တြံေတးၿမိဳ႕နယ္၌ ယာဥ္(၃)စီးဆင့္တိုက္မႈျဖစ္ တစ္ဦးေသဆုံး၊ ၁၈ဦးဒဏ္ရာရ

(Zawgyi)⤵⤵⤵
တြံေတး ဒီဇင္ဘာ ၃၀

ရန္ကုန္တိုင္းေဒသႀကီး တြံေတးၿမိဳ႕နယ္ တြံေတး-လႈိင္သာယာကားလမ္းမ တမံႀကီးေက်း႐ြာအနီးတြင္ ဒီဇင္ဘာ(၂၉)ရက္ ည(၇) နာရီ ခန႔္ ယာဥ္သုံးစီးဆင့္တိုက္မႈျဖစ္ပြား တစ္ဦးေသဆုံးကာ (၁၈)ဦးဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဒီဇင္ဘာ(၂၉)ရက္ ည(၇)နာရီ ခန႔္က တြံေတး-လႈိင္သာယာကားလမ္းမေပၚ တမံႀကီးေက်းရာအနီးတြင္ ယာဥ္တိုက္မႈျဖစ္ပြားေၾကာင္း သတင္းအရ ပန္းလႈိင္တံတားရဲကင္းမႉး ဒုရဲအုပ္စံဝင္းႏွင့္အဖြဲ႕သည္ သက္ေသတို႔ႏွင့္အတူ အဆိုပါေနရာသို႔ သြားေရာက္ၾကည့္ရႈစစ္ေဆးရာ တြံေတးမွ လႈိင္သာယာဘက္ (ေတာင္မွေျမာက္)သို႔ ယာဥ္ေမာင္း ေအာင္ကိုဦး(၂၀)ႏွစ္ ေမာင္းႏွင္လာသည့္ YGN 2I/----------MAZDA အမ်ိဳးအစား အျဖဴေရာင္ကိုယ္ပိုင္ယာဥ္သည္ တမံႀကီးေက်း႐ြာအနီးအေရာက္တြင္ ေရွ႕မွယာဥ္တစ္စီးအား အရွိန္ျဖင့္ ေက်ာ္တက္ ေမာင္းႏွင္စဥ္ မ်က္ႏွာခ်င္းဆိုင္ တစ္ဖက္ယာဥ္မွ ယာဥ္ေမာင္း မ်ိဳးမင္းေအာင္(၂၇)ႏွစ္ ဖ်ာပုံၿမိဳ႕နယ္ေနသူေမာင္းႏွင္လာသည့္ YGN CC/----- TOYOTA COROLLA အမ်ိဳးအစား အျဖဴေရာင္ အငွားယာဥ္၏ ေရွ႕ဝဲဘက္ျခမ္းအားပြတ္တိုက္မိၿပီး ၎အငွားယာဥ္၏ေနာက္မွ လားရာတူ ေမာင္းႏွင္လာသည့္ ယာဥ္ေမာင္း ဦးဝင္းကိုကို(၃၅)ႏွစ္ ကြမ္းၿခံကုန္းၿမိဳ႕နယ္ေနသူ ေမာင္းႏွင္သည့္ YGN 3J/------- TOYOTA DYNA အမ်ိဳးအစား အဝါေရာင္ ကိုယ္ပိုင္ယာဥ္အား မ်က္ႏွာခ်င္းဆိုင္ တိုက္မိခဲ့သျဖင့္ ရဟန္း(၁)ပါး၊ က်ား(၉)ဦး၊ မ(၉)ဦးတို႔မွာ ဒဏ္ရာမ်ား အသီးသီး ရရွိခဲ့ၾကၿပီး ၎တို႔အား လႈိင္သာယာျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ရာ ဒဏ္ရာရသူမ်ားအနက္ ေဒၚခင္ေအး(၇၈)ႏွစ္မွာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ယာဥ္အားအရွိန္ျပင္းစြာ ေက်ာ္တက္ မဆင္မျခင္ေမာင္းႏွင္၍ လူကိုေသဆုံး/ဒဏ္ရာရရွိေအာင္ ေမာင္းႏွင္သူ ယာဥ္ေမာင္း ေအာင္ကိုဦးအား တြံေတးၿမိဳ႕နယ္ ခေလာက္ခ်ိဳက္ နယ္ေျမရဲစခန္းက ဥပေဒအရ အမႈဖြင့္အေရးယူေဆာင္႐ြက္ထားေၾကာင္း သိရသည္။

မ်ိဳးလႈိင္၊ ႏိုင္လင္း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
-------------
(Unicode)⤵⤵⤵
တွံတေးမြို့နယ်၌ ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ် တစ်ဦးသေဆုံး၊ ၁၈ဦးဒဏ်ရာရ

တွံတေး ဒီဇင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် တွံတေး-လှိုင်သာယာကားလမ်းမ တမံကြီးကျေးရွာအနီးတွင် ဒီဇင်ဘာ(၂၉)ရက် ည(၇) နာရီ ခန့် ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွား တစ်ဦးသေဆုံးကာ (၁၈)ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ(၂၉)ရက် ည(၇)နာရီ ခန့်က တွံတေး-လှိုင်သာယာကားလမ်းမပေါ် တမံကြီးကျေးရာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပန်းလှိုင်တံတားရဲကင်းမှူး ဒုရဲအုပ်စံဝင်းနှင့်အဖွဲ့သည် သက်သေတို့နှင့်အတူ အဆိုပါနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တွံတေးမှ လှိုင်သာယာဘက် (တောင်မှမြောက်)သို့ ယာဉ်မောင်း အောင်ကိုဦး(၂၀)နှစ် မောင်းနှင်လာသည့် YGN 2I/----------MAZDA အမျိုးအစား အဖြူရောင်ကိုယ်ပိုင်ယာဉ်သည် တမံကြီးကျေးရွာအနီးအရောက်တွင် ရှေ့မှယာဉ်တစ်စီးအား အရှိန်ဖြင့် ကျော်တက် မောင်းနှင်စဉ် မျက်နှာချင်းဆိုင် တစ်ဖက်ယာဉ်မှ ယာဉ်မောင်း မျိုးမင်းအောင်(၂၇)နှစ် ဖျာပုံမြို့နယ်နေသူမောင်းနှင်လာသည့် YGN CC/----- TOYOTA COROLLA အမျိုးအစား အဖြူရောင် အငှားယာဉ်၏ ရှေ့ဝဲဘက်ခြမ်းအားပွတ်တိုက်မိပြီး ၎င်းအငှားယာဉ်၏နောက်မှ လားရာတူ မောင်းနှင်လာသည့် ယာဉ်မောင်း ဦးဝင်းကိုကို(၃၅)နှစ် ကွမ်းခြံကုန်းမြို့နယ်နေသူ မောင်းနှင်သည့် YGN 3J/------- TOYOTA DYNA အမျိုးအစား အဝါရောင် ကိုယ်ပိုင်ယာဉ်အား မျက်နှာချင်းဆိုင် တိုက်မိခဲ့သဖြင့် ရဟန်း(၁)ပါး၊ ကျား(၉)ဦး၊ မ(၉)ဦးတို့မှာ ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြပြီး ၎င်းတို့အား လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ဒဏ်ရာရသူများအနက် ဒေါ်ခင်အေး(၇၈)နှစ်မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားအရှိန်ပြင်းစွာ ကျော်တက် မဆင်မခြင်မောင်းနှင်၍ လူကိုသေဆုံး/ဒဏ်ရာရရှိအောင် မောင်းနှင်သူ ယာဉ်မောင်း အောင်ကိုဦးအား တွံတေးမြို့နယ် ခလောက်ချိုက် နယ်မြေရဲစခန်းက ဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မျိုးလှိုင်၊ နိုင်လင်း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တြံေတးၿမိဳ႕နယ္၌ ယာဥ္(၃)စီးဆင့္တိုက္မႈျဖစ္ တစ္ဦးေသဆုံး၊ ၁၈ဦးဒဏ္ရာရ တြံေတးၿမိဳ႕နယ္၌ ယာဥ္(၃)စီးဆင့္တိုက္မႈျဖစ္ တစ္ဦးေသဆုံး၊ ၁၈ဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 03:38 Rating: 5
Powered by Blogger.