က်ိဳင္းတုံအေရွ႕ေျမာက္ဘက္ေဒသ ၀ ႏွင့္ အစိုးရတပ္ စစ္ေရးတင္းမာ မိုင္းလားအထူးေဒသအတြင္းကူးစက္

Photo SHAN- မိုင္းယန္းႏွင့္ မိုင္းေပါက္ၾကားရွိ ၀ ႏွင့္ မိုင္းလားနယ္ျခား ခိုဆြန္ဂိတ္
(Zawgyi)⤵⤵⤵
သွ်မ္းျပည္အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕နယ္ အေရွ႕ေျမာက္ေဒသ မိုင္းယန္း ႏွင့္ မိုင္းခတ္ ၿမိဳ႕နယ္အတြင္း အစိုးရတပ္ ႏွင့္ ၀ တပ္ တို႔ ေအာက္တိုဘာလ ေႏွာင္းပိုင္းက စစ္ေရးတင္းမာမႈမ်ားျဖစ္ပြါးရာ ယခုရက္ပိုင္းအတြင္း မိုင္းလားနယ္ေျမအတြင္းသို႔ ကူးစက္လာေနေၾကာင္း ေဒသခံမ်ားေျပာျပခ်က္အရ သိရသည္။

“မိုင္းခတ္ဗ်ဴဟာမႉးက ၀ါးတားဂိတ္ သြားလုပ္တာၿပီးခဲ့တဲ့အပတ္က၊ အဲဒါကို ၀ က သူတို႔သြားလာတဲ့ လမ္းေၾကာင္းကို ပိတ္ဆို႔စစ္ေဆးရမလားဆိုၿပီး အင္အား အလုံးအရင္းနဲ႔ ၂ ရက္ၾကာလာဝိုင္းတယ္။ အဲဒီဝါးတားဂိတ္ေတြကိုလဲ အကုန္ဖ်က္ဆီးပစ္တာ။ က်ိဳင္းတုံအထိ သြားရွင္းမွ ၿပီးသြားတာ။ အခု ဘယ္လိုလုပ္ၿပီး ၀ က မိုင္းလား နယ္ေျမထဲ ထပ္ဝင္တာလဲမသိဘူး ” – ဟု မိုင္းယန္းၿမိဳ႕နယ္ အတြင္းက ရပ္ေက်း အုပ္ခ်ဳပ္ေရးမႉး တဦးကေျပာသည္။

ၿပီးခဲ့သည့္ေအာက္တိုဘာ ၂၃ ရက္ က မိုင္းခတ္ဗ်ဴဟာမႉး ဗိုလ္မႉးႀကီး သူရိန္ထြန္းက လက္ေအာက္ခံ တပ္ရင္းအား မိုင္းညႇင္းေက်း႐ြာဘက္ ၀ါးတားဂိတ္ ေထာင္ၿပီး လမ္းသြားလမ္းလာမ်ားအား စစ္ေဆးခဲ့ေၾကာင္း၊ ေအာက္တိုဘာ ၂၅ ရက္ မိုင္းေပါက္အေျခစိုက္ UWSA ၀ တပ္မဟာ ၄၆၈ မွ အင္အားျဖင့္ ၀န္းရံၿပီး ၀ါးတားဂိတ္ႏွင့္ ယာယီကင္းစခန္းမ်ားအား ဖ်က္ဆီးပစ္ခဲ့ေၾကာင္း သိရသည္။

က်ိဳင္းတုံရွိ ၀ ဆက္ဆံေရး႐ုံးက ႀတိဂံတိုင္းစစ္ဌာနခ်ဳပ္ သို႔ သြားေရာက္ေတြ႕ဆုံေဆြးေႏြးၿပီးမွသာ ေအာက္တိုဘာ ၂၇ ရက္ ေန႔က ၀ တပ္မ်ား ျပန္ဆုတ္သြားသည္ဟုလည္းသိရသည္။

ထို႔ေနာက္ပိုင္း အစိုးရတပ္မ်ားက မိုင္းခတ္ၿမိဳ႕ အဝင္အထြက္၊ မိုင္းယန္းၿမိဳ႕အဝင္အထြက္ ဂိတ္မ်ားအား လုံၿခဳံေရးတင္းၾကပ္စစ္ေဆးခဲ့ေၾကာင္း၊ ၀ တပ္မိသားစုဝင္မ်ားသာမက ၀ လူထုအားလည္း သြားလာခြင့္ တင္းၾကပ္ခဲ့ေၾကာင္း၊ ထို႔အတူ ၀တပ္ကလည္း ၄င္းနယ္ေျမအတြင္း ၀င္ထြက္သည့္ ဂိတ္မ်ားအားလည္း လုံၿခံဳေရးတိုးျမင့္စစ္ေဆးလာသည္ဟု ေဒသခံမ်ားေျပာျပခ်က္အရသိရသည္။

ထို႔အျပင္ ေအာက္တိုဘာ ၂၈ ရက္ေန႔ အထူးေဒသ ၄ မိုင္းလားတပ္ ထိန္းခ်ဳပ္နယ္ေျမ ႏွင့္ ၀ တပ္ဖြဲ႕ထိန္းခ်ဳပ္နယ္ေျမအၾကား ခိုဆုန္ဂိတ္စခန္းအား ၀ တပ္ မွ က်ဴးေက်ာ္ကာ ေနာင္ဟုတ္ ၊ ၀မ္နမ့္ ၊ ပါဆန္၊ ၀မ္ခ်ိန္း ေက်း႐ြာဘက္အထိ ၀င္ေရာက္လာခဲ့ေၾကာင္း၊ က်ဴးလြန္လာသည့္ ၀ တပ္ဖြဲ႕ဝင္မ်ားအား မိုင္းလားတပ္မွ ပိတ္ဆို႔ၿပီး ျပန္လည္ဆုတ္ခြါေပးရန္ ေခါင္းေဆာင္မ်ားက ေဆြးေႏြးေနေၾကာင္း သိရွိရသည္။

“အထက္က ေစခိုင္းလို႔ က်ေနာ္တို႔ လဲ မတတ္ႏိုင္ဘူး။ မိုင္းညႇင္းဘက္ သြားဝိုင္းတုန္းက အစိုးရတပ္ ဆိုေတာ့ စိတ္ပါေသးတယ္။ အခု က မိုင္းလားဆိုေတာ့ က်ေနာ္တို႔ မိတ္ေဆြေတြဘဲေလ၊ ဒါေပ မယ္ ့အထက္ အမိန႔္ဆိုေတာ့ က်ေနာ္တို႔လဲ မလြန္ဆန္ႏိုင္ဘူး။ က်ေနာ္တို႔ တပ္ ေတြ စစ္ကားေတြ မိုင္းလားနယ္ေျမ အတြင္း ၀င္သြားေတာ့ မိုင္းလား တပ္ဘက္ကလဲ အင္အား အလုံးအရင္း နဲ႔ ျပန္လာဝိုင္းတယ္။ ပစ္မိန႔္ေတာ့ မရွိဘူး၊ ႏွစ္ဘက္လုံးဘဲ။ အထက္က လူႀကီးေတြ က ေဆြးေႏြးေနတယ္ေျပာတယ္။ ဆုတ္ဆိုလဲ ဆုတ္ရမွာဘဲ၊ ေနဆိုလဲ ေနရမွာဘဲ စစ္သားဆိုေတာ့ မတတ္ႏိုင္ဘူး” – ဟု ၀တပ္ အရာရွိ တဦးျဖစ္သည့္ ဗိုလ္အိုက္နပ္ က သွ်မ္းသံေတာ္ဆင့္ထံသို႔ေျပာသည္။

အဆိုပါ သတင္းႏွင့္ ပတ္သက္၍ ေရွ႕တန္းေရာက္ မိုင္းလား တပ္မႉး တဦးကလည္း သွ်မ္းသံေတာ္ဆင့္သို႔ အတည္ျပဳသည္။

၂၀၁၆ စက္တင္ဘာ ၂၈ ရက္ေန႔ တုန္းကလည္း ၀ တပ္ အင္အား ၁၀၀၀ ခန႔္ သည္ ၄င္းတို႔၏ စစ္မဟာမိတ္ျဖစ္သည့္ မိုင္းလားေနေျမအတြင္း ၀င္ေရာက္ကာ တပ္စခန္း ၅ ခု ကို သိမ္းပိုက္လိုက္သည္။ ယေန႔အ ထိ မြန႔္ဆမ္ဆုန္ တပ္စခန္းအား ျပန္လည္႐ုတ္ေပးျခင္းမရွိေသးေပ။ ေနျပည္ေတာ္အစိုးရကလည္း အဆိုပါ တပ္စခန္း မွ ၀တပ္ဖြဲ႕မ်ား ႐ုတ္ေပးျခင္းမျပဳပါက တာ့ပင္းေခ်င္း ဂိတ္တံတား အား ျပန္လည္ဖြင့္လွစ္ေပး မည္မဟုတ္ဟုေျပာဆိုခဲ့ေၾကာင္း ၿငိမ္းခ်မ္းေရးကိုယ္စားလွယ္ေတာ္ႀကီးမ်ားထံမွ ၾကားသိရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
--------------
(Unicode)⤵⤵⤵
ကျိုင်းတုံအရှေ့မြောက်ဘက်ဒေသ ၀ နှင့် အစိုးရတပ် စစ်ရေးတင်းမာ မိုင်းလားအထူးဒေသအတွင်းကူးစက်

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် အရှေ့မြောက်ဒေသ မိုင်းယန်း နှင့် မိုင်းခတ် မြို့နယ်အတွင်း အစိုးရတပ် နှင့် ၀ တပ် တို့ အောက်တိုဘာလ နှောင်းပိုင်းက စစ်ရေးတင်းမာမှုများဖြစ်ပွါးရာ ယခုရက်ပိုင်းအတွင်း မိုင်းလားနယ်မြေအတွင်းသို့ ကူးစက်လာနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

“မိုင်းခတ်ဗျူဟာမှူးက ဝါးတားဂိတ် သွားလုပ်တာပြီးခဲ့တဲ့အပတ်က၊ အဲဒါကို ၀ က သူတို့သွားလာတဲ့ လမ်းကြောင်းကို ပိတ်ဆို့စစ်ဆေးရမလားဆိုပြီး အင်အား အလုံးအရင်းနဲ့ ၂ ရက်ကြာလာဝိုင်းတယ်။ အဲဒီဝါးတားဂိတ်တွေကိုလဲ အကုန်ဖျက်ဆီးပစ်တာ။ ကျိုင်းတုံအထိ သွားရှင်းမှ ပြီးသွားတာ။ အခု ဘယ်လိုလုပ်ပြီး ၀ က မိုင်းလား နယ်မြေထဲ ထပ်ဝင်တာလဲမသိဘူး ” – ဟု မိုင်းယန်းမြို့နယ် အတွင်းက ရပ်ကျေး အုပ်ချုပ်ရေးမှူး တဦးကပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာ ၂၃ ရက် က မိုင်းခတ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရိန်ထွန်းက လက်အောက်ခံ တပ်ရင်းအား မိုင်းညှင်းကျေးရွာဘက် ဝါးတားဂိတ် ထောင်ပြီး လမ်းသွားလမ်းလာများအား စစ်ဆေးခဲ့ကြောင်း၊ အောက်တိုဘာ ၂၅ ရက် မိုင်းပေါက်အခြေစိုက် UWSA ၀ တပ်မဟာ ၄၆၈ မှ အင်အားဖြင့် ဝန်းရံပြီး ဝါးတားဂိတ်နှင့် ယာယီကင်းစခန်းများအား ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံရှိ ၀ ဆက်ဆံရေးရုံးက တြိဂံတိုင်းစစ်ဌာနချုပ် သို့ သွားရောက်တွေ့ဆုံဆွေးနွေးပြီးမှသာ အောက်တိုဘာ ၂၇ ရက် နေ့က ၀ တပ်များ ပြန်ဆုတ်သွားသည်ဟုလည်းသိရသည်။

ထို့နောက်ပိုင်း အစိုးရတပ်များက မိုင်းခတ်မြို့ အဝင်အထွက်၊ မိုင်းယန်းမြို့အဝင်အထွက် ဂိတ်များအား လုံခြုံရေးတင်းကြပ်စစ်ဆေးခဲ့ကြောင်း၊ ၀ တပ်မိသားစုဝင်များသာမက ၀ လူထုအားလည်း သွားလာခွင့် တင်းကြပ်ခဲ့ကြောင်း၊ ထို့အတူ ဝတပ်ကလည်း ၎င်းနယ်မြေအတွင်း ဝင်ထွက်သည့် ဂိတ်များအားလည်း လုံခြုံရေးတိုးမြင့်စစ်ဆေးလာသည်ဟု ဒေသခံများပြောပြချက်အရသိရသည်။

ထို့အပြင် အောက်တိုဘာ ၂၈ ရက်နေ့ အထူးဒေသ ၄ မိုင်းလားတပ် ထိန်းချုပ်နယ်မြေ နှင့် ၀ တပ်ဖွဲ့ထိန်းချုပ်နယ်မြေအကြား ခိုဆုန်ဂိတ်စခန်းအား ၀ တပ် မှ ကျူးကျော်ကာ နောင်ဟုတ် ၊ ဝမ်နမ့် ၊ ပါဆန်၊ ဝမ်ချိန်း ကျေးရွာဘက်အထိ ဝင်ရောက်လာခဲ့ကြောင်း၊ ကျူးလွန်လာသည့် ၀ တပ်ဖွဲ့ဝင်များအား မိုင်းလားတပ်မှ ပိတ်ဆို့ပြီး ပြန်လည်ဆုတ်ခွါပေးရန် ခေါင်းဆောင်များက ဆွေးနွေးနေကြောင်း သိရှိရသည်။

“အထက်က စေခိုင်းလို့ ကျနော်တို့ လဲ မတတ်နိုင်ဘူး။ မိုင်းညှင်းဘက် သွားဝိုင်းတုန်းက အစိုးရတပ် ဆိုတော့ စိတ်ပါသေးတယ်။ အခု က မိုင်းလားဆိုတော့ ကျနော်တို့ မိတ်ဆွေတွေဘဲလေ၊ ဒါပေ မယ့်အထက် အမိန့်ဆိုတော့ ကျနော်တို့လဲ မလွန်ဆန်နိုင်ဘူး။ ကျနော်တို့ တပ် တွေ စစ်ကားတွေ မိုင်းလားနယ်မြေ အတွင်း ဝင်သွားတော့ မိုင်းလား တပ်ဘက်ကလဲ အင်အား အလုံးအရင်း နဲ့ ပြန်လာဝိုင်းတယ်။ ပစ်မိန့်တော့ မရှိဘူး၊ နှစ်ဘက်လုံးဘဲ။ အထက်က လူကြီးတွေ က ဆွေးနွေးနေတယ်ပြောတယ်။ ဆုတ်ဆိုလဲ ဆုတ်ရမှာဘဲ၊ နေဆိုလဲ နေရမှာဘဲ စစ်သားဆိုတော့ မတတ်နိုင်ဘူး” – ဟု ဝတပ် အရာရှိ တဦးဖြစ်သည့် ဗိုလ်အိုက်နပ် က သျှမ်းသံတော်ဆင့်ထံသို့ပြောသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ ရှေ့တန်းရောက် မိုင်းလား တပ်မှူး တဦးကလည်း သျှမ်းသံတော်ဆင့်သို့ အတည်ပြုသည်။

၂၀၁၆ စက်တင်ဘာ ၂၈ ရက်နေ့ တုန်းကလည်း ၀ တပ် အင်အား ၁၀၀၀ ခန့် သည် ၎င်းတို့၏ စစ်မဟာမိတ်ဖြစ်သည့် မိုင်းလားနေမြေအတွင်း ဝင်ရောက်ကာ တပ်စခန်း ၅ ခု ကို သိမ်းပိုက်လိုက်သည်။ ယနေ့အ ထိ မွန့်ဆမ်ဆုန် တပ်စခန်းအား ပြန်လည်ရုတ်ပေးခြင်းမရှိသေးပေ။ နေပြည်တော်အစိုးရကလည်း အဆိုပါ တပ်စခန်း မှ ဝတပ်ဖွဲ့များ ရုတ်ပေးခြင်းမပြုပါက တာ့ပင်းချေင်း ဂိတ်တံတား အား ပြန်လည်ဖွင့်လှစ်ပေး မည်မဟုတ်ဟုပြောဆိုခဲ့ကြောင်း ငြိမ်းချမ်းရေးကိုယ်စားလှယ်တော်ကြီးများထံမှ ကြားသိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
က်ိဳင္းတုံအေရွ႕ေျမာက္ဘက္ေဒသ ၀ ႏွင့္ အစိုးရတပ္ စစ္ေရးတင္းမာ မိုင္းလားအထူးေဒသအတြင္းကူးစက္ က်ိဳင္းတုံအေရွ႕ေျမာက္ဘက္ေဒသ ၀ ႏွင့္ အစိုးရတပ္ စစ္ေရးတင္းမာ မိုင္းလားအထူးေဒသအတြင္းကူးစက္ Reviewed by THITHTOOLWIN on 21:04 Rating: 5
Powered by Blogger.