တာခ်ီလိတ္ၿမိဳ႕နယ္ သိမ္းဆည္းခံထားရသည့္ လယ္ယာေျမမ်ား အျမန္ျပန္ေပးရန္ ေတာင္းဆို


(Zawgyi)⤵⤵⤵
ႏုိဝင္ဘာ ၅၊၂၀၁၉

သွ်မ္းျပည္ အေ႐ွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္ ေဟာင္လိတ္ (ေပါက္ေဆခမ္း) ေက်းရြာတြင္ သိမ္းဆည္းခံထားသည့္ ေျမယာမ်ား ျပန္ေပးရန္ လယ္သမားမ်ားက ေတာင္းဆိုလုိက္ေၾကာင္း သတင္းရရွိသည္။

ျမန္မာ့တပ္မေတာ္ မွ လြန္ခဲ့သည့္ ၁၉၉၈-၁၉၉၉ ခုနစ္တြင္ တာခ်ီလိတ္ၿမိဳ႕ စက္မႈဇံု ျပဳလုပ္ရန္ အတြက္ ေဟာင္လိတ္ ေက်းရြာ ရွိ လယ္ယာေျမ ဧက ၆၀၀ေက်ာ္ သိမ္းဆည္ခဲ့ရာ လက္ရွိ အခ်ိန္ထိ စက္မႈဇံု မျပဳလုပ္ေသးသျဖင့္ သိမ္းဆည္းထားသည့္ လယ္ေျမမ်ား ျပန္လည္ ေပးရန္ ေဒသခံမ်ား ေတာင္းဆုိရျခင္း ျဖစ္ေၾကာင္း ေဟာင္လိတ္ ေက်းရြာ မွ ေဒသခံမ်ား က ေျပာဆုိလုိက္သည္။

သိမ္းဆည္းထားၿပီး အသံုးျပဳ မႈ မရွိသည့္ လယ္ယာေျမ မ်ားကို ေဒသခံမ်ားထံ ျပန္လည္ ေပးအပ္မည္ ဟု လြန္ခဲ့သည့္ ၂၀၁၈ ခုနစ္ သွ်မ္းျပည္နယ္ အစိုးရ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္ ကလည္း လယ္သမားမ်ားကို ဂတိေပးဆိုခဲ့ေသာ္လည္း လက္ရွိ အခ်ိန္ထိ ေဒသခံမ်ား လယ္ယာေျမ ျပန္မရေသးေပ။

“ က်ေနာ္တုိ႔ကို ဧက ၃၀၀ေက်ာ္ ျပန္ေပးမယ္။ ေနာက္ နစ္နာေၾကးလည္း ေပးမယ္လို႔ေျပာခဲ့တယ္။ ေနာက္ ဧက ၁၀၀ေက်ာ္ကို ဟုန္ပန္းကုမၸဏီကို ေရာင္းဖုိ႔ေျပာတယ္။ က်ေနာ္တုိ႔ လက္မခံဘူး။ တခ်ဳ႕ိလယ္ကေတာ့ ေျမဖို႔ထားတာေတြရွိတယ္” ဟု ေပါက္ေဆခမ္း ေက်းရြာ မွ စိုင္းမြန္းဆုိင္ က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

လက္ရွိမွာ ဟုန္ပန္းကုမၸဏီ ကို ေရာင္းေပးရန္ ဧက ၁၀၀ေက်ာ္ႏွင့္ ပတ္သက္ၿပီး ေဒသခံ လယ္သမားမ်ား သေဘာမတူညီေၾကာင္း၊ ထုိ႔ေၾကာင့္ အစိုးရ အေနျဖင့္ လယ္ယာေျမ ကိစၥ အျမန္ေျဖရွင္းေပး ေစခ်င္ေၾကာင္းလည္း စိုင္းမြန္းဆုိင္ က ေျပာသည္။

“ အခုထိ ေလ်ာ္ေၾကးေငြ ဘာမွ မေျပာေသးဘူး။ သက္ဆုိင္ရာ ကလည္း ဘာမွ မေျပာေသးဘူး။ ၿငိမ္ေနတယ္။က်ေနာ္တုိ႔ ကေတာ့ ရွင္းရွင္းလင္းလင္းသိခ်င္တယ္” ဟု စိုင္းမြန္းဆုိင္ ကဆုိသည္။

ေဒသခံ လယ္သမားမ်ားအေနျဖင့္ ၂၀၁၂ ခုနစ္ သမၼတေဟာင္း ဦးသိန္းစိန္ လက္ထက္ ကတည္းမွ ေတာင္းဆုိခဲ့ၾကၿပီး လက္ရွိ အစိုးရ သစ္လက္ထက္တြင္လည္း ဆက္လက္ေတာင္းဆုိခဲ့ရာ ထူးျခားလာျခင္းမရွိေၾကာင္း ေပါက္ေဆခမ္း ေက်းရြာ မွ စိုင္းလံု က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

“ အရင္ က ေတာင္းလုိ႔ မရေတာ့ က်ေနာ္တုိ႔ ၂၀၁၂ ခုနစ္က စၿပီး ဆက္တုိက္ေတာင္းလာတယ္။ သွ်မ္းျပည္ ဝန္ႀကီးကလည္း ေပးမယ္လုိ႔ေျပာၿပီး အခု ထိဘာမွ မထူးဘူး။ က်ေနာ္တုိ႔ ျပည္နယ္ ဝန္ႀကီးကို စာ မယ္။ အခု ေက်းရြာ ဥကၠဌလည္း ဘာမွမေျပာဘူး။ ျပည္သူေတြကေတာ့ေမွ်ာ္ေနရတယ္” ဟု စိုင္းလံု က ဆုိသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ ေပါက္ေဆခမ္း ေက်းရြာ လယ္ယာေျမ ဧက ၃၀၀ေက်ာ္ ကို ေဒသခံ ျပည္သူမ်ား ထံ ျပန္လည္ ေပးအပ္ၿပီး၊ တခ်ိဳ႕ လယ္ယာေျမ မ်ားကို အစိုးရ က သိမ္းဆည္းကာ ေလ်ာ္ေၾကးေငြမ်ား နစ္နာေၾကး ေငြမ်ား ေပးသြားမည္ဟု ေပါက္ေဆခမ္း ေက်းရြာ ဥကၠဌ စိုင္းက်ံဳးက သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

“ ဧက ၃၀၀ ျပန္ေပးမယ္။ ေနာက္ က်န္တဲ့လယ္ယာေျမေတြကို တဧက ၁၅၀ တသိန္းနဲ႔ ေလ်ာ္ေၾကးေပးမယ္။ ဒါေပမယ့္ ေဒသခံေတြက တဧက ကို ထုိင္းဘတ္ ၂သန္း( ျမန္မာေငြ သိန္းတေထာင္) လိုခ်င္တယ္” ဟု စိုင္းက်ံဳးက ဆုိသည္။

ဆံုး႐ႈံးနစ္နာသြားသည့္ လယ္ယာေျမမ်ား အတြက္ အစိုးရ၊ ဟုိပန္း ကုမၸဏီ ႏွင့္ လယ္သမားမ်ားေတြ႔ဆံုကာ နစ္နာေလ်ာ္ေၾကး ေပးေဆာင္သြားမည္ ဟုလည္း သိရသည္။

လက္ရွိအေျခအေနတြင္ သိမ္းဆည္းခံရသည့္ လယ္ယာေျမမ်ားကို အစိုးရ အေနျဖင့္ အျမန္ဆံုး လာေရာက္ ေျဖရွင္းေပးရန္ လယ္သမားမ်ားက ေတာင္းဆုိလိုက္သည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
-----------
(Unicode)⤵⤵⤵
တာချီလိတ်မြို့နယ် သိမ်းဆည်းခံထားရသည့် လယ်ယာမြေများ အမြန်ပြန်ပေးရန် တောင်းဆို

သျှမ်းသံတော်ဆင့်၊နန်းဆိုင်နွမ်

နိုဝင်ဘာ ၅၊၂၀၁၉

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် ဟောင်လိတ် (ပေါက်ဆေခမ်း) ကျေးရွာတွင် သိမ်းဆည်းခံထားသည့် မြေယာများ ပြန်ပေးရန် လယ်သမားများက တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

မြန်မာ့တပ်မတော် မှ လွန်ခဲ့သည့် ၁၉၉၈-၁၉၉၉ ခုနစ်တွင် တာချီလိတ်မြို့ စက်မှုဇုံ ပြုလုပ်ရန် အတွက် ဟောင်လိတ် ကျေးရွာ ရှိ လယ်ယာမြေ ဧက ၆၀၀ကျော် သိမ်းဆည်ခဲ့ရာ လက်ရှိ အချိန်ထိ စက်မှုဇုံ မပြုလုပ်သေးသဖြင့် သိမ်းဆည်းထားသည့် လယ်မြေများ ပြန်လည် ပေးရန် ဒေသခံများ တောင်းဆိုရခြင်း ဖြစ်ကြောင်း ဟောင်လိတ် ကျေးရွာ မှ ဒေသခံများ က ပြောဆိုလိုက်သည်။

သိမ်းဆည်းထားပြီး အသုံးပြု မှု မရှိသည့် လယ်ယာမြေ များကို ဒေသခံများထံ ပြန်လည် ပေးအပ်မည် ဟု လွန်ခဲ့သည့် ၂၀၁၈ ခုနစ် သျှမ်းပြည်နယ် အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် ကလည်း လယ်သမားများကို ဂတိပေးဆိုခဲ့သော်လည်း လက်ရှိ အချိန်ထိ ဒေသခံများ လယ်ယာမြေ ပြန်မရသေးပေ။

“ ကျနော်တို့ကို ဧက ၃၀၀ကျော် ပြန်ပေးမယ်။ နောက် နစ်နာကြေးလည်း ပေးမယ်လို့ပြောခဲ့တယ်။ နောက် ဧက ၁၀၀ကျော်ကို ဟုန်ပန်းကုမ္ပဏီကို ရောင်းဖို့ပြောတယ်။ ကျနော်တို့ လက်မခံဘူး။ တချု့ိလယ်ကတော့ မြေဖို့ထားတာတွေရှိတယ်” ဟု ပေါက်ဆေခမ်း ကျေးရွာ မှ စိုင်းမွန်းဆိုင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

လက်ရှိမှာ ဟုန်ပန်းကုမ္ပဏီ ကို ရောင်းပေးရန် ဧက ၁၀၀ကျော်နှင့် ပတ်သက်ပြီး ဒေသခံ လယ်သမားများ သဘောမတူညီကြောင်း၊ ထို့ကြောင့် အစိုးရ အနေဖြင့် လယ်ယာမြေ ကိစ္စ အမြန်ဖြေရှင်းပေး စေချင်ကြောင်းလည်း စိုင်းမွန်းဆိုင် က ပြောသည်။

“ အခုထိ လျော်ကြေးငွေ ဘာမှ မပြောသေးဘူး။ သက်ဆိုင်ရာ ကလည်း ဘာမှ မပြောသေးဘူး။ ငြိမ်နေတယ်။ကျနော်တို့ ကတော့ ရှင်းရှင်းလင်းလင်းသိချင်တယ်” ဟု စိုင်းမွန်းဆိုင် ကဆိုသည်။

ဒေသခံ လယ်သမားများအနေဖြင့် ၂၀၁၂ ခုနစ် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ကတည်းမှ တောင်းဆိုခဲ့ကြပြီး လက်ရှိ အစိုးရ သစ်လက်ထက်တွင်လည်း ဆက်လက်တောင်းဆိုခဲ့ရာ ထူးခြားလာခြင်းမရှိကြောင်း ပေါက်ဆေခမ်း ကျေးရွာ မှ စိုင်းလုံ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ အရင် က တောင်းလို့ မရတော့ ကျနော်တို့ ၂၀၁၂ ခုနစ်က စပြီး ဆက်တိုက်တောင်းလာတယ်။ သျှမ်းပြည် ဝန်ကြီးကလည်း ပေးမယ်လို့ပြောပြီး အခု ထိဘာမှ မထူးဘူး။ ကျနော်တို့ ပြည်နယ် ဝန်ကြီးကို စာ မယ်။ အခု ကျေးရွာ ဥက္ကဌလည်း ဘာမှမပြောဘူး။ ပြည်သူတွေကတော့မျှော်နေရတယ်” ဟု စိုင်းလုံ က ဆိုသည်။

တာချီလိတ်မြို့နယ် ပေါက်ဆေခမ်း ကျေးရွာ လယ်ယာမြေ ဧက ၃၀၀ကျော် ကို ဒေသခံ ပြည်သူများ ထံ ပြန်လည် ပေးအပ်ပြီး၊ တချို့ လယ်ယာမြေ များကို အစိုးရ က သိမ်းဆည်းကာ လျော်ကြေးငွေများ နစ်နာကြေး ငွေများ ပေးသွားမည်ဟု ပေါက်ဆေခမ်း ကျေးရွာ ဥက္ကဌ စိုင်းကျုံးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ဧက ၃၀၀ ပြန်ပေးမယ်။ နောက် ကျန်တဲ့လယ်ယာမြေတွေကို တဧက ၁၅၀ တသိန်းနဲ့ လျော်ကြေးပေးမယ်။ ဒါပေမယ့် ဒေသခံတွေက တဧက ကို ထိုင်းဘတ် ၂သန်း( မြန်မာငွေ သိန်းတထောင်) လိုချင်တယ်” ဟု စိုင်းကျုံးက ဆိုသည်။

ဆုံးရှုံးနစ်နာသွားသည့် လယ်ယာမြေများ အတွက် အစိုးရ၊ ဟိုပန်း ကုမ္ပဏီ နှင့် လယ်သမားများတွေ့ဆုံကာ နစ်နာလျော်ကြေး ပေးဆောင်သွားမည် ဟုလည်း သိရသည်။

လက်ရှိအခြေအနေတွင် သိမ်းဆည်းခံရသည့် လယ်ယာမြေများကို အစိုးရ အနေဖြင့် အမြန်ဆုံး လာရောက် ဖြေရှင်းပေးရန် လယ်သမားများက တောင်းဆိုလိုက်သည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
တာခ်ီလိတ္ၿမိဳ႕နယ္ သိမ္းဆည္းခံထားရသည့္ လယ္ယာေျမမ်ား အျမန္ျပန္ေပးရန္ ေတာင္းဆို တာခ်ီလိတ္ၿမိဳ႕နယ္ သိမ္းဆည္းခံထားရသည့္ လယ္ယာေျမမ်ား အျမန္ျပန္ေပးရန္ ေတာင္းဆို Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.