ဂူတာျပင္အမႈ တရားလိုျပသက္ေသေတြကို ႏွစ္ဆန္းပိုင္းမွာ အၿပီးစစ္မည္

ဘူးသီးေတာင္ၿမိဳ႕နယ္ ဂူတာျပင္ေက်း႐ြာအနီးမွာ ႐ုပ္အေလာင္းေတြ အစုလိုက္အၿပဳံလိုက္ ျမႇဳပ္ႏွံထားေၾကာင္း AP သတင္းဌာနရဲ႕ ေဖာ္ျပခ်က္ကို ဘူးသီးေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေဆာင္တဲ့ ေျမျပင္ကြင္းဆင္းစစ္ေဆးေရးအဖြဲ႕က ၂ဝ၁၈၊ ေဖေဖာ္ဝါရီ ၂ ရက္ေန႔မွာ ကြင္းဆင္းစစ္ေဆးစဥ္။
(Zawgyi)⤵⤵⤵
ဂူတာျပင္ေက်း႐ြာကိစၥကို ႏိုဝင္ဘာလ ၂၆ ရက္ေန႔ကတည္းက စတင္ၾကားနာခဲ့တာျဖစ္ၿပီး ဒီဇင္ဘာလ ၂၉ ရက္ေန႔အထိ စုစုေပါင္း ငါးႀကိမ္ စစ္ေဆးခဲ့ၿပီးျဖစ္တယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

လာမယ့္ ၂၀၂၀ ႏွစ္ဆန္းပိုင္းမွာ တရားလိုျပသက္ေသေတြကို အၿပီးစစ္ေဆးသြားမွာျဖစ္ၿပီး က်န္ရွိေနေသးတဲ့ တရားလိုသက္သက္ေတြနဲ႔ တရားခံဘက္က အရာရွိတင္သြင္းမယ့္ တရားခံသက္ေသေတြကို စစ္တရား႐ုံးထိုင္မယ့္အခ်ိန္မွာ အျမန္ၿပီးျပတ္ေအာင္ ေဆာင္႐ြက္ေနတယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက RFA ကို ေျပာပါတယ္။

“တရားလိုျပသက္ေသေတြကေတာ့ ကုန္ခါနီးၿပီလို႔ ေျပာလို႔ရတယ္။ တရားလိုျပ သက္ေသေတြကေတာ့ ၂၀၂၀ ႏွစ္ဆန္းပိုင္းမွာ ၿပီးသြားလိမ့္မယ္။ ဒီက်န္တဲ့ဟာေတြကလည္း ကြၽန္ေတာ္တို႔ စစ္တရား႐ုံး ထိုင္တဲ့အခ်ိန္မွာ အျမန္ၿပီးျပတ္ေအာင္ ဆက္လက္ေဆာင္႐ြက္လွ်က္ရွိပါတယ္။”

တရားခံေတြကို နယ္ေျမခံတပ္မွာပဲ ဖမ္းဆီးထိန္းသိမ္းစစ္ေဆး႐ြက္ေနေၾကာင္းနဲ႔ အရာရွိနဲ႔ အျခားအဆင့္ပုဂၢိဳလ္ေတြပါဝင္ၿပီး အေရအတြက္ကိုေတာ့ ထုတ္ေဖာ္မေျပာဆိုႏိုင္ေသးဘူးလို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဆိုပါတယ္။

ဒါ့အျပင္ အဲဒီစစ္ေဆးမႈကို လာေရာက္နားေထာင္တဲ့ ေဒသခံ ၂၆၄ ဦးရွိတယ္လို႔ ထုတ္ျပန္ထားေပမယ့္ ထြက္ဆိုခဲ့သူ အေရအတြက္၊ အမည္ေတြ၊ တရားခံဘက္က တင္သြင္းမယ့္ တရားခံျပသက္ေသ အေရအတြက္ေတြကိုလည္း ထုတ္ေဖာ္ေျပာၾကားထားတာမရွိေသးပါဘူး။

Fortify Rights အဖြဲ႕ရဲ႕  ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး ကြၽမ္းက်င္သူ နစ္ကီဒိုင္းမြန္းကေတာ့

“သူတို႔ စစ္ေဆးေနတယ္လို႔သာ ေျပာတာေလ။ က်ေနာ္တို႔က တကယ္စစ္ေဆးေနလား၊ မစစ္ေဆးေနလားဆိုတာလည္း ေသခ်ာသိရတာ မဟုတ္ဘူး။ သူတို႔ထုတ္ျပန္မွ ဒါေတြက ထုတ္ျပန္လို႔ စစ္ေဆးတယ္ဆိုတာသိရတာကိုး။ က်ေနာ္ကေတာ့ စစ္တပ္ကို ဘယ္ေတာ့မွ အယုံအၾကည္ရွိတဲ့သူ မဟုတ္ေတာ့ သူတို႔ ဒီလိုထုတ္ျပန္မႈေတြ ရွိေနေပေသာ္ျငားလည္း အရပ္ဘက္အဖြဲ႕အစည္းေတြ၊ ႏိုင္ငံတကာအဖြဲ႕အစည္းေတြ၊ ဘာမွေလ့လာခြင့္မရတာက ပြင့္လင္းျမင္သာမရွိဘူး။ ဒီကိစၥရပ္ေတြ တကယ္ ျဖစ္ေနလားဆိုတာကို က်ေနာ္တို႔က ဘယ္လိုယုံၾကည္ရမလဲဆိုတဲ့ စိုးရိမ္ပူပန္မႈေတြေတာ့ ရွိေနတယ္။”

ေမာင္ေတာၿမိဳ႕နယ္ အင္းဒင္ေက်း႐ြာက ႐ိုဟင္ဂ်ာ ၁၀ ဦးကို တပ္မေတာ္သားေတြနဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက သတ္ျဖတ္ခဲ့တာေၾကာင့္၊ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ မတ္လက ေထာင္ဒဏ္ ၁၀ ႏွစ္ခ်မွတ္ခံခဲ့ရပါတယ္။ ဒါေပမဲ့ ကာကြယ္ေရးစစ္ဦးစီးခ်ဳပ္က လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳလိုက္လို႔ တပ္မေတာ္သား ခုႏွစ္ဦးဟာ ျပစ္ဒဏ္မေစ့ခင္ လြတ္ေျမာက္သြားခဲ့မႈဟာလည္း ေဝဖန္မႈေတြ ရွိခဲ့ပါတယ္။

တပ္မေတာ္သားတစ္ဦးအေနနဲ႔ အၿမဲတမ္း စစ္ဘက္ဥပေဒနဲ႔ အရပ္ဘက္ဥပေဒ ႏွစ္ခုလုံးကို လိုက္နာရတာရွိၿပီး တပ္ဘက္နဲ႔ အရပ္ဘက္ အျမင္ေတြ ကြာျခားတယ္လို႔ ေသနဂၤဗ်ဴဟာရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ဦးသိန္းထြန္းဦးက ေျပာပါတယ္။

“တပ္ဘက္နဲ႔ အရပ္ဘက္ အျမင္ေလးေတြကေတာ့ ကြာျခားပါလိမ့္မယ္။ တပ္မေတာ္သား တစ္ေယာက္အေနနဲ႔ သူက အၿမဲတမ္း ဥပေဒႏွစ္ခု လိုက္နာရတာရွိတယ္။ တစ္က စစ္ဘက္ဥပေဒေပါ့။ ႏွစ္ကေတာ့ အရပ္ဘက္ဥပေဒ။ တပ္မေတာ္နဲ႔ပတ္သက္ၿပီး ေတာ္ေတာ္မ်ားမ်ားက အားလုံး အာ႐ုံစိုက္တယ္၊ ေရးၾကတယ္၊ ေျပာၾကတယ္၊ သုံးသပ္ၾကတယ္။ တကယ္မွားယြင္းခဲ့လို႔ရွိရင္ ေထာက္ျပတယ္၊ ေဝဖန္တယ္၊ ေထာက္ျပတယ္၊ သုံးသပ္တယ္။ ျပႆနာမရွိဘူး။ ဒါေပမဲ့ က်ေနာ္တို႔ဆီမွာက တပ္မေတာ္တစ္ခုကိုပဲ အားလုံးက အာ႐ုံစိုက္ၿပီးေတာ့ ေသခ်ာေထာက္ျပေနၾကတယ္။ လူ႔အခြင့္အေရးသမားေတြဘက္လည္း ျပန္ၾကည့္ဖို႔သင့္တာက တခ်ိဳ႕ တခ်ိဳ႕ေသာေဒသေတြမွာ အထူးကို တစ္ဘက္အစြန္းေရာက္သြားတဲ့ လက္နက္ကိုင္အဖြဲ႕ေတြရွိတယ္။ ဒီလိုမ်ိဳးေတြက်ေတာ့ ဘာလို႔ ပါးစပ္ပိတ္ေနၾကလဲဆိုတာ က်ေနာ္မွာ ေမးခြန္းေမးစရာရွိတယ္ေပါ့။”

တပ္မေတာ္တရား႐ုံးဟာ တပ္မေတာ္သားေတြနဲ႔ သက္ဆိုင္တဲ့ ကိစၥေတြကိုပဲ တရားစီရင္တာျဖစ္ၿပီး တစ္ဘက္က အရပ္သားေတြျဖစ္ေနေတာ့ အရပ္သားေတြကို အကာအကြယ္ေပးမယ့္ တရား႐ုံးလည္း ပါဝင္ပတ္သက္ဖို႔လိုအပ္တယ္လို႔ ႐ိုဟင္ဂ်ာအေရး လႈပ္ရွားေနသူ ဦးသာေအးက ေျပာပါတယ္။

“တပ္မေတာ္တရား႐ုံးဆိုတာက တပ္မေတာ္လုပ္ထုံးလုပ္နည္းနဲ႔ တပ္မေတာ္သားေတြနဲ႔ သက္ဆိုင္တဲ့ ကိစၥေတြကိုပဲ တရားစီရင္တာေလ။ ဒီဘက္ကက်ေတာ့ အရပ္သားေတြ ျဖစ္ေနတယ္ေပါ့။ အရပ္သားေတြျဖစ္ေနေတာ့ အကာအကြယ္ေပးမယ့္ တရား႐ုံးလည္း ပါဝင္ပတ္သက္ဖို႔ လိုတာေပါ့။ အဲလိုမွ မဟုတ္ဘဲ တပ္မေတာ္တရား႐ုံးထဲမွာပဲ လုပ္မယ္ဆိုရင္ေတာ့ လြတ္လြတ္လပ္လပ္ ဆုံးျဖတ္ႏိုင္လိမ့္မယ္လို႔ေတာ့ ကြၽန္ေတာ္မထင္ဘူးေပါ့ေနာ္”

၂၀၁၇ တပ္မေတာ္စစ္ဆင္ေရးေၾကာင့္ ႐ိုဟင္ဂ်ာ ခုႏွစ္သိန္းေက်ာ္ ဘဂၤလားေဒ့ရွ္ကို ထြက္ေျပးရတဲ့ကိစၥမွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ လက္ရွိ သမၼတ၊ သမၼတေဟာင္း ႏွစ္ဦးတို႔ဟာ တာဝန္ရွိသူမ်ားအျဖစ္ စြပ္စြဲခံရၿပီးေတာ့ ႏိုင္ငံတကာတရား႐ုံး ICJ ၊ ႏိုင္ငံတကာ ရာဇဝတ္တရား႐ုံး ICC နဲ႔ အာဂ်င္တီးနားက ဖက္ဒရယ္ခ႐ိုင္တရား႐ုံးေတြမွာ အမႈဖြင့္ခံထားရတာပါ။

AP သတင္းဌာနရဲ႕ ၂၀၁၈ ခုႏွစ္က ေဖာ္ျပခဲ့တဲ့သတင္းထဲမွာ ၂ဝ၁၇ ခုႏွစ္ ဩဂုတ္လအတြင္း၊ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ အစိုးရလုံၿခဳံေရးတပ္ဖြဲ႕ေတြ တုံ႔ျပန္ေဆာင္႐ြက္ခဲ့တဲ့ စစ္ေရးေဆာင္႐ြက္ခ်က္ေတြေၾကာင့္ ဂူတာျပင္မွာ ႐ိုဟင္ဂ်ာအေယာက္ ၄ဝဝ ဝန္းက်င္အထိ ေသဆုံးခဲ့ႏိုင္ေၾကာင္း ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္ေတြရဲ႕ ထြက္ဆိုခ်က္ေတြရွိတယ္လို႔ ေဖာ္ျပထားပါတယ္။

ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဂူတာျဖစ္စဥ္မွာ ေသဆုံးသူ ၁၉ ဦးရွိေၾကာင္း စက္တင္ဘာလတုန္းက RFA ကို ေျဖၾကားထားပါတယ္။ ဒါေပမဲ့ အဲဒီ ၁၉ ဦးဟာ အၾကမ္းဖက္သမားေတြျဖစ္တယ္လို႔လည္း ေျပာဆိုထားပါတယ္။

လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ ICOE နဲ႔လည္း ပူးေပါင္းေဆာင္႐ြက္လွ်က္ရွိၿပီးေတာ့ ျပစ္မႈ ထင္ရွားတယ္လို႔ ICOE ရဲ႕ အစီရင္ခံစာမွာပါရွိလာမယ္ဆိုလည္း ဥပေဒနဲ႔အညီ ဆက္လက္စုံစမ္းမယ္လို႔ ႏိုဝင္ဘာလ ၂၆ ေန႔က သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ဂ်ပန္အာဏာရပါတီ ကိုယ္စားလွယ္တို႔ ေတြ႕ဆုံခဲ့ရာမွာလည္း ဗိုလ္ခ်ဳပ္မႉးႀကီးက ICOE ပါ အစီရင္ခံစာအတိုင္း ျပင္းျပင္းထန္ထန္ အေရးယူသြားမယ္လို႔ ကတိေပးခဲ့ေၾကာင္း၊ ဂ်ပန္ႏိုင္ငံကလည္း အဲဒီအစီအစဥ္ကို ျဖစ္ေအာင္ေဆာင္႐ြက္ေပးဖို႔ တိုက္တြန္းခဲ့ေၾကာင္း ဂ်ပန္သံအမတ္ႀကီးက ရန္ကုန္အေျခစိုက္ သတင္းမီဒီယာေတြနဲ႔ ေတြ႕ဆုံရာမွာ ေျပာဆိုထားပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ဂူတာပြင်အမှု တရားလိုပြသက်သေတွေကို နှစ်ဆန်းပိုင်းမှာ အပြီးစစ်မည်

ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအနီးမှာ ရုပ်အလောင်းတွေ အစုလိုက်အပြုံလိုက် မြှုပ်နှံထားကြောင်း AP သတင်းဌာနရဲ့ ဖော်ပြချက်ကို ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က ၂ဝ၁၈၊ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကွင်းဆင်းစစ်ဆေးစဉ်။
Photo: MOI

ဂူတာပြင်ကျေးရွာကိစ္စကို နိုဝင်ဘာလ ၂၆ ရက်နေ့ကတည်းက စတင်ကြားနာခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ စုစုပေါင်း ငါးကြိမ် စစ်ဆေးခဲ့ပြီးဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

လာမယ့် ၂၀၂၀ နှစ်ဆန်းပိုင်းမှာ တရားလိုပြသက်သေတွေကို အပြီးစစ်ဆေးသွားမှာဖြစ်ပြီး ကျန်ရှိနေသေးတဲ့ တရားလိုသက်သက်တွေနဲ့ တရားခံဘက်က အရာရှိတင်သွင်းမယ့် တရားခံသက်သေတွေကို စစ်တရားရုံးထိုင်မယ့်အချိန်မှာ အမြန်ပြီးပြတ်အောင် ဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

“တရားလိုပြသက်သေတွေကတော့ ကုန်ခါနီးပြီလို့ ပြောလို့ရတယ်။ တရားလိုပြ သက်သေတွေကတော့ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ ပြီးသွားလိမ့်မယ်။ ဒီကျန်တဲ့ဟာတွေကလည်း ကျွန်တော်တို့ စစ်တရားရုံး ထိုင်တဲ့အချိန်မှာ အမြန်ပြီးပြတ်အောင် ဆက်လက်ဆောင်ရွက်လျှက်ရှိပါတယ်။”

တရားခံတွေကို နယ်မြေခံတပ်မှာပဲ ဖမ်းဆီးထိန်းသိမ်းစစ်ဆေးရွက်နေကြောင်းနဲ့ အရာရှိနဲ့ အခြားအဆင့်ပုဂ္ဂိုလ်တွေပါဝင်ပြီး အရေအတွက်ကိုတော့ ထုတ်ဖော်မပြောဆိုနိုင်သေးဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

ဒါ့အပြင် အဲဒီစစ်ဆေးမှုကို လာရောက်နားထောင်တဲ့ ဒေသခံ ၂၆၄ ဦးရှိတယ်လို့ ထုတ်ပြန်ထားပေမယ့် ထွက်ဆိုခဲ့သူ အရေအတွက်၊ အမည်တွေ၊ တရားခံဘက်က တင်သွင်းမယ့် တရားခံပြသက်သေ အရေအတွက်တွေကိုလည်း ထုတ်ဖော်ပြောကြားထားတာမရှိသေးပါဘူး။

Fortify Rights အဖွဲ့ရဲ့  မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူ နစ်ကီဒိုင်းမွန်းကတော့

“သူတို့ စစ်ဆေးနေတယ်လို့သာ ပြောတာလေ။ ကျနော်တို့က တကယ်စစ်ဆေးနေလား၊ မစစ်ဆေးနေလားဆိုတာလည်း သေချာသိရတာ မဟုတ်ဘူး။ သူတို့ထုတ်ပြန်မှ ဒါတွေက ထုတ်ပြန်လို့ စစ်ဆေးတယ်ဆိုတာသိရတာကိုး။ ကျနော်ကတော့ စစ်တပ်ကို ဘယ်တော့မှ အယုံအကြည်ရှိတဲ့သူ မဟုတ်တော့ သူတို့ ဒီလိုထုတ်ပြန်မှုတွေ ရှိနေပေသော်ငြားလည်း အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဘာမှလေ့လာခွင့်မရတာက ပွင့်လင်းမြင်သာမရှိဘူး။ ဒီကိစ္စရပ်တွေ တကယ် ဖြစ်နေလားဆိုတာကို ကျနော်တို့က ဘယ်လိုယုံကြည်ရမလဲဆိုတဲ့ စိုးရိမ်ပူပန်မှုတွေတော့ ရှိနေတယ်။”

မောင်တောမြို့နယ် အင်းဒင်ကျေးရွာက ရိုဟင်ဂျာ ၁၀ ဦးကို တပ်မတော်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့တာကြောင့်၊ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မတ်လက ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ကာကွယ်ရေးစစ်ဦးစီးချုပ်က လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်လို့ တပ်မတော်သား ခုနှစ်ဦးဟာ ပြစ်ဒဏ်မစေ့ခင် လွတ်မြောက်သွားခဲ့မှုဟာလည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

တပ်မတော်သားတစ်ဦးအနေနဲ့ အမြဲတမ်း စစ်ဘက်ဥပဒေနဲ့ အရပ်ဘက်ဥပဒေ နှစ်ခုလုံးကို လိုက်နာရတာရှိပြီး တပ်ဘက်နဲ့ အရပ်ဘက် အမြင်တွေ ကွာခြားတယ်လို့ သေနင်္ဂဗျူဟာရဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောပါတယ်။

“တပ်ဘက်နဲ့ အရပ်ဘက် အမြင်လေးတွေကတော့ ကွာခြားပါလိမ့်မယ်။ တပ်မတော်သား တစ်ယောက်အနေနဲ့ သူက အမြဲတမ်း ဥပဒေနှစ်ခု လိုက်နာရတာရှိတယ်။ တစ်က စစ်ဘက်ဥပဒေပေါ့။ နှစ်ကတော့ အရပ်ဘက်ဥပဒေ။ တပ်မတော်နဲ့ပတ်သက်ပြီး တော်တော်များများက အားလုံး အာရုံစိုက်တယ်၊ ရေးကြတယ်၊ ပြောကြတယ်၊ သုံးသပ်ကြတယ်။ တကယ်မှားယွင်းခဲ့လို့ရှိရင် ထောက်ပြတယ်၊ ဝေဖန်တယ်၊ ထောက်ပြတယ်၊ သုံးသပ်တယ်။ ပြဿနာမရှိဘူး။ ဒါပေမဲ့ ကျနော်တို့ဆီမှာက တပ်မတော်တစ်ခုကိုပဲ အားလုံးက အာရုံစိုက်ပြီးတော့ သေချာထောက်ပြနေကြတယ်။ လူ့အခွင့်အရေးသမားတွေဘက်လည်း ပြန်ကြည့်ဖို့သင့်တာက တချို့ တချို့သောဒေသတွေမှာ အထူးကို တစ်ဘက်အစွန်းရောက်သွားတဲ့ လက်နက်ကိုင်အဖွဲ့တွေရှိတယ်။ ဒီလိုမျိုးတွေကျတော့ ဘာလို့ ပါးစပ်ပိတ်နေကြလဲဆိုတာ ကျနော်မှာ မေးခွန်းမေးစရာရှိတယ်ပေါ့။”

တပ်မတော်တရားရုံးဟာ တပ်မတော်သားတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကိုပဲ တရားစီရင်တာဖြစ်ပြီး တစ်ဘက်က အရပ်သားတွေဖြစ်နေတော့ အရပ်သားတွေကို အကာအကွယ်ပေးမယ့် တရားရုံးလည်း ပါဝင်ပတ်သက်ဖို့လိုအပ်တယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားနေသူ ဦးသာအေးက ပြောပါတယ်။

“တပ်မတော်တရားရုံးဆိုတာက တပ်မတော်လုပ်ထုံးလုပ်နည်းနဲ့ တပ်မတော်သားတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကိုပဲ တရားစီရင်တာလေ။ ဒီဘက်ကကျတော့ အရပ်သားတွေ ဖြစ်နေတယ်ပေါ့။ အရပ်သားတွေဖြစ်နေတော့ အကာအကွယ်ပေးမယ့် တရားရုံးလည်း ပါဝင်ပတ်သက်ဖို့ လိုတာပေါ့။ အဲလိုမှ မဟုတ်ဘဲ တပ်မတော်တရားရုံးထဲမှာပဲ လုပ်မယ်ဆိုရင်တော့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်လိမ့်မယ်လို့တော့ ကျွန်တော်မထင်ဘူးပေါ့နော်”

၂၀၁၇ တပ်မတော်စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရတဲ့ကိစ္စမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ သမ္မတ၊ သမ္မတဟောင်း နှစ်ဦးတို့ဟာ တာဝန်ရှိသူများအဖြစ် စွပ်စွဲခံရပြီးတော့ နိုင်ငံတကာတရားရုံး ICJ ၊ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC နဲ့ အာဂျင်တီးနားက ဖက်ဒရယ်ခရိုင်တရားရုံးတွေမှာ အမှုဖွင့်ခံထားရတာပါ။

AP သတင်းဌာနရဲ့ ၂၀၁၈ ခုနှစ်က ဖော်ပြခဲ့တဲ့သတင်းထဲမှာ ၂ဝ၁၇ ခုနှစ် ဩဂုတ်လအတွင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ တုံ့ပြန်ဆောင်ရွက်ခဲ့တဲ့ စစ်ရေးဆောင်ရွက်ချက်တွေကြောင့် ဂူတာပြင်မှာ ရိုဟင်ဂျာအယောက် ၄ဝဝ ဝန်းကျင်အထိ သေဆုံးခဲ့နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေရဲ့ ထွက်ဆိုချက်တွေရှိတယ်လို့ ဖော်ပြထားပါတယ်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဂူတာဖြစ်စဉ်မှာ သေဆုံးသူ ၁၉ ဦးရှိကြောင်း စက်တင်ဘာလတုန်းက RFA ကို ဖြေကြားထားပါတယ်။ ဒါပေမဲ့ အဲဒီ ၁၉ ဦးဟာ အကြမ်းဖက်သမားတွေဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE နဲ့လည်း ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီးတော့ ပြစ်မှု ထင်ရှားတယ်လို့ ICOE ရဲ့ အစီရင်ခံစာမှာပါရှိလာမယ်ဆိုလည်း ဥပဒေနဲ့အညီ ဆက်လက်စုံစမ်းမယ်လို့ နိုဝင်ဘာလ ၂၆ နေ့က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဂျပန်အာဏာရပါတီ ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ရာမှာလည်း ဗိုလ်ချုပ်မှူးကြီးက ICOE ပါ အစီရင်ခံစာအတိုင်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ကတိပေးခဲ့ကြောင်း၊ ဂျပန်နိုင်ငံကလည်း အဲဒီအစီအစဉ်ကို ဖြစ်အောင်ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့ကြောင်း ဂျပန်သံအမတ်ကြီးက ရန်ကုန်အခြေစိုက် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုထားပါတယ်။

RFA Burmese
https://www.rfa.org
ဂူတာျပင္အမႈ တရားလိုျပသက္ေသေတြကို ႏွစ္ဆန္းပိုင္းမွာ အၿပီးစစ္မည္ ဂူတာျပင္အမႈ တရားလိုျပသက္ေသေတြကို ႏွစ္ဆန္းပိုင္းမွာ အၿပီးစစ္မည္ Reviewed by THITHTOOLWIN on 03:50 Rating: 5
Powered by Blogger.