လားရွဳိး - ရမခ စစ္တိုင္းရံုးအနီး လက္နက္ႀကီး ပစ္ခတ္ခံရလို႕ ပတ္ပတ္လည္လမ္းမ်ားပိတ္ထား

လားရွဳိး - ရမခ စစ္တိုင္းရံုးအနီး လက္နက္ႀကီး ပစ္ခတ္ခံရလို႕ ပတ္ပတ္လည္လမ္းမ်ားပိတ္ထား
(Zawgyi)⤵⤵⤵
ႏုိ၀င္ဘာလ ၁၆ ရက္ ၂၀၁၉

ယေန႕နံနက္ပိုင္းက လားရွဳိးၿမိဳ႕ ဘူတာႀကီး နွင့္ စစ္တိုင္းရံုးအနီး ေရွာ့တိုက္ဒံုး ပစ္ခတ္ခံရရာ လူထု အသက္အိုးအိမ္ထိမွန္ေသာေၾကာင့္ ယေန႕ ညေနပိုင္းအတြင္း စစ္တိုင္းရံုး ပတ္ပတ္လည္လမ္းမ မ်ားအား ပိတ္ထားေၾကာင္းေဒသခံမ်ားေျပာျပခ်က္အရသိရသည္။

လားရွဳိးႀကီးမွ ေလယာဥ္ကြင္း - ဘူတာဘက္သြားသည့္ ၿမိဳ႕ပတ္လမ္း၊ ခိုင္းဟ်ဳိး (ခါးရိုး)မွ စစ္တိုင္းရံုးဘက္သြားသည့္လမ္း၊ လားရွဳိး ျပည္သူ႕အားကစားကြင္းဘက္မွာ ေဟာ္ေကာ၀့္လန္ ဘက္သြားသည့္ လမ္းမ်ား ယေန႕ည ဦးပိုင္းမွစ၍ ေဒသခံ အာဏာပိုင္မ်ား ပိတ္ထားေၾကာင္း လားရွဳိးၿမိဳ႕ခံမ်ား ေျပာျပခ်က္အရသိရသည္။

“လားရွဳိးႀကီးကေန အသြား ေပါက့္စန္႕လိတ္ နားမွာစပိတ္တာ၊ ေလယာဥ္ကြင္း နားမေတာင္ မေရာက္ေသးဘူး။ လြယ္ရိုး - ဘူတာ အဆင္း တကၠသိုလ္ ဘက္မွာလဲ ပိတ္တယ္ ” - ဟု လားရွဳိးတကၠသိုလ္ ေက်ာင္းသား စိုင္းခမ္း က ေျပာသည္။

ယေန႕နံနက္ပိုင္းအတြင္း လားရွဳိးၿမိဳ႕ေပၚ ပစ္ခတ္မွဳ တြင္ - ေလယာဥ္ကြင္း ဘက္ တလံုးဦးတည္ ပစ္ခတ္ေၾကာင္း၊ ရပ္ကြက္ ၉ ဘက္ နွစ္လံုး က်ေၾကာင္း၊ ၆၂၆ ေထာက္/ပို႕တပ္အေနာက္ဘက္ တလံုးၾကေၾကာင္း၊ ပစ္ခတ္မွဳတြင္ လားရွဳိးၿမိဳ႕ခံ တဦး ထိမွန္ဒဏ္ရာရသည့္အျပင္ ေနအိမ္ နွင့္ ကားမ်ား ထိမွန္ေၾကာင္း သိရသည္။

"ဒါေတာင္ထိပ္ဖူးဘဲကြဲတာ တလုံးလုံးသာေပါက္ရင္ေတာ့ အကုန္ေသေလာက္ျပီ။ ျမိဳ႕ထဲမွာက်ရင္ပုိဆုိးမွာ"- ဟုလည္း ရပ္ကြက္သား ကုိဦးကေျပာသည္။

ယခုပစ္ခတ္မွဳတြင္ ေျမာက္ပုိင္းမဟာမိတ္တပ္ဖြဲ့လက္ခ်က္ဟု ေဒသခံမ်ားေျပာဆုိေနၾကေသာ္လည္း အတည္ျပဳခ်က္ရယူရန္ TNLA ေျပာေရးဆုိခြင့္ရွိသူထံ သွ်မ္းသံေတာ္ဆင့္မွ ဆက္သြယ္ေမးျမန္းရာတြင္ ဖုန္းပိတ္ထားသျဖင့္ ဆက္သြယ္မရခဲ့ေပ။

ၾသဂုတ္လယ္ကလည္း ေျမာက္ပိုင္းစစ္ေရးမဟာမိတ္တို႕မွ ျပင္ဦးလြင္ နည္းပညာတကၠသိုလ္ ၊ စစ္ေဆးေရးဂိတ္၊ ဂုတ္တြင္းဂိတ္၊ တံတားမ်ား ပစ္ခတ္မိုင္းခြဲခဲ့ရာ သွ်မ္းျပည္ေျမာက္ပုိင္းတြင္ စစ္ေျမျပင္အျဖစ္ေျပာင္းလဲသြားျပီးေနာက္ပုိင္း ယခု နို၀င္ဘာလ အတြင္း စစ္ေရး ျပန္လည္တင္းမာလာျခင္းျဖစ္သည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
--------------
(Unicode)⤵⤵⤵
လားရှိုး - ရမခ စစ်တိုင်းရုံးအနီး လက်နက်ကြီး ပစ်ခတ်ခံရလို့ ပတ်ပတ်လည်လမ်းများပိတ်ထား

သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
နိုဝင်ဘာလ ၁၆ ရက် ၂၀၁၉

ယနေ့နံနက်ပိုင်းက လားရှိုးမြို့ ဘူတာကြီး နှင့် စစ်တိုင်းရုံးအနီး ရှော့တိုက်ဒုံး ပစ်ခတ်ခံရရာ လူထု အသက်အိုးအိမ်ထိမှန်သောကြောင့် ယနေ့ ညနေပိုင်းအတွင်း စစ်တိုင်းရုံး ပတ်ပတ်လည်လမ်းမ များအား ပိတ်ထားကြောင်းဒေသခံများပြောပြချက်အရသိရသည်။

လားရှိုးကြီးမှ လေယာဉ်ကွင်း - ဘူတာဘက်သွားသည့် မြို့ပတ်လမ်း၊ ခိုင်းဟျိုး (ခါးရိုး)မှ စစ်တိုင်းရုံးဘက်သွားသည့်လမ်း၊ လားရှိုး ပြည်သူ့အားကစားကွင်းဘက်မှာ ဟော်ကောဝ့်လန် ဘက်သွားသည့် လမ်းများ ယနေ့ည ဦးပိုင်းမှစ၍ ဒေသခံ အာဏာပိုင်များ ပိတ်ထားကြောင်း လားရှိုးမြို့ခံများ ပြောပြချက်အရသိရသည်။

“လားရှိုးကြီးကနေ အသွား ပေါက့်စန့်လိတ် နားမှာစပိတ်တာ၊ လေယာဉ်ကွင်း နားမတောင် မရောက်သေးဘူး။ လွယ်ရိုး - ဘူတာ အဆင်း တက္ကသိုလ် ဘက်မှာလဲ ပိတ်တယ် ” - ဟု လားရှိုးတက္ကသိုလ် ကျောင်းသား စိုင်းခမ်း က ပြောသည်။

ယနေ့နံနက်ပိုင်းအတွင်း လားရှိုးမြို့ပေါ် ပစ်ခတ်မှု တွင် - လေယာဉ်ကွင်း ဘက် တလုံးဦးတည် ပစ်ခတ်ကြောင်း၊ ရပ်ကွက် ၉ ဘက် နှစ်လုံး ကျကြောင်း၊ ၆၂၆ ထောက်/ပို့တပ်အနောက်ဘက် တလုံးကြကြောင်း၊ ပစ်ခတ်မှုတွင် လားရှိုးမြို့ခံ တဦး ထိမှန်ဒဏ်ရာရသည့်အပြင် နေအိမ် နှင့် ကားများ ထိမှန်ကြောင်း သိရသည်။

"ဒါတောင်ထိပ်ဖူးဘဲကွဲတာ တလုံးလုံးသာပေါက်ရင်တော့ အကုန်သေလောက်ပြီ။ မြို့ထဲမှာကျရင်ပိုဆိုးမှာ"- ဟုလည်း ရပ်ကွက်သား ကိုဦးကပြောသည်။

ယခုပစ်ခတ်မှုတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့လက်ချက်ဟု ဒေသခံများပြောဆိုနေကြသော်လည်း အတည်ပြုချက်ရယူရန် TNLA ပြောရေးဆိုခွင့်ရှိသူထံ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာတွင် ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်မရခဲ့ပေ။

သြဂုတ်လယ်ကလည်း မြောက်ပိုင်းစစ်ရေးမဟာမိတ်တို့မှ ပြင်ဦးလွင် နည်းပညာတက္ကသိုလ် ၊ စစ်ဆေးရေးဂိတ်၊ ဂုတ်တွင်းဂိတ်၊ တံတားများ ပစ်ခတ်မိုင်းခွဲခဲ့ရာ သျှမ်းပြည်မြောက်ပိုင်းတွင် စစ်မြေပြင်အဖြစ်ပြောင်းလဲသွားပြီးနောက်ပိုင်း ယခု နိုဝင်ဘာလ အတွင်း စစ်ရေး ပြန်လည်တင်းမာလာခြင်းဖြစ်သည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
လားရွဳိး - ရမခ စစ္တိုင္းရံုးအနီး လက္နက္ႀကီး ပစ္ခတ္ခံရလို႕ ပတ္ပတ္လည္လမ္းမ်ားပိတ္ထား လားရွဳိး - ရမခ စစ္တိုင္းရံုးအနီး လက္နက္ႀကီး ပစ္ခတ္ခံရလို႕ ပတ္ပတ္လည္လမ္းမ်ားပိတ္ထား Reviewed by THITHTOOLWIN on 01:39 Rating: 5
Powered by Blogger.