ရပ္ေစာက္ၿမိဳ႕နယ္တြင္ ေဒသခံအမ်ိဳးသမီးတဦးအား ေသနတ္သမားတဦးဝင္ေရာက္ပစ္ခတ္

(Zawgyi)⤵⤵⤵

နိုဝင္ဘာလ ၁၂ ရက္ ၂၀၁၉

သၽွမ္းျပည္ေတာင္ပိုင္း ရပ္ေစာက္ၿမိဳ႕နယ္တြင္ အမ်ိဳးသမီးတဦးအား ေသနတ္သမားတဦးက ေနအိမ္အထိ ဝင္ေရာက္ပစ္ခတ္ခဲ့ေၾကာင္းသိရသည္။

နိုဝင္ဘာလ ၁၀ ရက္ ညေနပိုင္းက ရပ္ေစာက္ၿမိဳ႕နယ္ ေနာင္ဝိုးရြာေန နန္းခမ္းစိန္ အသက္ ၄၃ ႏွစ္သည္လယ္ေတာမွ ေနအိမ္ျပန္အေရာက္တြက္ အသက္ ၂၅ ႏွစ္ခန႔္အရြယ္ရွိအမ်ိဳးသားတဦးက ဆိုင္ကယ္ျဖစ္အိမ္ဝင္းအတြင္းဝင္ေရာက္ကာ ပစ္ခတ္ခဲ့သျဖင့္ က်ည္ ၄ ခ်က္ထိမွန္ၿပီးေနရာတြင္ပင္ပြဲခ်င္းၿပီးေသဆုံးခဲ့ေၾကာင္းသိရသည္။

“သူ႔ရဲ့ ရင္ဘတ္မွာတခ်က္၊ ညာဘက္လက္မွာတခ်က္၊ ေပါင္မွာတခ်က္နဲ႔ ဗိုက္မွာတခ်က္ က်ည္ဆံဝင္သြားတယ္။ ေနအိမ္မွာဘဲ ပြဲခ်င္းၿပီးေသသြားတယ္။ သူ႔ရဲ့အေလာင္းကိုေတာ့ ရပ္ေစာက္ေဆး႐ုံမွာဘဲရင္ခြဲစစ္ေဆးၿပီးေတာ့ မေန႔က ညေန ၄ နာရီေလာက္မွာ သၿဂိဳဟ္လိုက္ပါတယ္။ဘာေၾကာင့္လဲဆိုတာေတာ့က်ေနာ္တို႔မသိပါဘူး။ အမ်ိဳးေတြၾကားမွာ ထင္ျမင္ခ်က္ေပးေနတာတခုကေတာ့ ေငြေရးေၾကးေရးကိစၥဘဲရွိမယ္ထင္တယ္လို႔ေျပာပါတယ္။ ” - ဟု ေဆြမ်ိဳးေတာ္စပ္သူ စိုင္းေနာင့္ကေျပာသည္။

ပစ္ခတ္ခံရသည့္က်ည္ခြံအား ရဲမ်ားစစ္ေဆးရာတြင္ ျမန္မာအစိုးရ၏ ကာကြယ္ေရးဌာနမွ ထုတ္ေပးေသာက်ည္မဟုတ္ေၾကာင္း၊ နယ္စပ္မွ ေရာင္းဝယ္သည့္က်ည္ခြံျဖစ္ေၾကာင္း ၊ ပစ္ခတ္မွု တရားခံကိုလည္း ရွာေဖြေနေၾကာင္း ေျပာဆိုေနၾကသည္။

“ေသနတ္သမားေတြက ခုတေလာ လူထုပါပစ္ခတ္လာတယ္၊ သံဃာေတာ္ေတြပါမက်န္ ပစ္ခတ္ လာတယ္ ဆိုေတာ့ စိုးရိမ္ရတဲ့အေနအေျခအေနေပါ့။ မလုံျခဳံဘူးလို႔ခံစားရတယ္ ” - ဟု ရပ္ေစာက္ ေဒသခံ စိုင္းသန္း ကလည္းေျပာသည္။

နန္းခမ္းစိန္သည္ ရပ္ေစာက္ၿမိဳ႕ေန လုံးဆန္ႏုတ္၊ ပါလိတ္ တို႔၏သမီးျဖစ္ၿပီးေမြးခ်င္းညီအကိုေမာင္ႏွမ ၄ ဦးရွိေၾကာင္းသိရသည္။ လက္ရွိတြင္ခင္ပြန္းျဖစ္သူ စိုင္းဘသိန္းႏွင့္သားသမီး ၃ ဦး က်န္ရစ္ခဲ့ေၾကာင္း သိရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
----------------
(Unicode)⤵⤵⤵
ရပ်စောက်မြို့နယ်တွင် ဒေသခံအမျိုးသမီးတဦးအား သေနတ်သမားတဦးဝင်ရောက်ပစ်ခတ်

သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
နိုဝင်ဘာလ ၁၂ ရက် ၂၀၁၉

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်တွင် အမျိုးသမီးတဦးအား သေနတ်သမားတဦးက နေအိမ်အထိ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

နိုဝင်ဘာလ ၁၀ ရက် ညနေပိုင်းက ရပ်စောက်မြို့နယ် နောင်ဝိုးရွာနေ နန်းခမ်းစိန် အသက် ၄၃ နှစ်သည်လယ်တောမှ နေအိမ်ပြန်အရောက်တွက် အသက် ၂၅ နှစ်ခန့်အရွယ်ရှိအမျိုးသားတဦးက ဆိုင်ကယ်ဖြစ်အိမ်ဝင်းအတွင်းဝင်ရောက်ကာ ပစ်ခတ်ခဲ့သဖြင့် ကျည် ၄ ချက်ထိမှန်ပြီးနေရာတွင်ပင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။

“သူ့ရဲ့ ရင်ဘတ်မှာတချက်၊ ညာဘက်လက်မှာတချက်၊ ပေါင်မှာတချက်နဲ့ ဗိုက်မှာတချက် ကျည်ဆံဝင်သွားတယ်။ နေအိမ်မှာဘဲ ပွဲချင်းပြီးသေသွားတယ်။ သူ့ရဲ့အလောင်းကိုတော့ ရပ်စောက်ဆေးရုံမှာဘဲရင်ခွဲစစ်ဆေးပြီးတော့ မနေ့က ညနေ ၄ နာရီလောက်မှာ သဂြိုဟ်လိုက်ပါတယ်။ဘာကြောင့်လဲဆိုတာတော့ကျနော်တို့မသိပါဘူး။ အမျိုးတွေကြားမှာ ထင်မြင်ချက်ပေးနေတာတခုကတော့ ငွေရေးကြေးရေးကိစ္စဘဲရှိမယ်ထင်တယ်လို့ပြောပါတယ်။ ” - ဟု ဆွေမျိုးတော်စပ်သူ စိုင်းနောင့်ကပြောသည်။

ပစ်ခတ်ခံရသည့်ကျည်ခွံအား ရဲများစစ်ဆေးရာတွင် မြန်မာအစိုးရ၏ ကာကွယ်ရေးဌာနမှ ထုတ်ပေးသောကျည်မဟုတ်ကြောင်း၊ နယ်စပ်မှ ရောင်းဝယ်သည့်ကျည်ခွံဖြစ်ကြောင်း ၊ ပစ်ခတ်မှု တရားခံကိုလည်း ရှာဖွေနေကြောင်း ပြောဆိုနေကြသည်။

“သေနတ်သမားတွေက ခုတလော လူထုပါပစ်ခတ်လာတယ်၊ သံဃာတော်တွေပါမကျန် ပစ်ခတ် လာတယ် ဆိုတော့ စိုးရိမ်ရတဲ့အနေအခြေအနေပေါ့။ မလုံခြုံဘူးလို့ခံစားရတယ် ” - ဟု ရပ်စောက် ဒေသခံ စိုင်းသန်း ကလည်းပြောသည်။

နန်းခမ်းစိန်သည် ရပ်စောက်မြို့နေ လုံးဆန်နုတ်၊ ပါလိတ် တို့၏သမီးဖြစ်ပြီးမွေးချင်းညီအကိုမောင်နှမ ၄ ဦးရှိကြောင်းသိရသည်။ လက်ရှိတွင်ခင်ပွန်းဖြစ်သူ စိုင်းဘသိန်းနှင့်သားသမီး ၃ ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
ရပ္ေစာက္ၿမိဳ႕နယ္တြင္ ေဒသခံအမ်ိဳးသမီးတဦးအား ေသနတ္သမားတဦးဝင္ေရာက္ပစ္ခတ္ ရပ္ေစာက္ၿမိဳ႕နယ္တြင္ ေဒသခံအမ်ိဳးသမီးတဦးအား ေသနတ္သမားတဦးဝင္ေရာက္ပစ္ခတ္ Reviewed by THITHTOOLWIN on 00:53 Rating: 5
Powered by Blogger.