ဂမ္ဘီယာ ေလွ်ာက္လဲခ်က္ထဲက သတိထားကိုင္တြယ္ရမယ့္ အေရးႀကီးဆုံးအခ်က္

 သည္ဟိဂ္ၿမိဳ႕ အျပည္ျပည္ဆိုင္ရာ တရား႐ုံး အိုင္စီေဂ်
(Zawgyi)⤵⤵⤵
ျမန္မာ - ဂမ္ဘီယာ ဂ်ီႏိုဆိုက္အေရး ၾကားျဖတ္အစီအမံ ၾကားနာမႈ ေနာက္ဆုံးေန႔မွာ ဂမ္ဘီယာဘက္က ေျပာသြားတဲ့ အခ်က္ေတြထဲက ျမန္မာဘက္က သတိထားကိုင္တြယ္ရမယ့္ အေရးႀကီးဆုံးအခ်က္က ျမန္မာမွာ ဆိုး႐ြားျပင္းထန္တဲ့ျပစ္မႈေတြ ျဖစ္ခဲ့တယ္ဆိုတာကို ျမန္မာဘက္က ျငင္းမသြားဘူးဆိုတာကို ဂမ္ဘီယာက ေထာက္ျပသြားတဲ့အခ်က္ ျဖစ္တယ္လို႔ Legal Aid Network က လူ႔အခြင့္အေရးေရွ႕ေန ဦးေအာင္ထူးက ေျပာပါတယ္။

ဂမ္ဘီယာက ေျပာသြားတဲ့ အခ်က္က " ျမန္မာအစိုးရဘက္ကေနၿပီးေတာ့ ဒီလိုမ်ိဳး ဆိုး႐ြား ျပင္းထန္တဲ့ ျပစ္မႈႀကီးေတြကို ျငင္းမသြားဘူး။ ေလးေယာက္ တင္ျပခ်က္ထဲမွာ တစ္ေယာက္မွ ျငင္းမသြားဘူး။

အဲဒါဘာကို ေခၚလဲဆိုေတာ့ ဒီလို ျပစ္မႈႀကီးေတြ ျဖစ္ပြားက်ဴးလြန္ခဲ့တယ္ဆိုတာ ေသခ်ာတယ္။ အဲေတာ့ ဒီျပစ္မႈႀကီးေတြဟာ အခ်ိန္တိုေတာအတြင္းမွာ ျဖစ္သြားတာ ဘာကို ျပသလဲဆိုေတာ့ ဒါက ရည္႐ြယ္ခ်က္နဲ႔ က်ဴးလြန္လို႔ ျဖစ္တာ ေရွာင္တခင္ျဖစ္တာ မဟုတ္ဘူး" ဆိုတဲ့ အခ်က္ျဖစ္တယ္လို႔ ဦးေအာင္ထူးက ေျပာပါတယ္။

ဒါ့အျပင္ ဂ်ီႏိုဆိုက္ မျဖစ္ေအာင္ ကာကြယ္ပါတယ္ဆိုတဲ့ အခ်က္အလက္ကို အစိုးရဘက္က လုံးဝမတင္ျပသြားႏိုင္ဘူး ဆိုၿပီး ဂမ္ဘီယာက ေထာက္ျပသြားတယ္လို႔လည္း ဦးေအာင္ထူးက ေျပာပါတယ္။

ဒီဇင္ဘာ ၁၀ ရက္ကေန ၁၂ ရက္ အထိ သုံးရက္တာ ၾကားျဖတ္အစီအမံ အမိန႔္ခ်ေပးေရး ဂမ္ဘီယာက ေတာင္းဆိုထားကို ၾကားနာတဲ့ ေနာက္ဆုံးေန႔ ပထမပိုင္းမွာ ဂမ္ဘီယာဘက္က အစိုးရ ကိုယ္စား တရားေရး ဝန္ႀကီးနဲ႔ ေရွ႕ေန သုံးေယာက္တို႔က ေလွ်ာက္လဲသြားတာပါ။

ဒီလို ေလွ်ာက္လဲသြားတဲ့အခါ ဂမ္ဘီယာဘက္က ျမန္မာႏိုင္ငံဘက္က လုပ္ေဆာင္ခ်က္ေတြကို ေဖာ္ျပတဲ့ အခ်က္ ၇ ခ်က္နဲ႔ ေလွ်ာက္လဲသြားတယ္လို႔ ဦးေအာင္ထူးက ေျပာပါတယ္။

အဲဒီ ေလွ်ာက္လဲခ်က္ ခုနစ္ခ်က္က -

၁ - စစ္တပ္က ႀကီးမား ျပင္းထန္တဲ့ အင္အားသုံးၿပီး ႐ိုဟင္ဂ်ာေတြကို အျပတ္ရွင္းဖို႔လုပ္တယ္။ အဲဒါကို အစိုးရက မျငင္းဘူး။

၂ - စစ္တပ္ရဲ႕ ဖ်က္ဆီးမႈက စနစ္တက် စီစဥ္ၿပီးလုပ္တာ အဲဒါက ရည္႐ြယ္ခ်က္ကို ျပတာ။

၃- လိင္ပိုင္းဆိုင္ရာ ေစာ္ကားတာေတြကို ရည္႐ြယ္ခ်က္ရွိရွိလုပ္တယ္။

၄- အစိုးရ အာဏာပိုင္ေတြက ႐ိုဟင္ဂ်ာေတြ အေပၚ ႏွိမ့္ခ် ေစာ္ကားတဲ့ စကားေတြေျပာတယ္။ ဒါက ရည္႐ြယ္ခ်က္ကို ျပတာ။

၅- ႐ိုဟင္ဂ်ာေတြ အေပၚ ခြဲျခားဆက္ဆံမႈေတြ လုပ္တယ္။ ႐ိုဟင္ဂ်ာကေလးေတြ ေမြးစာရင္း ရဖို႔ မလြယ္ဘူး။ ႏိုင္ငံသားရဖို႔ လုပ္မေပးဘူး။ ဒါက ရည္႐ြယ္ခ်က္ကို ျပတာ

၆- ႐ိုဟင္ဂ်ာကို မုန္းတီးတဲ့ အသုံးအစြဲ၊ လႈံ႕ေဆာ္မႈေတြ ျဖစ္ေနတာကို အစိုးရက မတားဆီးဘူး။ ၿငိမ္ေနတယ္။

၇ - ဒီလို ျပစ္မႈႀကီးေတြ ျဖစ္ၿပီးေတာ့ ႐ိုဟင္ဂ်ာေတြ ခံရတဲ့ ကိစၥအေပၚ အစိုးရက စုံစမ္းစစ္ေဆးတာ၊ ျပစ္မႈက်ဴးလြန္သူကို အျပစ္မေပးဘူးဆိုၿပီး ေျပာတဲ့ အခ်က္ေတြ ျဖစ္တယ္လို႔ ဦးေအာင္ထူးက ေျပာပါတယ္။

ဒါ့အျပင္ ျမန္မာကို ဂမ္ဘီယာက ႏိုင္ငံတကာ တရား႐ုံးမွာ တရားစြဲပိုင္ခြင့္ရွိ၊ မရွိ ႏွစ္ဘက္ အျပန္အလွန္ေလွ်ာက္လဲတာနဲ႔ ပတ္သက္ၿပီး ပထမေန႔မွာ ျမန္မာက ဂမ္ဘီယာက တရားစြဲခြင့္မရွိဘူးလို႔ ေခ်ပတာကို ဒီကေန႔မွာ ဂမ္ဘီယာက ႏွစ္ႏိုင္ငံၾကားမွာ အျငင္းပြားမႈ ရွိတယ္ဆိုတာကို ေနာက္တစ္ခါ အေထာက္အထားနဲ႔ ျပန္ေျပာသြားတာျဖစ္လို႔ လူ႔အခြင့္အေရး ေရွ႕ေန ဦးေအာင္ထူးက ေျပာပါတယ္။

ပထမပိုင္းမွာ ဂမ္ဘီယာဘက္က တင္ျပသြားတဲ့အခ်က္ေတြအရ ၾကားျဖတ္အစီအမံခ်မွတ္ေရး အေျခအေနကေတာ့ တရား႐ုံးလက္ထဲမွာပဲ ရွိတယ္လို႔ ဦးေအာင္ထူးက ေျပာပါတယ္။

"ဥပေဒေၾကာင္းအရ ဆိုရင္ ဘက္ႏွစ္ဘက္က တင္ျပခ်က္ေတြက ဟိုဘက္က ၾကည့္ေတာ့လည္း သဘာဝက်တဲ့ အခ်က္ေတြ တင္သလို ဒီဘက္က ၾကည့္ေတာ့လည္း သဘာဝက်တဲ့အခ်က္ေတြ တင္တာ"

"သို႔ေသာ္လည္း ေယဘုယ်အားျဖင့္ ေျပာမယ္ဆိုရင္ အခ်က္အလက္နဲ႔ Law နဲ႔ ေပါင္းစပ္ေျပာမယ္ဆိုရင္ေတာ့ ဘာနားလည္လို႔ရလည္း ဆိုေတာ့ ဒီ႐ိုဟင္ဂ်ာေတြကိုေတာ့ ရည္႐ြယ္ခ်က္ ရွိရွိနဲ႔ကို ေခ်မႈန္းတယ္လို႔ပဲ နားလည္လို႔ရတယ္" လို႔ ဦးေအာင္ထူးက ေျပာပါတယ္။

ၾကားျဖတ္အစီအမံ ၾကားနာမႈ သုံးရက္တာရဲ႕ ေနာက္ဆုံးေန႔ ဒုတိယပိုင္းမွာ ျမန္မာဘက္က ေလွ်ာက္လဲမွာ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ဂမ်ဘီယာ လျှောက်လဲချက်ထဲက သတိထားကိုင်တွယ်ရမယ့် အရေးကြီးဆုံးအချက်


ဓာတ်ပုံ မူပိုင် Getty Images
Image caption သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး အိုင်စီဂျေ

မြန်မာ - ဂမ်ဘီယာ ဂျီနိုဆိုက်အရေး ကြားဖြတ်အစီအမံ ကြားနာမှု နောက်ဆုံးနေ့မှာ ဂမ်ဘီယာဘက်က ပြောသွားတဲ့ အချက်တွေထဲက မြန်မာဘက်က သတိထားကိုင်တွယ်ရမယ့် အရေးကြီးဆုံးအချက်က မြန်မာမှာ ဆိုးရွားပြင်းထန်တဲ့ပြစ်မှုတွေ ဖြစ်ခဲ့တယ်ဆိုတာကို မြန်မာဘက်က ငြင်းမသွားဘူးဆိုတာကို ဂမ်ဘီယာက ထောက်ပြသွားတဲ့အချက် ဖြစ်တယ်လို့ Legal Aid Network က လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။

ဂမ်ဘီယာက ပြောသွားတဲ့ အချက်က " မြန်မာအစိုးရဘက်ကနေပြီးတော့ ဒီလိုမျိုး ဆိုးရွား ပြင်းထန်တဲ့ ပြစ်မှုကြီးတွေကို ငြင်းမသွားဘူး။ လေးယောက် တင်ပြချက်ထဲမှာ တစ်ယောက်မှ ငြင်းမသွားဘူး။

အဲဒါဘာကို ခေါ်လဲဆိုတော့ ဒီလို ပြစ်မှုကြီးတွေ ဖြစ်ပွားကျူးလွန်ခဲ့တယ်ဆိုတာ သေချာတယ်။ အဲတော့ ဒီပြစ်မှုကြီးတွေဟာ အချိန်တိုတောအတွင်းမှာ ဖြစ်သွားတာ ဘာကို ပြသလဲဆိုတော့ ဒါက ရည်ရွယ်ချက်နဲ့ ကျူးလွန်လို့ ဖြစ်တာ ရှောင်တခင်ဖြစ်တာ မဟုတ်ဘူး" ဆိုတဲ့ အချက်ဖြစ်တယ်လို့ ဦးအောင်ထူးက ပြောပါတယ်။

ဒါ့အပြင် ဂျီနိုဆိုက် မဖြစ်အောင် ကာကွယ်ပါတယ်ဆိုတဲ့ အချက်အလက်ကို အစိုးရဘက်က လုံးဝမတင်ပြသွားနိုင်ဘူး ဆိုပြီး ဂမ်ဘီယာက ထောက်ပြသွားတယ်လို့လည်း ဦးအောင်ထူးက ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက် အထိ သုံးရက်တာ ကြားဖြတ်အစီအမံ အမိန့်ချပေးရေး ဂမ်ဘီယာက တောင်းဆိုထားကို ကြားနာတဲ့ နောက်ဆုံးနေ့ ပထမပိုင်းမှာ ဂမ်ဘီယာဘက်က အစိုးရ ကိုယ်စား တရားရေး ဝန်ကြီးနဲ့ ရှေ့နေ သုံးယောက်တို့က လျှောက်လဲသွားတာပါ။

ဒီလို လျှောက်လဲသွားတဲ့အခါ ဂမ်ဘီယာဘက်က မြန်မာနိုင်ငံဘက်က လုပ်ဆောင်ချက်တွေကို ဖော်ပြတဲ့ အချက် ၇ ချက်နဲ့ လျှောက်လဲသွားတယ်လို့ ဦးအောင်ထူးက ပြောပါတယ်။

အဲဒီ လျှောက်လဲချက် ခုနစ်ချက်က -

၁ - စစ်တပ်က ကြီးမား ပြင်းထန်တဲ့ အင်အားသုံးပြီး ရိုဟင်ဂျာတွေကို အပြတ်ရှင်းဖို့လုပ်တယ်။ အဲဒါကို အစိုးရက မငြင်းဘူး။

၂ - စစ်တပ်ရဲ့ ဖျက်ဆီးမှုက စနစ်တကျ စီစဉ်ပြီးလုပ်တာ အဲဒါက ရည်ရွယ်ချက်ကို ပြတာ။

၃- လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေကို ရည်ရွယ်ချက်ရှိရှိလုပ်တယ်။

၄- အစိုးရ အာဏာပိုင်တွေက ရိုဟင်ဂျာတွေ အပေါ် နှိမ့်ချ စော်ကားတဲ့ စကားတွေပြောတယ်။ ဒါက ရည်ရွယ်ချက်ကို ပြတာ။

၅- ရိုဟင်ဂျာတွေ အပေါ် ခွဲခြားဆက်ဆံမှုတွေ လုပ်တယ်။ ရိုဟင်ဂျာကလေးတွေ မွေးစာရင်း ရဖို့ မလွယ်ဘူး။ နိုင်ငံသားရဖို့ လုပ်မပေးဘူး။ ဒါက ရည်ရွယ်ချက်ကို ပြတာ

၆- ရိုဟင်ဂျာကို မုန်းတီးတဲ့ အသုံးအစွဲ၊ လှုံ့ဆော်မှုတွေ ဖြစ်နေတာကို အစိုးရက မတားဆီးဘူး။ ငြိမ်နေတယ်။

၇ - ဒီလို ပြစ်မှုကြီးတွေ ဖြစ်ပြီးတော့ ရိုဟင်ဂျာတွေ ခံရတဲ့ ကိစ္စအပေါ် အစိုးရက စုံစမ်းစစ်ဆေးတာ၊ ပြစ်မှုကျူးလွန်သူကို အပြစ်မပေးဘူးဆိုပြီး ပြောတဲ့ အချက်တွေ ဖြစ်တယ်လို့ ဦးအောင်ထူးက ပြောပါတယ်။

ဒါ့အပြင် မြန်မာကို ဂမ်ဘီယာက နိုင်ငံတကာ တရားရုံးမှာ တရားစွဲပိုင်ခွင့်ရှိ၊ မရှိ နှစ်ဘက် အပြန်အလှန်လျှောက်လဲတာနဲ့ ပတ်သက်ပြီး ပထမနေ့မှာ မြန်မာက ဂမ်ဘီယာက တရားစွဲခွင့်မရှိဘူးလို့ ချေပတာကို ဒီကနေ့မှာ ဂမ်ဘီယာက နှစ်နိုင်ငံကြားမှာ အငြင်းပွားမှု ရှိတယ်ဆိုတာကို နောက်တစ်ခါ အထောက်အထားနဲ့ ပြန်ပြောသွားတာဖြစ်လို့ လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။

ပထမပိုင်းမှာ ဂမ်ဘီယာဘက်က တင်ပြသွားတဲ့အချက်တွေအရ ကြားဖြတ်အစီအမံချမှတ်ရေး အခြေအနေကတော့ တရားရုံးလက်ထဲမှာပဲ ရှိတယ်လို့ ဦးအောင်ထူးက ပြောပါတယ်။

"ဥပဒေကြောင်းအရ ဆိုရင် ဘက်နှစ်ဘက်က တင်ပြချက်တွေက ဟိုဘက်က ကြည့်တော့လည်း သဘာဝကျတဲ့ အချက်တွေ တင်သလို ဒီဘက်က ကြည့်တော့လည်း သဘာဝကျတဲ့အချက်တွေ တင်တာ"

"သို့သော်လည်း ယေဘုယျအားဖြင့် ပြောမယ်ဆိုရင် အချက်အလက်နဲ့ Law နဲ့ ပေါင်းစပ်ပြောမယ်ဆိုရင်တော့ ဘာနားလည်လို့ရလည်း ဆိုတော့ ဒီရိုဟင်ဂျာတွေကိုတော့ ရည်ရွယ်ချက် ရှိရှိနဲ့ကို ချေမှုန်းတယ်လို့ပဲ နားလည်လို့ရတယ်" လို့ ဦးအောင်ထူးက ပြောပါတယ်။

ကြားဖြတ်အစီအမံ ကြားနာမှု သုံးရက်တာရဲ့ နောက်ဆုံးနေ့ ဒုတိယပိုင်းမှာ မြန်မာဘက်က လျှောက်လဲမှာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ဂမ္ဘီယာ ေလွ်ာက္လဲခ်က္ထဲက သတိထားကိုင္တြယ္ရမယ့္ အေရးႀကီးဆုံးအခ်က္ ဂမ္ဘီယာ ေလွ်ာက္လဲခ်က္ထဲက သတိထားကိုင္တြယ္ရမယ့္ အေရးႀကီးဆုံးအခ်က္ Reviewed by THITHTOOLWIN on 08:51 Rating: 5
Powered by Blogger.