လက္နက္ႀကီးေၾကာင့္ လားဟူေဒသခံ ၅၀၀ ေက်ာ္ ထြက္ေျပး

TNLA နဲ႔ တပ္မေတာ္ တိုက္ပြဲေတြေၾကာင့္ လားရႈိးၿမိဳ႕နယ္ အီႏိုင္းဘုန္းႀကီးေက်ာင္းကို ထြက္ေျပးက်မယ့္ လြယ္ေတာက္႐ြာသားေတြကို ၂၀၁၉ ဒီဇင္ဘာ ၁၇ ရက္ေန႔ကေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိး-နမၼတူလမ္းေပၚက လြယ္ေတာက္ေက်း႐ြာအနီး ဒီဇင္ဘာလ ၁၆ ရက္ေန႔က တပ္မေတာ္နဲ႔ တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ TNLA တပ္ေတြ ေရာက္လာသလို လြယ္ေတာက္႐ြာအနီး လက္နက္ႀကီးေတြက်တာေၾကာင့္ ေက်း႐ြာသုံး႐ြာက ေဒသခံငါးရာေက်ာ္ ေနရပ္စြန႔္ခြာ ထြက္ေျပးေနရပါတယ္။

လြယ္ေတာက္႐ြာဟာ လားရႈိးၿမိဳ႕နဲ႔ ဆယ့္ငါးမိုင္ေလာက္ေဝးတဲ့ေနရာမွာရွိတာျဖစ္ပါတယ္။ ဒီဇင္ဘာ ၁၆ ရက္ေန႔ မနက္က ေက်း႐ြာအနီးကို လက္နက္ႀကီးေလးလုံးေလာက္က်ခဲ့တယ္လို႔ ေက်း႐ြာဆယ္အိမ္မႉး ဦးဆန္နီက ေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ေတြကတည္းက ေက်း႐ြာအနီးေရာက္လာတဲ့ TNLA တပ္ဖြဲ႕ေတြက ႐ြာထဲက ေနအိမ္တခ်ိဳ႕ကေန ထမင္းထုပ္ေတာင္းတယ္လို႔ ႐ြာသားေတြက ေျပာပါတယ္။

တပ္မေတာ္စစ္ေၾကာင္းလည္း ေက်း႐ြာဘက္ကို ေရာက္လာသလို လက္နက္ႀကီးပစ္ခတ္သံေတြကို ၾကားရခ်ိန္မွာေတာ့ လက္နက္ကိုင္အဖြဲ႕ေတြက ေတာထဲကို ျပန္ဝင္သြားခဲ့တယ္လို႔ ဆိုပါတယ္။

လက္နက္ကိုင္အဖြဲ႕ေတြက သူတို႔ ေရွာင္ေပးမွာျဖစ္တဲ့အတြက္ ႐ြာသားေတြ  ေနရပ္စြန႔္ခြာထြက္ေျပးဖို႔ မလိုဘူးလို႔ ေျပာၾကားခဲ့ေၾကာင္း၊  တပ္မေတာ္စစ္ေၾကာင္းေရာက္လာၿပီလို႔ သတင္းၾကားတာေၾကာင့္ ေဒသခံေတြဟာ တိုက္ပြဲၾကားပိတ္မိမွာစိုးရိမ္ၿပီး ထြက္ေျပးသြားၾကေၾကာင္း ႐ြာသားတခ်ိဳ႕က  ေျပာပါတယ္။

နမၼတူမွာ အေျခစိုက္တဲ့ တပ္ဘက္ကေနလာတယ္လို႔ ယူဆရတဲ့ လက္နက္ႀကီး ပစ္ခတ္သံေတြၾကားေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္ပြဲဟာ ေက်း႐ြာအနီးမွာျဖစ္တာေတာ့မဟုတ္ဘဲ လက္နက္ႀကီးက်ည္ေတြက်တာေၾကာင့္ ေက်ာင္းသား၊ ေက်ာင္းသူေတြနဲ႔ ကေလးငယ္ေတြ သက္ႀကီး႐ြယ္အိုေတြကို လုံၿခဳံတဲ့ေနရာေရာက္ေအာင္ ေခတၱေ႐ႊ႕ေျပာင္းရ တာလို႔ ေက်း႐ြာလူႀကီး ဦးက်ာေတာ့က ေျပာပါတယ္။

လက္နက္ႀကီးက်တာ၊ စစ္ေရးတင္းမာမႈေတြေၾကာင့္ လြယ္ေတာက္လားဟူ႐ြာ အနီးက ပန္ဟုန္း႐ြာ၊ ဆယ့္သုံးမိုင္ ေဂၚရခါး႐ြာက ေက်း႐ြာသားေတြဟာ ညေနပိုင္းမွာ လားရႈိးၿမိဳ႕က ပရဟိတလူမႈကူညီေရးအသင္း အကူအညီနဲ႔ လားရႈိးၿမိဳ႕နဲ႔ ခုႏွစ္မိုင္ေလာက္ေဝးတဲ့ နမၼတူ-လားရႈိးလမ္းေပၚက အီႏိုင္းဘုန္းေတာ္ႀကီးေက်ာင္းကို ထြက္ေျပးသြားခဲ့ၾကပါတယ္။

ဒီကေန႔ မနက္ပိုင္းထိ ထြက္ေျပးလာသူေတြရွိေနေသးၿပီး လက္ရွိမွာ အီႏိုင္းေက်း႐ြာမွာ ေရာက္ေနတဲ့ စစ္ေဘးဒုကၡသည္ အိမ္ေထာင္စု ၁၃၉ စုနဲ႔လူဦးေရ ၅၅၆ ဦး အထိရွိေနၿပီျဖစ္ပါတယ္။

ဒီကေန႔ေန႔လယ္ပိုင္းမွာေတာ့ ေက်း႐ြာအနီးလႈပ္ရွားေနတဲ့ လက္နက္ကိုင္အဖြဲ႕ေတြဟာ ႐ြာနဲ႔ေဝးရာကို ဆုတ္ခြာသြားၿပီျဖစ္သလို တပ္မေတာ္ဘက္ကလည္း နယ္ေျမလုံၿခဳံေရးေဆာင္႐ြက္ေနတယ္လို႔ ေက်း႐ြာေဒသခံတစ္ဦးက ေျပာပါတယ္။

မေန႔ညက ထြက္ေျပးလာတဲ့႐ြာသားေတြအတြက္ စားစရာေတြလိုအပ္ေနသလို ေစတနာရွင္ေတြ ေဒသခံေတြက ထမင္းထုပ္ေတြစီစဥ္ေပးေနၿပီး ဒီမနက္မွာေတာ့ လူမႈဝန္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဌာနက ေနရပ္စြန႔္ခြာသူေတြအတြက္ ဆန္နဲ႔ အေႏြးပစၥည္းေတြကို ေပးအပ္ခဲ့ပါတယ္။ ေက်း႐ြာသားေတြကေတာ့ နယ္ေျမအေျခအေနေအးခ်မ္းရင္ ဒီေန႔ပဲ ေနရပ္ျပန္ၾကမယ္လို႔ ေျပာပါတယ္။

လားရႈိး-နမၼတူလမ္းပိုင္း အီႏိုင္းေက်း႐ြာအုပ္စုနဲ႔ လြယ္ေတာက္႐ြာ နာဆိုင္းေက်း႐ြာေတြအနီးမွာ တပ္မေတာ္နဲ႔ တအာင္းအမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕အျပင္ ေဒသအတြင္းလႈပ္ရွားတဲ့ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP၊ ရွမ္းျပည္ျပန္လည္ထူ ေထာင္ေရးေကာင္စီ RCSS တပ္ဖြဲ႕ေတြၾကား မၾကာခဏ တိုက္ပြဲျဖစ္ေလ့ရွိၿပီး ေဒသခံေတြ ဟာ အီႏိုင္းနဲ႔ လားရႈိးၿမိဳ႕ေပၚကို အခုလိုပဲ မၾကာခဏ ေနရပ္စြန႔္ခြာ ထြက္ေျပးရေလ့ရွိပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
လက်နက်ကြီးကြောင့် လားဟူဒေသခံ ၅၀၀ ကျော် ထွက်ပြေး

TNLA နဲ့ တပ်မတော် တိုက်ပွဲတွေကြောင့် လားရှိုးမြို့နယ် အီနိုင်းဘုန်းကြီးကျောင်းကို ထွက်ပြေးကျမယ့် လွယ်တောက်ရွာသားတွေကို ၂၀၁၉ ဒီဇင်ဘာ ၁၇ ရက်နေ့ကတွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-နမ္မတူလမ်းပေါ်က လွယ်တောက်ကျေးရွာအနီး ဒီဇင်ဘာလ ၁၆ ရက်နေ့က တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တပ်တွေ ရောက်လာသလို လွယ်တောက်ရွာအနီး လက်နက်ကြီးတွေကျတာကြောင့် ကျေးရွာသုံးရွာက ဒေသခံငါးရာကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

လွယ်တောက်ရွာဟာ လားရှိုးမြို့နဲ့ ဆယ့်ငါးမိုင်လောက်ဝေးတဲ့နေရာမှာရှိတာဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၆ ရက်နေ့ မနက်က ကျေးရွာအနီးကို လက်နက်ကြီးလေးလုံးလောက်ကျခဲ့တယ်လို့ ကျေးရွာဆယ်အိမ်မှူး ဦးဆန်နီက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်တွေကတည်းက ကျေးရွာအနီးရောက်လာတဲ့ TNLA တပ်ဖွဲ့တွေက ရွာထဲက နေအိမ်တချို့ကနေ ထမင်းထုပ်တောင်းတယ်လို့ ရွာသားတွေက ပြောပါတယ်။

တပ်မတော်စစ်ကြောင်းလည်း ကျေးရွာဘက်ကို ရောက်လာသလို လက်နက်ကြီးပစ်ခတ်သံတွေကို ကြားရချိန်မှာတော့ လက်နက်ကိုင်အဖွဲ့တွေက တောထဲကို ပြန်ဝင်သွားခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်အဖွဲ့တွေက သူတို့ ရှောင်ပေးမှာဖြစ်တဲ့အတွက် ရွာသားတွေ  နေရပ်စွန့်ခွာထွက်ပြေးဖို့ မလိုဘူးလို့ ပြောကြားခဲ့ကြောင်း၊  တပ်မတော်စစ်ကြောင်းရောက်လာပြီလို့ သတင်းကြားတာကြောင့် ဒေသခံတွေဟာ တိုက်ပွဲကြားပိတ်မိမှာစိုးရိမ်ပြီး ထွက်ပြေးသွားကြကြောင်း ရွာသားတချို့က  ပြောပါတယ်။

နမ္မတူမှာ အခြေစိုက်တဲ့ တပ်ဘက်ကနေလာတယ်လို့ ယူဆရတဲ့ လက်နက်ကြီး ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဟာ ကျေးရွာအနီးမှာဖြစ်တာတော့မဟုတ်ဘဲ လက်နက်ကြီးကျည်တွေကျတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေကို လုံခြုံတဲ့နေရာရောက်အောင် ခေတ္တရွှေ့ပြောင်းရ တာလို့ ကျေးရွာလူကြီး ဦးကျာတော့က ပြောပါတယ်။

လက်နက်ကြီးကျတာ၊ စစ်ရေးတင်းမာမှုတွေကြောင့် လွယ်တောက်လားဟူရွာ အနီးက ပန်ဟုန်းရွာ၊ ဆယ့်သုံးမိုင် ဂေါ်ရခါးရွာက ကျေးရွာသားတွေဟာ ညနေပိုင်းမှာ လားရှိုးမြို့က ပရဟိတလူမှုကူညီရေးအသင်း အကူအညီနဲ့ လားရှိုးမြို့နဲ့ ခုနှစ်မိုင်လောက်ဝေးတဲ့ နမ္မတူ-လားရှိုးလမ်းပေါ်က အီနိုင်းဘုန်းတော်ကြီးကျောင်းကို ထွက်ပြေးသွားခဲ့ကြပါတယ်။

ဒီကနေ့ မနက်ပိုင်းထိ ထွက်ပြေးလာသူတွေရှိနေသေးပြီး လက်ရှိမှာ အီနိုင်းကျေးရွာမှာ ရောက်နေတဲ့ စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၁၃၉ စုနဲ့လူဦးရေ ၅၅၆ ဦး အထိရှိနေပြီဖြစ်ပါတယ်။

ဒီကနေ့နေ့လယ်ပိုင်းမှာတော့ ကျေးရွာအနီးလှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ရွာနဲ့ဝေးရာကို ဆုတ်ခွာသွားပြီဖြစ်သလို တပ်မတော်ဘက်ကလည်း နယ်မြေလုံခြုံရေးဆောင်ရွက်နေတယ်လို့ ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့ညက ထွက်ပြေးလာတဲ့ရွာသားတွေအတွက် စားစရာတွေလိုအပ်နေသလို စေတနာရှင်တွေ ဒေသခံတွေက ထမင်းထုပ်တွေစီစဉ်ပေးနေပြီး ဒီမနက်မှာတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနက နေရပ်စွန့်ခွာသူတွေအတွက် ဆန်နဲ့ အနွေးပစ္စည်းတွေကို ပေးအပ်ခဲ့ပါတယ်။ ကျေးရွာသားတွေကတော့ နယ်မြေအခြေအနေအေးချမ်းရင် ဒီနေ့ပဲ နေရပ်ပြန်ကြမယ်လို့ ပြောပါတယ်။

လားရှိုး-နမ္မတူလမ်းပိုင်း အီနိုင်းကျေးရွာအုပ်စုနဲ့ လွယ်တောက်ရွာ နာဆိုင်းကျေးရွာတွေအနီးမှာ တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့အပြင် ဒေသအတွင်းလှုပ်ရှားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တွေကြား မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိပြီး ဒေသခံတွေ ဟာ အီနိုင်းနဲ့ လားရှိုးမြို့ပေါ်ကို အခုလိုပဲ မကြာခဏ နေရပ်စွန့်ခွာ ထွက်ပြေးရလေ့ရှိပါတယ်။

RFA Burmese
https://www.rfa.org
လက္နက္ႀကီးေၾကာင့္ လားဟူေဒသခံ ၅၀၀ ေက်ာ္ ထြက္ေျပး လက္နက္ႀကီးေၾကာင့္ လားဟူေဒသခံ ၅၀၀ ေက်ာ္ ထြက္ေျပး Reviewed by THITHTOOLWIN on 23:40 Rating: 5
Powered by Blogger.