ICJ ေျဖရွင္းဖို႔ အတိုင္ပင္ခံကိုယ္တိုင္ဦးေဆာင္ သြားေရာက္မည္

ႏိုင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္

(Zawgyi/Unicode)

ရခုိင္ျပည္နယ္က အေျခအေနေတြနဲ႔ ပတ္သက္လုိ႔ ျမန္မာႏုိင္ငံကုိ အျပည္ျပည္ဆုိင္ရာ တရား႐ုံး (ICJ) မွာ တရားစဲြထားတဲ့ အမႈနဲ႔ ပတ္သက္လုိ႔ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကုိယ္တုိင္ ဦးေဆာင္ေျဖရွင္းသြားမယ့္အေၾကာင္း ဒီကေန႔ပဲ ေၾကညာခ်က္ထုတ္ျပန္ ေျပာဆုိလုိက္ပါတယ္။

လူမ်ဳိးတုန္းသတ္ျဖတ္မႈဆုိင္ရာ ဥပေဒကုိ ခ်ဳိးေဖာက္မႈနဲ႔ ျမန္မာႏုိင္ငံအေပၚ အစၥလာမၼစ္ပူးေပါင္းေဆာင္ရြက္ေရးအဖဲြ႔ (OIC) ကုိယ္စား ဂမ္ဘီယာႏုိင္ငံက ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ ICJ မွာ တရားစဲြဆုိထားတဲ့ အမႈကုိ ရင္ဆုိင္ဖုိ႔ ႏုိင္ငံတကာက ကၽြမ္းက်င္တဲ့ ဥပေဒပညာရွင္ေတြကုိ ငွားရမ္းထားၿပီး ျဖစ္ေၾကာင္းလည္း အတုိင္ပင္ခံပုဂၢိဳလ္႐ုံးရဲ႕ ဒီကေန႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာပါ။

နယ္သာလန္ႏုိင္ငံ the Hague ၿမိဳ႕က ICJ တရား႐ုံးကုိ ေစလႊတ္မယ့္ ျမန္မာႏုိင္ငံ ကုိယ္စားလွယ္အဖဲြ႔ကုိ ႏုိင္ငံျခားေရး၀န္ႀကီးလည္းျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္မွာ ျဖစ္ေၾကာင္းလည္း ေျပာဆုိထားပါတယ္။

ဂမ္ဘီယာ ႏုိင္ငံကေတာ့ ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးအဖဲြ႔ရဲ႕ ေတြ႔ရွိခ်က္ေတြအရ ရခုိင္ျပည္နယ္မွာ ႐ုိဟင္ဂ်ာေတြအေပၚ က်ဳးလြန္မႈေတြဟာ လူမ်ဳိးတုန္းသတ္ျဖတ္မႈ တားဆီးေရး ၁၉၄၈ ခုႏွစ္ ဥပေဒကုိ ခ်ဳိးေဖာက္ရာေရာက္ေၾကာင္း စြပ္စဲြခ်က္နဲ႔ တရားစဲြခဲ့တာပါ။

ကုလသမဂၢ တရား႐ုံးျဖစ္တဲ့ ICJ ကေတာ့ အမႈကုိ ေရွ႕လ ဒီဇင္ဘာ ၁၀ ရက္ေန႔မွာ စတင္ၾကားနာ စစ္ေဆးမွာျဖစ္ေၾကာင္း ဒီသီတင္းပတ္ထဲမွာပဲ သတင္း ထုတ္ျပန္ထားပါတယ္။ ဒီဇင္ဘာ ၁၀ ရက္ေန႔ က်ရင္ေတာ့ တရားလိုျဖစ္တဲ့ ဂမ္ဘီယာႏုိင္ငံက အဖြဲ႕ဝင္ (၁၅)ဦးပါ ICJ တရား႐ုံးမွာ ေလွ်ာက္လဲခ်က္ တင္သြင္းမွာျဖစ္ၿပီး၊ ေနာက္တရက္မွာ ျမန္မာဘက္က ေလွ်ာက္လဲရမွာပါ။

႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ လက္မခံတဲ့ ျမန္မာအစုိးရကေတာ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြနဲ႔ ပတ္သက္လုိ႔ ႏုိင္ငံတကာရဲ႕ စြပ္စဲြခ်က္ေတြကုိ ပယ္ခ်ထားၿပီး၊ က်ဳးလြန္သူေတြကုိ စုံစမ္းေဖာ္ထုတ္ အေရးယူတာေတြရွိေၾကာင္းလည္း ေျပာဆုိထားတာ ျဖစ္ပါတယ္။

[Unicode Version]

ICJ ဖြေရှင်းဖို့ အတိုင်ပင်ခံကိုယ်တိုင်ဦးဆောင် သွားရောက်မည်

ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ဖြေရှင်းသွားမယ့်အကြောင်း ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုနဲ့ မြန်မာနိုင်ငံအပေါ် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ICJ မှာ တရားစွဲဆိုထားတဲ့ အမှုကို ရင်ဆိုင်ဖို့ နိုင်ငံတကာက ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တွေကို ငှားရမ်းထားပြီး ဖြစ်ကြောင်းလည်း အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

နယ်သာလန်နိုင်ငံ the Hague မြို့က ICJ တရားရုံးကို စေလွှတ်မယ့် မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှာ ဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။

ဂမ်ဘီယာ နိုင်ငံကတော့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေအရ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ကျုးလွန်မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး ၁၉၄၈ ခုနှစ် ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း စွပ်စွဲချက်နဲ့ တရားစွဲခဲ့တာပါ။

ကုလသမဂ္ဂ တရားရုံးဖြစ်တဲ့ ICJ ကတော့ အမှုကို ရှေ့လ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စတင်ကြားနာ စစ်ဆေးမှာဖြစ်ကြောင်း ဒီသီတင်းပတ်ထဲမှာပဲ သတင်း ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ ကျရင်တော့ တရားလိုဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက အဖွဲ့ဝင် (၁၅)ဦးပါ ICJ တရားရုံးမှာ လျှောက်လဲချက် တင်သွင်းမှာဖြစ်ပြီး၊ နောက်တရက်မှာ မြန်မာဘက်က လျှောက်လဲရမှာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်မခံတဲ့ မြန်မာအစိုးရကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေကို ပယ်ချထားပြီး၊ ကျုးလွန်သူတွေကို စုံစမ်းဖော်ထုတ် အရေးယူတာတွေရှိကြောင်းလည်း ပြောဆိုထားတာ ဖြစ်ပါတယ်။

VOA Burmese
https://burmese.voanews.com
ICJ ေျဖရွင္းဖို႔ အတိုင္ပင္ခံကိုယ္တိုင္ဦးေဆာင္ သြားေရာက္မည္ ICJ ေျဖရွင္းဖို႔ အတိုင္ပင္ခံကိုယ္တိုင္ဦးေဆာင္ သြားေရာက္မည္ Reviewed by THITHTOOLWIN on 21:21 Rating: 5
Powered by Blogger.