၂၀၂၀ ေရြးေကာက္ပဲြ အမတ္ေနရာအတြက္ တုိင္းရင္းသားပါတီေတြနဲ႔ NLD အေပးအယူလုပ္မွာမဟုတ္

NLD ႐ုံးခ်ဳပ္တြင္ စက္တင္ဘာလအတြင္းက က်င္းပခဲ့သည့္ ဒုတိယ ဗဟိုေကာ္မတီ တတိယအႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး။ (ဓာတ္ပုံ - NLD. စက္တင္ဘာ ၂၂၊ ၂၀၁၉)

(Zawgyi / Unicode)

၂၀၂၀ ေရြးေကာက္ပဲြမွာ အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (NLD) ပါတီက တုိင္းရင္းသား ႏိုင္ငံေရးပါတီေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ေနရာအတြက္ အေပးအယူလုပ္မွာ မဟုတ္ေၾကာင္း မေန႔ကက်င္းပတဲ့ ပါတီရဲ႕ ဗဟိုအလုပ္အမႈေဆာင္ အစည္းအေ၀းက ဆံုးျဖတ္လုိက္ပါတယ္။ ဒီလို ဆံုးျဖတ္တာနဲ႔ ပတ္သက္ၿပီး ဘယ္လိုသေဘာထား အျမင္ေတြ ရွိၾကတယ္ ဆိုတာကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုမုိးေဇာ္က ေမးျမန္း တင္ျပထားပါတယ္။

အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ပါတီက ၾကာသပေတးေန႔က က်င္းပတဲ့ ဗဟိုအလုပ္အမႈေဆာင္ အစည္းအေ၀းကေန ၂၀၂၀ ေရြးေကာက္ပဲြမွာ သူတုိ႔ရဲ႕ ရပ္တည္ခ်က္ကို ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

တိုင္းရင္းသားပါတီေတြနဲ႔ ပတ္သက္တဲ့ ဒီဆံုးျဖတ္ခ်က္ကို ပါတီေျပာေရးဆိုခြင့္ရိွသူ ေဒါက္တာမ်ိဳးညြန္႔က အခုလို ေျပာပါတယ္။

“ပါတီရဲ႕ မူအရေတာ့ က်ေနာ္တုိ႔ တုိင္းရင္းသားပါတီေတြနဲ႔ က်ေနာ္တုိ႔ အဖဲြ႔ခ်ဳပ္က ေရြးေကာက္ပဲြမွာ လြတ္လပ္ပြင့္လင္းစြာ ၀င္ေရာက္ယွဥ္ၿပိဳင္ၾကပါမယ္။ ျပည္သူလူထုက အဆံုးအျဖတ္ေပးလို႔ လႊတ္ေတာ္ထဲ ေရာက္လာတဲ့ အခါမွာေတာ့ ဒီမုိကေရစီ၊ ဖက္ဒရယ္ျပည္ေထာင္စုကို အတူလက္တဲြၿပီးေတာ့ ေဆာင္ရြက္ၾကပါမယ္။ က်ေနာ္တုိ႔ ဒီလုိပဲ ထားပါတယ္။ အမတ္ေနရာနဲ႔ ပတ္သက္လုိ႔ အေပးအယူလုပ္ ညိႇႏိႈင္းတာေတာ့ လုပ္မွာမဟုတ္ဘူး။ လာမယ့္ အနာဂတ္မွာ ဒီမုိကေရစီ၊ ဖက္ဒရယ္ျပည္ေထာင္စုကို ဘယ္လုိပံုစံမ်ိဳးနဲ႔ တည္ေဆာက္ခ်င္တယ္ ဆုိတဲ့အပိုင္းမွာ က်ေနာ္တုိ႔ သေဘာထားအျမင္ေတြကို ဖလွယ္ၾကမွာ ျဖစ္ပါတယ္။”

တိုင္းရင္းသားပါတီ အေတာ္မ်ားမ်ားကေတာ့ စစ္အစိုးရလက္ေအာက္မွာ အတူတကြ ပူးေပါင္းေဆာင္ရြက္ခဲ့ေပမယ့္ အာဏာရလာတဲ့ေနာက္မွာ NLD ပါတီဟာ တုိင္းရင္းသားပါတီေတြနဲ႔ ကင္းကြာခဲ့ေၾကာင္း ႐ႈျမင္ၾကပါတယ္။

လက္ရိွ NLD ပါတီရဲ႕ ဆံုးျဖတ္ခ်က္အေပၚမွာေတာ့ မြန္ညီညြတ္ေရးပါတီရဲ႕ တဲြဘက္အတြင္းေရးမွဴး တဦးျဖစ္တဲ့ ႏိုင္စိုးျမင့္က အခုလို ေျပာပါတယ္။

“NLD ဟာ ၉၀ ျပည့္ႏွစ္ေနာက္ပိုင္း က်ေနာ္တုိ႔ တိုင္းရင္းသားေတြ ၀ိုင္းရံေပးတာတို႔၊ ေဒၚေအာင္ဆန္းစုၾကည္အတြက္ အမ်ိဳးမ်ိဳး လုပ္ခဲ့ၾကတာေပါ့ဗ်ာ။ လက္ရိွ သူအာဏာရၿပီးေနာက္ပိုင္း ေနာက္ထပ္ေတြ႔ဆံုမႈ ရင္းႏွီးတဲ့ လကၡဏာေပါ့ဗ်ာ တခုမွ မျပခဲ့ဘူးေလ။ အဲဒါေၾကာင့္ က်ေနာ္တုိ႔က NLD ဟာ ေျပာင္းသြားၿပီ ဆုိၿပီးေတာ့ က်ေနာ္တုိ႔ဘက္က ေကာက္ခ်က္ခ်ရတာေပါ့ဗ်ာ။ ၁၉၉၀ ရလဒ္တည္းကေန လက္တဲြခဲ့ၾကတယ္။ UNLD နဲ႔ေပါ့ဗ်ာ။ UNLD နဲ႔ တစိုက္မတ္မတ္ CRPP ပံုစံမ်ိဳး ၀န္းရံခဲ့တယ္။ ဒါလည္း ရိွခဲ့တယ္ သမိုင္းစဥ္မွာ။ အမ်ိဳးသား ရင္ၾကားေစ့ေရး ေခါင္းစဥ္တခုတည္းနဲ႔ က်ေနာ္တို႔ တုိင္းရင္းသားအားလံုးကို ပစ္ပယ္တယ္ဆုိရင္ ဒါေတာ့ သူ႔ရဲ႕အျမင္ပဲ ျဖစ္မွာေပါ့ဗ်ာ။ က်ေနာ္တုိ႔ေတာ့ အျပန္အလွန္ အသိအမွတ္ျပဳမႈေတာ့ ရိွသင့္တယ္လုိ႔ ယူဆတယ္ေပါ့ဗ်ာ။”

ႏိုင္ငံေရးေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုးကေတာ့ “တကယ္တမ္း က်ေနာ္တုိ႔က ဖက္ဒရယ္လုိ႔ ေျပာေနလုိ႔ရိွရင္ ျပည္နယ္ေတြမွာ တိုင္းရင္းသားပါတီေတြရဲ႕ အခန္းက႑ကို အသိအမွတ္ျပဳဖို႔ လိုတယ္။ တုိင္းရင္းသားပါတီေတြနဲ႔ လက္တဲြအလုပ္လုပ္ဖုိ႔ရာပဲ ျပင္ဆင္ထားဖို႔ လုိအပ္တယ္လုိ႔ ထင္တယ္။ ေဒၚေအာင္ဆန္းစုၾကည္လည္း ေျပာဖူးတာပဲ၊ ဒီ အခြန္အေကာက္ခဲြေ၀ေရး၊ သယံဇာတ ခဲြေ၀ေရး အစရိွသျဖင့္ေပါ့ဗ်ာ။ ဒီ အုပ္ခ်ဳပ္ေရးအာဏာ ခဲြေ၀ေရးနဲ႔ ပတ္သက္ၿပီး ဒီ ဖက္ဒရယ္အခြင့္အေရးေတြ ေပးဖုိ႔အတြက္ သူတို႔အေနနဲ႔ သေဘာထားရိွတယ္ ဆုိလုိ႔ရိွရင္ တိုင္းရင္းသားပါတီေတြရဲ႕ အခန္းက႑ကို အေလးအနက္ထား စဥ္းစားၿပီးေတာ့ တုိင္းရင္းသားပါတီေတြနဲ႔ အာဏာခဲြေ၀ယူဖို႔ ဒါကို အေလးအနက္ထားဖို႔ လုိတယ္။ မဟုတ္ဘဲနဲ႔ ဗဟုိခ်ဳပ္ကိုင္မႈစနစ္အတုိင္း အေပၚကခ်ည္းပဲ သြားမယ္ဆုိရင္ တိုင္းရင္းသားပါတီေတြနဲ႔ ဆက္ဆံေရး ေကာင္းမွာမဟုတ္ဘူး။ ဒီ ၂၀၂၀ ေရြးေကာက္ပဲြ အလားအလာကလည္းပဲ တုိင္းရင္းသားပါတီေတြနဲ႔ NLD နဲ႔ အၿပိဳင္ျဖစ္လာလိမ့္မယ္။” လုိ႔ ေျပာပါတယ္။

၂၀၂၀ ေရြးေကာက္ပဲြ အႀကိဳကာလမွာေတာ့ ကခ်င္၊ မြန္၊ ခ်င္း၊ ကရင္ စတဲ့ ပါတီေတြကလည္း ေရြးေကာက္ပဲြမွာ မဲမကဲြေအာင္ ရည္ရြယ္ၿပီး ျပည္နယ္အလိုက္ လူမ်ိဳးတူပါတီေတြကို စုဖဲြ႔ ေပါင္းစည္းတာေတြ ရိွခဲ့ပါတယ္။

-------------------------------------

(Unicode)

၂၀၂၀ ရွေးကောက်ပွဲ အမတ်နေရာအတွက် တိုင်းရင်းသားပါတီတွေနဲ့ NLD အပေးအယူလုပ်မှာမဟုတ်

၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် အပေးအယူလုပ်မှာ မဟုတ်ကြောင်း မနေ့ကကျင်းပတဲ့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။ ဒီလို ဆုံးဖြတ်တာနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထား အမြင်တွေ ရှိကြတယ် ဆိုတာကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က မေးမြန်း တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကြာသပတေးနေ့က ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကနေ ၂၀၂၀ ရွေးကောက်ပွဲမှာ သူတို့ရဲ့ ရပ်တည်ချက်ကို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ ပတ်သက်တဲ့ ဒီဆုံးဖြတ်ချက်ကို ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က အခုလို ပြောပါတယ်။

“ပါတီရဲ့ မူအရတော့ ကျနော်တို့ တိုင်းရင်းသားပါတီတွေနဲ့ ကျနော်တို့ အဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ လွတ်လပ်ပွင့်လင်းစွာ ဝင်ရောက်ယှဉ်ပြိုင်ကြပါမယ်။ ပြည်သူလူထုက အဆုံးအဖြတ်ပေးလို့ လွှတ်တော်ထဲ ရောက်လာတဲ့ အခါမှာတော့ ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုကို အတူလက်တွဲပြီးတော့ ဆောင်ရွက်ကြပါမယ်။ ကျနော်တို့ ဒီလိုပဲ ထားပါတယ်။ အမတ်နေရာနဲ့ ပတ်သက်လို့ အပေးအယူလုပ် ညှိနှိုင်းတာတော့ လုပ်မှာမဟုတ်ဘူး။ လာမယ့် အနာဂတ်မှာ ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုပုံစံမျိုးနဲ့ တည်ဆောက်ချင်တယ် ဆိုတဲ့အပိုင်းမှာ ကျနော်တို့ သဘောထားအမြင်တွေကို ဖလှယ်ကြမှာ ဖြစ်ပါတယ်။”

တိုင်းရင်းသားပါတီ အတော်များများကတော့ စစ်အစိုးရလက်အောက်မှာ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ပေမယ့် အာဏာရလာတဲ့နောက်မှာ NLD ပါတီဟာ တိုင်းရင်းသားပါတီတွေနဲ့ ကင်းကွာခဲ့ကြောင်း ရှုမြင်ကြပါတယ်။

လက်ရှိ NLD ပါတီရဲ့ ဆုံးဖြတ်ချက်အပေါ်မှာတော့ မွန်ညီညွတ်ရေးပါတီရဲ့ တွဲဘက်အတွင်းရေးမှူး တဦးဖြစ်တဲ့ နိုင်စိုးမြင့်က အခုလို ပြောပါတယ်။

“NLD ဟာ ၉၀ ပြည့်နှစ်နောက်ပိုင်း ကျနော်တို့ တိုင်းရင်းသားတွေ ဝိုင်းရံပေးတာတို့၊ ဒေါ်အောင်ဆန်းစုကြည်အတွက် အမျိုးမျိုး လုပ်ခဲ့ကြတာပေါ့ဗျာ။လက်ရှိ သူအာဏာရပြီးနောက်ပိုင်း နောက်ထပ်တွေ့ဆုံမှု ရင်းနှီးတဲ့ လက္ခဏာပေါ့ဗျာ တခုမှ မပြခဲ့ဘူးလေ။ အဲဒါကြောင့် ကျနော်တို့က NLD ဟာ ပြောင်းသွားပြီ ဆိုပြီးတော့ ကျနော်တို့ဘက်က ကောက်ချက်ချရတာပေါ့ဗျာ။ ၁၉၉၀ ရလဒ်တည်းကနေ လက်တွဲခဲ့ကြတယ်။ UNLD နဲ့ပေါ့ဗျာ။ UNLD နဲ့ တစိုက်မတ်မတ် CRPP ပုံစံမျိုး ဝန်းရံခဲ့တယ်။ ဒါလည်း ရှိခဲ့တယ် သမိုင်းစဉ်မှာ။ အမျိုးသား ရင်ကြားစေ့ရေး ခေါင်းစဉ်တခုတည်းနဲ့ ကျနော်တို့ တိုင်းရင်းသားအားလုံးကို ပစ်ပယ်တယ်ဆိုရင် ဒါတော့ သူ့ရဲ့အမြင်ပဲ ဖြစ်မှာပေါ့ဗျာ။ ကျနော်တို့တော့ အပြန်အလှန် အသိအမှတ်ပြုမှုတော့ ရှိသင့်တယ်လို့ ယူဆတယ်ပေါ့ဗျာ။”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ “တကယ်တမ်း ကျနော်တို့က ဖက်ဒရယ်လို့ ပြောနေလို့ရှိရင် ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့ လိုတယ်။ တိုင်းရင်းသားပါတီတွေနဲ့ လက်တွဲအလုပ်လုပ်ဖို့ရာပဲ ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောဖူးတာပဲ၊ ဒီ အခွန်အကောက်ခွဲဝေရေး၊ သယံဇာတ ခွဲဝေရေး အစရှိသဖြင့်ပေါ့ဗျာ။ ဒီ အုပ်ချုပ်ရေးအာဏာ ခွဲဝေရေးနဲ့ ပတ်သက်ပြီး ဒီ ဖက်ဒရယ်အခွင့်အရေးတွေ ပေးဖို့အတွက် သူတို့အနေနဲ့ သဘောထားရှိတယ် ဆိုလို့ရှိရင် တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍကို အလေးအနက်ထား စဉ်းစားပြီးတော့ တိုင်းရင်းသားပါတီတွေနဲ့ အာဏာခွဲဝေယူဖို့ ဒါကို အလေးအနက်ထားဖို့ လိုတယ်။ မဟုတ်ဘဲနဲ့ ဗဟိုချုပ်ကိုင်မှုစနစ်အတိုင်း အပေါ်ကချည်းပဲ သွားမယ်ဆိုရင် တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေး ကောင်းမှာမဟုတ်ဘူး။ ဒီ ၂၀၂၀ ရွေးကောက်ပွဲ အလားအလာကလည်းပဲ တိုင်းရင်းသားပါတီတွေနဲ့ NLD နဲ့ အပြိုင်ဖြစ်လာလိမ့်မယ်။” လို့ ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလမှာတော့ ကချင်၊ မွန်၊ ချင်း၊ ကရင် စတဲ့ ပါတီတွေကလည်း ရွေးကောက်ပွဲမှာ မဲမကွဲအောင် ရည်ရွယ်ပြီး ပြည်နယ်အလိုက် လူမျိုးတူပါတီတွေကို စုဖွဲ့ ပေါင်းစည်းတာတွေ ရှိခဲ့ပါတယ်။

ကိုမိုးေဇာ္/VOA Burmese
https://burmese.voanews.com
၂၀၂၀ ေရြးေကာက္ပဲြ အမတ္ေနရာအတြက္ တုိင္းရင္းသားပါတီေတြနဲ႔ NLD အေပးအယူလုပ္မွာမဟုတ္ ၂၀၂၀ ေရြးေကာက္ပဲြ အမတ္ေနရာအတြက္ တုိင္းရင္းသားပါတီေတြနဲ႔ NLD အေပးအယူလုပ္မွာမဟုတ္ Reviewed by THITHTOOLWIN on 01:34 Rating: 5
Powered by Blogger.