ကြတ္ခိုင္ၿမိဳ႕အနီး ပစ္ခတ္မွုျဖစ္ပြါး လက္နက္ႀကီးပစ္ခတ္သျဖင့္ ရြာသားမ်ားစိုးရိမ္ေၾကာက္လွန႔္

(Zawgyi)⤵⤵⤵
နိုဝင္ဘာလ ၁၃ ရက္ ၂၀၁၉

သၽွမ္းျပည္ေျမာက္ပိုင္း သိႏၷီၿမိဳ႕နယ္ႏွင့္ ကြတ္ခိုင္ၿမိဳ႕နယ္ၾကား အစိုးရတပ္မေတာ္ႏွင့္ တအာင္း TNLA တို႔တိုက္ပြဲေၾကာင့္ ခရီးသြားျပည္သူလူထု လမ္းခရီးမဆက္ရဲဘဲ ေရာက္ သည့္ေနရာတြင္ ရပ္နားထားရသည့္အျပင္ ရြာသားမ်ားလည္း လက္နက္ႀကီးသံေၾကာင့္ ေၾကာက္ရြံ့ေနၾကေၾကာင္းသိရသည္။

နိုဝင္ဘာလ ၁၃ ရက္ ယေန႔မနက္ပိုင္းကတည္းက သိႏၷီ ကြတ္ခိုင္ၾကား လြယ္ဆာမ္ဆစ္ တြင္ တိုက္ပြဲျဖစ္ပြါးရာ မူစယ္-မႏၲေလးခရီးသြားမ်ား လမ္းခရီးျပတ္ေတာက္ရေၾကာင္း ေဒသခံစိုင္းလွ က သၽွမ္းသံေတာ္ဆင့္အားေျပာသည္။

“မနက္အေစာပိုင္း ၇ နာရီကတည္းက ေသနတ္သံထြက္တာ။ လက္နက္ႀကီးသံစစၾကားမိတယ္။ ကြတ္ခိုင္ၿမိဳ႕တြင္းတပ္ကေန ပစ္ခတ္တာ။ ၿပီးမွ ၂ ဖက္ ပစ္ခတ္သံၾကားရတယ္။ ခရီးသည္ကားေတြႀကီးငယ္အကုန္ ကြတ္ခိုင္အဝင္မွာအစိုးရတပ္ ကတားထား တယ္။ ကြတ္ခိုင္အထြက္မွာ တအာင္းတပ္က တားထားတယ္ဆိုေတာ့ ကားအသြားအလာ ၂ နာရီေလာက္အၾကာ ရပ္ထားရတာေပါ့။ ”- ဟု အသက္ ၅၀ ခန႔္အရြယ္ရွိ ေဒသခံ စိုင္းလွ ကေျပာသည္။

လားရွိုးမွ ကြတ္ခိုင္အဝင္ လြယ္ဆမ္ဆစ္ႏွင့္ ေကာင္းခါးလမ္းခြဲ ၾကား ေဂါက္ကလပ္ႏွင့္ ကမၻာေအးအနီး ကြတ္ခိုင္ၿမိဳ႕မွ ၃ မိုင္ခန႔္အကြာတြင္တိုက္ပြဲျဖစ္ပြါးခဲ့ျခင္းျဖစ္သည္။

“လက္နက္ႀကီးေတြပစ္ခတ္လို႔ ရြာသားေတြစိုးရိမ္မွုရွိေနၾကတာ။ သူတို႔ကပစ္ဖို႔ဘဲသိတယ္။ ဘယ္မွာက်က် ဂ႐ုမစိုက္ေတာ့ဘူးေလ။ ခုေလာေလာဆယ္ေတာ့ စစ္ေဘးေရွာင္မရွိေသးဘူး။ ေသနတ္သံလည္း ၉ နာရီေက်ာ္ေက်ာ္ ၁၀ နာရီေလာက္မွာ ၿငိမ္သြားတယ္ ” - ဟု စိုင္းလွ ကေျပာသည္။

သၽွမ္းျပည္ေျမာက္ပိုင္းတြင္ယခုတပတ္အတြင္းတိုက္ပြဲမ်ားျပန္လည္ျဖစ္ပြါးလာၿပီး တိုက္ပြဲမ်ားတြင္ အစိုးရတပ္မွ လက္နက္ႀကီးပစ္ခတ္မွုမ်ားရွိခဲ့ေၾကာင္း တိုက္ပြဲမ်ားျဖစ္ပြါးခဲ့ေသာ ေက်ာက္မဲေဒသခံ၊ ကြတ္ခိုင္ေဒသခံမ်ားကေျပာသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
------------------
(Unicode)⤵⤵⤵

ကွတ်ခိုင်မြို့အနီး ပစ်ခတ်မှုဖြစ်ပွါး လက်နက်ကြီးပစ်ခတ်သဖြင့် ရွာသားများစိုးရိမ်ကြောက်လှန့်

သျှမ်းသံတော်ဆင့်၊ဟွမ်ဟိန်း
နိုဝင်ဘာလ ၁၃ ရက် ၂၀၁၉

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်ကြား အစိုးရတပ်မတော်နှင့် တအာင်း TNLA တို့တိုက်ပွဲကြောင့် ခရီးသွားပြည်သူလူထု လမ်းခရီးမဆက်ရဲဘဲ ရောက် သည့်နေရာတွင် ရပ်နားထားရသည့်အပြင် ရွာသားများလည်း လက်နက်ကြီးသံကြောင့် ကြောက်ရွံ့နေကြကြောင်းသိရသည်။

နိုဝင်ဘာလ ၁၃ ရက် ယနေ့မနက်ပိုင်းကတည်းက သိန္နီ ကွတ်ခိုင်ကြား လွယ်ဆာမ်ဆစ် တွင် တိုက်ပွဲဖြစ်ပွါးရာ မူစယ်-မန္တလေးခရီးသွားများ လမ်းခရီးပြတ်တောက်ရကြောင်း ဒေသခံစိုင်းလှ က သျှမ်းသံတော်ဆင့်အားပြောသည်။

“မနက်အစောပိုင်း ၇ နာရီကတည်းက သေနတ်သံထွက်တာ။ လက်နက်ကြီးသံစစကြားမိတယ်။ ကွတ်ခိုင်မြို့တွင်းတပ်ကနေ ပစ်ခတ်တာ။ ပြီးမှ ၂ ဖက် ပစ်ခတ်သံကြားရတယ်။ ခရီးသည်ကားတွေကြီးငယ်အကုန် ကွတ်ခိုင်အဝင်မှာအစိုးရတပ် ကတားထား တယ်။ ကွတ်ခိုင်အထွက်မှာ တအာင်းတပ်က တားထားတယ်ဆိုတော့ ကားအသွားအလာ ၂ နာရီလောက်အကြာ ရပ်ထားရတာပေါ့။ ”- ဟု အသက် ၅၀ ခန့်အရွယ်ရှိ ဒေသခံ စိုင်းလှ ကပြောသည်။

လားရှိုးမှ ကွတ်ခိုင်အဝင် လွယ်ဆမ်ဆစ်နှင့် ကောင်းခါးလမ်းခွဲ ကြား ဂေါက်ကလပ်နှင့် ကမ္ဘာအေးအနီး ကွတ်ခိုင်မြို့မှ ၃ မိုင်ခန့်အကွာတွင်တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

“လက်နက်ကြီးတွေပစ်ခတ်လို့ ရွာသားတွေစိုးရိမ်မှုရှိနေကြတာ။ သူတို့ကပစ်ဖို့ဘဲသိတယ်။ ဘယ်မှာကျကျ ဂရုမစိုက်တော့ဘူးလေ။ ခုလောလောဆယ်တော့ စစ်ဘေးရှောင်မရှိသေးဘူး။ သေနတ်သံလည်း ၉ နာရီကျော်ကျော် ၁၀ နာရီလောက်မှာ ငြိမ်သွားတယ် ” - ဟု စိုင်းလှ ကပြောသည်။

သျှမ်းပြည်မြောက်ပိုင်းတွင်ယခုတပတ်အတွင်းတိုက်ပွဲများပြန်လည်ဖြစ်ပွါးလာပြီး တိုက်ပွဲများတွင် အစိုးရတပ်မှ လက်နက်ကြီးပစ်ခတ်မှုများရှိခဲ့ကြောင်း တိုက်ပွဲများဖြစ်ပွါးခဲ့သော ကျောက်မဲဒေသခံ၊ ကွတ်ခိုင်ဒေသခံများကပြောသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ကြတ္ခိုင္ၿမိဳ႕အနီး ပစ္ခတ္မွုျဖစ္ပြါး လက္နက္ႀကီးပစ္ခတ္သျဖင့္ ရြာသားမ်ားစိုးရိမ္ေၾကာက္လွန႔္ ကြတ္ခိုင္ၿမိဳ႕အနီး ပစ္ခတ္မွုျဖစ္ပြါး လက္နက္ႀကီးပစ္ခတ္သျဖင့္ ရြာသားမ်ားစိုးရိမ္ေၾကာက္လွန႔္ Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.