ေက်ာက္မဲ မိုင္းေငါ့ေက်း႐ြာထဲ လက္နက္ႀကီးက်


(Zawgyi/Unicode)

ရွမ္းျပည္နယ္ေျမာက္ပိုင္း တပ္မေတာ္နဲ႔ တေအာန္းလက္နက္ကိုင္ TNLA တို႔ ထိေတြ႕တိုက္ခိုက္မႈေတြ ရွိေနတဲ့ ေက်ာက္မဲၿမိဳ႕နယ္တဝိုက္က ေက်း႐ြာေဒသခံ ၁,၀၀၀ ေလာက္ ထြက္ေျပးတိမ္းေရွာင္ေနရၿပီး ဒီေန႔ မိုင္းေငါ့ေက်း႐ြာ အုပ္စုနားက ခုံငင္းေက်း႐ြာထဲကို လက္နက္ႀကီးက်ည္ဆံေတြက်ေရာက္ ေပါက္ကြဲခဲ့ပါတယ္။ ေက်ာက္မဲၿမိဳ႕နယ္က ကယ္ဆယ္ေရးအဖြဲ႕ေတြကေတာ့ ေဒသခံေတြကို ေခၚယူ၊ ကယ္ထုတ္ႏိုင္ဖို႔ ႀကိဳးစားေနေပမဲ့ နယ္ေျမမေအးခ်မ္းေသးတာေၾကာင့္ အခက္အခဲေတြရွိ ေနတယ္လို႔ ေျပာပါတယ္။ အျပည့္အစုံကိုေတာ့ ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးပါမယ္။

ေက်ာက္မဲၿမိဳ႕နယ္ ခုံငင္းေက်း႐ြာထဲကို ဒီေန႔ ႏိုဝင္ဘာလ ၂၀ရက္ မနက္ပိုင္းမွာ လက္နက္ႀကီးက်ည္ဆံေတြ က်ေရာက္ခဲ့ၿပီး ေနအိမ္တခ်ိဳ႕ ထိခိုက္ပ်က္စီးခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ နမ့္ဆန္ၿမိဳ႕နယ္ တခ်ိဳ႕ေနရာမွာ တပ္မေတာ္နဲ႔ တိုက္ပြဲျဖစ္ခဲ့တာရွိေပမဲ့ လက္နက္ႀကီးက်ခဲ့တဲ့ ခုံငင္းေက်း႐ြာဘက္မွာေတာ့ တပ္မေတာ္နဲ႔ တိုက္ခိုက္မႈေတြမရွိခဲ့ေၾကာင္း တေအာန္းလက္နက္ကိုင္ TNLA ေျပာခြင့္ရ ဗိုလ္မႉးတားအိုက္ေက်ာ္က ဗြီအိုေအကိုေျပာပါတယ္။

“ ခုံငင္းေက်း႐ြာဘက္မွာေတာ့တိုက္ပြဲမရွိဘူး။ ဒါေပမဲ့ ဒီတပ္ဘက္က မိုင္းေငါ့တပ္ဘက္ကေန လက္နက္ႀကီးလွမ္းပစ္တာေတြ မနက္ ၁၀နာရီဝန္းက်င္ကေန ၁၂နာရီခြဲအထိ ေတာက္ေလွ်ာက္ပစ္ေနတယ္။ အားလုံး ၁၄ ႀကိမ္ရွိတယ္။”

တပ္မေတာ္နဲ႔ TNLA ေန႔တိုင္းလိုလိုျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ လုပ္ငန္းခြင္မဝင္ႏိုင္ဘဲ ပိတ္မိေနတဲ့ ေဒသခံေတြဟာ စားနပ္ရိကၡာ ျပတ္လပ္မႈေတြရွိေနလို႔ အေထာက္အပံ့တခ်ိဳ႕ ေပးထားရေၾကာင္း ဗိုလ္မႉး တားအိုက္ေက်ာ္က ေျပာပါတယ္။

ခုံငင္းေက်း႐ြာထဲကို လက္နက္ႀကီးက်တဲ့ ကိစၥနဲ႔ပတ္သက္ၿပီး အေရွ႕ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ေျပာခြင့္ရ ဗိုလ္မႉးႀကီး ဝင္းထြဋ္ေလးကို ဗြီအိုေအကက ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႔မရခဲ့ပါဘူး။

အခုႏိုဝင္ဘာလ ၇ ရက္ေလာက္ကစၿပီး ခပ္စိတ္စိတ္ျဖစ္လာတဲ့ တပ္မေတာ္နဲ႔ TNLA တိုက္ပြဲေတြေၾကာင့္ ေက်ာက္မဲၿမိဳ႕နယ္ထဲက ေက်း႐ြာေဒသခံ ၁,၀၀၀ ေက်ာ္ေလာက္ဟာ ထြက္ေျပးတိမ္းေရွာင္ေနရေၾကာင္း ပရဟိတ ကူညီေရးအဖြဲ႕ေတြက ေျပာပါတယ္။ တိုက္ပြဲရွိေနတဲ့ေက်း႐ြာက ေဒသခံေတြကိုကယ္ထုတ္ၿပီး ေက်ာက္မဲၿမိဳ႕ေပၚက ယာယီစခန္းေတြကို ေ႐ြ႕ေျပာင္းေပးဖို႔ ႀကိဳးစားေနေပမဲ့ တိုက္ပြဲေတြေၾကာင့္ ကယ္ဆယ္ေရး အဖြဲ႕ေတြ မသြားႏိုင္ေသးေၾကာင္း ေက်ာက္မဲၿမိဳ႕နယ္ နမ့္ခုမ္းပရဟိတအဖြဲ႕က ကိုစိုင္းပီးက ေျပာပါတယ္။

“ၾကားသေလာက္ကေတာ့ အာေျပာင္ (ေက်း႐ြာ)ဘက္မွာ နည္းနည္းမ်ားမယ္ထင္တယ္၊ (စစ္ေရွာင္) ၅၀၀ ေလာက္ရွိတယ္ေျပာတယ္။ ဒါေပမဲ့ က်ေနာ္တို႔ကလည္း မျမင္ရေတာ့ အတိအက်ခ်ည္းမေျပာႏိုင္ဘူး။ ဒီခုံငင္းေက်း႐ြာနားမွာေတာ့ ၂၀၀ ေက်ာ္လို႔ေတာ့ၾကားတယ္။ ဒီ ပရဟိတအဖြဲ႕အစည္းေတြေတာ့ သြားဖို႔ ႀကိဳးစားေနၾကတယ္၊ ဒါေပမဲ့ အေျခအေနက ေန႔တိုင္းမၿငိမ္ဘူးျဖစ္ေနတယ္။ လက္နက္ႀကီးေတြကလည္း သြားေနတုန္းပဲဆိုေတာ့။ အဲဒါေၾကာင့္ က်ေနာ္တို႔လည္း မသြားရဲေသးဘူးေပါ့။ ပရဟိတကားေတြက သြားလို႔မရဘူး အဲဒီလိုျဖစ္ေနတာ။ လမ္းပန္းဆက္သြယ္ေရးကလည္း နည္းနည္းခက္ခဲတယ္ေပါ့။”

တိုက္ပြဲေၾကာင့္ ေရွာင္တိမ္းေနရတဲ့ မိုင္းေခါက္ေက်း႐ြာအုပ္စုက ေဒသခံေတြကို TNLA ဘက္ကေစာင့္ေရွာက္ထားေၾကာင္း မိုင္းေခါက္ေဒသခံ ခမ္းလင္းက အခုလို ေျပာပါတယ္။

“အစိုးရ ဆရာမေတြလည္း အခုမိုင္းေခါက္မွာ ေရာက္ေနတယ္ရွင့္၊ မေန႔ကတည္းက။ အကုန္လုံးစစ္ေျပးၿပီးေတာ့မွ မိုင္းေခါက္မွာေရာက္ေနတယ္ရွင့္။ ေလးရက္၊ ဒီေန႔ပါ ငါးရက္ရွိၿပီ။ အေျခအေနက သူတို႔က (TNLA) ကေျပာတာ မေပးျပန္ေသးဘူး၊ အေျခမအေန မေကာင္းေသးဘူး၊ ၿပီးေတာ့ အေျခအေနေကာင္းမွပဲ ၿပီးမွပဲ ေပးျပန္မယ္။ စာရင္းအကုန္လုံးယူထားတယ္။ လူႀကီးေရာ၊ ကေလးေရာ၊ အဘိုးအဘြားေတြေရာရွင့္။”

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းကလည္း မိုင္းေငါ့တပ္စခန္းကေန ပစ္ခတ္မႈေၾကာင့္ အာေျပာင္ေက်း႐ြာထဲကို လက္နက္ႀကီး ၁၀ လုံးေလာက္ က်ေရာက္ခဲ့ၿပီး ေမြးျမဴေရးၿခံတခ်ိဳ႕နဲ႔ လူ ၄ဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ မေပါက္ကြဲေသးတဲ့ လက္နက္ႀကီးက်ည္ဆံတခ်ိဳ႕လည္း က်န္ရွိခဲ့ေၾကာင္း သတင္းမီဒီယာတခ်ိဳ႕မွာ ေရးသားေဖာ္ျပၾကပါတယ္။

ႏိုဝင္ဘာ ၁၆ရက္ေန႔ကေတာ့ အရပ္ဘက္ အဖြဲ႕အစည္း ၉၀ ေက်ာ္က ရွမ္းျပည္နယ္ေျမာက္ပိုင္း တိုက္ပြဲနဲ႔ပတ္သက္ၿပီး အေရးေပၚ ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့တာပါ။

အဲဒီထုတ္ျပန္ခ်က္မွာ ေအာက္တိုဘာလကေန လက္ရွိအခ်ိန္ထိ တိုက္ပြဲ ျဖစ္ပြားတဲ့ ကာလအတြင္းမွာ အရပ္သားျပည္သူ ၃၀ေက်ာ္ ထိခိုက္ဒဏ္ရာရၿပီး အနည္းဆုံး ၅ဦး ေသဆုံးခဲ့ရေၾကာင္းနဲ႔ အရပ္သားေတြကို ပစ္မွတ္ထား တိုက္ခိုက္တာေတြ အျမန္ဆုံး ရပ္တန႔္ေပးဖို႔ ေတာင္းဆိုထားၾကပါတယ္။

[Unicode Version]

ကျောက်မဲ မိုင်းငေါ့ကျေးရွာထဲ လက်နက်ကြီးကျ

ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မတော်နဲ့ တအောန်းလက်နက်ကိုင် TNLA တို့ ထိတွေ့တိုက်ခိုက်မှုတွေရှိနေတဲ့ ကျောက်မဲမြို့နယ်တဝိုက်က ကျေးရွာဒေသခံ ၁,၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရပြီး ဒီနေ့ မိုင်းငေါ့ကျေးရွာ အုပ်စုနားက ခုံငင်းကျေးရွာထဲကို လက်နက်ကြီးကျည်ဆံတွေကျရောက် ပေါက်ကွဲခဲ့ပါတယ်။ ကျောက်မဲမြို့နယ်က ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ဒေသခံတွေကို ခေါ်ယူ၊ ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေပေမဲ့ နယ်မြေမအေးချမ်းသေးတာကြောင့် အခက်အခဲတွေရှိ နေတယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။

ကျောက်မဲမြို့နယ် ခုံငင်းကျေးရွာထဲကို ဒီနေ့ နိုဝင်ဘာလ ၂၀ရက် မနက်ပိုင်းမှာ လက်နက်ကြီးကျည်ဆံတွေ ကျရောက်ခဲ့ပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ နမ့်ဆန်မြို့နယ် တချို့နေရာမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ခဲ့တာရှိပေမဲ့ လက်နက်ကြီးကျခဲ့တဲ့ ခုံငင်းကျေးရွာဘက်မှာတော့ တပ်မတော်နဲ့ တိုက်ခိုက်မှုတွေမရှိခဲ့ကြောင်း တအောန်းလက်နက်ကိုင် TNLA ပြောခွင့်ရ ဗိုလ်မှူးတားအိုက်ကျော်က ဗွီအိုအေကိုပြောပါတယ်။

“ ခုံငင်းကျေးရွာဘက်မှာတော့တိုက်ပွဲမရှိဘူး။ ဒါပေမဲ့ ဒီတပ်ဘက်က မိုင်းငေါ့တပ်ဘက်ကနေ လက်နက်ကြီးလှမ်းပစ်တာတွေ မနက် ၁၀နာရီဝန်းကျင်ကနေ ၁၂နာရီခွဲအထိ တောက်လျှောက်ပစ်နေတယ်။ အားလုံး ၁၄ ကြိမ်ရှိတယ်။”

တပ်မတော်နဲ့ TNLA နေ့တိုင်းလိုလိုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လုပ်ငန်းခွင်မဝင်နိုင်ဘဲ ပိတ်မိနေတဲ့ ဒေသခံတွေဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေရှိနေလို့ အထောက်အပံ့တချို့ ပေးထားရကြောင်း ဗိုလ်မှူး တားအိုက်ကျော်က ပြောပါတယ်။

ခုံငင်းကျေးရွာထဲကို လက်နက်ကြီးကျတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းထွဋ်လေးကို ဗွီအိုအေကက ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

အခုနိုဝင်ဘာလ ၇ ရက်လောက်ကစပြီး ခပ်စိတ်စိတ်ဖြစ်လာတဲ့ တပ်မတော်နဲ့ TNLA တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့နယ်ထဲက ကျေးရွာဒေသခံ ၁,၀၀၀ ကျော်လောက်ဟာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပရဟိတ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ တိုက်ပွဲရှိနေတဲ့ကျေးရွာက ဒေသခံတွေကိုကယ်ထုတ်ပြီး ကျောက်မဲမြို့ပေါ်က ယာယီစခန်းတွေကို ရွေ့ပြောင်းပေးဖို့ ကြိုးစားနေပေမဲ့ တိုက်ပွဲတွေကြောင့် ကယ်ဆယ်ရေး အဖွဲ့တွေ မသွားနိုင်သေးကြောင်း ကျောက်မဲမြို့နယ် နမ့်ခုမ်းပရဟိတအဖွဲ့က ကိုစိုင်းပီးက ပြောပါတယ်။

“ကြားသလောက်ကတော့ အာပြောင် (ကျေးရွာ)ဘက်မှာ နည်းနည်းများမယ်ထင်တယ်၊ (စစ်ရှောင်) ၅၀၀ လောက်ရှိတယ်ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ကလည်း မမြင်ရတော့ အတိအကျချည်းမပြောနိုင်ဘူး။ ဒီခုံငင်းကျေးရွာနားမှာတော့ ၂၀၀ ကျော်လို့တော့ကြားတယ်။ ဒီ ပရဟိတအဖွဲ့အစည်းတွေတော့ သွားဖို့ ကြိုးစားနေကြတယ်၊ ဒါပေမဲ့ အခြေအနေက နေ့တိုင်းမငြိမ်ဘူးဖြစ်နေတယ်။ လက်နက်ကြီးတွေကလည်း သွားနေတုန်းပဲဆိုတော့။ အဲဒါကြောင့် ကျနော်တို့လည်း မသွားရဲသေးဘူးပေါ့။ ပရဟိတကားတွေက သွားလို့မရဘူး အဲဒီလိုဖြစ်နေတာ။ လမ်းပန်းဆက်သွယ်ရေးကလည်း နည်းနည်းခက်ခဲတယ်ပေါ့။”

တိုက်ပွဲကြောင့် ရှောင်တိမ်းနေရတဲ့ မိုင်းခေါက်ကျေးရွာအုပ်စုက ဒေသခံတွေကို TNLA ဘက်ကစောင့်ရှောက်ထားကြောင်း မိုင်းခေါက်ဒေသခံ ခမ်းလင်းက အခုလို ပြောပါတယ်။

“အစိုးရ ဆရာမတွေလည်း အခုမိုင်းခေါက်မှာ ရောက်နေတယ်ရှင့်၊ မနေ့ကတည်းက။ အကုန်လုံးစစ်ပြေးပြီးတော့မှ မိုင်းခေါက်မှာရောက်နေတယ်ရှင့်။ လေးရက်၊ ဒီနေ့ပါ ငါးရက်ရှိပြီ။ အခြေအနေက သူတို့က (TNLA) ကပြောတာ မပေးပြန်သေးဘူး၊ အခြေမအနေ မကောင်းသေးဘူး၊ ပြီးတော့ အခြေအနေကောင်းမှပဲ ပြီးမှပဲ ပေးပြန်မယ်။ စာရင်းအကုန်လုံးယူထားတယ်။ လူကြီးရော၊ ကလေးရော၊ အဘိုးအဘွားတွေရောရှင့်။”

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မိုင်းငေါ့တပ်စခန်းကနေ ပစ်ခတ်မှုကြောင့် အာပြောင်ကျေးရွာထဲကို လက်နက်ကြီး ၁၀ လုံးလောက် ကျရောက်ခဲ့ပြီး မွေးမြူရေးခြံတချို့နဲ့ လူ ၄ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ဆံတချို့လည်း ကျန်ရှိခဲ့ကြောင်း သတင်းမီဒီယာတချို့မှာ ရေးသားဖော်ပြကြပါတယ်။

နိုဝင်ဘာ ၁၆ရက်နေ့ကတော့ အရပ်ဘက် အဖွဲ့အစည်း ၉၀ ကျော်က ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲနဲ့ပတ်သက်ပြီး အရေးပေါ် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တာပါ။

အဲဒီထုတ်ပြန်ချက်မှာ အောက်တိုဘာလကနေ လက်ရှိအချိန်ထိ တိုက်ပွဲ ဖြစ်ပွားတဲ့ ကာလအတွင်းမှာ အရပ်သားပြည်သူ ၃၀ကျော် ထိခိုက်ဒဏ်ရာရပြီး အနည်းဆုံး ၅ဦး သေဆုံးခဲ့ရကြောင်းနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ အမြန်ဆုံး ရပ်တန့်ပေးဖို့ တောင်းဆိုထားကြပါတယ်။

ေဇာ္ထက္/ VOA Burmese
https://burmese.voanews.com
ေက်ာက္မဲ မိုင္းေငါ့ေက်း႐ြာထဲ လက္နက္ႀကီးက် ေက်ာက္မဲ မိုင္းေငါ့ေက်း႐ြာထဲ လက္နက္ႀကီးက် Reviewed by THITHTOOLWIN on 21:20 Rating: 5
Powered by Blogger.