ကရင္ေဒသဖြံ႔ၿဖိဳးေရး ကမၻာ႔ဘဏ္ အကူအညီ ေ၀ဖန္ဆန္႔က်င္ခံရ

ကရင္ျပည္နယ္မွာ ျမန္မာတပ္မေတာ္ရဲ႕ လမ္းေဖာက္လုပ္မႈကို ကန္႔ကြက္ဆႏၵျပေနတဲ့ ကရင္ျပည္သူမ်ား။ (ဓာတ္ပုံ - Karen Peace Support Network, ေအာက္တုိဘာ ၃၀၊ ၂၀၁၉)
(Zawgyi / Unicode)

ကရင္ျပည္နယ္ အပါအ၀င္ ျမန္မာႏိုင္ငံ အေရွ႕ျခမ္းမွာ ကမၻာ့ဘဏ္ရဲ႕ အေမရိကန္ေဒၚလာ သန္း ၂၀၀ ေက်ာ္ ဖံြ႔ၿဖိဳးေရး စီမံကိန္းေတြဟာ လက္ရွိ ႏိုင္ငံေရးေျပလည္မႈ မရွိေသးတဲ့ အေျခအေနေၾကာင့္ ေဒသခံတိုင္းရင္းသားေတြကို တန္းတူအက်ဳိးခံစားခြင့္ ရွိေစမွာ မဟုတ္တဲ့အတြက္ ကန္႔ကြက္ေၾကာင္း ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳ ကြန္ရက္အဖဲြ႔က ဗီြအိုေအကို ေျပာပါတယ္။

ဖြံ႔ၿဖိဳးဆဲ ျမန္မာႏုိင္ငံမွာ ကမၻာ့ဘဏ္ရဲ႕ အကူအညီေတြ အထူးလိုအပ္ေနခ်ိန္ ေဒသခံျပည္သူေတြက ဒီစီမံကိန္းေတြကို ဘာေၾကာင့္ မယံုၾကည္မႈနဲ႔ စိုးရိမ္မႈေတြ ရွိေနသလဲ၊ ပညာရွင္ေတြဘက္က ဘယ္လို ေထာက္ျပမႈေတြ ရွိေနလဲ။ အျပည့္အစုံကို မအင္ၾကင္းႏိုင္က တင္ျပေပးထားပါတယ္။

ကရင္ျပည္နယ္မွာ ဖံြ႔ၿဖိဳးတိုးတက္ေရး စီမံကိန္းေတြ အေျမာက္အျမား လိုအပ္ေနေပမယ့္ ဒီစီမံကိန္းေတြကို အေကာင္အထည္ေဖာ္ဖို႔ မွန္ကန္သင့္ေလ်ာ္တဲ့အခ်ိန္ မေရာက္ေသးဘူးလို႔ ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳ ကြန္ရက္အဖဲြ႔ရဲ႕ မေန႔ တနဂၤေႏြေန႔က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အထူးသျဖင့္ ကရင္ျပည္နယ္မွာ စစ္မွန္တဲ့ၿငိမ္းခ်မ္းေရး မရေသးတဲ့အခ်ိန္၊ ျမန္မာစစ္တပ္အေပၚ ေဒသခံ ကရင္ေတြက ေၾကာက္လန္႔ေနဆဲျဖစ္တဲ့ အေျခအေနမွာ ဖြံ႔ၿဖိဳးေရးစီမံကိန္းေတြအေပၚ ျပည္သူေတြက ယံုၾကည္မႈမရွိဘူးလို႔ ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳကြန္ရက္ ေျပာခြင့္ရ စလံုးဖန္းက ဗီြအိုေအကို ေျပာပါတယ္။

“အခုလက္ရွိ ကရင္ျပည္နယ္မွာ စစ္တပ္ေတြ အမ်ားႀကီးရွိတာေပါ့ေနာ္။ အဲဒါေၾကာင့္ လူထုေတြက တအားေၾကာက္ရတယ္။ အဓိက ကရင္လူထုေတြ အေရးႀကီးဆုံးက ဘာလုိခ်င္လဲဆုိေတာ့ စစ္တပ္ေတြကုိ ျမန္ျမန္ျပန္႐ုပ္သိမ္းဖုိ႔ေပါ့ေနာ္။ စစ္တပ္ကုိ ျပန္႐ုပ္သိမ္းၿပီးေတာ့ စစ္မွန္တဲ့ ႏုိင္ငံေရးေဆြးေႏြးပြဲ လုပ္ဖုိ႔ေပါ့။ ကရင္လူထုေတြက အဲဒီလို ျဖစ္ေစခ်င္တာေပါ့ေနာ္။ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးရဖုိ႔၊ ေနာက္ၿပီးေတာ့ ႏုိင္ငံေရးတည္ၿငိမ္မႈရွိမွ ဘတ္ဂ်က္ေတြ Development ေတြလုပ္ဖို႔ သူတုိ႔က လုိခ်င္တာေပါ့။”

ကမၻာ့ဘဏ္ရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔ သာယာ၀ေျပာေရး လူထုစီမံကိန္း PPCP ကို ေနျပည္ေတာ္က ဗဟိုအစိုးရနဲ႔ပဲ ညႇိႏႈိင္းသေဘာတူခဲ့တာျဖစ္ၿပီး စိုက္ပ်ဳိးေရး၊ ေမြးျမဴေရးနဲ႔ ဆည္ေျမာင္း၀န္ႀကီးဌာန၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကပဲ လုပ္ေဆာင္သြားမွာ ျဖစ္တဲ့အတြက္ ေဒသခံျပည္နယ္ေတြဘက္က အခုလို ဖြံ႔ၿဖိဳးေရးစီမံကိန္းေတြမွာ ပါ၀င္ဆံုးျဖတ္ခြင့္ မရခဲ့ေၾကာင္းလည္း အဖဲြ႔ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ ျမန္မာႏိုင္ငံက ပဋိပကၡျဖစ္ရာ ေဒသေတြအတြက္ ကမၻာ့ဘဏ္ရဲ႕ စီမံကိန္းေတြဟာ ျမန္မာအစိုးရနဲ႔ပဲ တဖက္သက္ေရးဆဲြ ထိန္းခ်ဳပ္တဲ့ပံုစံမ်ဳိး ေျပာင္းလဲသင့္တယ္လို႔ စလံုးဖန္းက ဆိုပါတယ္။

“Development လုပ္ခ်င္လို႔ရွိရင္ အဓိကေတာ့ ေဒသခံလူေတြနဲ႔ Consultation လုပ္ဖို႔လည္း လုိတယ္။ ေနာက္ၿပီးေတာ့ တဖက္သတ္ Central အစုိးရနဲ႔ လုပ္ဖုိ႔ေတာ့ မေကာင္းဘူးေပါ့။ အားလုံးကုိ တုိင္ပင္ဖုိ႔လုိတယ္။ ေနာက္ၿပီးေတာ့ ႏုိင္ငံေရးတည္ၿငိမ္မႈရွိမွ လုပ္ေစခ်င္တာေပါ့။ က်ေနာ္တုိ႔ႏုိင္ငံက ႏုိင္ငံေရးတည္ၿငိမ္မႈ မရွိေသးတဲ့အတြက္ေၾကာင့္ မလုပ္သင့္ဘူးလုိ႔ က်ေနာ္ေတာ့ထင္တယ္။”

ကမၻာ့ဘဏ္ရဲ႕ PPCP စီမံကိန္းမွာ သံုးမယ့္ ေဒၚလာ သန္း ၂၀၀ ေက်ာ္ဟာ ျမန္မာအစိုးရက ကမၻာ့ဘဏ္ကို ျပန္ၿပီး ေပးဆပ္ရမယ့္ ေခ်းေငြျဖစ္ပါတယ္။ ဖြံ႔ၿဖိဳးဆဲႏိုင္ငံေတြကို အကူအညီေပးေနတဲ့ ကမၻာ့ဘဏ္အေနနဲ႔ စီမံကိန္းခ်မွတ္မယ္ဆိုရင္ အဘက္ဘက္က ထည့္သြင္းစဥ္းစားေလ့ရွိေပမယ့္ အခု ျမန္မာႏိုင္ငံကိစၥမွာ အေျခအေနတမ်ဳိး ျဖစ္ေနတယ္လို႔ အေမရိကန္ျပည္ေထာင္စု အေျခစိုက္ ျမန္မာ့စီးပြားေရးပညာရွင္ ဦးကံထြန္းက သံုးသပ္ပါတယ္။

“က်ေနာ့္အေတြ႔အႀကဳံအရေတာ့ ကမၻာ့ဘဏ္က အထပ္ထပ္အခါခါ စဥ္းစားၿပီးမွ လုပ္တာပါ။ အခု က်ေနာ္တုိ႔ႏုိင္ငံရဲ႕ ဖြဲ႔စည္းပုံက ဗဟိုအစုိးရနဲ႔ ျပည္နယ္အစုိးရ ႏွစ္ပုိင္းရွိတာေပါ့ေလ။ ရွိတဲ့အခါမွာ က်ေနာ္သိရသေလာက္ေတာ့ ဗဟိုအစုိးရနဲ႔ပဲ ညိႇႏႈိင္းတဲ့သေဘာ ရွိတယ္။ အဲဒါကေတာ့ မျဖစ္သင့္ဘူးလုိ႔ က်ေနာ္ထင္ပါတယ္။ ကမၻာ့ဘဏ္က လုပ္တယ္ဆုိရင္လည္း ျပန္စဥ္းစားဖုိ႔သင့္တယ္လို႔ က်ေနာ္ျမင္ပါတယ္။”

ကမၻာ့ဘဏ္ရဲ႕ အကူအညီေတြဟာ ႏိုင္ငံအတြက္ လိုအပ္ေပမယ့္ စီမံကိန္းေတြဟာ ပြင့္လင္းျမင္သာမႈရွိဖို႔နဲ႔ အဓိက ေဒသခံေတြ ပူးေပါင္းပါ၀င္မွသာ ထိေရာက္အက်ဳိးရွိမွာ ျဖစ္တယ္လို႔ ဦးကံထြန္းက ေျပာပါတယ္။

“ကမၻာ့ဘဏ္က ဝင္လာတယ္ဆုိတာကေတာ့ ေကာင္းတာေပါ့ေလ။ ႐ုိး႐ိုးေခ်းေငြထက္စာရင္ ကမၻာ့ဘဏ္ကေတာ့၊ က်ေနာ္တို႔လုပ္တုန္းကလည္း ဦးစားေပးက ကမၻာ့ဘဏ္နဲ႔ပါပဲ။ စီးပြားေရးတုိးတက္မႈ အတြက္ကေတာ့ အေထာက္အကူ ျဖစ္မယ္။ အတုိးႏႈန္းကလည္း အင္မတန္မွနည္းတယ္၊ မေျပာပေလာက္ဘူးေလ။ သို႔ေသာ္ တဖက္မွာျပန္ၾကည့္ရင္ ႏုိင္ငံရဲ႕ အေျခအေနေပါ့ေလ၊ တုိင္းျပည္အေျခအေနက ရခုိင္တုိ႔ ကရင္တို႔ မြန္တို႔မွာလည္း မတည္မၿငိမ္ျဖစ္ေနတာ တပုိင္း၊ ေနာက္တခုက လူထုရဲ႕ ဆန္႔က်င္ဘက္ေတြ ရွိေနတယ္ဆုိရင္ေတာ့ က်ေနာ္ကေတာ့ ေလာေလာဆယ္ မလုပ္သင့္ဘူးလို႔ ျမင္ပါတယ္။ ေနာက္တခုက ပြင့္လင္းျမင္သာမႈက သိပ္အေရးႀကီးပါတယ္။ ဘာမဆုိ လူထုေတြနဲ႔ခ်ျပ၊ လူထုရဲ႕ ပါဝင္ကူညီမႈက၊ ဘာျဖစ္လို႔လဲဆုိေတာ့ သူတုိ႔ျပည္နယ္မွာ လုပ္ရမွာဆုိေတာ့ လူထုက အားတက္သေရာ ယုံယုံၾကည္ၾကည္နဲ႔ ပါဝင္ကူညီမွသာလွ်င္ ဒီစီမံကိန္းေတြက ေအာင္ျမင္မႈရမယ္လို႔ က်ေနာ္ ျမင္ပါတယ္။”

အလားတူ ကမၻာ့ဘဏ္ကေန ၂၀၁၉ ခုႏွစ္ ေမလက စစ္ေရးပဋိပကၡျဖစ္ေနတဲ့ ရခိုင္ျပည္နယ္အတြက္ ေဒၚလာ သန္း ၁၀၀ ဖြံ႔ၿဖိဳးေရး အေထာက္အကူေပးမယ့္ အစီအစဥ္နဲ႔ ပတ္သက္လို႔ အဓိက ပဋိပကၡျဖစ္ေစတဲ့ လူ႔အခြင့္အေရးျပႆနာ၊ တန္းတူညီမွ်ေရးနဲ႔ လူမ်ဳိးေရး၊ ဘာသာေရး ခဲြျခားမႈ စတာေတြကို ေျဖရွင္းေပးျခင္းမရွိဘဲ အဓိပၸာယ္ျပည့္၀တဲ့ ျပန္လည္ထူေထာင္ေရးနဲ႔ ဖံြ႔ၿဖိဳးေရးအစီအစဥ္ေတြကို ဘယ္လို အေကာင္အထည္ေဖာ္မလဲ ဆိုတာကို ႏုိင္ငံတကာ လူ႔အခြင့္အေရးအဖဲြ႔ေတြက ေမးခြန္းထုတ္ ကန္႔ကြက္ခဲ့ၾကပါတယ္။

ျမန္မာႏိုင္ငံ အေရွ႕ဘက္ျခမ္းမွာ အေကာင္အထည္ေဖာ္တဲ့ ကမၻာ့ဘဏ္စီမံကိန္းရဲ႕ ရည္ရြယ္ခ်က္ဟာ ေဒသတြင္း အေျခခံအေဆာက္အအံုေတြနဲ႔ ၀န္ေဆာင္မႈေတြမွာ ႏွစ္ေပါင္းမ်ားစြာ ရင္းႏွီးျမႇဳပ္ႏွံမႈ နိမ့္ပါးခဲ့တာကို ကိုင္တြယ္ေျဖရွင္းဖို႔နဲ႔ ေစ်းကြက္အသားေပး လုပ္ငန္းေတြကို ကူညီေထာက္ပံ့ဖို႔ ျဖစ္တယ္လို႔ စီမံကိန္းနဲ႔ပတ္သက္တဲ့ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

၂၀၁၈ ခုႏွစ္ ေနျပည္ေတာ္မွာ ကမၻာ့ဘဏ္နဲ႔ ျမန္မာအစိုးရတို႔ ပူးတဲြျပဳလုပ္တဲ့ ျမန္မာႏိုင္ငံ ေရရွည္ဖြံ႔ၿဖိဳးတိုးတက္ေရး အစီအစဥ္ဆိုတဲ့ ေဆြးေႏြးပဲြမွာ ဒီစီမံကိန္းကို အေကာင္အထည္ေဖာ္ဖို႔ အစပ်ဳိး ေရးဆဲြခဲ့တာ ျဖစ္ပါတယ္။

-------------------------------

(Unicode)

ကရင်ဒေသဖွံ့ဖြိုးရေး ကမ္ဘာ့ဘဏ် အကူအညီ ဝေဖန်ဆန့်ကျင်ခံရ

ကရင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ အရှေ့ခြမ်းမှာ ကမ္ဘာ့ဘဏ်ရဲ့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ဖွံ့ဖြိုးရေး စီမံကိန်းတွေဟာ လက်ရှိ နိုင်ငံရေးပြေလည်မှု မရှိသေးတဲ့ အခြေအနေကြောင့် ဒေသခံတိုင်းရင်းသားတွေကို တန်းတူအကျိုးခံစားခွင့် ရှိစေမှာ မဟုတ်တဲ့အတွက် ကန့်ကွက်ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်အဖွဲ့က ဗွီအိုအေကို ပြောပါတယ်။

ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံမှာ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီတွေ အထူးလိုအပ်နေချိန် ဒေသခံပြည်သူတွေက ဒီစီမံကိန်းတွေကို ဘာကြောင့် မယုံကြည်မှုနဲ့ စိုးရိမ်မှုတွေ ရှိနေသလဲ၊ ပညာရှင်တွေဘက်က ဘယ်လို ထောက်ပြမှုတွေ ရှိနေလဲ။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ အမြောက်အမြား လိုအပ်နေပေမယ့် ဒီစီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ မှန်ကန်သင့်လျော်တဲ့အချိန် မရောက်သေးဘူးလို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်အဖွဲ့ရဲ့ မနေ့ တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် ကရင်ပြည်နယ်မှာ စစ်မှန်တဲ့ငြိမ်းချမ်းရေး မရသေးတဲ့အချိန်၊ မြန်မာစစ်တပ်အပေါ် ဒေသခံ ကရင်တွေက ကြောက်လန့်နေဆဲဖြစ်တဲ့ အခြေအနေမှာ ဖွံ့ဖြိုးရေးစီမံကိန်းတွေအပေါ် ပြည်သူတွေက ယုံကြည်မှုမရှိဘူးလို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် ပြောခွင့်ရ စလုံးဖန်းက ဗွီအိုအေကို ပြောပါတယ်။

“အခုလက်ရှိ ကရင်ပြည်နယ်မှာ စစ်တပ်တွေ အများကြီးရှိတာပေါ့နော်။ အဲဒါကြောင့် လူထုတွေက တအားကြောက်ရတယ်။ အဓိက ကရင်လူထုတွေ အရေးကြီးဆုံးက ဘာလိုချင်လဲဆိုတော့ စစ်တပ်တွေကို မြန်မြန်ပြန်ရုပ်သိမ်းဖို့ပေါ့နော်။ စစ်တပ်ကို ပြန်ရုပ်သိမ်းပြီးတော့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဖို့ပေါ့။ ကရင်လူထုတွေက အဲဒီလို ဖြစ်စေချင်တာပေါ့နော်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့၊ နောက်ပြီးတော့ နိုင်ငံရေးတည်ငြိမ်မှုရှိမှ ဘတ်ဂျက်တွေ Development တွေလုပ်ဖို့ သူတို့က လိုချင်တာပေါ့။”

ကမ္ဘာ့ဘဏ်ရဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး လူထုစီမံကိန်း PPCP ကို နေပြည်တော်က ဗဟိုအစိုးရနဲ့ပဲ ညှိနှိုင်းသဘောတူခဲ့တာဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကပဲ လုပ်ဆောင်သွားမှာ ဖြစ်တဲ့အတွက် ဒေသခံပြည်နယ်တွေဘက်က အခုလို ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ ပါဝင်ဆုံးဖြတ်ခွင့် မရခဲ့ကြောင်းလည်း အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံက ပဋိပက္ခဖြစ်ရာ ဒေသတွေအတွက် ကမ္ဘာ့ဘဏ်ရဲ့ စီမံကိန်းတွေဟာ မြန်မာအစိုးရနဲ့ပဲ တဖက်သက်ရေးဆွဲ ထိန်းချုပ်တဲ့ပုံစံမျိုး ပြောင်းလဲသင့်တယ်လို့ စလုံးဖန်းက ဆိုပါတယ်။

“Development လုပ်ချင်လို့ရှိရင် အဓိကတော့ ဒေသခံလူတွေနဲ့ Consultation လုပ်ဖို့လည်း လိုတယ်။ နောက်ပြီးတော့ တဖက်သတ် Central အစိုးရနဲ့ လုပ်ဖို့တော့ မကောင်းဘူးပေါ့။ အားလုံးကို တိုင်ပင်ဖို့လိုတယ်။ နောက်ပြီးတော့ နိုင်ငံရေးတည်ငြိမ်မှုရှိမှ လုပ်စေချင်တာပေါ့။ ကျနော်တို့နိုင်ငံက နိုင်ငံရေးတည်ငြိမ်မှု မရှိသေးတဲ့အတွက်ကြောင့် မလုပ်သင့်ဘူးလို့ ကျနော်တော့ထင်တယ်။”

ကမ္ဘာ့ဘဏ်ရဲ့ PPCP စီမံကိန်းမှာ သုံးမယ့် ဒေါ်လာ သန်း ၂၀၀ ကျော်ဟာ မြန်မာအစိုးရက ကမ္ဘာ့ဘဏ်ကို ပြန်ပြီး ပေးဆပ်ရမယ့် ချေးငွေဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အကူအညီပေးနေတဲ့ ကမ္ဘာ့ဘဏ်အနေနဲ့ စီမံကိန်းချမှတ်မယ်ဆိုရင် အဘက်ဘက်က ထည့်သွင်းစဉ်းစားလေ့ရှိပေမယ့် အခု မြန်မာနိုင်ငံကိစ္စမှာ အခြေအနေတမျိုး ဖြစ်နေတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် မြန်မာ့စီးပွားရေးပညာရှင် ဦးကံထွန်းက သုံးသပ်ပါတယ်။

“ကျနော့်အတွေ့အကြုံအရတော့ ကမ္ဘာ့ဘဏ်က အထပ်ထပ်အခါခါ စဉ်းစားပြီးမှ လုပ်တာပါ။ အခု ကျနော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံက ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ နှစ်ပိုင်းရှိတာပေါ့လေ။ ရှိတဲ့အခါမှာ ကျနော်သိရသလောက်တော့ ဗဟိုအစိုးရနဲ့ပဲ ညှိနှိုင်းတဲ့သဘော ရှိတယ်။ အဲဒါကတော့ မဖြစ်သင့်ဘူးလို့ ကျနော်ထင်ပါတယ်။ ကမ္ဘာ့ဘဏ်က လုပ်တယ်ဆိုရင်လည်း ပြန်စဉ်းစားဖို့သင့်တယ်လို့ ကျနော်မြင်ပါတယ်။”

ကမ္ဘာ့ဘဏ်ရဲ့ အကူအညီတွေဟာ နိုင်ငံအတွက် လိုအပ်ပေမယ့် စီမံကိန်းတွေဟာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ အဓိက ဒေသခံတွေ ပူးပေါင်းပါဝင်မှသာ ထိရောက်အကျိုးရှိမှာ ဖြစ်တယ်လို့ ဦးကံထွန်းက ပြောပါတယ်။

“ကမ္ဘာ့ဘဏ်က ဝင်လာတယ်ဆိုတာကတော့ ကောင်းတာပေါ့လေ။ ရိုးရိုးချေးငွေထက်စာရင် ကမ္ဘာ့ဘဏ်ကတော့၊ ကျနော်တို့လုပ်တုန်းကလည်း ဦးစားပေးက ကမ္ဘာ့ဘဏ်နဲ့ပါပဲ။ စီးပွားရေးတိုးတက်မှု အတွက်ကတော့ အထောက်အကူ ဖြစ်မယ်။ အတိုးနှုန်းကလည်း အင်မတန်မှနည်းတယ်၊ မပြောပလောက်ဘူးလေ။ သို့သော် တဖက်မှာပြန်ကြည့်ရင် နိုင်ငံရဲ့ အခြေအနေပေါ့လေ၊ တိုင်းပြည်အခြေအနေက ရခိုင်တို့ ကရင်တို့ မွန်တို့မှာလည်း မတည်မငြိမ်ဖြစ်နေတာ တပိုင်း၊ နောက်တခုက လူထုရဲ့ ဆန့်ကျင်ဘက်တွေ ရှိနေတယ်ဆိုရင်တော့ ကျနော်ကတော့ လောလောဆယ် မလုပ်သင့်ဘူးလို့ မြင်ပါတယ်။ နောက်တခုက ပွင့်လင်းမြင်သာမှုက သိပ်အရေးကြီးပါတယ်။ ဘာမဆို လူထုတွေနဲ့ချပြ၊ လူထုရဲ့ ပါဝင်ကူညီမှုက၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပြည်နယ်မှာ လုပ်ရမှာဆိုတော့ လူထုက အားတက်သရော ယုံယုံကြည်ကြည်နဲ့ ပါဝင်ကူညီမှသာလျှင် ဒီစီမံကိန်းတွေက အောင်မြင်မှုရမယ်လို့ ကျနော် မြင်ပါတယ်။”

အလားတူ ကမ္ဘာ့ဘဏ်ကနေ ၂၀၁၉ ခုနှစ် မေလက စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွက် ဒေါ်လာ သန်း ၁၀၀ ဖွံ့ဖြိုးရေး အထောက်အကူပေးမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အဓိက ပဋိပက္ခဖြစ်စေတဲ့ လူ့အခွင့်အရေးပြဿနာ၊ တန်းတူညီမျှရေးနဲ့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု စတာတွေကို ဖြေရှင်းပေးခြင်းမရှိဘဲ အဓိပ္ပာယ်ပြည့်ဝတဲ့ ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေကို ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတာကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက မေးခွန်းထုတ် ကန့်ကွက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းမှာ အကောင်အထည်ဖော်တဲ့ ကမ္ဘာ့ဘဏ်စီမံကိန်းရဲ့ ရည်ရွယ်ချက်ဟာ ဒေသတွင်း အခြေခံအဆောက်အအုံတွေနဲ့ ဝန်ဆောင်မှုတွေမှာ နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှု နိမ့်ပါးခဲ့တာကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ဈေးကွက်အသားပေး လုပ်ငန်းတွေကို ကူညီထောက်ပံ့ဖို့ ဖြစ်တယ်လို့ စီမံကိန်းနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၈ ခုနှစ် နေပြည်တော်မှာ ကမ္ဘာ့ဘဏ်နဲ့ မြန်မာအစိုးရတို့ ပူးတွဲပြုလုပ်တဲ့ မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဆိုတဲ့ ဆွေးနွေးပွဲမှာ ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ အစပျိုး ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

အင္ၾကင္းႏိုင္/ VOA Burmese
https://burmese.voanews.com
ကရင္ေဒသဖြံ႔ၿဖိဳးေရး ကမၻာ႔ဘဏ္ အကူအညီ ေ၀ဖန္ဆန္႔က်င္ခံရ ကရင္ေဒသဖြံ႔ၿဖိဳးေရး ကမၻာ႔ဘဏ္ အကူအညီ ေ၀ဖန္ဆန္႔က်င္ခံရ Reviewed by THITHTOOLWIN on 11:03 Rating: 5
Powered by Blogger.