စစ္ကိုင္း လူကုန္ကူးမႈ သံသယရွိသူေတြဖမ္းမိ

တ႐ုတ္ျပည္ကို လူကုန္ကူးခံရတဲ့ စစ္ကိုင္းတိုင္း ကင္း႐ြာက မျမတ္သူ (အမည္လြဲ) ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
တ႐ုတ္ျပည္နယ္စပ္မွာ လူကုန္ကူးခံလိုက္ရတဲ့ စစ္ကိုင္းတိုင္း၊ မင္းကြန္းတိုက္နယ္က ဆယ္ေက်ာ္သက္ အမႈနဲ႔ ပတ္သက္တယ္လို႔ ယူဆရသူ သုံးဦးကို ဒီဇင္ဘာ ၁၃ ရက္ေန႔မွာ ဖမ္းဆီး ရရွိခဲ့တယ္လို႔ မႏၲေလးၿမိဳ႕ အမွတ္ ၁၁ လူကုန္ကူးမႈ တားဆီးႏွိမ္ႏွင္းေရးအဖြဲ႕ကေန သိရပါတယ္။

မူဆယ္-မႏၲေလးကားလမ္း ၁၆ မိုင္ စစ္ေဆးေရးဂိတ္မွာ ဖမ္းမိခဲ့တဲ့ အဲဒီသုံးေယာက္ကို စစ္ေမးတဲ့အခါ ဒီမိန္းကေလး ဘယ္မွာရွိမလဲ သူတို႔မသိေၾကာင္း၊ ဒီမိန္းကေလး ဒုကၡေရာက္ေနလို႔ ကယ္တင္ၾကမယ္ဆိုၿပီး facebook လူမႈကြန္ရက္ေပၚ  ဗြီဒီယိုဖိုင္တင္ခဲ့တဲ့ ေက်ာ္ေက်ာ္ဆိုသူနဲ႔ အတူပါသြားတယ္လို႔ ထြက္ဆိုေၾကာင္း မႏၲေလး လူကုန္ကူးမႈတားဆီးေရး ရဲတပ္ဖြဲ႕စုက ရဲမႉး မ်ိဳးဇင္က RFA ကို ေျပာပါတယ္။

“ေကာင္မေလးက ကယ္တဲ့အဖြဲ႕နဲ႔ပဲ ပါသြားပါတယ္။ စက္႐ုံတစ္႐ုံမွာေတာ့ ရွိမယ္လို႔ ယူဆတယ္။ ဒါေပမဲ့ ဘယ္မွာရွိေနလဲေတာ့ သူတို႔မသိဘူး၊ သူတို႔လည္း ရွာေနတယ္ ေျပာပါတယ္။ ကယ္သြားတဲ့ အဖြဲ႕နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတာ့ မသိႏိုင္ေသးဘူး၊ သူတို႔လုပ္ငန္းထဲ ရွိေနမယ္လို႔ ေမွ်ာ္လင့္ရတယ္”

စုံစမ္းစစ္ေဆးဆဲ  ကာလအတြင္း အေသးစိတ္ အခ်က္အလက္ေတြ ထုတ္မေျပာႏိုင္ေသးဘူးလို႔ ဆိုပါတယ္။ မျမတ္သူရဲ႕မိခင္ျဖစ္သူက ေနာက္ဆုံး အေျခအေနေတြနဲ႔ ပတ္သတ္ၿပီး ေျဖဆိုဖို႔ ျငင္းဆန္ပါတယ္။

ေက်ာ္ေက်ာ္ဆိုသူက “တ႐ုတ္ျပည္ေရာက္ ျမန္မာႏိုင္ငံသားမ်ား ဆုံဆည္းရာ-အေရးႀကီးသတင္းႏွင့္ အလုပ္အကိုင္” ဆိုတဲ့ စာမ်က္ႏွာမွာ... “မိန္းကေလးတစ္ေယာက္ လူကုန္ကူးခံရၿပီ၊ အေဒၚကိုယ္တိုင္ ထည့္ေပးလိုက္တာ” ဆိုၿပီးေတာ့ ႏိုဝင္ဘာလ ၂၆ ရက္ ေန႔မွာ တင္ခဲ့တာပါ။

ပ်ံ႕ႏွံ႔လာတဲ့ ဗြီဒီယိုဖိုင္ကို အေျခခံၿပီးေတာ့ မင္းကြန္းတိုက္နယ္မွာ ေနထိုင္တဲ့ မျမတ္သူရဲ႕ မိခင္က ေက်း႐ြာလူႀကီး ေတြကို အကူအညီေတာင္းၿပီး အမရပူရၿမိဳ႕နယ္ ရဲစခန္းမွာ လူေပ်ာက္တိုင္တန္းခဲ့သလို၊ လူကုန္ကူးမႈ တိုက္ဖ်က္ေရးအဖြဲ႕ကိုလည္း တိုင္ၾကားထားပါတယ္။

တစ္ႏိုင္ငံလုံး လူကုန္ကူးမႈရဲ႕ ၈၀ ရာခိုင္ႏႈန္းက မႏၲေလးတိုင္းမွာ ျဖစ္ပြားၿပီးေတာ့၊ တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုမ်ားလာၿပီးေတာ့ တ႐ုတ္မယားအျဖစ္ အမ်ားဆုံး ေရာင္းစားခံရတယ္လို႔ မႏၲေလး လူကုန္ကူးမႈတားဆီးေရး ရဲတပ္ဖြဲ႕စုကေန သိရပါတယ္။

တ႐ုတ္မွာ ျမန္မာအမ်ိဳးသမီး တစ္ေယာက္ကို က်ပ္သိန္း ၂၀၀ ဝန္းက်င္နဲ႔ ေရာင္းစားေနၾကတယ္လို႔ သိရပါတယ္။ ေရာင္းစားခံရသူဟာ တ႐ုတ္အမ်ိဳးသားေတြရဲ႕ အငွားကိုယ္ဝန္ေဆာင္ေပးသူအျဖစ္ လုပ္ကိုင္ရတာရွိသလို၊ ဇနီးသည္ ျဖစ္သြားသူေတြလည္း ရွိပါတယ္။ တခ်ိဳ႕ အမ်ိဳးသမီးေတြကေတာ့ ကေလးေမြးေပးၿပီးေနာက္မွာ ျပည့္တန္ဆာလုပ္ငန္းထဲ ေရာင္းခ်ခံရေၾကာင္း သိရပါတယ္။

တ႐ုတ္-ျမန္မာနယ္စပ္မွာ လူကုန္ကူးမႈေတြ ပိုမ်ားလာတယ္လို႔ မူဆယ္ခ႐ိုင္ လူကုန္ကူးမႈ တိုက္ဖ်က္ေရးအဖြဲ႕က ရဲမႉး ေက်ာ္ၫြန႔္ က RFA ကို ေမလကုန္ပိုင္းက ေျပာပါတယ္။

နယ္စပ္ေဒသမွာ အလုပ္အကိုင္ ရရွိမယ္ဆိုတဲ့ မက္လုံးေတြကို ယုံၾကည္ၿပီး အနယ္နယ္ အရပ္ရပ္ကေန လိုက္ပါ လာသူ အမ်ားအျပားဟာ တ႐ုတ္အမ်ိဳးသားေတြဆီမွာ ေရာင္းစားခံခဲ့ရေၾကာင္း၊ ၂၀၁၈ မွာ ဖမ္းဆီးမိခဲ့တဲ့ အမႈေပါင္း ၄ဝ ရွိေၾကာင္း သူက ေျပာပါတယ္။

RFA Burmese
https://www.rfa.org
-------------------
(Unicode)⤵⤵⤵
စစ်ကိုင်း လူကုန်ကူးမှု သံသယရှိသူတွေဖမ်းမိ

တရုတ်ပြည်ကို လူကုန်ကူးခံရတဲ့ စစ်ကိုင်းတိုင်း ကင်းရွာက မမြတ်သူ (အမည်လွဲ) ကို တွေ့ရစဉ်
Photo: Kyaw Kyaw's facebook

တရုတ်ပြည်နယ်စပ်မှာ လူကုန်ကူးခံလိုက်ရတဲ့ စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်က ဆယ်ကျော်သက် အမှုနဲ့ ပတ်သက်တယ်လို့ ယူဆရသူ သုံးဦးကို ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဖမ်းဆီး ရရှိခဲ့တယ်လို့ မန္တလေးမြို့ အမှတ် ၁၁ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့ကနေ သိရပါတယ်။

မူဆယ်-မန္တလေးကားလမ်း ၁၆ မိုင် စစ်ဆေးရေးဂိတ်မှာ ဖမ်းမိခဲ့တဲ့ အဲဒီသုံးယောက်ကို စစ်မေးတဲ့အခါ ဒီမိန်းကလေး ဘယ်မှာရှိမလဲ သူတို့မသိကြောင်း၊ ဒီမိန်းကလေး ဒုက္ခရောက်နေလို့ ကယ်တင်ကြမယ်ဆိုပြီး facebook လူမှုကွန်ရက်ပေါ်  ဗွီဒီယိုဖိုင်တင်ခဲ့တဲ့ ကျော်ကျော်ဆိုသူနဲ့ အတူပါသွားတယ်လို့ ထွက်ဆိုကြောင်း မန္တလေး လူကုန်ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့စုက ရဲမှူး မျိုးဇင်က RFA ကို ပြောပါတယ်။

“ကောင်မလေးက ကယ်တဲ့အဖွဲ့နဲ့ပဲ ပါသွားပါတယ်။ စက်ရုံတစ်ရုံမှာတော့ ရှိမယ်လို့ ယူဆတယ်။ ဒါပေမဲ့ ဘယ်မှာရှိနေလဲတော့ သူတို့မသိဘူး၊ သူတို့လည်း ရှာနေတယ် ပြောပါတယ်။ ကယ်သွားတဲ့ အဖွဲ့နဲ့ ပတ်သက်တဲ့ အချက်အလက်တော့ မသိနိုင်သေးဘူး၊ သူတို့လုပ်ငန်းထဲ ရှိနေမယ်လို့ မျှော်လင့်ရတယ်”

စုံစမ်းစစ်ဆေးဆဲ  ကာလအတွင်း အသေးစိတ် အချက်အလက်တွေ ထုတ်မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ မမြတ်သူရဲ့မိခင်ဖြစ်သူက နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သတ်ပြီး ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။

ကျော်ကျော်ဆိုသူက “တရုတ်ပြည်ရောက် မြန်မာနိုင်ငံသားများ ဆုံဆည်းရာ-အရေးကြီးသတင်းနှင့် အလုပ်အကိုင်” ဆိုတဲ့ စာမျက်နှာမှာ... “မိန်းကလေးတစ်ယောက် လူကုန်ကူးခံရပြီ၊ အဒေါ်ကိုယ်တိုင် ထည့်ပေးလိုက်တာ” ဆိုပြီးတော့ နိုဝင်ဘာလ ၂၆ ရက် နေ့မှာ တင်ခဲ့တာပါ။

ပျံ့နှံ့လာတဲ့ ဗွီဒီယိုဖိုင်ကို အခြေခံပြီးတော့ မင်းကွန်းတိုက်နယ်မှာ နေထိုင်တဲ့ မမြတ်သူရဲ့ မိခင်က ကျေးရွာလူကြီး တွေကို အကူအညီတောင်းပြီး အမရပူရမြို့နယ် ရဲစခန်းမှာ လူပျောက်တိုင်တန်းခဲ့သလို၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ကိုလည်း တိုင်ကြားထားပါတယ်။

တစ်နိုင်ငံလုံး လူကုန်ကူးမှုရဲ့ ၈၀ ရာခိုင်နှုန်းက မန္တလေးတိုင်းမှာ ဖြစ်ပွားပြီးတော့၊ တစ်နှစ်ထက် တစ်နှစ် ပိုများလာပြီးတော့ တရုတ်မယားအဖြစ် အများဆုံး ရောင်းစားခံရတယ်လို့ မန္တလေး လူကုန်ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့စုကနေ သိရပါတယ်။

တရုတ်မှာ မြန်မာအမျိုးသမီး တစ်ယောက်ကို ကျပ်သိန်း ၂၀၀ ဝန်းကျင်နဲ့ ရောင်းစားနေကြတယ်လို့ သိရပါတယ်။ ရောင်းစားခံရသူဟာ တရုတ်အမျိုးသားတွေရဲ့ အငှားကိုယ်ဝန်ဆောင်ပေးသူအဖြစ် လုပ်ကိုင်ရတာရှိသလို၊ ဇနီးသည် ဖြစ်သွားသူတွေလည်း ရှိပါတယ်။ တချို့ အမျိုးသမီးတွေကတော့ ကလေးမွေးပေးပြီးနောက်မှာ ပြည့်တန်ဆာလုပ်ငန်းထဲ ရောင်းချခံရကြောင်း သိရပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ လူကုန်ကူးမှုတွေ ပိုများလာတယ်လို့ မူဆယ်ခရိုင် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့က ရဲမှူး ကျော်ညွန့် က RFA ကို မေလကုန်ပိုင်းက ပြောပါတယ်။

နယ်စပ်ဒေသမှာ အလုပ်အကိုင် ရရှိမယ်ဆိုတဲ့ မက်လုံးတွေကို ယုံကြည်ပြီး အနယ်နယ် အရပ်ရပ်ကနေ လိုက်ပါ လာသူ အများအပြားဟာ တရုတ်အမျိုးသားတွေဆီမှာ ရောင်းစားခံခဲ့ရကြောင်း၊ ၂၀၁၈ မှာ ဖမ်းဆီးမိခဲ့တဲ့ အမှုပေါင်း ၄ဝ ရှိကြောင်း သူက ပြောပါတယ်။

RFA Burmese
https://www.rfa.org
စစ္ကိုင္း လူကုန္ကူးမႈ သံသယရွိသူေတြဖမ္းမိ စစ္ကိုင္း လူကုန္ကူးမႈ သံသယရွိသူေတြဖမ္းမိ Reviewed by THITHTOOLWIN on 23:39 Rating: 5
Powered by Blogger.