ေျမပံုၿမိဳ႕နယ္မွာ အစိုးရတပ္နဲ႔ AA တိုက္ပြဲျပင္းထန္

ရခိုင္တပ္မေတာ္ AA နဲ႔ အစိုးရတပ္ၾကား ရခိုင္ေဒသတြင္းစစ္ပဲြေတြေၾကာင့္ ထြက္ေျပးေနရသူမ်ား (AFP)

(Zawgyi / Unicode)

ေျမပံုၿမိဳ႕နယ္ စညင္းေက်းရြာအနီးမွာ အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ ၃ ရက္ဆက္ တုိက္ပြဲအျပင္းအထန္ ျဖစ္ပြားေနတယ္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။ တပ္မေတာ္ဘက္က ေလယာဥ္ေတြ၊ လက္နက္ႀကီးေတြနဲ႔ အဆက္မျပတ္ ပစ္ခတ္ေနတာေၾကာင့္ စညင္းေဒသခံေတြ ထြက္ေျပးေနရတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။ အျပည့္အစံုကို ဗီြအိုေအ ျမန္မာပုိင္းသတင္းေထာက္ ကိုသက္ႏိုင္ တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေျမပံုၿမိဳ႕နယ္ စညင္းေက်းရြာအနီးမွာ အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ ၃ ရက္ဆက္တိုက္ တိုက္ပြဲေတြ ျပင္းထန္ေနတာေၾကာင့္ စညင္းေဒသခံေတြ ေဘးလြတ္ရာ ထြက္ေျပးေနရတယ္လို႔ စညင္းေဒသခံတဦးက ေျပာပါတယ္။

“တိုက္ပြဲျဖစ္ေနတာက စညင္းရြာနဲ႔ဆိုရင္ တမုိင္ေလာက္ရွိမယ္။ ျပင္းျပင္းထန္ထန္ျဖစ္ေနတာ ၃ ရက္ေလာက္ရွိၿပီ။ အင္က်င္းေတာင္ကေနၿပီးေတာ့ လက္နက္ႀကီးေတြနဲ႔ တရက္လံုးနီးပါး ပစ္ေနတာ။ တရက္ ႏွစ္ရက္ သုံးရက္ရွိၿပီ။ ဒီေန႔ဆိုရင္ စစ္ေလယာဥ္နဲ႔လည္း ႏွစ္ရက္ပစ္တယ္။ လက္နက္ႀကီးသံကေတာ့ ဆက္တိုက္ပဲ ေန႔တိုင္းလိုလိုပဲ အခုလည္း ပစ္ေနတယ္ လက္နက္ႀကီးနဲ႔။ အခုက နီးစပ္ရာ ကမ္းေထာင္းႀကီးကို ထြက္ေျပးတယ္။ ေညာင္ကန္ကို ထြက္ေျပးတယ္။ သရက္ေတာင္ကို ထြက္ေျပးတယ္။ နီးစပ္ရာရြာေတြကို ထြက္ေျပးေနၾကတယ္။ ရြာမွာ တေယာက္မွမရွိေတာ့ဘူး သံုးေလးရက္ရွိၿပီ။”

ေျမပံုၿမိဳ႕နယ္မွာ တိုက္ပြဲျပင္းထန္ေနတာျဖစ္ၿပီး အဲဒီတိုက္ပြဲမွာ တပ္မေတာ္ဘက္ကလည္း ထိခိုက္က်ဆံုးမႈ ရွိတယ္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္မွ ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

“ဟုတ္တယ္ခင္ဗ်ာ။ ေျမပံုၿမိဳ႕နယ္ထဲမွာေလ၊ စညင္းေက်းရြာနားမွာ ျဖစ္ေနတာ၊ ၃ ရက္ေတာင္ရွိေနၿပီ။ တိုက္ပြဲအေျခအေနက ျပင္းတယ္လို႔ ေျပာလို႔ရတယ္။ ျပင္းျပင္းထန္ထန္ ျဖစ္ေနတာ။ ထိခိုက္က်ဆံုးမႈကေတာ့ ရွိတာေပါ့ဗ်ာ။ ေတာင္ကုန္းတကုန္းေတာ့ ရၿပီးၿပီ၊ ေနာက္ထပ္ေတာင္ကုန္းေတြကို ထပ္သိမ္းေနတယ္။”

ေျမပံုၿမိဳ႕နယ္မွာ ျဖစ္ပြားတဲ့ တိုက္ပြဲအတြင္းမွာ တပ္မေတာ္ဘက္က ေလယာဥ္ႏွစ္စီးနဲ႔ လာေရာက္ပစ္ခတ္တာေတြရွိၿပီး ပလက္ဝ၊ ဘူးသီးေတာင္၊ ေျမပံုၿမိဳ႕နယ္မွာ အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲေတြ ျပင္းထန္ေနတယ္လို႔ AA အဖြဲ႔က ထုတ္ျပန္ထားပါတယ္။

ဒီဇင္ဘာလအတြင္း စစ္ဆင္ေရးေတြ ပိုမိုလုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔ တပ္မေတာ္ဘက္က ေျပာဆိုထားတာေတြ ရွိသလို ရခိုင္လက္နက္ကိုင္ AA ဘက္ကလည္း တပ္မေတာ္စစ္ေၾကာင္းေတြကို လက္ဦးမႈယူ တိုက္ခိုက္ေနတာေတြေၾကာင့္ ရခိုင္ေျမာက္ပိုင္း စစ္ေျမျပင္ဟာလည္း ပိုမိုက်ယ္ျပန္႔လာတာ ျဖစ္ပါတယ္။

ျပင္းထန္ေနတဲ့ တိုက္ပြဲအတြင္း ရခိုင္ေျမာက္ပိုင္းမွာ ေနရပ္စြန္႔ခြာ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ စစ္ေဘးေရွာင္ဦးေရဟာလည္း တေန႔ထက္တေန႔ ပိုမိုမ်ားျပားလာတာ ျဖစ္ပါတယ္။

------------------------------------

(Unicode)

မြေပုံမြို့နယ်မှာ အစိုးရတပ်နဲ့ AA တိုက်ပွဲပြင်းထန်

မြေပုံမြို့နယ် စညင်းကျေးရွာအနီးမှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ၃ ရက်ဆက် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။ တပ်မတော်ဘက်က လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် စညင်းဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင် တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြေပုံမြို့နယ် စညင်းကျေးရွာအနီးမှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စညင်းဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ စညင်းဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်နေတာက စညင်းရွာနဲ့ဆိုရင် တမိုင်လောက်ရှိမယ်။ ပြင်းပြင်းထန်ထန်ဖြစ်နေတာ ၃ ရက်လောက်ရှိပြီ။ အင်ကျင်းတောင်ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ တရက်လုံးနီးပါး ပစ်နေတာ။ တရက် နှစ်ရက် သုံးရက်ရှိပြီ။ ဒီနေ့ဆိုရင် စစ်လေယာဉ်နဲ့လည်း နှစ်ရက်ပစ်တယ်။ လက်နက်ကြီးသံကတော့ ဆက်တိုက်ပဲ နေ့တိုင်းလိုလိုပဲ အခုလည်း ပစ်နေတယ် လက်နက်ကြီးနဲ့။ အခုက နီးစပ်ရာ ကမ်းထောင်းကြီးကို ထွက်ပြေးတယ်။ ညောင်ကန်ကို ထွက်ပြေးတယ်။ သရက်တောင်ကို ထွက်ပြေးတယ်။ နီးစပ်ရာရွာတွေကို ထွက်ပြေးနေကြတယ်။ ရွာမှာ တယောက်မှမရှိတော့ဘူး သုံးလေးရက်ရှိပြီ။”

မြေပုံမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး အဲဒီတိုက်ပွဲမှာ တပ်မတော်ဘက်ကလည်း ထိခိုက်ကျဆုံးမှု ရှိတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

“ဟုတ်တယ်ခင်ဗျာ။ မြေပုံမြို့နယ်ထဲမှာလေ၊ စညင်းကျေးရွာနားမှာ ဖြစ်နေတာ၊ ၃ ရက်တောင်ရှိနေပြီ။ တိုက်ပွဲအခြေအနေက ပြင်းတယ်လို့ ပြောလို့ရတယ်။ ပြင်းပြင်းထန်ထန် ဖြစ်နေတာ။ ထိခိုက်ကျဆုံးမှုကတော့ ရှိတာပေါ့ဗျာ။ တောင်ကုန်းတကုန်းတော့ ရပြီးပြီ၊ နောက်ထပ်တောင်ကုန်းတွေကို ထပ်သိမ်းနေတယ်။”

မြေပုံမြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာ တပ်မတော်ဘက်က လေယာဉ်နှစ်စီးနဲ့ လာရောက်ပစ်ခတ်တာတွေရှိပြီး ပလက်ဝ၊ ဘူးသီးတောင်၊ မြေပုံမြို့နယ်မှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလအတွင်း စစ်ဆင်ရေးတွေ ပိုမိုလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ တပ်မတော်ဘက်က ပြောဆိုထားတာတွေ ရှိသလို ရခိုင်လက်နက်ကိုင် AA ဘက်ကလည်း တပ်မတော်စစ်ကြောင်းတွေကို လက်ဦးမှုယူ တိုက်ခိုက်နေတာတွေကြောင့် ရခိုင်မြောက်ပိုင်း စစ်မြေပြင်ဟာလည်း ပိုမိုကျယ်ပြန့်လာတာ ဖြစ်ပါတယ်။

ပြင်းထန်နေတဲ့ တိုက်ပွဲအတွင်း ရခိုင်မြောက်ပိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေဟာလည်း တနေ့ထက်တနေ့ပိုမိုများပြားလာတာ ဖြစ်ပါတယ်။

သက္ႏိုင္/VOA Burmese
https://burmese.voanews.com
ေျမပံုၿမိဳ႕နယ္မွာ အစိုးရတပ္နဲ႔ AA တိုက္ပြဲျပင္းထန္ ေျမပံုၿမိဳ႕နယ္မွာ အစိုးရတပ္နဲ႔ AA တိုက္ပြဲျပင္းထန္ Reviewed by THITHTOOLWIN on 02:36 Rating: 5
Powered by Blogger.