ရေသ့ေတာင္က တပ္ရင္း သုံးခုကို AA တိုက္ခိုက္

ရခိုင္ျပည္ေျမာက္ပိုင္း ရေသ့ေတာင္ၿမိဳ႕တစ္ေနရာကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရေသ့ေတာင္ၿမိဳ႕ေပၚမွာရွိတဲ့ ခမရ ၅၃၆၊ ၅၃၇ နဲ႔ ၅၃၈ တို႔ကို ရကၡိဳင့္တပ္ေတာ္ AA က မေန႔ညက အေဝးကေန ပစ္ခတ္တိုက္ခိုက္ခဲ့တာပါ။

အဲဒီတပ္ရင္းေတြကို တိုက္ခိုက္ရတဲ့အေၾကာင္းရင္းကို ရကၡိဳင့္တပ္ေတာ္ AA ေျပာခြင့္ရသူ ခိုင္သုခ ေျပာတာက-

“ဗမာစစ္တပ္ဟာ ဒီတပ္ရင္းဌာနခ်ဳပ္ေတြကေန လက္နက္ႀကီးေတြနဲ႔ မဆင္မျခင္ ရမ္းကားပစ္ခတ္တာေတြ ေတာက္ေလ်ာက္လုပ္ေနတာရွိတယ္၊ ဒီရက္ပိုင္းေတြမွာ ဗမာစစ္တပ္က လက္နက္ႀကီးေတြနဲ႔ ခပ္စိတ္စိတ္ပစ္တာေတြရွိတာေၾကာင့္ က်ေနာ္တို႔ဘက္ကလည္း လိုအပ္သလို သတိေပး ပစ္ခတ္တာေတြ လုပ္ခဲ့တာေတြ တန္ျပန္လုပ္ခဲ့ရတာေတြရွိတယ္”

ရေသ့ေတာင္ၿမိဳ႕နယ္မွာ အရင္က တိုက္ပြဲႀကီးႀကီးမားမား မျဖစ္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ငါးရက္ေလာက္ကစၿပီး AA နဲ႔ တပ္မေတာ္ တိုက္ပြဲ ဆက္တိုက္ျဖစ္ပြားေနတာလို႔ သိရပါတယ္။

မေန႔ညက AA တိုက္ခိုက္မႈေနာက္ပိုင္း အျပန္အလွန္ပစ္ခတ္မႈေတြေၾကာင့္ ရေသ့ေတာင္ၿမိဳ႕နယ္ ငေတာက္တူေခ်ေက်း႐ြာ ေဒသခံ ကိုယ္ဝန္ေဆာင္သည္ အမ်ိဳးသမီးတစ္ဦး က်ည္ထိမွန္ခဲ့တယ္လို႔  အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

“မေန႔တုန္းကလည္း ငေတာက္တူေခ်႐ြာက ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး ထိခိုက္ဒဏ္ရာရတာရွိတယ္၊ အဲ႐ြာက စစ္တပ္နဲ႔နီးနီးေလးဘဲ၊ တပ္ကလည္း က်ည္အားေတြအမ်ားႀကီး သုံးတယ္ေျပာတယ္၊ အဲတစ္ဝိုက္က ႐ြာတစ္ဆယ္ႏွစ္ဆယ္မွာ လူေတြမရွိေတာ့ဘူး အိမ္ေတြပဲက်န္တယ္”

တပ္မေတာ္ဘက္က  ပစ္ခတ္လို႔ ေဒသခံအမ်ိဳးသမီး က်ည္ထိမွန္တာလို႔ ခိုင္သုခ နဲ႔ ေဒသခံေတြက ေျပာေပမယ့္ တပ္မေတာ္ဘက္ကေတာ့ ျငင္းဆိုပါတယ္။

မေန႔ညက တပ္ရင္းေတြပစ္ခံရတာ၊ ကိုယ္ဝန္ေဆာင္သည္အမ်ိဳးသမီး က်ည္ထိမွန္တာေတြနဲ႔ ပတ္သက္ၿပီး အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကို RFA က ေမးျမန္းရာမွာ -

“ေရွာ့တိုက္ဒုံးနဲ႔ အေဝးကေန လွမ္းပစ္တာေပါ့၊ ပစ္တဲ့ေနရာက ရေသ့ေတာင္ရဲ႕အေရွ႕ဘက္မွာ ေလးဂြဆုံဆိုတာရွိတယ္၊ က်ေနာ္တို႔ ရေသ့ေတာင္ေခ်ာင္းရဲ႕ အေရွ႕ဘက္ေပါ့၊ အဲေလးဂြဆုံကေနၿပီးေတာ့ တပ္ရင္းဌာနခ်ဳပ္ရွိတဲ့ေနရာကို အဲဒါႏွစ္ခုနဲ႔ လွမ္းပစ္တာေပါ့၊ ဒါေပမဲ့ အဲႏွစ္ခုဟာ တပ္နားမက် ဘယ္နားသြားက်လည္းဆိုရင္ ငေတာက္တူးေခ်႐ြာေဟာင္းရွိတယ္၊ ႐ြာသစ္ရွိတယ္၊ အဲနားက်သြားတယ္၊ အဲနားက်ေတာ့ အဲနားမွာရွိတဲ့ အမ်ိဳးသမီးႏွစ္ဦး ဒဏ္ရာရတယ္လို႔ အၾကမ္းဖ်င္းသိရတယ္”

မေန႔ညက တိုက္ပြဲျပင္းထန္ခဲ့သလို တပ္မေတာ္က ေဒသခံ႐ြာသားေတြကို AA နဲ႔ ပတ္သက္မႈ ရွိ မရွိ စစ္ေဆးေမးျမန္းေနပါတယ္။

အမ္းၿမိဳ႕နယ္ ဂဏန္းျပင္ေက်း႐ြာအုပ္စုက ေလာင္းေခ်ာင္းေက်း႐ြာသား ေလးဦး ဖမ္းဆီးခံခဲ့ရပါတယ္။ တပ္မေတာ္စစ္ေၾကာင္းတစ္ခုက ဖမ္းဆီးေခၚေဆာင္သြားတာလို႔ အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ဦးကေျပာပါတယ္။

“မေန႔က ေလးေယာက္ဖမ္းသြားတာရွိတယ္၊ ဂဏန္းျပင္႐ြာထဲက တပ္ေတြရွိတယ္ေလ၊ အဲတပ္ေတြမွာေခၚထားတာ လူႀကီးေတြကသြားေတြတာ မေတြ႕ရဘူးတဲ့၊ အဲေလာက္ပဲ က်ေနာ္တို႔သတင္းၾကားရတယ္၊ က်ေနာ္တို႔ေက်း႐ြာမွာလည္း လူငယ္ေတြ ထြက္ေျပးကုန္တာ တစ္ေယာက္မွမရွိေတာ့ဘူး၊ ဘာေၾကာင့္ဖမ္းတယ္ဆိုတာ က်ေနာ္တို႔လည္းမသိပါဘူး၊ က်ေနာ္ဆီမွာက AAတို႔ဘာတို႔ဆိုတာ လာတာလည္း မရွိပါဘူး၊ တခါမွမလာဘူး၊ ျမင္လည္းမျမင္ဖူးပါဘူး၊ သိလည္းမသိပါဘူး၊ သူတို႔လည္းမလာဖူးဘူး”

တပ္မေတာ္ဘက္ကေတာ့ သူတို႔အေနနဲ႔ ဖမ္းဆီးထားတာမရွိဘူးလို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း ႐ူး - ေရဘုတ္ - တပ္ေတာင္နဲ႔ အမ္းၿမိဳ႕နယ္ထိ ေဖာက္လုပ္ထားတဲ့ကားလမ္းမွာ ဆိုင္ကယ္စီးလာတဲ့ ႐ြာသား ၅ဦးကို AAနဲ႔ဆက္စပ္တယ္လို႔ ယူဆၿပီး တပ္က ဖမ္းထားတယ္လို႔ မိသားစုဝင္ေတြကေျပာပါတယ္။

အဲဒီထဲက တစ္ဦးကိုလႊတ္ေပးၿပီးၿပီ၊ က်န္ေလးဦးကိုေတာ့ ဆက္လက္စစ္ေဆးေနၿပီး AAနဲ႔ မပတ္သက္ဘူးဆိုရင္ ျပန္လႊတ္ေပးမယ္လို႔ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက RFA ကို ေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ေျမပုံၿမိဳ႕နယ္ ႐ြာသာယာ႐ြာက ႐ြာသား ငါးဦး၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ စပါးဆိပ္႐ြာက ႐ြာသား ေလးဦးကိုလည္း ဖမ္းဆီးစစ္ေဆးေမးျမန္းေနပါတယ္။

AA ကလည္း အာဏာရ NLD ပါတီ ရဲ႕ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝွ႔တင္းနဲ႔ တပ္မေတာ္သားနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြကို ဖမ္းဆီးထားပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းကေတာ့  AA က သုံ႔ပန္းလဲလွယ္ေရး ေၾကညာခ်က္ ထုတ္ခဲ့ပါတယ္။ သူတို႔ဖမ္းဆီးထားတဲ့ စစ္ဘက္နဲ႔သက္ဆိုင္သူေတြကို တပ္မေတာ္က ပုဒ္မအမ်ိဳးမ်ိဳးတပ္ ဖမ္းဆီးထိန္းသိမ္းထားသူေတြနဲ႔ လဲလွယ္လိုေၾကာင္း ေၾကညာခဲ့တာပါ။ AA ရဲ႕ အစီအစဥ္ကို အစိုးရနဲ႔ တပ္မေတာ္က လက္မခံပါဘူး။ AA လုပ္ေဆာင္ေနတာေတြဟာ ဥပေဒနဲ႔မညီတဲ့အတြက္ လက္မခံေၾကာင္းနဲ႔ အၾကမ္းဖက္ေသာင္းက်န္းသူ ႏွိမ္နင္းေရးကိုသာ ထိထိေရာက္ေရာက္လုပ္ေဆာင္ဖို႔ အစိုးရက တပ္မေတာ္ကို ၫႊန္ၾကားထားတယ္လို႔ မေန႔က သမၼတ႐ုံး သတင္းစာရွင္းလင္းပြဲမွာ ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာခဲ့ပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ AA တို႔ၾကားျဖစ္ပြားေနတဲ့ တိုက္ပြားေတြေၾကာင့္ ေသဆုံးသူ အရပ္သား ၉၀ ေက်ာ္ရွိၿပီး ထိခိုက္ဒဏ္ရာရရွိသူ ၁၄၀ နီးပါးရွိေနၿပီလို႔ ေဒသအေျခစိုက္ အရပ္ဘက္အဖြဲ႕ေတြက ေကာက္ယူထားတဲ့ စာရင္းအရ သိရပါတယ္။

RFA Burmese
https://www.rfa.org
----------------
(Unicode)⤵⤵⤵
ရသေ့တောင်က တပ်ရင်း သုံးခုကို AA တိုက်ခိုက်

ရခိုင်ပြည်မြောက်ပိုင်း ရသေ့တောင်မြို့တစ်နေရာကို တွေ့ရစဉ်

ရသေ့တောင်မြို့ပေါ်မှာရှိတဲ့ ခမရ ၅၃၆၊ ၅၃၇ နဲ့ ၅၃၈ တို့ကို ရက္ခိုင့်တပ်တော် AA က မနေ့ညက အဝေးကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတပ်ရင်းတွေကို တိုက်ခိုက်ရတဲ့အကြောင်းရင်းကို ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခ ပြောတာက-

“ဗမာစစ်တပ်ဟာ ဒီတပ်ရင်းဌာနချုပ်တွေကနေ လက်နက်ကြီးတွေနဲ့ မဆင်မခြင် ရမ်းကားပစ်ခတ်တာတွေ တောက်လျောက်လုပ်နေတာရှိတယ်၊ ဒီရက်ပိုင်းတွေမှာ ဗမာစစ်တပ်က လက်နက်ကြီးတွေနဲ့ ခပ်စိတ်စိတ်ပစ်တာတွေရှိတာကြောင့် ကျနော်တို့ဘက်ကလည်း လိုအပ်သလို သတိပေး ပစ်ခတ်တာတွေ လုပ်ခဲ့တာတွေ တန်ပြန်လုပ်ခဲ့ရတာတွေရှိတယ်”

ရသေ့တောင်မြို့နယ်မှာ အရင်က တိုက်ပွဲကြီးကြီးမားမား မဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ငါးရက်လောက်ကစပြီး AA နဲ့ တပ်မတော် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေတာလို့ သိရပါတယ်။

မနေ့ညက AA တိုက်ခိုက်မှုနောက်ပိုင်း အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ရသေ့တောင်မြို့နယ် ငတောက်တူချေကျေးရွာ ဒေသခံ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ခဲ့တယ်လို့  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

“မနေ့တုန်းကလည်း ငတောက်တူချေရွာက ကိုယ်ဝန်ဆောင်အမျိုးသမီး ထိခိုက်ဒဏ်ရာရတာရှိတယ်၊ အဲရွာက စစ်တပ်နဲ့နီးနီးလေးဘဲ၊ တပ်ကလည်း ကျည်အားတွေအများကြီး သုံးတယ်ပြောတယ်၊ အဲတစ်ဝိုက်က ရွာတစ်ဆယ်နှစ်ဆယ်မှာ လူတွေမရှိတော့ဘူး အိမ်တွေပဲကျန်တယ်”

တပ်မတော်ဘက်က  ပစ်ခတ်လို့ ဒေသခံအမျိုးသမီး ကျည်ထိမှန်တာလို့ ခိုင်သုခ နဲ့ ဒေသခံတွေက ပြောပေမယ့် တပ်မတော်ဘက်ကတော့ ငြင်းဆိုပါတယ်။

မနေ့ညက တပ်ရင်းတွေပစ်ခံရတာ၊ ကိုယ်ဝန်ဆောင်သည်အမျိုးသမီး ကျည်ထိမှန်တာတွေနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က မေးမြန်းရာမှာ -

“ရှော့တိုက်ဒုံးနဲ့ အဝေးကနေ လှမ်းပစ်တာပေါ့၊ ပစ်တဲ့နေရာက ရသေ့တောင်ရဲ့အရှေ့ဘက်မှာ လေးဂွဆုံဆိုတာရှိတယ်၊ ကျနော်တို့ ရသေ့တောင်ချောင်းရဲ့ အရှေ့ဘက်ပေါ့၊ အဲလေးဂွဆုံကနေပြီးတော့ တပ်ရင်းဌာနချုပ်ရှိတဲ့နေရာကို အဲဒါနှစ်ခုနဲ့ လှမ်းပစ်တာပေါ့၊ ဒါပေမဲ့ အဲနှစ်ခုဟာ တပ်နားမကျ ဘယ်နားသွားကျလည်းဆိုရင် ငတောက်တူးချေရွာဟောင်းရှိတယ်၊ ရွာသစ်ရှိတယ်၊ အဲနားကျသွားတယ်၊ အဲနားကျတော့ အဲနားမှာရှိတဲ့ အမျိုးသမီးနှစ်ဦး ဒဏ်ရာရတယ်လို့ အကြမ်းဖျင်းသိရတယ်”

မနေ့ညက တိုက်ပွဲပြင်းထန်ခဲ့သလို တပ်မတော်က ဒေသခံရွာသားတွေကို AA နဲ့ ပတ်သက်မှု ရှိ မရှိ စစ်ဆေးမေးမြန်းနေပါတယ်။

အမ်းမြို့နယ် ဂဏန်းပြင်ကျေးရွာအုပ်စုက လောင်းချောင်းကျေးရွာသား လေးဦး ဖမ်းဆီးခံခဲ့ရပါတယ်။ တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

“မနေ့က လေးယောက်ဖမ်းသွားတာရှိတယ်၊ ဂဏန်းပြင်ရွာထဲက တပ်တွေရှိတယ်လေ၊ အဲတပ်တွေမှာခေါ်ထားတာ လူကြီးတွေကသွားတွေတာ မတွေ့ရဘူးတဲ့၊ အဲလောက်ပဲ ကျနော်တို့သတင်းကြားရတယ်၊ ကျနော်တို့ကျေးရွာမှာလည်း လူငယ်တွေ ထွက်ပြေးကုန်တာ တစ်ယောက်မှမရှိတော့ဘူး၊ ဘာကြောင့်ဖမ်းတယ်ဆိုတာ ကျနော်တို့လည်းမသိပါဘူး၊ ကျနော်ဆီမှာက AAတို့ဘာတို့ဆိုတာ လာတာလည်း မရှိပါဘူး၊ တခါမှမလာဘူး၊ မြင်လည်းမမြင်ဖူးပါဘူး၊ သိလည်းမသိပါဘူး၊ သူတို့လည်းမလာဖူးဘူး”

တပ်မတော်ဘက်ကတော့ သူတို့အနေနဲ့ ဖမ်းဆီးထားတာမရှိဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရူး - ရေဘုတ် - တပ်တောင်နဲ့ အမ်းမြို့နယ်ထိ ဖောက်လုပ်ထားတဲ့ကားလမ်းမှာ ဆိုင်ကယ်စီးလာတဲ့ ရွာသား ၅ဦးကို AAနဲ့ဆက်စပ်တယ်လို့ ယူဆပြီး တပ်က ဖမ်းထားတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

အဲဒီထဲက တစ်ဦးကိုလွှတ်ပေးပြီးပြီ၊ ကျန်လေးဦးကိုတော့ ဆက်လက်စစ်ဆေးနေပြီး AAနဲ့ မပတ်သက်ဘူးဆိုရင် ပြန်လွှတ်ပေးမယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မြေပုံမြို့နယ် ရွာသာယာရွာက ရွာသား ငါးဦး၊ ကျောက်တော်မြို့နယ် စပါးဆိပ်ရွာက ရွာသား လေးဦးကိုလည်း ဖမ်းဆီးစစ်ဆေးမေးမြန်းနေပါတယ်။

AA ကလည်း အာဏာရ NLD ပါတီ ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းနဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့  AA က သုံ့ပန်းလဲလှယ်ရေး ကြေညာချက် ထုတ်ခဲ့ပါတယ်။ သူတို့ဖမ်းဆီးထားတဲ့ စစ်ဘက်နဲ့သက်ဆိုင်သူတွေကို တပ်မတော်က ပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီးထိန်းသိမ်းထားသူတွေနဲ့ လဲလှယ်လိုကြောင်း ကြေညာခဲ့တာပါ။ AA ရဲ့ အစီအစဉ်ကို အစိုးရနဲ့ တပ်မတော်က လက်မခံပါဘူး။ AA လုပ်ဆောင်နေတာတွေဟာ ဥပဒေနဲ့မညီတဲ့အတွက် လက်မခံကြောင်းနဲ့ အကြမ်းဖက်သောင်းကျန်းသူ နှိမ်နင်းရေးကိုသာ ထိထိရောက်ရောက်လုပ်ဆောင်ဖို့ အစိုးရက တပ်မတော်ကို ညွှန်ကြားထားတယ်လို့ မနေ့က သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA တို့ကြားဖြစ်ပွားနေတဲ့ တိုက်ပွားတွေကြောင့် သေဆုံးသူ အရပ်သား ၉၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၄၀ နီးပါးရှိနေပြီလို့ ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့တွေက ကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။

RFA Burmese
https://www.rfa.org
ရေသ့ေတာင္က တပ္ရင္း သုံးခုကို AA တိုက္ခိုက္ ရေသ့ေတာင္က တပ္ရင္း သုံးခုကို AA တိုက္ခိုက္ Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.