ကုလတရားရံုးမွာစြဲဆိုခံရမႈ ႏိုင္ငံတကာဥပေဒနဲ႔ အညီတံု႔ျပန္မည္ဟု ျမန္မာသမၼတရံုးတံု႔ျပန္

သမၼတရံုး ညႊန္ၾကားေရးမႈးခ်ဳပ္ ဦးေဇာ္ေဌး

(Zawgyi/ Unicode)

လူမ်ိဳးတုံးသတ္ျဖတ္မႈ တားဆီးေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ကို ျမန္မာအစိုးရဘက္က ခ်ိဳးေဖာက္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဂမ္ဘီယာႏိုင္ငံက ကမကထျပဳၿပီး ကုလသမဂၢရဲ႕ ပင္မ တရားေရးအဖြဲ႕ႀကီးျဖစ္တဲ့ ICJ - ႏိုင္ငံတကာ တရား႐ုံးမွာ ျမန္မာႏိုင္ငံကို တရားစြဲဆိုထားတာနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံဘက္က ဥပေဒအၾကာင္းအရ သင့္ေတာ္သလို တုံ႔ျပန္သြားမယ္လို႔ ေျပာဆိုလိုက္ပါတယ္။

ျမန္မာႏိုင္ငံအေရး စတင္စုံစမ္းဖို႔ ICC ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံးက ခြင့္ျပဳလိုက္တဲ့ ကိစၥနဲ႔ပတ္ သက္လို႔ေတာ့ျမန္မာႏိုင္ငံဟာ ICC ဖြဲ႔စည္းေရးစာခ်ဳပ္မွာ လက္မွတ္ေရးထိုးထားတဲ့ ႏိုင္ငံမဟုတ္တဲ့အတြက္ ပူးေပါင္းေဆာင္႐ြက္မွာ မဟုတ္ဘူးလုိ႔ တုန္႔ျပန္ လိုက္ပါတယ္။ ဒီသတင္းကိုဗီြအိုေအ သတင္းေထာက္ ေမခကစုစည္းတင္ျပထားပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ အပါအဝင္ ထိပ္တန္း ေခါင္းေဆာင္ေတြကုိ ႐ိုဟင္ဂ်ာ မြတ္ဆလင္ေတြအေပၚ လူမ်ိဳးတုန္းသတ္ျဖတ္မႈနဲ႔ စြပ္စြဲၿပီး ႐ိုဟင္ဂ်ာေတြနဲ႔ လက္တင္အေမရိက လူ႔အခြင့္ေရး အဖြဲ႕ေတြက ႏုိ၀င္ဘာ ၁၃ ရက္ေန႔က အာဂ်င္တီးနား တရား႐ုံးမွာ တင္သြင္းခဲ့တာပါ။

ႏိုင္ငံတကာ တရား႐ုံး ICJ မွာ ျမန္မာႏိုင္ငံကို တရားစြဲဆိုထားတာကို ဥပေဒေၾကာင္းအရ တံုျပန္သြားမယ္လို႔ ဒီကေန႔ ေနျပည္ေတာ္မွာက်င္းပတဲ့ သမၼတအိမ္ေတာ္ သတင္းစာရွင္းလင္းပြဲမွာ သမၼတရံုး ညႊန္ၾကားေရးမႈးခ်ဳပ္ ဦးေဇာ္ေဌးက ေျပာၾကားလိုက္ေပမယ့္ ျမန္မာႏိုင္ငံအေရး စတင္ စုံစမ္းဖို႔ ICC ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံးက ခြင့္ျပဳလိုက္တဲ့ ကိစၥနဲ႔ပတ္သက္လို႔ သူက အခုလုိ တုန္႔ျပန္ပါတယ္။

"ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ဒီလမ္းေၾကာင္းက ျဖစ္လာႏိုင္တယ္ဆိုတာကို လြန္ခဲ့တဲ့ တႏွစ္ထဲက ႀကိဳခန္႔မွန္းမိပါတယ္။ ဒီကိစၥအတြက္လည္းေဆာင္ရြက္စရာရွိ တာေတြေဆာင္ရြက္ေနပါတယ္။ ျမန္မာႏိုင္ငံကထုတ္ျပန္ထားတဲ့ ကြန္ဒင္းရွင္း၊ ေနာက္ icj ရဲ႕ လုပ္ပိုင္ခြင့္၊ သူရဲ႕လုပ္ထံုးလုပ္နည္းေပါ့ေနာ္။ ဒါေတြက ႏိုင္ငံတ ကာ ဥပေဒေတြနနဲ႔ဆက္စပ္မႈရွိပါတယ္။ ျမန္မာႏိုင္ငံအေနနဲ႔ ႏိုင္ငံတကာ ဥပေဒေၾကာင္းအရတံုျပန္ေဆာင္ရြက္သြားမယ္။ ေနာက္ကင္တားနား အာဂ်င္တီးနား တရားစြဲတဲ့ ကိစၥကေတာ့ ၂၀၁၂ကေန၂၀၁၈ ထိ္ ကာလအထိယူထားတယ္။ ဒီအေပၚမွာေတာ့ဘာမွ တံုျပန္သြားဖို႔မရွိ ပါဘူး။ ICC ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံးက ခြင့္ျပဳလိုက္တဲ့ ကိစၥနဲ႔ ပတ္ သက္လို႔ေတာ့ျမန္မာႏိုင္ငံဟာ ICC ဖြဲ႔စည္းေရးစာခ်ဳပ္မွာ လက္မွတ္ေရးထိုးထားတဲ့ ႏိုင္ငံမဟုတ္တဲ့အတြက္ပူးေပါင္း ေဆာင္႐ြက္မွာ မဟုတ္"

ႏိုင္ငံတကာဘက္က စြပ္စြဲ ေျပာဆိုေနတာေတြနဲ႔ ပတ္သတ္လို႔ အစိုးရဘက္က ျငင္းပယ္ေနတာမ်ိဳးမရွိဘဲ ႏိုင္ငံတကာဘက္က ပညာရွင္ေတြပါဝင္တဲ့ စံုစမ္းစစ္ ေဆးေရး ေကာ္မရွင္ဘက္က မၾကာခင္ထြက္လာမယ့္ အစီအရင္ခံစာက ေတြ႔ရွိလာသမွ်အခ်က္ေတြကုိ လက္ခံၿပီး တာဝန္ခံ ေျဖရွင္းသြားမယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

"အခုေလာေလာဆယ္မွာေတာ့ ျပည္ပက စိတ္ခ်ယုံၾကည္ထုိက္တဲ့လူေတြ ပါ၀င္တဲ့ သီးျခားလြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ ICOE ဖြဲ႔စည္းထားပါတယ္။ အဲဒီ ICOE ကလည္း စုံစမ္း စစ္ေဆးဆဲ ျဖစ္ပါတယ္။ ေနာက္ တဘက္မွာလည္း တပ္မေတာ္က စုံစမ္းစစ္ေဆးေရးခုံရုံး Court of Inquiry ဆုိတာ ဖြဲ႔ၿပီး ေဆာင္ရြက္ေနပါတယ္။ က်ေနာ္တုိ႔ ျပည္တြင္းမွာ ဒီလုိမ်ဳိး စုံစမ္း စစ္ေဆးမႈေတြေပါ့၊ ျမန္မာႏုိင္ငံအေနနဲ႔ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ တတိယအခ်က္အေနနဲ႔ ဒီစုံစမ္း စစ္ေဆးမႈေတြကေနၿပီးေတာ့ က်ေနာ္တုိ႔ ICOE စုံစမ္း စစ္ေဆးခ်က္ Report ထြက္မယ္။ စစ္ေဆးခ်က္ကေနၿပီးေတာ့ ေတြ႔ရွိခ်က္ေတြ ထြက္လာမယ္။ ေနာက္အခ်က္က တပ္မေတာ္က Court of Inquiry ေပါ့ေနာ္၊ စုံစမ္းစစ္ေဆးေရး ခုံရုံးက ေတြ႔ရွိခ်က္ေတြ ရွိတယ္ဆုိတာလည္း သူတုိ႔ ထုတ္ျပန္ထားတယ္ေပါ့ေနာ္။ ဒီလုိမ်ဳိး ခ်ဳိးေဖာက္မႈဆုိင္ရာ လုပ္ေဆာင္ခ်က္ေတြ ရွိတယ္ဆုိရင္ က်ေနာ္တုိ႔ အစုိးရအေနနဲ႔ ဥပေဒနဲ႔အညီ အေရးယူသြားမယ္။"

ဥပေဒပညာရွင္ေဒါက္တာ ဆလိုင္းငြန္ဂ်ံဳးလ်န္ ကေတာ့ ျမန္မာႏိုင္ငံရဲ႕ပံုရိပ္၊ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရး၊ ႏိုင္ငံတကာရဲ႕ အျမင္ေတြနဲ႔ ႏိုင္ငံတကာဘက္က သတ္မွတ္ခ်က္ေတြကို အက်ိဳးသက္ေရာက္မႈေတြရွိတာေၾကာင့္ အစိုးရအေနနနဲ႔ ဒီအပိုင္းကို အေကာင္းဆံုး တံုျပန္သြားေစလိုတယ္လို႔ အႀကံျပဳပါတယ္။

"အာဂ်င္တီးနား၊ Buenos Aires District Court မွာ တင္တဲ့ကိစၥကုိ တုန္႔ျပန္စရာမလုိဘူးဆုိတာကေတာ့ အစုိးရက သူ႔သေဘာထားကုိ ေျပာတာျဖစ္မယ္။ အဲဒီ ICC တရားရုံးနဲ႔ အာဂ်င္တီးနား၊ Buenos Aires District Court က တရားရုံးကို က်ေနာ္တုိ႔က မတုန္႔ျပန္ဘူးဆုိၿပီးေတာ့ ေက်ာ္ျဖတ္လုိ႔ ရတဲ့ကိစၥမဟုတ္ဘူး။ အဲဒီေတာ့ နံပတ္တစ္က က်ေနာ္တုိ႔က ဥပေဒအရ အက်ဳိးသက္ေရာက္မႈကုိ စဥ္းစားဖုိ႔လုိတယ္။ ဒုတိယက ႏုိင္ငံေရးအရ အက်ဳိးသက္ေရာက္မႈ၊ အဆုိးျဖစ္ျဖစ္၊ အေကာင္းျဖစ္ျဖစ္၊ အဲဒါကုိလည္း က်ေနာ္တုိ႔ စဥ္းစားဖုိ႔လုိတယ္။ တတိယအခ်က္က ဒီလုိမ်ဳိး ႏုိင္ငံတခုက ႏုိင္ငံတကာ ဆက္ဆံေရးနယ္ပယ္မွာ နံမည္ပ်က္တယ္၊ နံမည္ပ်က္ျဖစ္ေနတဲ့အခ်ိန္မွာ စီးပြားေရးနဲ႔လည္း ဆုိင္တယ္။ လူမႈေရးနဲ႔လည္း ဆုိင္တယ္။ တျခား စီးပြားေရး၊ လူမႈေရးနဲ႔ပတ္သက္တဲ့ ကိစၥေတြနဲ႔လည္း ဆုိင္တယ္။ ဒီဟာေတြအားလုံးကုိ ထည့္တြက္ၿပီးေတာ့ က်ေနာ္တုိ႔ ျမန္မာႏုိင္ငံအစုိးရဘက္ကေန အေကာင္းဆုံး တုန္႔ျပန္ႏုိင္ပါေစလုိ႔ က်ေနာ္ကေတာ့ ေမွ်ာ္လင့္ပါတယ္။"

ဘဂၤလားေဒရွ္ဘက္ကိုေရာက္ေနတဲ့ ဒုကၡသည္ေတြ ျပန္လာေရး လုပ္ငန္းစဥ္ေတြမွာ ဘဂၤလားေဒရွ္ဘက္က ႏွစ္ႏိုင္ငံ ပူးေပါင္းလုပ္ေဆာင္မႈ အားနည္းတာေၾကာင့္ မေအာင္မျမင္ ျဖစ္ရတာလိ္ု႔ ဒီကေန႔သတင္းစာရွင္းပြဲမွာ ေျပာဆိုလိုက္ပါတယ္။ ျမန္မာအစုိးရက ႐ုိဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံပယ္ခ်ထားေပမယ့္ တဖက္ႏို္င္ငံဘက္ကုိ ထြက္ေျပးသြားၾကတဲ့ ဒုကၡသည္ေတြ ျပန္လာႏိုင္ေရး ကုလသမဂၢအပါအ၀င္ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္ေနေၾကာင္း ေျပာဆုိထားပါတယ္။

.....................

ကုလတရားရုံးမှာစွဲဆိုခံရမှု နိုင်ငံတကာဥပဒေနဲ့ အညီတုံ့ပြန်မည်ဟု မြန်မာသမ္မတရုံးတုံ့ပြန်

(Zawgyi/ Unicode)

လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာအစိုးရဘက်က ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက ကမကထပြုပြီး ကုလသမဂ္ဂရဲ့ ပင်မ တရားရေးအဖွဲ့ကြီးဖြစ်တဲ့ ICJ - နိုင်ငံတကာ တရားရုံးမှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က ဥပဒေအကြာင်းအရ သင့်တော်သလို တုံ့ပြန်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံအရေး စတင်စုံစမ်းဖို့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ခွင့်ပြုလိုက်တဲ့ ကိစ္စနဲ့ပတ် သက်လို့တော့မြန်မာနိုင်ငံဟာ ICC ဖွဲ့စည်းရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်တဲ့အတွက် ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ တုန့်ပြန် လိုက်ပါတယ်။ ဒီသတင်းကိုဗွီအိုအေ သတင်းထောက် မေခကစုစည်းတင်ပြထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်း ခေါင်းဆောင်တွေကို ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ စွပ်စွဲပြီး ရိုဟင်ဂျာတွေနဲ့ လက်တင်အမေရိက လူ့အခွင့်ရေး အဖွဲ့တွေက နိုဝင်ဘာ ၁၃ ရက်နေ့က အာဂျင်တီးနား တရားရုံးမှာ တင်သွင်းခဲ့တာပါ။

နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတာကို ဥပဒေကြောင်းအရ တုံပြန်သွားမယ်လို့ ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ပြောကြားလိုက်ပေမယ့် မြန်မာနိုင်ငံအရေး စတင် စုံစမ်းဖို့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ခွင့်ပြုလိုက်တဲ့ ကိစ္စနဲ့ပတ်သက်လို့ သူက အခုလို တုန့်ပြန်ပါတယ်။

"နိုင်ငံတော်အစိုးရအနေနဲ့ ဒီလမ်းကြောင်းက ဖြစ်လာနိုင်တယ်ဆိုတာကို လွန်ခဲ့တဲ့ တနှစ်ထဲက ကြိုခန့်မှန်းမိပါတယ်။ ဒီကိစ္စအတွက်လည်းဆောင်ရွက်စရာရှိ တာတွေဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံကထုတ်ပြန်ထားတဲ့ ကွန်ဒင်းရှင်း၊ နောက် icj ရဲ့ လုပ်ပိုင်ခွင့်၊ သူရဲ့လုပ်ထုံးလုပ်နည်းပေါ့နော်။ ဒါတွေက နိုင်ငံတ ကာ ဥပဒေတွေနနဲ့ဆက်စပ်မှုရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ ဥပဒေကြောင်းအရတုံပြန်ဆောင်ရွက်သွားမယ်။ နောက်ကင်တားနား အာဂျင်တီးနား တရားစွဲတဲ့ ကိစ္စကတော့ ၂၀၁၂ကနေ၂၀၁၈ ထိ ကာလအထိယူထားတယ်။ ဒီအပေါ်မှာတော့ဘာမှ တုံပြန်သွားဖို့မရှိ ပါဘူး။ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ခွင့်ပြုလိုက်တဲ့ ကိစ္စနဲ့ ပတ် သက်လို့တော့မြန်မာနိုင်ငံဟာ ICC ဖွဲ့စည်းရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်တဲ့အတွက်ပူးပေါင်း ဆောင်ရွက်မှာ မဟုတ်"

နိုင်ငံတကာဘက်က စွပ်စွဲ ပြောဆိုနေတာတွေနဲ့ ပတ်သတ်လို့ အစိုးရဘက်က ငြင်းပယ်နေတာမျိုးမရှိဘဲ နိုင်ငံတကာဘက်က ပညာရှင်တွေပါဝင်တဲ့ စုံစမ်းစစ် ဆေးရေး ကော်မရှင်ဘက်က မကြာခင်ထွက်လာမယ့် အစီအရင်ခံစာက တွေ့ရှိလာသမျှအချက်တွေကို လက်ခံပြီး တာဝန်ခံ ဖြေရှင်းသွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

"အခုလောလောဆယ်မှာတော့ ပြည်ပက စိတ်ချယုံကြည်ထိုက်တဲ့လူတွေ ပါဝင်တဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE ဖွဲ့စည်းထားပါတယ်။ အဲဒီ ICOE ကလည်း စုံစမ်း စစ်ဆေးဆဲ ဖြစ်ပါတယ်။ နောက် တဘက်မှာလည်း တပ်မတော်က စုံစမ်းစစ်ဆေးရေးခုံရုံး Court of Inquiry ဆိုတာ ဖွဲ့ပြီး ဆောင်ရွက်နေပါတယ်။ ကျနော်တို့ ပြည်တွင်းမှာ ဒီလိုမျိုး စုံစမ်း စစ်ဆေးမှုတွေပေါ့၊ မြန်မာနိုင်ငံအနေနဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တတိယအချက်အနေနဲ့ ဒီစုံစမ်း စစ်ဆေးမှုတွေကနေပြီးတော့ ကျနော်တို့ ICOE စုံစမ်း စစ်ဆေးချက် Report ထွက်မယ်။ စစ်ဆေးချက်ကနေပြီးတော့ တွေ့ရှိချက်တွေ ထွက်လာမယ်။ နောက်အချက်က တပ်မတော်က Court of Inquiry ပေါ့နော်၊ စုံစမ်းစစ်ဆေးရေး ခုံရုံးက တွေ့ရှိချက်တွေ ရှိတယ်ဆိုတာလည်း သူတို့ ထုတ်ပြန်ထားတယ်ပေါ့နော်။ ဒီလိုမျိုး ချိုးဖောက်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေ ရှိတယ်ဆိုရင် ကျနော်တို့ အစိုးရအနေနဲ့ ဥပဒေနဲ့အညီ အရေးယူသွားမယ်။"

ဥပဒေပညာရှင်ဒေါက်တာ ဆလိုင်းငွန်ဂျုံးလျန် ကတော့ မြန်မာနိုင်ငံရဲ့ပုံရိပ်၊ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံတကာရဲ့ အမြင်တွေနဲ့ နိုင်ငံတကာဘက်က သတ်မှတ်ချက်တွေကို အကျိုးသက်ရောက်မှုတွေရှိတာကြောင့် အစိုးရအနေနနဲ့ ဒီအပိုင်းကို အကောင်းဆုံး တုံပြန်သွားစေလိုတယ်လို့ အကြံပြုပါတယ်။

"အာဂျင်တီးနား၊ Buenos Aires District Court မှာ တင်တဲ့ကိစ္စကို တုန့်ပြန်စရာမလိုဘူးဆိုတာကတော့ အစိုးရက သူ့သဘောထားကို ပြောတာဖြစ်မယ်။ အဲဒီ ICC တရားရုံးနဲ့ အာဂျင်တီးနား၊ Buenos Aires District Court က တရားရုံးကို ကျနော်တို့က မတုန့်ပြန်ဘူးဆိုပြီးတော့ ကျော်ဖြတ်လို့ ရတဲ့ကိစ္စမဟုတ်ဘူး။ အဲဒီတော့ နံပတ်တစ်က ကျနော်တို့က ဥပဒေအရ အကျိုးသက်ရောက်မှုကို စဉ်းစားဖို့လိုတယ်။ ဒုတိယက နိုင်ငံရေးအရ အကျိုးသက်ရောက်မှု၊ အဆိုးဖြစ်ဖြစ်၊ အကောင်းဖြစ်ဖြစ်၊ အဲဒါကိုလည်း ကျနော်တို့ စဉ်းစားဖို့လိုတယ်။ တတိယအချက်က ဒီလိုမျိုး နိုင်ငံတခုက နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ နံမည်ပျက်တယ်၊ နံမည်ပျက်ဖြစ်နေတဲ့အချိန်မှာ စီးပွားရေးနဲ့လည်း ဆိုင်တယ်။ လူမှုရေးနဲ့လည်း ဆိုင်တယ်။ တခြား စီးပွားရေး၊ လူမှုရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေနဲ့လည်း ဆိုင်တယ်။ ဒီဟာတွေအားလုံးကို ထည့်တွက်ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံအစိုးရဘက်ကနေ အကောင်းဆုံး တုန့်ပြန်နိုင်ပါစေလို့ ကျနော်ကတော့ မျှော်လင့်ပါတယ်။"

ဘင်္ဂလားဒေရှ်ဘက်ကိုရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လာရေး လုပ်ငန်းစဉ်တွေမှာ ဘင်္ဂလားဒေရှ်ဘက်က နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်မှု အားနည်းတာကြောင့် မအောင်မမြင် ဖြစ်ရတာလို့ ဒီကနေ့သတင်းစာရှင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ မြန်မာအစိုးရက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပယ်ချထားပေမယ့် တဖက်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ ပြန်လာနိုင်ရေး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေကြောင်း ပြောဆိုထားပါတယ်။

ေမခ/ VOA Burmese
https://burmese.voanews.com
ကုလတရားရံုးမွာစြဲဆိုခံရမႈ ႏိုင္ငံတကာဥပေဒနဲ႔ အညီတံု႔ျပန္မည္ဟု ျမန္မာသမၼတရံုးတံု႔ျပန္ ကုလတရားရံုးမွာစြဲဆိုခံရမႈ ႏိုင္ငံတကာဥပေဒနဲ႔ အညီတံု႔ျပန္မည္ဟု ျမန္မာသမၼတရံုးတံု႔ျပန္ Reviewed by THITHTOOLWIN on 00:46 Rating: 5
Powered by Blogger.