔ကို မကယ္ထုတ္ႏိုင္ခဲ့ပါဘူး။

အခုရက္ပိုင္း ျမန္မာျပည္ျပန္လာတဲ့ တ႐ုတ္ႏိုင္ငံထဲ မွာ အလုပ္လုပ္ေနသူတစ္ေယာက္ ကေနတစ္ဆင့္ သူ႔ကိုလာကယ္ဖို႔ အကူအညီေတာင္းခဲ့တာလည္းျဖစ္ပါတယ္။

တ႐ုတ္ဇနီးမယားအျဖစ္ ေရာင္းစားခံရတာေတြကို တ႐ုတ္-ျမန္မာနယ္စပ္ စစ္ေဆးေရးဂိတ္ေတြမွာ မၾကာခဏ ဖမ္းဆီးမိေလ့ရွိၿပီး ၂၀၁၉ ခုႏွစ္ စက္တင္ဘာလအထိ ေရာင္းစားခံရသူ အမ်ိဳးသမီး ၄၈ ဦးကို ကယ္တင္ႏိုင္ခဲ့ကာ လူကုန္ကူးသူ ၇၉ ဦးကို ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲက ဆိုပါတယ္။

ျမန္မာႏိုင္ငံ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ဘက္က တ႐ုတ္ ဇနီးမယားအျဖစ္ ေရာင္းစားခံရတဲ့သူေတြကို တ႐ုတ္ျပည္ထဲမေရာက္ခင္ နယ္စပ္ဂိတ္မွာတင္ တားဆီးရတဲ့ အမႈေတြခ်ည္းျဖစ္ၿပီး တ႐ုတ္ျပည္ထဲ ေရာက္ၿပီးမွ ျပန္လည္ ကယ္ဆယ္ရမွာကေတာ့ ၂၀၁၉ ခုႏွစ္ထဲမွာ ဒီအမႈတစ္ခုပဲ ရွိေနတယ္လို႔ ဘီဘီစီကို ေျပာခဲ့ပါတယ္။

ထြက္ေျပးလြတ္ေျမာက္လာသူဟာ ျမန္မာႏိုင္ငံနဲ႔ ကပ္ေနတဲ့ တ႐ုတ္ျပည္ ယူနန္ျပည္နယ္ထဲကလို႔ယူဆရ တဲ့ တေနရာမွာရွိေနခဲ့တာပါ။ ေရာင္းစားခံရၿပီး တစ္ႏွစ္နဲ႔ ေျခာက္လ အၾကာမွာ ေတာ့ မိဘေတြနဲ႔ အဆက္သြယ္ျပန္ရခဲ့ပါတယ္။
မသူဇာေအးပို႔လိုက္တဲ့ ေနရာ အေၾကာင္းသတင္းအခ်က္အလက္
ပြဲစားက သူ႔ကို ေခၚသြားၿပီးေနာက္ မူဆယ္တည္းခိုခန္းကေန တစ္ဆင့္ တ႐ုတ္ျပည္ထဲ ေရာင္းစားခံခဲ့ရၿပီး ၅ ရက္ေလာက္ အလုံပိတ္ကားနဲ႔ သြားခဲ့ရၿပီး သူ႔ကို ပိတ္ေလွာင္ထားတယ္ လို႔ သမီးျဖစ္သူက ျပန္ေျပာေၾကာင္း ေရာင္းစားခံရသူ ကိုကူညီေပးသူ ေဒၚတူးမာက ဘီဘီစီကို ေျပာပါတယ္။

သူ႔ကို တစ္လ သုံးသိန္းခြဲနဲ႔ ေ႐ႊလီက ထမင္းဆိုင္မွာ အလုပ္ရမယ္ဆိုလို႔ တ႐ုတ္ျပည္ဘက္ကို လႊတ္လိုက္တာလို႔လည္း ေဒၚတူးမာက ေျပာပါတယ္။

မိန္းကေလး ငါးေယာက္ အတူသြားၾကရာမွာ သူနဲ႔ အျခားတစ္ေယာက္ကိုပဲ နယ္စပ္မွာ ေခၚထားလိုက္ၿပီး က်န္ သုံးေယာက္ကို ျပန္လႊတ္ခဲ့တာျဖစ္ပါတယ္။

ဒီ အမႈနဲ႔ ပတ္သက္ၿပီး မိဘေတြက တိုင္ၾကားခ်က္ရွိတဲ့အတြက္ လူကုန္ကူးမႈ တားဆီးေရး ရဲတပ္ဖြဲ႕က ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလကစလို႔ တ႐ုတ္အာဏာပိုင္ေတြဆီ သုံးႀကိမ္တိုင္တိုင္ အေၾကာင္းၾကားခဲ့တယ္လို႔ မူဆယ္ၿမိဳ႕ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕မႉး ရဲမႉး ဦးေက်ာ္ၫြန႔္က ဘီဘီစီကို ေျပာပါတယ္။

လာမယ့္ဒီဇင္ဘာလ ၂၁ရက္ေန႔မွာဒီေရာင္းစားခံရတာ နဲ႔ပတ္သက္လို႔သတင္းစာရွင္းလင္းပြဲ လုပ္ဖို႔ရွိတယ္လို႔ ထန္းတစ္ပင္ၿမိဳ႕နယ္ တိုင္းေဒ သႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေ႒းလြင္ ကဘီဘီစီကို ေျပာပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
တရုတ်နိုင်ငံထဲ ဇနီးမယားအဖြစ် ရောင်းစားခံရသူ တစ်ဦး ကိုမြန်မာဘက်ကကယ်

Image caption တစ်နှစ်ရှစ်လခန့် အကြာ မှာ အခုလိုကယ်နိုင်

တရုတ် ဇနီးမယားအဖြစ် ရောင်းစားခံထားရတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ တရုတ်နိုင်ငံဘက်ရောက်နေသူတွေ အကူညီနဲ့ ပူးပေါင်းပြီး ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကိုယ်တိုင်နယ်စပ်ကိုသွားခေါ်ပေးခဲ့တဲ့ ထန်းတစ်ပင်မြို့နယ် တိုင်းဒေ သကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဋ္ဌေးလွင် ကဘီဘီစီကို ပြောပါတယ်။

တရုတ်နယ်စပ်မှာ ဇနီးမယားအဖြစ်ရောင်းစားခံရပြီး တစ်နှစ်ရှစ်လခန့် အကြာ မှာ အခုလိုကယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ထန်းတစ်ပင်မြို့နယ် ကျေးရွှာတစ်ရွာကနေ တစ်ရွာတည်းသားက နယ်စပ်က ထမင်းဆိုင်မှာ အလုပ်ရမယ် ဆိုပြီး ခေါ်သွားရာက တဆင့် တရုတ်နယ်စပ်မှာရောင်းစားခံလိုက်ရတာဖြစ်ပါတယ် ။

၂၀၁၉ အောက်တိုဘာလအတွင်းမှာ တရုတ်နိုင်ငံသားနဲ့ ရတဲ့ ကလေးမွေးဖွားခဲ့ပြီး အခု အဲဒီကလေးကို ထားပြီးတော့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလွတ်မြောက်လာတာလို့လည်း သူ့မိသားစုဝင်တွေကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Maw Li San
Image caption တရုတ်နိုင်ငံ ထဲက အကူညီပေးသူတွေနဲ့ချိတ်ဆက်ပြီး ပြန်ခေါ်

တရုတ်မြန်မာနယ်စပ် ချင်းရွှေဟော်မှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲက တရုတ်နိုင်ငံထဲ ကအကူညီပေးသူတွေနဲ့ချိတ်ဆက်ပြီး ပြန်ခေါ်ခဲ့တာဖြစ်ပါတယ်။

သူနေထိုင်တဲ့တရုတ်နိုင်ငံထဲက ပြည်နယ်ဟာ ကားနဲ့၁၈ နာရီ ကြာချင်းရွှေဟော်ကို မောင်းရပြီး ပြန်ခေါ်ပေးတဲ့ ကားခအပါအဝင် သူ့ကိုပြန်ခေါ်ဖို့ ယွမ်ငွေ ခုနှစ်ထောင် မြန်မာငွေ ၁၄ သိန်းလောက် ကုန်ကျခဲ့တယ် လို့ပြောပါတယ်။

ဒီငွေကို တရုတ်နိုင်ငံဘက်ရောက်နေတဲ့ အဖွဲ့တွေ အကူညီပေးရေး အဖွဲ့တွေက ကူညီပေးခဲ့ပြီး သူတို့အနေနဲ့ ပေးစရာမရှိသလို ပေးလည်းမပေးခဲ့ရကြောင်းမိသားစုဝင်တွေကပြောပါတယ်။

ချင်းရွှေဟော်ကနေ သူနေထိုင်တဲ့ ထန်းတစ်ပင် မြို့နယ်ထဲက ကျေးရွာကို နှစ်ညအိပ်နဲ့ ပြန်ရောက်လာခဲ့ပြီးဒီဇင်ဘာ ၁၆ ရက်နေ့ ညက သူ့အိမ်ကို ပြန်ရောက်တာလို့ ထန်းတစ်ပင်မြို့နယ် တိုင်းဒေ သကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဋ္ဌေးလွင်ကပြောပါတယ်။

တရုတ်နိုင်ငံသား ဇနီးမယားအဖြစ် ရောင်းစားခံထားရပြီးထွက်ပြေးလွတ်မြောက်လာသူဟာ ကျန်းမာရေးအခြေနေကောင်းမွန်ပြီး တရုတ်နိုင်ငံသားနဲ့ရတဲ့ ကလေးကို တော့ ထားခဲ့တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

သူရဲ့နယ်စပ် အဝင် အထွက် ကိစ္စတွေကို ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ရုံးချုပ် ကအကူညီပေးခဲ့ပါတယ် ။

ဓာတ်ပုံ မူပိုင် TZA
Image caption သတင်းအချက်အလက်တွေ အသေးစိတ် ပို့ပေမယ့် သူ့ကို ကယ်ထုတ်နိုင်တာ မရှိသေးပါဘူး။

သူအခုလိုပြန်လာဖို့ကြိုးစားနေခဲ့တာ တနှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။

ရောင်းစားခံရသူက ဆက်သွယ်နေတာ ၂၀၁၈ ခုနှစ် ကတည်းက ဖြစ်ပြီး သတင်းအချက်အလက်တွေ အသေးစိတ် ပို့ပေမယ့် သူ့ကို မကယ်ထုတ်နိုင်ခဲ့ပါဘူး။

အခုရက်ပိုင်း မြန်မာပြည်ပြန်လာတဲ့ တရုတ်နိုင်ငံထဲ မှာ အလုပ်လုပ်နေသူတစ်ယောက် ကနေတစ်ဆင့် သူ့ကိုလာကယ်ဖို့ အကူအညီတောင်းခဲ့တာလည်းဖြစ်ပါတယ်။

တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရတာတွေကို တရုတ်-မြန်မာနယ်စပ် စစ်ဆေးရေးဂိတ်တွေမှာ မကြာခဏ ဖမ်းဆီးမိလေ့ရှိပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ရောင်းစားခံရသူ အမျိုးသမီး ၄၈ ဦးကို ကယ်တင်နိုင်ခဲ့ကာ လူကုန်ကူးသူ ၇၉ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲက ဆိုပါတယ်။

မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဘက်က တရုတ် ဇနီးမယားအဖြစ် ရောင်းစားခံရတဲ့သူတွေကို တရုတ်ပြည်ထဲမရောက်ခင် နယ်စပ်ဂိတ်မှာတင် တားဆီးရတဲ့ အမှုတွေချည်းဖြစ်ပြီး တရုတ်ပြည်ထဲ ရောက်ပြီးမှ ပြန်လည် ကယ်ဆယ်ရမှာကတော့ ၂၀၁၉ ခုနှစ်ထဲမှာ ဒီအမှုတစ်ခုပဲ ရှိနေတယ်လို့ ဘီဘီစီကို ပြောခဲ့ပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူဟာ မြန်မာနိုင်ငံနဲ့ ကပ်နေတဲ့ တရုတ်ပြည် ယူနန်ပြည်နယ်ထဲကလို့ယူဆရ တဲ့ တနေရာမှာရှိနေခဲ့တာပါ။ ရောင်းစားခံရပြီး တစ်နှစ်နဲ့ ခြောက်လ အကြာမှာ တော့ မိဘတွေနဲ့ အဆက်သွယ်ပြန်ရခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် TZA
Image caption မသူဇာအေးပို့လိုက်တဲ့ နေရာ အကြောင်းသတင်းအချက်အလက်

ပွဲစားက သူ့ကို ခေါ်သွားပြီးနောက် မူဆယ်တည်းခိုခန်းကနေ တစ်ဆင့် တရုတ်ပြည်ထဲ ရောင်းစားခံခဲ့ရပြီး ၅ ရက်လောက် အလုံပိတ်ကားနဲ့ သွားခဲ့ရပြီး သူ့ကို ပိတ်လှောင်ထားတယ် လို့ သမီးဖြစ်သူက ပြန်ပြောကြောင်း ရောင်းစားခံရသူ ကိုကူညီပေးသူ ဒေါ်တူးမာက ဘီဘီစီကို ပြောပါတယ်။

သူ့ကို တစ်လ သုံးသိန်းခွဲနဲ့ ရွှေလီက ထမင်းဆိုင်မှာ အလုပ်ရမယ်ဆိုလို့ တရုတ်ပြည်ဘက်ကို လွှတ်လိုက်တာလို့လည်း ဒေါ်တူးမာက ပြောပါတယ်။

မိန်းကလေး ငါးယောက် အတူသွားကြရာမှာ သူနဲ့ အခြားတစ်ယောက်ကိုပဲ နယ်စပ်မှာ ခေါ်ထားလိုက်ပြီး ကျန် သုံးယောက်ကို ပြန်လွှတ်ခဲ့တာဖြစ်ပါတယ်။

ဒီ အမှုနဲ့ ပတ်သက်ပြီး မိဘတွေက တိုင်ကြားချက်ရှိတဲ့အတွက် လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစလို့ တရုတ်အာဏာပိုင်တွေဆီ သုံးကြိမ်တိုင်တိုင် အကြောင်းကြားခဲ့တယ်လို့ မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးကျော်ညွန့်က ဘီဘီစီကို ပြောပါတယ်။

လာမယ့်ဒီဇင်ဘာလ ၂၁ရက်နေ့မှာဒီရောင်းစားခံရတာ နဲ့ပတ်သက်လို့သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ရှိတယ်လို့ ထန်းတစ်ပင်မြို့နယ် တိုင်းဒေ သကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဋ္ဌေးလွင် ကဘီဘီစီကို ပြောပါတယ်။

BBC Burmese
https://www.bbc.com
တ႐ုတ္ႏိုင္ငံထဲ ဇနီးမယားအျဖစ္ ေရာင္းစားခံရသူ တစ္ဦး ကိုျမန္မာဘက္ကကယ္ တ႐ုတ္ႏိုင္ငံထဲ ဇနီးမယားအျဖစ္ ေရာင္းစားခံရသူ တစ္ဦး ကိုျမန္မာဘက္ကကယ္ Reviewed by THITHTOOLWIN on 06:58 Rating: 5
Powered by Blogger.