ICJ အမႈမွာ အစိုးရဦးေဆာင္မႈေနာက္ လိုက္နာမည္ဟု တပ္မေတာ္ေျပာဆို

ေနျပည္ေတာ္ တပ္မေတာ္စစ္သမုိင္းျပတုိက္တြင္ ေအာက္တုိဘာ ၂၄ ရက္ေန႔က သတင္းစာရွင္းလင္းပြဲျပဳလုပ္ေနသည့္ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔။ (ဓာတ္ပုံ - တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး၊ ေအာက္တိုဘာ ၂၄၊ ၂၀၁၉)

(Zawgyi / Unicode)

ICJ အျပည္ျပည္ဆိုင္ရာ ႏိုင္ငံတကာခုံ႐ုံးရဲ႕ ျမန္မာ့အေရး ၾကားနာစစ္ေဆးမႈမွာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳၿပီး ဦးေဆာင္သြားေရာက္မယ့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ပူးေပါင္းေဆာင္ရြက္မွာျဖစ္သလို လိုအပ္တဲ့ အေထာက္အထား အခ်က္အလက္ေတြနဲ႔လည္း ပံ့ပိုးကူညီသြားမယ္လို႔ တပ္မေတာ္ ေျပာခြင့္ရသူေတြက ထပ္ေလာင္းေျပာဆိုပါတယ္။ တပ္မေတာ္အေနနဲ႔ အစိုးရ ဦးေဆာင္မႈေနာက္မွာ လိုက္နာေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ တပ္မေတာ္ စစ္ဥပေဒခ်ဳပ္႐ုံးက ဗိုလ္ခ်ဳပ္ေသာင္းႏိုင္က ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားတာပါ။

“ICJ ကေတာ့ State ကို ကိုယ္စားျပဳၿပီးေတာ့မွ စြဲတာျဖစ္တဲ့အတြက္ က်ေနာ္တုိ႔ ဒါနဲ႔ပတ္သက္ၿပီးေတာ့မွ အစိုးရေရာ တပ္မေတာ္ေရာ အားလုံးနဲ႔ သက္ဆုိင္ပါတယ္။ က်ေနာ္တုိ႔ကေတာ့ အခုဆုိရင္ ICJ ကုိ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ေပါ့ေနာ္ ႏုိင္ငံျခားေရးဝန္ႀကီးအေနျဖင့္ ICJ မွာ သြားေရာက္ရင္ဆုိင္မွာ ျဖစ္ပါတယ္။ တပ္မေတာ္အေနနဲ႔ကေတာ့ ႏုိင္ငံေတာ္အစုိးရရဲ႕ ဦးေဆာင္မႈေအာက္မွာ လုိက္နာၿပီးေတာ့မွ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။ ႏုိင္ငံေတာ္အစုိးရက လုိအပ္လုိ႔ရွိရင္လည္း က်ေနာ္တုိ႔မွာရွိတဲ့ သက္ေသခံ အေထာက္အထားေတြ၊ စာရြက္စာတမ္း အေထာက္အထားေတြနဲ႔ လုိက္ၿပီးေတာ့မွ ေဆာင္ရြက္ေပးမွာလို႔ ေျဖၾကားလိုပါတယ္။”

ရခိုင္ျပည္နယ္အတြင္း ၂၀၁၇ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္ တုိက္ခိုက္မႈေတြေနာက္ပိုင္း ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္း စစ္ဆင္ေရးေတြအတြင္း လူမ်ိဳးတုံးသုတ္သင္မႈ Genocide ေတြ ျဖစ္ခဲ့တယ္လို႔ ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႔ေတြ ကုလသမဂၢ စုံစမ္းေရးမွဴးေတြက သုံးသပ္ထားၾကတာပါ။

OIC အစၥလာမၼစ္ ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔ကို ကိုယ္စားျပဳၿပီးေတာ့ ဂမ္ဘီယာႏုိင္ငံကေန ျမန္မာႏိုင္ငံကို ICJ အျပည္ျပည္ဆိုင္ရာ ႏိုင္ငံတကာ တရား႐ုံးမွာ တရားစြဲတင္ပါတယ္။ ႏွစ္ႏိုင္ငံလုံး လက္မွတ္ထိုးထားတဲ့ လူမ်ိဳးတုံးသုတ္သင္မႈ တားဆီးေရး ၁၉၄၈ ခုႏွစ္ ႏိုင္ငံတကာ သေဘာတူညီခ်က္ကို ျမန္မာဘက္က ခ်ိဳးေဖာက္တယ္ဆိုၿပီး အမႈတင္ပါတယ္။

ျမန္မာဘက္ကေတာ့ ဒါကို ေခ်ပဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ဦးေဆာင္သြားေရာက္မယ္လို႔ ထုတ္ျပန္ထားပါတယ္။ ဒီစြပ္စြဲခ်က္ေတြအေပၚ တုံ႔ျပန္တဲ့အေနနဲ႔ ျမန္မာအစိုးရဘက္က လြတ္လပ္တဲ့ စုံစမ္းေရးေကာ္မရွင္တရပ္ ဖြဲ႔စည္းထားသလို ျမန္မာစစ္တပ္ကလည္း သီးျခား စုံစမ္းေရးခုံ႐ုံးတရပ္ ဖြဲ႔ထားပါတယ္။ ဒါေပမယ့္ အဲဒီအဖြဲ႔အစည္းေတြကေန စုံစမ္းေတြ႔ရွိခ်က္ အစီရင္ခံစာေတြ၊ ထုတ္ျပန္ခ်က္ေတြေတာ့ ထြက္မလာေသးပါဘူး။

ျမန္မာစစ္တပ္ကေတာ့ သူတို႔အေနနဲ႔ စုံစမ္းေတြ႔ရွိခ်က္ေတြအေပၚမွာ တပ္မေတာ္အက္ဥပေဒအရ တိတိက်က် အေရးယူသြားမွာျဖစ္သလို တပ္မေတာ္ အက္ဥပေဒဟာလည္း ႏိုင္ငံတကာ စံႏႈႈန္းစံထားေတြနဲ႔ ကိုက္ညီတယ္လို႔လည္း ဗိုလ္ခ်ဳပ္ေသာင္းႏိုင္က ေျပာပါတယ္။

ဒါေပမယ့္လည္း ႐ိုဟင္ဂ်ာေတြ အစုအၿပဳံလိုက္ အသတ္ခံရတဲ့ အင္းဒင္အမႈမွာ တာဝန္ရွိတဲ့ တပ္မေတာ္သားေတြကို အျပစ္ေပးၿပီး တႏွစ္အတြင္းမွာပဲ ျပန္လႊတ္ေပးခဲ့တာေၾကာင့္ ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႔ေတြရဲ႕ ေဝဖန္တာေတြ ရင္ဆိုင္ခဲ့ရပါတယ္။

ဗိုလ္ခ်ဳပ္ေသာင္းႏိုင္ကေတာ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္လို႔ တပ္မေတာ္ခုံ႐ုံးရဲ႕ အေရးယူေဆာင္ရြက္ခ်က္ေတြကို ႏိုင္ငံတကာအေနနဲ႔ ဆက္လက္ ေစာင့္ၾကည့္ေစခ်င္တယ္လို႔လည္း ေျပာဆိုပါတယ္။

႐ိုဟင္ဂ်ာဆိုတဲ့အသုံးကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ အခု ICJ ကိစၥကို ဘယ္လိုရင္ဆိုင္မလဲ ဆိုတာကို‌ မေန႔ကေတာ့ သက္ဆိုင္ရာ ႏိုင္ငံေတာ္အဆင့္ အႀကီးအကဲေတြကို ေခၚယူရွင္းလင္းတာေတြ လုပ္ခဲ့ပါတယ္။

ဒီေန႔မွာပဲ စစ္ကိုင္းတုိင္းေဒသႀကီး မုံရြာမွာေတာ့ ICJ ကို သြားေရာက္ဦးေဆာင္ေျဖရွင္းမယ့္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အတူရွိတယ္ဆိုတဲ့ ဆႏၵေဖာ္ထုတ္ပြဲတရပ္ ျပဳလုပ္ရာမွာ စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ တက္ေရာက္ပါတယ္။

-----------------------------------

(Unicode)

ICJ အမှုမှာ အစိုးရဦးဆောင်မှုနောက် လိုက်နာမည်ဟု တပ်မတော်ပြောဆို

ICJ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာခုံရုံးရဲ့ မြန်မာ့အရေး ကြားနာစစ်ဆေးမှုမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ဦးဆောင်သွားရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပူးပေါင်းဆောင်ရွက်မှာဖြစ်သလို လိုအပ်တဲ့ အထောက်အထား အချက်အလက်တွေနဲ့လည်း ပံ့ပိုးကူညီသွားမယ်လို့ တပ်မတော် ပြောခွင့်ရသူတွေက ထပ်လောင်းပြောဆိုပါတယ်။ တပ်မတော်အနေနဲ့ အစိုးရ ဦးဆောင်မှုနောက်မှာ လိုက်နာဆောင်ရွက်သွားမှာဖြစ်တယ်လို့ တပ်မတော် စစ်ဥပဒေချုပ်ရုံးက ဗိုလ်ချုပ်သောင်းနိုင်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

“ICJ ကတော့ State ကို ကိုယ်စားပြုပြီးတော့မှ စွဲတာဖြစ်တဲ့အတွက် ကျနော်တို့ ဒါနဲ့ပတ်သက်ပြီးတော့မှ အစိုးရရော တပ်မတော်ရော အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ကျနော်တို့ကတော့ အခုဆိုရင် ICJ ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပေါ့နော် နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ICJ မှာ သွားရောက်ရင်ဆိုင်မှာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ကတော့ နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ လိုက်နာပြီးတော့မှ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက လိုအပ်လို့ရှိရင်လည်း ကျနော်တို့မှာရှိတဲ့ သက်သေခံ အထောက်အထားတွေ၊ စာရွက်စာတမ်း အထောက်အထားတွေနဲ့ လိုက်ပြီးတော့မှ ဆောင်ရွက်ပေးမှာလို့ ဖြေကြားလိုပါတယ်။”

ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်း စစ်ဆင်ရေးတွေအတွင်း လူမျိုးတုံးသုတ်သင်မှု Genocide တွေ ဖြစ်ခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ ကုလသမဂ္ဂ စုံစမ်းရေးမှူးတွေက သုံးသပ်ထားကြတာပါ။

OIC အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ကိုယ်စားပြုပြီးတော့ ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာ တရားရုံးမှာ တရားစွဲတင်ပါတယ်။ နှစ်နိုင်ငံလုံး လက်မှတ်ထိုးထားတဲ့ လူမျိုးတုံးသုတ်သင်မှု တားဆီးရေး ၁၉၄၈ ခုနှစ် နိုင်ငံတကာ သဘောတူညီချက်ကို မြန်မာဘက်က ချိုးဖောက်တယ်ဆိုပြီး အမှုတင်ပါတယ်။

မြန်မာဘက်ကတော့ ဒါကို ချေပဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးဆောင်သွားရောက်မယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီစွပ်စွဲချက်တွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ မြန်မာအစိုးရဘက်က လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းထားသလို မြန်မာစစ်တပ်ကလည်း သီးခြား စုံစမ်းရေးခုံရုံးတရပ် ဖွဲ့ထားပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့အစည်းတွေကနေ စုံစမ်းတွေ့ရှိချက် အစီရင်ခံစာတွေ၊ ထုတ်ပြန်ချက်တွေတော့ ထွက်မလာသေးပါဘူး။

မြန်မာစစ်တပ်ကတော့ သူတို့အနေနဲ့ စုံစမ်းတွေ့ရှိချက်တွေအပေါ်မှာ တပ်မတော်အက်ဥပဒေအရ တိတိကျကျ အရေးယူသွားမှာဖြစ်သလို တပ်မတော် အက်ဥပဒေဟာလည်း နိုင်ငံတကာ စံနှုှုန်းစံထားတွေနဲ့ ကိုက်ညီတယ်လို့လည်း ဗိုလ်ချုပ်သောင်းနိုင်က ပြောပါတယ်။

ဒါပေမယ့်လည်း ရိုဟင်ဂျာတွေ အစုအပြုံလိုက် အသတ်ခံရတဲ့ အင်းဒင်အမှုမှာ တာဝန်ရှိတဲ့ တပ်မတော်သားတွေကို အပြစ်ပေးပြီး တနှစ်အတွင်းမှာပဲ ပြန်လွှတ်ပေးခဲ့တာကြောင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်တာတွေ ရင်ဆိုင်ခဲ့ရပါတယ်။

ဗိုလ်ချုပ်သောင်းနိုင်ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တပ်မတော်ခုံရုံးရဲ့ အရေးယူဆောင်ရွက်ချက်တွေကို နိုင်ငံတကာအနေနဲ့ ဆက်လက် စောင့်ကြည့်စေချင်တယ်လို့လည်း ပြောဆိုပါတယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်မခံတဲ့ မြန်မာအစိုးရကတော့ အခု ICJ ကိစ္စကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာကို‌ မနေ့ကတော့ သက်ဆိုင်ရာ နိုင်ငံတော်အဆင့် အကြီးအကဲတွေကို ခေါ်ယူရှင်းလင်းတာတွေ လုပ်ခဲ့ပါတယ်။

ဒီနေ့မှာပဲ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမှာတော့ ICJ ကို သွားရောက်ဦးဆောင်ဖြေရှင်းမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူရှိတယ်ဆိုတဲ့ ဆန္ဒဖော်ထုတ်ပွဲတရပ် ပြုလုပ်ရာမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ပါတယ်။

VOA Burmese
https://burmese.voanews.com
ICJ အမႈမွာ အစိုးရဦးေဆာင္မႈေနာက္ လိုက္နာမည္ဟု တပ္မေတာ္ေျပာဆို ICJ အမႈမွာ အစိုးရဦးေဆာင္မႈေနာက္ လိုက္နာမည္ဟု တပ္မေတာ္ေျပာဆို Reviewed by THITHTOOLWIN on 11:02 Rating: 5
Powered by Blogger.