ဂမ္ဘီယာရဲ႕ တရားစြဲမႈကို ပယ္ဖ်က္ၿပီး ၾကားျဖတ္စီရင္ခြင့္ မေပးဖို႔ ျမန္မာဘက္က ေခ်ပ

(Zawgyi)⤵⤵⤵
ဂမ္ဘီယာဟာ အိုအိုင္စီ အေထာက္အပံ့နဲ႔ တရားစြဲတာ ျဖစ္ၿပီး ျမန္မာအေပၚ တရားစြဲမႈကို ပယ္ဖ်က္ၿပီး ထုတ္ႏုတ္ ကိုးကားထားတဲ့ စြဲခ်က္ေတြဟာ ခိုင္မာမႈ မရွိတဲ့အတြက္ ၾကားျဖတ္ စီရင္ခြင့္ မေပးဖို႔ ျမန္မာဘက္က ေခ်ပသြားပါတယ္။

နယ္သာလန္ႏိုင္ငံ သည္ဟိဂ္မွာ က်င္းပတဲ့ ျမန္မာနဲ႔ဂမ္ဘီယာၾကား ေနာက္ဆုံးအျပန္အလွန္ ၾကားနာမႈ ေနာက္ဆုံးေန႔အၿပီး နိဂုံးခ်ဳပ္ တင္ျပမႈမွာ ျမန္မာကိုယ္စားလွယ္အဖြဲ႕ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသြားတာပါ။

အေနာက္အာဖရိကထဲက ဂမ္ဘီယာႏိုင္ငံဟာ ႏိုင္ငံေပါင္း ၅၇ ႏိုင္ငံပါတဲ့ အစၥလာမ္မစ္ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ အိုအိုင္စီ ကို ကိုယ္စားျပဳၿပီး ဒီအမႈကို ဖြင့္ခဲ့တာျဖစ္ၿပီး ဒီဇင္ဘာ ၁ဝ ရက္ကေန ၁၂ ရက္ထိ ႏွစ္ဘက္ႏိုင္ငံေတြရဲ႕ ေလွ်ာက္ထားခ်က္ေတြကို ၃ ရက္တာ ၾကားနာခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံဘက္က ေရွ႕ေနေတြက ဒီဇင္ဘာလ ၁၁ ရက္ေန႔က ေလွ်ာက္လဲသြားတဲ့ အခ်က္ေတြကို လက္မလႊတ္ဘဲ အိုင္စီေဂ်မွာ ဂမ္ဘီယာ တရားစြဲတာ တရားမဝင္ေၾကာင္းနဲ႔ ဂမ္ဘီယာဘက္က စြဲဆိုထားတဲ့ လူမ်ိဳးတုံး သတ္ျဖတ္မႈေတြကို က်ဳးလြန္ဖို႔ ရည္႐ြယ္ခ်က္ မရွိဘူး ဆိုတာကို ဒီဇင္ဘာလ ၁၂ရက္ေန႔ အျပန္အလွန္ ေလွ်ာက္လဲမႈမွာ အဓိကထားၿပီး ဥပေဒ အကိုးအကားေတြနဲ႔ ရွင္းသြားပါတယ္။
 ခရစၥတိုဖာ စတိတ္ကာ

အိုင္စီေဂ် မွာ ဂမ္ဘီယာ ဟာ တရားရင္ဆိုင္ခြင့္ မရွိဘူးလို႔ ျမန္မာဘက္က ေရွ႕ေန ခရစၥတိုဖာ စတိက္ကာ က တရား႐ုံးမွာ ေလွ်ာက္လဲ သြားပါတယ္။

ျမန္မာႏိုင္ငံကို ဂမ္ဘီယာဘက္ ကစြဲဆိုထားတဲ့ လူမ်ိဳးတုံးသတ္ျဖတ္မႈေတြကို က်ဳးလြန္ခဲ့တယ္ ဆိုတာနဲ႔ ပတ္သက္လို႔ ေနာက္ဆုံးေန႔ အျပန္အလွန္ ၾကားနာမႈမွာ ျမန္မာေရွ႕ေန႔ေတြ ဒီအခ်က္နဲ႔ စတင္ေခ်ပ သြားပါတယ္။

ဂမ္ဘီယာ ဟာအိုအိုင္စီ ကတာဝန္ေပးခဲ့ တာျဖစ္ၿပီး အိုအိုင္စီ အဖြဲ႕ဝင္ေတြ ကိုယ္စားတရားစြဲတာျဖစ္တယ္ လို႔ သူက အကိုးအကားနဲ႔ ဆက္ေျပာခဲ့ပါတယ္။

ဂ်ီႏိုဆိုက္ ကြန္ဗန္းရွင္း အပိုဒ္၈ အရ ႏိုင္ငံတစ္ခု ကႏိုင္ငံ တစ္ခုေပၚမွာတရားစြဲခြင့္ရွိၿပီး အခုလို အိုအိုင္စီ ကိုယ္စားတရားစြဲဆိုတာ ဒီအခ်က္နဲ႔ လုံးဝ လုံးဝ ဆန္က်င္ တယ္လို႔ ခရစၥတိုဖာ စတိတ္ကာ က ေျပာသြားပါတယ္ ။
 ျမန္မာႏိုင္ငံမွာ ဂ်ီႏိုဆိုက္ ရွိတယ္လို႔ ဘယ္တုန္းကမွ မေျပာခဲ့ပါဘူးလို႔လည္းေျပာ

လူမ်ိဳးတုံးသတ္ျဖတ္မႈ အႏၲရာယ္က ျမန္မာႏိုင္ငံမွာ ဆက္ရွိေနလို႔ ဆိုၿပီး provisional measures လို႔ေခၚတဲ့ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္ေတြ ျမန္မာဘက္က လုပ္ေဆာင္ေအာင္ အိုင္စီေဂ်က အမိန႔္ထုတ္ျပန္ေပးဖို႔ ဒီဇင္ဘာ၁၂ ရက္ ပထမပိုင္းၾကားနာမႈမွာ ဂမ္ဘီယာဘက္က ေလွ်ာက္ထားခဲ့တာ ျဖစ္ပါတယ္။

ျမန္မာ့ တပ္မေတာ္ ရဲ႕လုပ္ေဆာင္ခ်က္ေတြ တပ္မေတာ္ရဲ႕ နယ္ေျမရွင္းလင္းေရးလုပ္ငန္းေတြ ေဆာင္႐ႊက္ ရာမွာ ဂ်ီႏိုဆိုက္ လို႔ေခၚတဲ့လူမ်ိဳးတုံး သတ္ျဖတ္ရန္ ရည္႐ြယ္ခ်က္ ရွိမရွိဆိုတာနဲ႔ ပတ္သက္လို႔ တိတိက်က် ေခ်ပျငင္းဆိုခဲ့တာ မရွိပါဘူးဆိုတာကို ေပါလ္ ႐ိုက္ကလာက ေျပာခဲ့တာနဲ႔ ပတ္သက္လို႔ ဒီကိစၥဟာ ဥပေဒေၾကာင္းရ တင္ျပရမယ့္ကိစၥ ျဖစ္ၿပီးေတာ့ တရား႐ုံးမွာ အျငင္းအခုံ လုပ္ရမယ့္ကိစၥ မဟုတ္ဘူးလို႔ လည္း ပါေမာကၡ ေရွဘတ္စ္က ေျပာပါတယ္ ။

အထူးသျဖင့္ ဂမ္ဘီယာဘက္က ကိုးကားတဲ့ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရး အခ်က္ေတြ ကို ျမန္မာ ဘက္ က ျငင္းခဲ့ပါတယ္။

႐ိုဟင္ဂ်ာေတြ အေပၚ အမုန္းစကားေတြကို အစိုးရက မထိန္းခ်ဳပ္ဘူးဆို တာနဲ႔ ပတ္သက္လို႔ ဒါဟာ တကမာၻလုံးမွာ ျဖစ္ေနတဲ့ကိစၥ ျဖစ္ၿပီးေတာ့ လြတ္လပ္စြာေျပာဆိုခြင့္ကို ဘယ္ေလာက္ထိခိုက္ လဲဆိုတာကို သိရွိဖို႔လိုတယ္လည္းေျပာသြားပါတယ္။

ဂမ္ဘီယာရဲ႕ တရားစြဲဆိုမႈအတြက္ လူမ်ိဳးတုံးသတ္ျဖတ္မႈ မွာ ဘယ္ႏွစ္ေယာက္ေသတယ္ဆိုတာကို မေဖာ္ျပတဲ့ ပထမဆုံး ျပႆနာ ျဖစ္တယ္လို႔လည္း ေျပာသြားၿပီး ဂမ္ဘီယာဘက္က တင္ျပမႈေတြဟာ ေသတဲ့ အေရအတြက္ တိတိက်က် မေဖာ္ျပတာေတြ ဘယ္ေနရာေတြ မွာ ျမဳပ္ထားတယ္ဆိုတာ အစီရင္ခံစာမွာ မေဖာ္ျပႏိုင္တာေတြကို ျပန္ၿပီး ေထာက္ျပသြားပါတယ္။

ဒါ့အျပင္ ဂမ္ဘီယာဘက္က စြပ္စြဲ သလို ပါေမာကၡေရွဘတ္စ္က အယ္လ္ဂ်ားဇီးရားမွာ ေျဖခဲ့တာဟာ သူတို႔က နိမိတ္ျပေမးခြန္းေမးတာကို အဲဒီလို ဆိုရင္ေတာ့ ျဖစ္ႏိုင္တယ္လို႔ ေျပာသြားတာျဖစ္ၿပီးေတာ့ သူအေနနဲ႔ ျမန္မာႏိုင္ငံမွာ ဂ်ီႏိုဆိုက္ ရွိတယ္လို႔ ဘယ္တုန္းကမွ မေျပာခဲ့ပါဘူးလို႔လည္း ပါေမာကၡ ေရွဘတ္စ္က ေျပာသြားပါတယ္ ။
 ၾကားနာမႈ ဒုတိယေန႔မွာ ေဒၚေအာင္ဆန္းစုၾကည္ ေလွ်ာက္လဲခဲ့ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ ဟာေနာက္ဆုံးအဆုံးသတ္ နိဂုံးကို ခုႏွစ္မိနစ္ခန႔္ တိုတိုနဲ႔ လိုရင္းေလွ်ာက္ထားသြားၿပီး ဂမ္ဘီယာ စြဲဆိုမႈေတြဟာ ဥပေဒအေၾကာင္းရ ခိုင္မာမႈမရွိသလို ထုတ္ႏႈတ္ကိုးကားထားတဲ့ စြဲခ်က္ေတြဟာ ခိုင္မာမႈမရွိတဲ့အတြက္ အျပည္ျပည္ဆိုင္ရာတရား႐ုံး အေနနဲ႔ ဂမ္ဘီယာႏိုင္ငံက စြဲခ်က္တင္ထားတဲ့ လူမ်ိဳးတုံးသတ္ျဖတ္မႈ တားဆီးေရး စာခ်ဳပ္ေဖာက္ဖ်က္မႈနဲ႔ တင္ထားတဲ့ စြဲခ်က္ကို ပယ္ဖ်က္ေပးဖို႔၊ ဂမ္ဘီယာႏိုင္ငံက ေတာင္းဆိုထားတဲ့ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္ Provisional Measure ကိုပယ္ခ်ေပးဖို႔ ျမန္မာႏိုင္ငံကိုယ္စားလွယ္ျဖစ္တဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေတာင္းဆိုခဲ့ပါတယ္။

ဒါအျပင္ ျမန္မာႏိုင္ငံအေပၚ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္ ေတြ ျပဳလုပ္မယိဆိုရင္လက္ရွိ အစိုးရဘက္ ကႀကိဳးစားေနတဲ့ ဖြံၿဖိဳးေရး အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရး လုပ္ငန္းစဥ္ေတြ အေပၚသက္ေရာက္ႏိုင္မႈကို လည္းထည့္သြင္းစဥ္းစားဖို႔ ေျပာသြားပါတယ္။

နယ္သာလန္ႏိုင္ငံ သည္ဟိဂ္ ကို ေရာက္ေနတဲ့ ဘီဘီစီ သတင္းေထာက္ ေျပာတာကေတာ့ တရားသူႀကီးေတြဆီကေန ေမးျမန္းခ်က္အရ ဒီအမႈဟာ ဇန္နဝါရီလဆန္း ေလာက္မွ ျမန္မာႏိုင္ငံ အေပၚ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္ ခြင့္ျပဳမျပဳဆိုတာအဆုံးအျဖတ္ ထြက္ႏိုင္မယ္လို႔လည္းသိရပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
ဂမ်ဘီယာရဲ့ တရားစွဲမှုကို ပယ်ဖျက်ပြီး ကြားဖြတ်စီရင်ခွင့် မပေးဖို့ မြန်မာဘက်က ချေပ

Image caption ဂမ်ဘီယာက တရားစွဲမှု ကို ပယ်ဖျက်ပြီး ကြားဖြတ်စီရင်ခွင့် မပေးဖို့ မြန်မာဘက်ကချေပ

ဂမ်ဘီယာဟာ အိုအိုင်စီ အထောက်အပံ့နဲ့ တရားစွဲတာ ဖြစ်ပြီး မြန်မာအပေါ် တရားစွဲမှုကို ပယ်ဖျက်ပြီး ထုတ်နုတ် ကိုးကားထားတဲ့ စွဲချက်တွေဟာ ခိုင်မာမှု မရှိတဲ့အတွက် ကြားဖြတ် စီရင်ခွင့် မပေးဖို့ မြန်မာဘက်က ချေပသွားပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိဂ်မှာ ကျင်းပတဲ့ မြန်မာနဲ့ဂမ်ဘီယာကြား နောက်ဆုံးအပြန်အလှန် ကြားနာမှု နောက်ဆုံးနေ့အပြီး နိဂုံးချုပ် တင်ပြမှုမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

အနောက်အာဖရိကထဲက ဂမ်ဘီယာနိုင်ငံဟာ နိုင်ငံပေါင်း ၅၇ နိုင်ငံပါတဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီ ကို ကိုယ်စားပြုပြီး ဒီအမှုကို ဖွင့်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁ဝ ရက်ကနေ ၁၂ ရက်ထိ နှစ်ဘက်နိုင်ငံတွေရဲ့ လျှောက်ထားချက်တွေကို ၃ ရက်တာ ကြားနာခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်က ရှေ့နေတွေက ဒီဇင်ဘာလ ၁၁ ရက်နေ့က လျှောက်လဲသွားတဲ့ အချက်တွေကို လက်မလွှတ်ဘဲ အိုင်စီဂျေမှာ ဂမ်ဘီယာ တရားစွဲတာ တရားမဝင်ကြောင်းနဲ့ ဂမ်ဘီယာဘက်က စွဲဆိုထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ကျုးလွန်ဖို့ ရည်ရွယ်ချက် မရှိဘူး ဆိုတာကို ဒီဇင်ဘာလ ၁၂ရက်နေ့ အပြန်အလှန် လျှောက်လဲမှုမှာ အဓိကထားပြီး ဥပဒေ အကိုးအကားတွေနဲ့ ရှင်းသွားပါတယ်။
ဓာတ်ပုံ မူပိုင် UN
Image caption ခရစ္စတိုဖာ စတိတ်ကာ

အိုင်စီဂျေ မှာ ဂမ်ဘီယာ ဟာ တရားရင်ဆိုင်ခွင့် မရှိဘူးလို့ မြန်မာဘက်က ရှေ့နေ ခရစ္စတိုဖာ စတိက်ကာ က တရားရုံးမှာ လျှောက်လဲ သွားပါတယ်။

မြန်မာနိုင်ငံကို ဂမ်ဘီယာဘက် ကစွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ကျုးလွန်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်လို့ နောက်ဆုံးနေ့ အပြန်အလှန် ကြားနာမှုမှာ မြန်မာရှေ့နေ့တွေ ဒီအချက်နဲ့ စတင်ချေပ သွားပါတယ်။

ဂမ်ဘီယာ ဟာအိုအိုင်စီ ကတာဝန်ပေးခဲ့ တာဖြစ်ပြီး အိုအိုင်စီ အဖွဲ့ဝင်တွေ ကိုယ်စားတရားစွဲတာဖြစ်တယ် လို့ သူက အကိုးအကားနဲ့ ဆက်ပြောခဲ့ပါတယ်။

ဂျီနိုဆိုက် ကွန်ဗန်းရှင်း အပိုဒ်၈ အရ နိုင်ငံတစ်ခု ကနိုင်ငံ တစ်ခုပေါ်မှာတရားစွဲခွင့်ရှိပြီး အခုလို အိုအိုင်စီ ကိုယ်စားတရားစွဲဆိုတာ ဒီအချက်နဲ့ လုံးဝ လုံးဝ ဆန်ကျင် တယ်လို့ ခရစ္စတိုဖာ စတိတ်ကာ က ပြောသွားပါတယ် ။
ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာနိုင်ငံမှာ ဂျီနိုဆိုက် ရှိတယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူးလို့လည်းပြော

လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ်က မြန်မာနိုင်ငံမှာ ဆက်ရှိနေလို့ ဆိုပြီး provisional measures လို့ခေါ်တဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက်တွေ မြန်မာဘက်က လုပ်ဆောင်အောင် အိုင်စီဂျေက အမိန့်ထုတ်ပြန်ပေးဖို့ ဒီဇင်ဘာ၁၂ ရက် ပထမပိုင်းကြားနာမှုမှာ ဂမ်ဘီယာဘက်က လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ တပ်မတော် ရဲ့လုပ်ဆောင်ချက်တွေ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွှက် ရာမှာ ဂျီနိုဆိုက် လို့ခေါ်တဲ့လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက် ရှိမရှိဆိုတာနဲ့ ပတ်သက်လို့ တိတိကျကျ ချေပငြင်းဆိုခဲ့တာ မရှိပါဘူးဆိုတာကို ပေါလ် ရိုက်ကလာက ပြောခဲ့တာနဲ့ ပတ်သက်လို့ ဒီကိစ္စဟာ ဥပဒေကြောင်းရ တင်ပြရမယ့်ကိစ္စ ဖြစ်ပြီးတော့ တရားရုံးမှာ အငြင်းအခုံ လုပ်ရမယ့်ကိစ္စ မဟုတ်ဘူးလို့ လည်း ပါမောက္ခ ရှေဘတ်စ်က ပြောပါတယ် ။

အထူးသဖြင့် ဂမ်ဘီယာဘက်က ကိုးကားတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အချက်တွေ ကို မြန်မာ ဘက် က ငြင်းခဲ့ပါတယ်။

ရိုဟင်ဂျာတွေ အပေါ် အမုန်းစကားတွေကို အစိုးရက မထိန်းချုပ်ဘူးဆို တာနဲ့ ပတ်သက်လို့ ဒါဟာ တကမ္ဘာလုံးမှာ ဖြစ်နေတဲ့ကိစ္စ ဖြစ်ပြီးတော့ လွတ်လပ်စွာပြောဆိုခွင့်ကို ဘယ်လောက်ထိခိုက် လဲဆိုတာကို သိရှိဖို့လိုတယ်လည်းပြောသွားပါတယ်။

ဂမ်ဘီယာရဲ့ တရားစွဲဆိုမှုအတွက် လူမျိုးတုံးသတ်ဖြတ်မှု မှာ ဘယ်နှစ်ယောက်သေတယ်ဆိုတာကို မဖော်ပြတဲ့ ပထမဆုံး ပြဿနာ ဖြစ်တယ်လို့လည်း ပြောသွားပြီး ဂမ်ဘီယာဘက်က တင်ပြမှုတွေဟာ သေတဲ့ အရေအတွက် တိတိကျကျ မဖော်ပြတာတွေ ဘယ်နေရာတွေ မှာ မြုပ်ထားတယ်ဆိုတာ အစီရင်ခံစာမှာ မဖော်ပြနိုင်တာတွေကို ပြန်ပြီး ထောက်ပြသွားပါတယ်။

ဒါ့အပြင် ဂမ်ဘီယာဘက်က စွပ်စွဲ သလို ပါမောက္ခရှေဘတ်စ်က အယ်လ်ဂျားဇီးရားမှာ ဖြေခဲ့တာဟာ သူတို့က နိမိတ်ပြမေးခွန်းမေးတာကို အဲဒီလို ဆိုရင်တော့ ဖြစ်နိုင်တယ်လို့ ပြောသွားတာဖြစ်ပြီးတော့ သူအနေနဲ့ မြန်မာနိုင်ငံမှာ ဂျီနိုဆိုက် ရှိတယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူးလို့လည်း ပါမောက္ခ ရှေဘတ်စ်က ပြောသွားပါတယ် ။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ကြားနာမှု ဒုတိယနေ့မှာ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာနောက်ဆုံးအဆုံးသတ် နိဂုံးကို ခုနှစ်မိနစ်ခန့် တိုတိုနဲ့ လိုရင်းလျှောက်ထားသွားပြီး ဂမ်ဘီယာ စွဲဆိုမှုတွေဟာ ဥပဒေအကြောင်းရ ခိုင်မာမှုမရှိသလို ထုတ်နှုတ်ကိုးကားထားတဲ့ စွဲချက်တွေဟာ ခိုင်မာမှုမရှိတဲ့အတွက် အပြည်ပြည်ဆိုင်ရာတရားရုံး အနေနဲ့ ဂမ်ဘီယာနိုင်ငံက စွဲချက်တင်ထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး စာချုပ်ဖောက်ဖျက်မှုနဲ့ တင်ထားတဲ့ စွဲချက်ကို ပယ်ဖျက်ပေးဖို့၊ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက် Provisional Measure ကိုပယ်ချပေးဖို့ မြန်မာနိုင်ငံကိုယ်စားလှယ်ဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့ပါတယ်။

ဒါအပြင် မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီမံဆောင်ရွက်ချက် တွေ ပြုလုပ်မယိဆိုရင်လက်ရှိ အစိုးရဘက် ကကြိုးစားနေတဲ့ ဖွံဖြိုးရေး အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေ အပေါ်သက်ရောက်နိုင်မှုကို လည်းထည့်သွင်းစဉ်းစားဖို့ ပြောသွားပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိဂ် ကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ပြောတာကတော့ တရားသူကြီးတွေဆီကနေ မေးမြန်းချက်အရ ဒီအမှုဟာ ဇန်နဝါရီလဆန်း လောက်မှ မြန်မာနိုင်ငံ အပေါ် ကြားဖြတ်စီမံဆောင်ရွက်ချက် ခွင့်ပြုမပြုဆိုတာအဆုံးအဖြတ် ထွက်နိုင်မယ်လို့လည်းသိရပါတယ်။

BBC Burmese
https://www.bbc.com
ဂမ္ဘီယာရဲ႕ တရားစြဲမႈကို ပယ္ဖ်က္ၿပီး ၾကားျဖတ္စီရင္ခြင့္ မေပးဖို႔ ျမန္မာဘက္က ေခ်ပ ဂမ္ဘီယာရဲ႕ တရားစြဲမႈကို ပယ္ဖ်က္ၿပီး ၾကားျဖတ္စီရင္ခြင့္ မေပးဖို႔ ျမန္မာဘက္က ေခ်ပ Reviewed by THITHTOOLWIN on 08:55 Rating: 5
Powered by Blogger.