ေအေအေတြက စစ္ဘုရင္ဝါဒနဲ႔ လုပ္ခ်င္တိုင္းလုပ္တာ လက္မခံဘူးလို႔ သမၼတ႐ုံးဆို

 ရခိုင္ျပည္နယ္ထဲ အေျခခ်ဖို႔ ဆုံးျဖတ္ထားတဲ့ ေအေအ
(Zawgyi)⤵⤵⤵v
အစိုးရနဲ႔ အပစ္ရပ္လက္မွတ္မထိုးရေသးတဲ့ ေျမာက္ပိုင္းလက္နက္ကိုင္ေလးဖြဲ႕နဲ႔ ေတြ႕ဆုံဖို႔ ညႇိႏႈိင္းေနဆဲကာလမွာပဲ ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ေနတဲ့ ေအေအ အဖြဲ႕ကို သမၼတ႐ုံးက ျပင္းျပင္းထန္ ေဝဖန္လိုက္ပါတယ္။

ေနျပည္ေတာ္ သမၼတ႐ုံးမွာ ႏိုဝင္ဘာ ၁၅ ရက္ ေသာၾကာေန႔မွာ လုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ သမၼတ႐ုံး ေျပာခြင့္ရသူ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက ျပင္းထန္တဲ့ စကားလုံးေတြ သုံးၿပီး ေအေအ ရကၡိဳင့္တပ္ေတာ္ကို ေဝဖန္ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္မွာ လႊတ္ေတာ္အမတ္၊ အရပ္သား၊ တပ္၊ ရဲ နဲ႔ အစိုးရဝန္ထမ္းေတြ ဖမ္းဆီးခံရတဲ့ကိစၥ၊ ေအေအ ေတာင္းဆိုတဲ့ သုံ႔ပန္းလဲလွယ္ေရး ထုတ္ျပန္ခ်က္နဲ႔ ေအေအရဲ႕ တိုက္ခိုက္မႈ လုပ္ေဆာင္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး မီဒီယာေတြရဲ႕ ေမးျမန္းခ်က္ကို ေျဖၾကားရာမွာ'စစ္ဘုရင္ဝါဒ'၊ 'အဓိပၸါယ္မရွိတဲ့ေတာင္းဆိုခ်က္'၊ 'ဓားျပသာသာ အဆင့္'ဆိုတဲ့ စကားလုံးေတြနဲ႔ ျပင္းျပင္းထန္ထန္ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ေအေအက ဖမ္းဆီးထားသူေတြနဲ႔ ပတ္သက္ၿပီး အစိုးရအေနနဲ႔ ဖမ္းဆီးခံထားရသူေတြရဲ႕ လုံၿခဳံေရးနဲ႔ ေဘးကင္းေရးကို အင္မတန္ စိုးရိမ္ပူပန္ေၾကာင္းေျပာပါတယ္။

ဒါေၾကာင့္ ဖမ္းဆီးခံထားရသူေတြ လြတ္ေျမာက္ေရးကိုလည္း နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ လုပ္ေနတယ္လို႔ ေျပာပါတယ္။

အဲဒီလိုေဆာင္႐ြက္ရာမွာ ေအေအနဲ႔ ေဆြးေႏြးတာ၊ ၿငိမ္းခ်မ္းေရးေကာ္မရွင္ကတဆင့္ လႊတ္ေပးဖို႔ ေျပာဆိုတာ၊ ေအေအအေပၚမွာ ၾသဇာ လႊမ္းမိုးႏိုင္စြမ္းရွိတဲ့ အဖြဲ႕အစည္း၊ လူပုဂၢိဳလ္ေတြကေနတဆင့္ ေျပာတာေတြကို လုပ္ေနတယ္လို႔ ေျပာပါတယ္။

 ေဆြးေႏြးပြဲေတြအတြက္ တခါးဖြင့္ထားပါတယ္လို႔ ဆို
ခ်င္းျပည္နယ္ကအမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းအပါအဝင္ ေအေအက ဖမ္းဆီးခံထားရသူေတြအေၾကာင္း ေျပာဆိုရာမွာေတာ့ ေအေအအဖြဲ႕က ျပည္သူေ႐ြးခ်ယ္ထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္၊ ဥပေဒ ျပဳေရးမ႑ိဳင္ကို ကိုယ္စားျပဳသူကို ဖမ္းထားတာတယ္ဆိုတာ 'ႏိုင္ငံေတာ္ရဲ႕ အခ်ဳပ္အခ်ာအာဏာကို ထိပါးရာေရာက္တယ္' လို႔ ဦးေဇာ္ေဌးက ေျပာဆိုလိုက္ပါတယ္။

ဒါ့အျပင္ ေအေအက ထုတ္ျပန္တဲ့ သုံ႔ပန္းလဲလွယ္ေရးက အဓိပၸါယ္မရွိတဲ့ ေတာင္းဆိုခ်က္ျဖစ္တယ္ လို႔လည္း ေျပာပါတယ္။

ေအေအက လက္ရွိဖမ္းဆီးထားတဲ့ စစ္ဘက္နဲ႔ သက္ဆိုင္သူေတြနဲ႔ အစိုးရက ဖမ္းဆီး၊ တရားစြဲဆိုထားသူေတြကို သုံ႔ပန္းခ်င္းလဲလွယ္မယ္ဆိုၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းက ေၾကညာခ်က္ထုတ္ထားခဲ့ပါတယ္။

ဒါေပမဲ့ သမၼတ႐ုံး ေျပာခြင့္ရသူကေတာ့ "ေအေအလုပ္ေနတာက ေတြ႕တဲ့လူဖမ္း လုပ္ေနတာ"၊ "ကိုယ့္နယ္ထဲမွာ စစ္ဘုရင္ဝါဒနဲ႔ လုပ္ခ်င္တိုင္းလုပ္၊ အဲလိုမ်ိဳးေတာ့ လက္ခံလို႔ မရဘူး" လို႔ ေျပာပါတယ္

ေနာက္ တပ္မေတာ္က ဖမ္းဆီးတာေတြက ဥပေဒလမ္းေၾကာင္းအတိုင္းလုပ္တာ ျဖစ္ၿပီး တရားဥပေဒ စိုးမိုးေရး၊ ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းေရးလုပ္ေနတာေတြ ျဖစ္တယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

ေအေအရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ တပ္မေတာ္က အရပ္သားေတြကို ပုဒ္မအမ်ိဳးမ်ိဳးတပ္ၿပီးဖမ္းတယ္၊ ေအေအနဲ႔ ဆက္စပ္ ပတ္သက္တယ္ဆိုၿပီး စြပ္စြဲခ်က္ေတြနဲ႔ ဖမ္းဆီးထားသူေတြ ရွိၿပီး ဒီလူေတြကို ေအေအက ဖမ္းထားသူေတြနဲ႔ သုံ႔ပန္းခ်င္းလဲမယ္ဆိုၿပီး ႏိုဝင္ဘာ ၁၁ ရက္မွာ ေၾကညာခဲ့တာ ျဖစ္ပါတယ္။
AA တပ္ဖြဲ႕ နဲ႔ အစိုးရတပ္မေတာ္ၾကား တိုက္ခိုက္မႈေတြ ဆက္ရွိေန
v
ဒါ့အျပင္ ေအေအအဖြဲ႕ရဲ႕ တိုက္ခိုက္ေရး လုပ္ေဆာင္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး "ႏိုင္ငံတကာ ကြန္ဗန္းရွင္းေတြအရ သေဘာတူထားတဲ့ ျမင္သာထင္သာတဲ့ ယူနီေဖာင္းေတြ၊ တံဆိပ္ေတြ ၊ အမွတ္အသားေတြ၊ လက္နက္ေတြကို ဘယ္လိုကိုင္ေဆာင္ဆိုတဲ့ စည္းမ်ဥ္းစည္းကမ္းေတြလည္း သိပုံမရဘူး" လို႔လည္း ေျပာပါတယ္။

ဒါ့အျပင္ ခ်င္းျပည္နယ္က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို က်ပ္သိန္းသုံးေထာင္နဲ႔ ျပန္ေ႐ြးခိုင္းတဲ့စာေတြ ထုတ္ထားတာေတြ ေတြ႕ရၿပီး ဒါကို ေအေအက ျငင္းခ်က္ထုတ္တာ မေတြ႕ရတဲ့အတြက္ ေအေအလုပ္တယ္လို႔ ယူဆရတယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။

ဒီစာေတြနဲ႔ပတ္သက္ၿပီး "လူကိုဖမ္းတယ္။ ပိုက္ဆံဘယ္ေလာက္နဲ႔ ေ႐ြးပါလို႔ေျပာတာ တကယ့္ ဓားျပသာသာ အဆင့္ပဲရွိတယ္" လို႔ ေျပာပါတယ္။

ေအေအရဲ႕ လုပ္ေဆာင္ခ်က္ေတြကို အစိုးရရဲ႕တုံ႔ျပန္ခ်က္နဲ႔ ပတ္သက္ၿပီးလည္း ရခိုင္ျပည္နယ္မွာ ေအေအအဖြဲ႕ စၿပီးလႈပ္ရွားလာကတည္းက effective counter insurgency operation - ေသာင္းက်န္းသူ ႏွိမ္နင္းေရး စစ္ဆင္ေရးကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္ဖို႔ ၫႊန္ၾကားထားၿပီး တပ္မေတာ္ကလည္း ဒါကို ေဆာင္႐ြက္ေနတယ္လို႔ ေျပာပါတယ္။

ဒါေပမဲ့ "တစ္ဖက္မွာလည္း တိုင္းရင္းသားအခြင့္အေရးေတြ ျပည္နယ္အခြင့္အေရးေတြ လိုခ်င္တယ္ဆိုရင္ ႏိုင္ငံေရးေဆြးေႏြးပြဲကို လာဖို႔လိုပါတယ္။ အခုက ဖက္ဒရယ္ကို ဦးတည္ေနတဲ့အခ်ိန္မွာ ႏိုင္ငံေရးေဆြးေႏြးပြဲကို လာၿပီး ေတာင္းဆိုဖို႔လိုတယ္။ အဲဒီအတြက္ အစိုးရအေနနဲ႔ လမ္းေၾကာင္းဖြင့္ထားတယ္" လို႔ ေျပာပါတယ္။

ဒီကာလမွာပဲ အစိုးရက အပစ္ရပ္ လက္မွတ္မထိုးရေသးတဲ့ ေအေအ အဖြဲ႕အပါအဝင္ TNLA တအာင္း/ပေလာင္၊ MNDAA ကိုးကန႔္နဲ႔ KIA ကခ်င္ လက္နက္ကိုင္အဖြဲ႕ေတြပါဝင္တဲ့ ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ေတြ႕ဆုံေရးကို ေဆာင္႐ြက္ေနေၾကာင္း၊ အဲဒီလို ေဆာင္႐ြက္ေနစဥ္မွာပဲ အလြတ္သေဘာေတြ႕ဆုံမႈေတြ လုပ္ေနၿပီး ေျမာက္ပိုင္းအဖြဲ႕ေတြအေနနဲ႔ ၿငိမ္းခ်မ္းေရး လမ္းေၾကာင္းကို အမွန္တကယ္ေလွ်ာက္မယ္ဆိုတာ ေသခ်ာရင္၊ ပဏာမ အပစ္ရပ္လက္မွတ္ထိုးၿပီးရင္ ဆက္လုပ္မယ့္ လုပ္ငန္းေတြကို သေဘာတူရင္ အစိုးရက အဲဒီအဖြဲ႕ေတြနဲ႔ ေတြ႕ဆုံမွာ ျဖစ္တယ္လို႔ ဦးေဇာ္ေဌးက ေျပာဆိုခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
အေအေတွေက စစ်ဘုရင်ဝါဒနဲ့ လုပ်ချင်တိုင်းလုပ်တာ လက်မခံဘူးလို့ သမ္မတရုံးဆို

ဓာတ်ပုံ မူပိုင် Arakan Army
Image caption ရခိုင်ပြည်နယ်ထဲ အခြေချဖို့ ဆုံးဖြတ်ထားတဲ့ အေအေ

အစိုးရနဲ့ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့နဲ့ တွေ့ဆုံဖို့ ညှိနှိုင်းနေဆဲကာလမှာပဲ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ အေအေ အဖွဲ့ကို သမ္မတရုံးက ပြင်းပြင်းထန် ဝေဖန်လိုက်ပါတယ်။

နေပြည်တော် သမ္မတရုံးမှာ နိုဝင်ဘာ ၁၅ ရက် သောကြာနေ့မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောခွင့်ရသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြင်းထန်တဲ့ စကားလုံးတွေ သုံးပြီး အေအေ ရက္ခိုင့်တပ်တော်ကို ဝေဖန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ လွှတ်တော်အမတ်၊ အရပ်သား၊ တပ်၊ ရဲ နဲ့ အစိုးရဝန်ထမ်းတွေ ဖမ်းဆီးခံရတဲ့ကိစ္စ၊ အေအေ တောင်းဆိုတဲ့ သုံ့ပန်းလဲလှယ်ရေး ထုတ်ပြန်ချက်နဲ့ အေအေရဲ့ တိုက်ခိုက်မှု လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ'စစ်ဘုရင်ဝါဒ'၊ 'အဓိပ္ပါယ်မရှိတဲ့တောင်းဆိုချက်'၊ 'ဓားပြသာသာ အဆင့်'ဆိုတဲ့ စကားလုံးတွေနဲ့ ပြင်းပြင်းထန်ထန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အေအေက ဖမ်းဆီးထားသူတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ဖမ်းဆီးခံထားရသူတွေရဲ့ လုံခြုံရေးနဲ့ ဘေးကင်းရေးကို အင်မတန် စိုးရိမ်ပူပန်ကြောင်းပြောပါတယ်။

ဒါကြောင့် ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ရေးကိုလည်း နည်းလမ်းအမျိုးမျိုးနဲ့ လုပ်နေတယ်လို့ ပြောပါတယ်။

အဲဒီလိုဆောင်ရွက်ရာမှာ အေအေနဲ့ ဆွေးနွေးတာ၊ ငြိမ်းချမ်းရေးကော်မရှင်ကတဆင့် လွှတ်ပေးဖို့ ပြောဆိုတာ၊ အေအေအပေါ်မှာ သြဇာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကနေတဆင့် ပြောတာတွေကို လုပ်နေတယ်လို့ ပြောပါတယ်။
ဓာတ်ပုံ မူပိုင် THET AUNG
Image caption ဆွေးနွေးပွဲတွေအတွက် တခါးဖွင့်ထားပါတယ်လို့ ဆို

ချင်းပြည်နယ်ကအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင် အေအေက ဖမ်းဆီးခံထားရသူတွေအကြောင်း ပြောဆိုရာမှာတော့ အေအေအဖွဲ့က ပြည်သူရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်၊ ဥပဒေ ပြုရေးမဏ္ဍိုင်ကို ကိုယ်စားပြုသူကို ဖမ်းထားတာတယ်ဆိုတာ 'နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာကို ထိပါးရာရောက်တယ်' လို့ ဦးဇော်ဌေးက ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် အေအေက ထုတ်ပြန်တဲ့ သုံ့ပန်းလဲလှယ်ရေးက အဓိပ္ပါယ်မရှိတဲ့ တောင်းဆိုချက်ဖြစ်တယ် လို့လည်း ပြောပါတယ်။

အေအေက လက်ရှိဖမ်းဆီးထားတဲ့ စစ်ဘက်နဲ့ သက်ဆိုင်သူတွေနဲ့ အစိုးရက ဖမ်းဆီး၊ တရားစွဲဆိုထားသူတွေကို သုံ့ပန်းချင်းလဲလှယ်မယ်ဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာချက်ထုတ်ထားခဲ့ပါတယ်။

ဒါပေမဲ့ သမ္မတရုံး ပြောခွင့်ရသူကတော့ "အေအေလုပ်နေတာက တွေ့တဲ့လူဖမ်း လုပ်နေတာ"၊ "ကိုယ့်နယ်ထဲမှာ စစ်ဘုရင်ဝါဒနဲ့ လုပ်ချင်တိုင်းလုပ်၊ အဲလိုမျိုးတော့ လက်ခံလို့ မရဘူး" လို့ ပြောပါတယ်

နောက် တပ်မတော်က ဖမ်းဆီးတာတွေက ဥပဒေလမ်းကြောင်းအတိုင်းလုပ်တာ ဖြစ်ပြီး တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးလုပ်နေတာတွေ ဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

အေအေရဲ့ ထုတ်ပြန်ချက်မှာတော့ တပ်မတော်က အရပ်သားတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီးဖမ်းတယ်၊ အေအေနဲ့ ဆက်စပ် ပတ်သက်တယ်ဆိုပြီး စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထားသူတွေ ရှိပြီး ဒီလူတွေကို အေအေက ဖမ်းထားသူတွေနဲ့ သုံ့ပန်းချင်းလဲမယ်ဆိုပြီး နိုဝင်ဘာ ၁၁ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Arakan Army
Image caption AA တပ်ဖွဲ့ နဲ့ အစိုးရတပ်မတော်ကြား တိုက်ခိုက်မှုတွေ ဆက်ရှိနေ

ဒါ့အပြင် အေအေအဖွဲ့ရဲ့ တိုက်ခိုက်ရေး လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး "နိုင်ငံတကာ ကွန်ဗန်းရှင်းတွေအရ သဘောတူထားတဲ့ မြင်သာထင်သာတဲ့ ယူနီဖောင်းတွေ၊ တံဆိပ်တွေ ၊ အမှတ်အသားတွေ၊ လက်နက်တွေကို ဘယ်လိုကိုင်ဆောင်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေလည်း သိပုံမရဘူး" လို့လည်း ပြောပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ကျပ်သိန်းသုံးထောင်နဲ့ ပြန်ရွေးခိုင်းတဲ့စာတွေ ထုတ်ထားတာတွေ တွေ့ရပြီး ဒါကို အေအေက ငြင်းချက်ထုတ်တာ မတွေ့ရတဲ့အတွက် အေအေလုပ်တယ်လို့ ယူဆရတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဒီစာတွေနဲ့ပတ်သက်ပြီး "လူကိုဖမ်းတယ်။ ပိုက်ဆံဘယ်လောက်နဲ့ ရွေးပါလို့ပြောတာ တကယ့် ဓားပြသာသာ အဆင့်ပဲရှိတယ်" လို့ ပြောပါတယ်။

အေအေရဲ့ လုပ်ဆောင်ချက်တွေကို အစိုးရရဲ့တုံ့ပြန်ချက်နဲ့ ပတ်သက်ပြီးလည်း ရခိုင်ပြည်နယ်မှာ အေအေအဖွဲ့ စပြီးလှုပ်ရှားလာကတည်းက effective counter insurgency operation - သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ ညွှန်ကြားထားပြီး တပ်မတော်ကလည်း ဒါကို ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ "တစ်ဖက်မှာလည်း တိုင်းရင်းသားအခွင့်အရေးတွေ ပြည်နယ်အခွင့်အရေးတွေ လိုချင်တယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲကို လာဖို့လိုပါတယ်။ အခုက ဖက်ဒရယ်ကို ဦးတည်နေတဲ့အချိန်မှာ နိုင်ငံရေးဆွေးနွေးပွဲကို လာပြီး တောင်းဆိုဖို့လိုတယ်။ အဲဒီအတွက် အစိုးရအနေနဲ့ လမ်းကြောင်းဖွင့်ထားတယ်" လို့ ပြောပါတယ်။

ဒီကာလမှာပဲ အစိုးရက အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ အေအေ အဖွဲ့အပါအဝင် TNLA တအာင်း/ပလောင်၊ MNDAA ကိုးကန့်နဲ့ KIA ကချင် လက်နက်ကိုင်အဖွဲ့တွေပါဝင်တဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံရေးကို ဆောင်ရွက်နေကြောင်း၊ အဲဒီလို ဆောင်ရွက်နေစဉ်မှာပဲ အလွတ်သဘောတွေ့ဆုံမှုတွေ လုပ်နေပြီး မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းကို အမှန်တကယ်လျှောက်မယ်ဆိုတာ သေချာရင်၊ ပဏာမ အပစ်ရပ်လက်မှတ်ထိုးပြီးရင် ဆက်လုပ်မယ့် လုပ်ငန်းတွေကို သဘောတူရင် အစိုးရက အဲဒီအဖွဲ့တွေနဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောဆိုခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ေအေအေတြက စစ္ဘုရင္ဝါဒနဲ႔ လုပ္ခ်င္တိုင္းလုပ္တာ လက္မခံဘူးလို႔ သမၼတ႐ုံးဆို ေအေအေတြက စစ္ဘုရင္ဝါဒနဲ႔ လုပ္ခ်င္တိုင္းလုပ္တာ လက္မခံဘူးလို႔ သမၼတ႐ုံးဆို Reviewed by THITHTOOLWIN on 00:51 Rating: 5
Powered by Blogger.