ေက်ာက္မဲ-ေနာင္ခ်ိဳ လမ္းမေပၚ ပစ္ခတ္မႈ ျဖစ္ပြား


(Zawgyi)⤵⤵⤵
ႏိုဝင္ဘာ ၄၊၂၀၁၉

သွ်မ္းျပည္ ေျမာက္ပိုင္း ေက်ာက္မဲ- ေနာင္ခ်ိဳ ျပည္ေထာင္စု လမ္းမေပၚတြင္ ယေန႔ (ေအာက္တိုဘာ ၄) ေန႔လည္ ၁၂နာရီ ဝန္းက်င္တြင္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ေက်ာက္မဲၿမိဳ႕နယ္ ခိုက္တုံဟုန္းေက်း႐ြာအနီး၊ ေကာင္းမူးလွ်ံလမ္းခြဲ အနီးတြင္ ျမန္မာ့တပ္မေတာ္ မွ လုံၿခဳံေရး အရ ပစ္ခတ္မႈ ျပဳလုပ္ခဲ့ေၾကာင္း၊ တိုက္ပြဲ မဟုတ္ေၾကာင္း ေက်ာက္မဲၿမိဳ႕ ဇီဝိတ ဒါန လူမႈ ကူညီေရး အသင္း မွ ဦးတင္ေမာင္သိန္း က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ တိုက္ပြဲ မဟုတ္ပါဘူး။ တပ္က မသကၤာလို႔ ပစ္ရွင္းတာပါ။ လုံၿခဳံေရး အရ ပစ္တာပါ” ဟု ဦးတင္ေမာင္သိန္း က ဆိုသည္။

ယေန႔ ေန႔လည္ ၁၂နာရီ တြင္ ေက်ာက္မဲ- ေနာင္ခ်ိဳ ျပည္ေထာင္စုလမ္းမေပၚ ျဖစ္ပြားသည့္ တိုက္ပြဲ အေျခအေနသည္ မည္သည့္ အဖြဲ႕ တိုက္ပြဲ ျဖစ္ပြားသည္ကို မသိရွိေသးေၾကာင္း၊ ေသနတ္သံ ၾကားရေၾကာင္း၊ လူထိခိုက္မႈ အေျခအေန လည္းမသိရေသးေၾကာင္း ေက်ာက္မဲၿမိဳ႕နယ္ အမွတ္(၁) မဲဆႏၵနယ္ ျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းထြန္းဝင္း က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

“ ဒီေန႔ ျဖစ္ပြားတဲ့ တိုက္ပြဲက ဘယ္သူေတြျဖစ္ၾကလဲမသိဘူး။ အဲ့ေနရာက သွ်မ္းတပ္ RCSS ေတြေတာ့ရွိတယ္။ ေသနတ္သံေတြၾကားရေတာ့ ကားအတက္ အဆင္း ေတြ ခဏ ရပ္ထားရတယ္။ အခုလမ္းျပန္ဖြင့္ၿပီလား မသိေသးဘူး” ဟု ဦးစိုင္းထြန္းင္း က ေျပာသည္။

သွ်မ္းျပည္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ တြင္ ယခုရက္ပိုင္း ပစ္ခတ္မႈ မ်ား မၾကာခဏ ရွိေနသျဖင့္ တရားဥပေဒ စိုးမိုးမႈ ကင္းေနေၾကာင္း လည္း ေက်ာက္မဲေဒသခံမ်ားက ေျပာဆိုလိုက္သည္။

ယမန္ေန႔ ေန႔လည္ ၂နာရီခြဲတြင္ ေက်ာက္မဲၿမိဳ႕ ေပၚရွိ စားေသာက္ဆိုင္တြင္ မိုင္းတင္း ေက်း႐ြာ အုပ္စု အုပ္ခ်ဳပ္ေရးမႉး၊ နားမြန္း ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ႏွင့္ လြယ္အြယ္ ေက်း႐ြာသား တို႔ ၃ဦး ေသနတ္ပစ္ခံရၿပီး ေသဆုံးခဲ့သည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
---------------
(Unicode)⤵⤵⤵
ကျောက်မဲ-နောင်ချို လမ်းမပေါ် ပစ်ခတ်မှု ဖြစ်ပွား

နိုဝင်ဘာ ၄၊၂၀၁၉

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲ- နောင်ချို ပြည်ထောင်စု လမ်းမပေါ်တွင် ယနေ့ (အောက်တိုဘာ ၄) နေ့လည် ၁၂နာရီ ဝန်းကျင်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ကျောက်မဲမြို့နယ် ခိုက်တုံဟုန်းကျေးရွာအနီး၊ ကောင်းမူးလျှံလမ်းခွဲ အနီးတွင် မြန်မာ့တပ်မတော် မှ လုံခြုံရေး အရ ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း၊ တိုက်ပွဲ မဟုတ်ကြောင်း ကျောက်မဲမြို့ ဇီဝိတ ဒါန လူမှု ကူညီရေး အသင်း မှ ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ တိုက်ပွဲ မဟုတ်ပါဘူး။ တပ်က မသင်္ကာလို့ ပစ်ရှင်းတာပါ။ လုံခြုံရေး အရ ပစ်တာပါ” ဟု ဦးတင်မောင်သိန်း က ဆိုသည်။

ယနေ့ နေ့လည် ၁၂နာရီ တွင် ကျောက်မဲ- နောင်ချို ပြည်ထောင်စုလမ်းမပေါ် ဖြစ်ပွားသည့် တိုက်ပွဲ အခြေအနေသည် မည်သည့် အဖွဲ့ တိုက်ပွဲ ဖြစ်ပွားသည်ကို မသိရှိသေးကြောင်း၊ သေနတ်သံ ကြားရကြောင်း၊ လူထိခိုက်မှု အခြေအနေ လည်းမသိရသေးကြောင်း ကျောက်မဲမြို့နယ် အမှတ်(၁) မဲဆန္ဒနယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ဒီနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲက ဘယ်သူတွေဖြစ်ကြလဲမသိဘူး။ အဲ့နေရာက သျှမ်းတပ် RCSS တွေတော့ရှိတယ်။ သေနတ်သံတွေကြားရတော့ ကားအတက် အဆင်း တွေ ခဏ ရပ်ထားရတယ်။ အခုလမ်းပြန်ဖွင့်ပြီလား မသိသေးဘူး” ဟု ဦးစိုင်းထွန်းင်း က ပြောသည်။

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ တွင် ယခုရက်ပိုင်း ပစ်ခတ်မှု များ မကြာခဏ ရှိနေသဖြင့် တရားဥပဒေ စိုးမိုးမှု ကင်းနေကြောင်း လည်း ကျောက်မဲဒေသခံများက ပြောဆိုလိုက်သည်။

ယမန်နေ့ နေ့လည် ၂နာရီခွဲတွင် ကျောက်မဲမြို့ ပေါ်ရှိ စားသောက်ဆိုင်တွင် မိုင်းတင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၊ နားမွန်း ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် လွယ်အွယ် ကျေးရွာသား တို့ ၃ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့သည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
ေက်ာက္မဲ-ေနာင္ခ်ိဳ လမ္းမေပၚ ပစ္ခတ္မႈ ျဖစ္ပြား ေက်ာက္မဲ-ေနာင္ခ်ိဳ လမ္းမေပၚ ပစ္ခတ္မႈ ျဖစ္ပြား Reviewed by THITHTOOLWIN on 22:09 Rating: 5
Powered by Blogger.