ေဒသခံေတြ စိုးရိမ္ေနတဲ့ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းနဲ႔ စီးပြားေရးဇံု


(Zawgyi/ Unicode)

ျမန္မာႏုိင္ငံ့ အေနာက္ဖက္ ရခိုင္ျပည္နယ္ဟာ သယံဇာတ ေပါၾကြယ္ဝသလို၊ ေဒသတြင္းမွာလည္း မဟာဗ်ဴဟာအရ အေရးပါတဲ့ေဒသတခု ျဖစ္ပါတယ္။ ဒီေနရာကို ေရနက္ဆိပ္ကမ္းနဲ႔ အထူး စီးပြါးေရးဇံုအျဖစ္ ေျပာင္းလဲဖို႔ တရုတ္က လုပ္ပိုင္ခြင့္ ရသြားတာမို႔ ဒီေဒသဟာ အက်ိဳးစီးပြား ရွာသူေတြနဲ႔ စည္ကားလာႏိုင္ေပမယ့္ ေဒသခံေတြကေတာ့ သူတုိ႔ရဲ့ မိရိုးဖလာ အလုပ္ေတြကိုေတာင္ တားျမစ္တာ ခံေနရတာေၾကာင့္ စိုးရိမ္မႈေတြ တိုးလာေနပါတယ္။ AFP သတင္းတပုဒ္ေပၚ အေျခခံၿပီး ေဒၚခင္မ်ိဳးသက္က ေျပာျပေပးမွာပါ။

တရုတ္အတြက္ အိႏၵိယသမုဒၵရာကို ေပါက္တဲ့ ေရလမ္းထြက္ေပါက္တခု ရသြားေစတဲ့ ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္းနဲ႔ အထူးစီးပြါးေရးဇံု တည္ေဆာက္ဖို႔ အဲဒီေနရာမွာ အရင္က စိမ္းစိမ္းလန္းလန္းရွိခဲ့တဲ့ လယ္ကြင္းေတြေရာ၊ ကၽြန္းသစ္ေပါတဲ့ သစ္ေတာေတြပါ စေတးခဲ့ရပါတယ္။

တည္ၿငိမ္မႈ မရွိတဲ့ ရခိုင္ျပည္နယ္မွာ ၂၀၁၇ ေနာက္ပိုင္း ရိုဟင္ဂ်ာျပႆနာ ႀကံဳလာရၿပီး ဥပေဒကန္႔သတ္မႈ အသစ္ေတြ ထုတ္ျပန္ထားခ်ိန္မွာပဲ ျမန္မာအစိုးရက ရခိုင္ျပည္နယ္တြင္း လာေရာက္ ရင္းႏွီး ျမႈပ္ႏွံၾကဖို႔ ကမာၻတလႊားကို ဖိတ္ေခၚလိုက္တာေၾကာင့္ မိရိုးဖလာ လုပ္ကိုင္စားေသာက္ေနတဲ့ ေဒသခံေတြအတြက္ေတာ့ စိုးရိမ္မႈေတြ ပိုလာတာပါ။

ျပည္နယ္တိုးတက္ဖို႔ ကတိေပးတဲ့ အစိုးရက တရုတ္သေဘၤာေတြ လြတ္လြတ္လပ္လပ္ သြားႏုိင္ေအာင္ ေဒသခံေတြငါးဖမ္းတာကို ပိတ္ပင္လာတာေၾကာင့္ အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္တဲ့ ကိုေအာင္ႀကီးလို တံငါသည္ေတြ အတြက္ မိသားစု ဝမ္းေရးအတြက္ေတာင္ မလြယ္ကူပဲ ျဖစ္လာတာပါ။

"သူတို႔ ဖမ္းတာ ခံရရင္ ခံရမယ္၊ အရိုက္ ခံရရင္ ခံရမယ္။ ဒါေပမယ့္ က်ေနာ့္မွာ ေရြးစရာမရွိဘူး။ မိသားစုကိုမေကၽြးလို႔ မရဘူး။ မိသားစု အငတ္မခံႏိုင္ဘူး။”

ရခိုင္ေျမာက္ပိုင္းမွာ ရိုဟင္ဂ်ာ ျပႆနာနဲ႔ ရႈပ္ေထြးေနေပမယ့္ ရခိုင္အလယ္ပိုင္းကေတာ့ နဂိုအတိုင္း ေအးခ်မ္းေနတာပါ။ ဒီေနရာကိုလာၿပီး ရင္းႏွီးျမွဳပ္ႏွံဖို႔ လက္တြန္႔ေနတဲ့ ႏိုင္ငံအမ်ားအျပား ရွိေပမယ့္ တရုတ္နဲ႔ ေဒသတြင္းလုပ္ငန္းရွင္ႀကီးေတြေတာ့ မပါပါဘူး။

အခုအခ်ိန္မွာ ရခိုင္ကမ္းလြန္ေရနံတြင္းေတြက ရတဲ့ သန္းနဲ႔ခ်ီတဲ့ ေရနံစိမ္း စည္ေတြ၊ ကုဗမီတာ ဘီလ်ံနဲ႔ခ်ီတဲ့ သဘာဝဓါတ္ေငြ႔ ေတြကို ျမန္မာႏိုင္ငံ အလယ္ပိုင္းကို ျဖတ္ၿပီး တရုတ္ေတာင္ပိုင္း ကို ပို႔ေနပါၿပီ။ ရခိုင္မွာ ေျခကုပ္ပိုယူႏိုင္ဖုိ႔ လုပ္ေနတဲ့ တရုတ္က အထည္ခ်ဳပ္စက္ရံုနဲ႔ စားေသာက္ကုန္စက္ရံု ေတြပါတဲ့ အထူးစီးပြါးေရးဇံုနဲ႔အတူ ေရနက္ဆိပ္ကမ္းနဲ႔ အတြက္ ၿပီးခဲ့တဲ့ ႏိုဝင္ဘာမွာပဲ သေဘာတူညီခ်က္ ရခဲ့တာပါ။

တရုတ္ရဲ့ ခါးပတ္လမ္း စီမံကိန္း ထဲမွာ ပါတဲ့ ေက်ာက္ျဖဴေရနက္ဆိပ္ကန္း အတြက္ ကုန္က်စားရိတ္ကို ေဒၚလာ ၇ ဘီလ်ံေက်ာ္ကေန ၁ ဘီလ်ံေက်ာ္အထိ ေလွ်ာ့ခ်ဖုိ႔ ျမန္မာဘက္က ႀကိဳးစားႏုိင္ခဲ့ေပမယ့္ တရုတ္က အစုရွယ္ယာ အမ်ားဆံုးျဖစ္တဲ့ ၄၀ % ပိုင္ဆဲ ျဖစ္ၿပီး ဒါဟာ ျမန္မာ့ႏုိင္ငံျခားေၾကြးၿမီအျဖစ္ ရွိေနတာပါ။ ေက်ာက္ျဖဴ အထူးစီးပြါးေရးဇံု စီမံခန္႔ခြဲေရးေကာ္မတီကေတာ့ ဒီစီမံကိန္းကို သူတို႔ ထိန္းခ်ဳပ္ ႏိုင္တယ္လုိ႔ ေျပာသလို ေဒသခံေတြအတြက္ အလုပ္ကိုင္ ၄ သိန္းေလာက္ ဖန္တီးေပးႏိုင္မယ္လို႔ လည္း ေျပာပါတယ္။

ဒါေပမယ့္ လယ္သမားႀကီး ဦးေစာေမာင္ႏုကေတာ့ စစ္တပ္နဲ႔ ခရိုနီေတြ အျမတ္ရသြားတဲ့ ဒီစီမံကိန္းအတြက္ အသိမ္းခံရတဲ့ ေျမဧက ၄ ေထာင္ေက်ာ္မွာ သူ႔ေျမပါ ပါသြားတယ္လို႔ ေျပာပါတယ္။

“ဒီကေန ထြက္သြားဖို႔ ေျပာရင္ ဘယ္မွာ သြားေနရမလည္း။ ေနစရာ ေျမလည္း မရဘူးေလ သူတို႔ အကုန္သိမ္းပစ္လိုုက္တယ္။ က်ေနာ္တုိ႔ သိပ္စိုးရိမ္ပါတယ္။ ”

ေရနံပိုက္လိုင္းေဆာက္ဖို႔ ေျမအသိမ္းခံရသူ ေဒၚႏုေအးသာကလည္း ေျမသိမ္းသြားေပမယ့္ ေလွ်ာ္ေၾကးမရဘူးလို႔ ေျပာပါတယ္။

"ျပန္မေပးဘူး။ သူတို႔ေပးတဲ့ ေငြတျပား ၂ ျပားနဲ႔ ဘာသြားသံုးမလဲ။ သံုးစားလို႔မွ မရတာပဲ။ ေျမမရွိေတာ့တဲ့ အတြက္ အခုေတာ့ ကၽြန္ခံရံုပဲရွိတယ္”

ေဒသခံ တက္ၾကြလႈပ္ရွားသူ ကိုစိုးလြင္ကေတာ့ ဒီစီမံကိန္းေတြ မလိုအပ္ပဲ ကိုယ့္ေဒသသယံဇာတက ရတဲ့ေငြနဲ႔ ကိုယ့္္ျပည္နယ္ဖြံ႔ၿဖိဳးေအာင္ ကိုယ္တုိင္လုပ္ႏုိင္တယ္လို႔ ဆိုပါတယ္။

“ ရခိုင္ျပည္နယ္ ဖြံ႔ၿဖိဳးတိုုးတက္ဖုိ႔ ဆိုလို႔ ရွိရင္ လံုးဝအခက္အခဲရွိတဲ့ မေသခ်ာ မေရရာတဲ့ စက္ရံုႀကီးေတြကို တည္ေဆာက္ၿပီး လုပ္ေနဖို႔ မလိုဘူး။ လက္ရွိ က်ေနာ္တုိ႔ ျပည္နယ္က ထြက္တဲ့ သယံဇာတ ကို ေရာင္းလို႔ရတဲ့ ေငြေၾကးနဲ႔ ရခိုင္ျပည္ကို တည္ေဆာက္လို႔ ရတယ္။”

ျမန္မာအာဏာပိုင္ေတြ လူ႔အခြင့္ေရး ခ်ိဳးေဖါက္တယ္ ဆိုတဲ့ စြပ္စြဲမႈေတြနဲ႔ ရင္ဆုိင္ေနရေပမယ့္ သယံဇာတေပါၾကြယ္တဲ့ ျမန္မာမွာ တရုတ္နဲ႔ အၿပိဳင္ စီးပြါးေရးအက်ိဳးျမတ္ရဖို႔ လုပ္ေနသူေတြကေတာ့ စကၤာပူ၊ ဂ်ပန္နဲ႔ ထိုင္းတို႔ ျဖစ္ပါတယ္။ အတိုင္ပင္ခံပုဂၢိဳလ္ကလည္း ျမန္မာနဲ႔ လက္တြဲလုပ္ေဆာင္ဖုိ႔ မၾကာေသးခင္ကပဲ ဂ်ပန္ေရာက္ခ်ိန္က ပန္ၾကားခဲ့တာပါ။ ဒါေပမယ့္ ေဒသခံေတြ မေၾကနပ္ရင္ ႏိုင္ငံတြင္း စီမံကိန္းေတြကို ရပ္ပစ္ႏုိင္တယ္ဆိုတာကိုေတာ့ တရုတ္ရဲ့ျမစ္ဆံုေရကာတာ စီမံကိန္းက သက္ေသျပေနပါတယ္။
-------------
ဒေသခံတွေ စိုးရိမ်နေတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ စီးပွားရေးဇုံ

( Unicode)

မြန်မာနိုင်ငံ့ အနောက်ဖက် ရခိုင်ပြည်နယ်ဟာ သယံဇာတ ပေါကြွယ်ဝသလို၊ ဒေသတွင်းမှာလည်း မဟာဗျူဟာအရ အရေးပါတဲ့ဒေသတခု ဖြစ်ပါတယ်။ ဒီနေရာကို ရေနက်ဆိပ်ကမ်းနဲ့ အထူး စီးပွါးရေးဇုံအဖြစ် ပြောင်းလဲဖို့ တရုတ်က လုပ်ပိုင်ခွင့် ရသွားတာမို့ ဒီဒေသဟာ အကျိုးစီးပွား ရှာသူတွေနဲ့ စည်ကားလာနိုင်ပေမယ့် ဒေသခံတွေကတော့ သူတို့ရဲ့ မိရိုးဖလာ အလုပ်တွေကိုတောင် တားမြစ်တာ ခံနေရတာကြောင့် စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ AFP သတင်းတပုဒ်ပေါ် အခြေခံပြီး ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာကို ပေါက်တဲ့ ရေလမ်းထွက်ပေါက်တခု ရသွားစေတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွါးရေးဇုံ တည်ဆောက်ဖို့ အဲဒီနေရာမှာ အရင်က စိမ်းစိမ်းလန်းလန်းရှိခဲ့တဲ့ လယ်ကွင်းတွေရော၊ ကျွန်းသစ်ပေါတဲ့ သစ်တောတွေပါ စတေးခဲ့ရပါတယ်။

တည်ငြိမ်မှု မရှိတဲ့ ရခိုင်ပြည်နယ်မှာ ၂၀၁၇ နောက်ပိုင်း ရိုဟင်ဂျာပြဿနာ ကြုံလာရပြီး ဥပဒေကန့်သတ်မှု အသစ်တွေ ထုတ်ပြန်ထားချိန်မှာပဲ မြန်မာအစိုးရက ရခိုင်ပြည်နယ်တွင်း လာရောက် ရင်းနှီး မြှုပ်နှံကြဖို့ ကမ္ဘာတလွှားကို ဖိတ်ခေါ်လိုက်တာကြောင့် မိရိုးဖလာ လုပ်ကိုင်စားသောက်နေတဲ့ ဒေသခံတွေအတွက်တော့ စိုးရိမ်မှုတွေ ပိုလာတာပါ။

ပြည်နယ်တိုးတက်ဖို့ ကတိပေးတဲ့ အစိုးရက တရုတ်သင်္ဘောတွေ လွတ်လွတ်လပ်လပ် သွားနိုင်အောင် ဒေသခံတွေငါးဖမ်းတာကို ပိတ်ပင်လာတာကြောင့် အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ကိုအောင်ကြီးလို တံငါသည်တွေ အတွက် မိသားစု ဝမ်းရေးအတွက်တောင် မလွယ်ကူပဲ ဖြစ်လာတာပါ။

"သူတို့ ဖမ်းတာ ခံရရင် ခံရမယ်၊ အရိုက် ခံရရင် ခံရမယ်။ ဒါပေမယ့် ကျနော့်မှာ ရွေးစရာမရှိဘူး။ မိသားစုကိုမကျွေးလို့ မရဘူး။ မိသားစု အငတ်မခံနိုင်ဘူး။”

ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာ ပြဿနာနဲ့ ရှုပ်ထွေးနေပေမယ့် ရခိုင်အလယ်ပိုင်းကတော့ နဂိုအတိုင်း အေးချမ်းနေတာပါ။ ဒီနေရာကိုလာပြီး ရင်းနှီးမြှုပ်နှံဖို့ လက်တွန့်နေတဲ့ နိုင်ငံအများအပြား ရှိပေမယ့် တရုတ်နဲ့ ဒေသတွင်းလုပ်ငန်းရှင်ကြီးတွေတော့ မပါပါဘူး။

အခုအချိန်မှာ ရခိုင်ကမ်းလွန်ရေနံတွင်းတွေက ရတဲ့ သန်းနဲ့ချီတဲ့ ရေနံစိမ်း စည်တွေ၊ ကုဗမီတာ ဘီလျံနဲ့ချီတဲ့ သဘာဝဓါတ်ငွေ့ တွေကို မြန်မာနိုင်ငံ အလယ်ပိုင်းကို ဖြတ်ပြီး တရုတ်တောင်ပိုင်း ကို ပို့နေပါပြီ။ ရခိုင်မှာ ခြေကုပ်ပိုယူနိုင်ဖို့ လုပ်နေတဲ့ တရုတ်က အထည်ချုပ်စက်ရုံနဲ့ စားသောက်ကုန်စက်ရုံ တွေပါတဲ့ အထူးစီးပွါးရေးဇုံနဲ့အတူ ရေနက်ဆိပ်ကမ်းနဲ့ အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာမှာပဲ သဘောတူညီချက် ရခဲ့တာပါ။

တရုတ်ရဲ့ ခါးပတ်လမ်း စီမံကိန်း ထဲမှာ ပါတဲ့ ကျောက်ဖြူရေနက်ဆိပ်ကန်း အတွက် ကုန်ကျစားရိတ်ကို ဒေါ်လာ ၇ ဘီလျံကျော်ကနေ ၁ ဘီလျံကျော်အထိ လျှော့ချဖို့ မြန်မာဘက်က ကြိုးစားနိုင်ခဲ့ပေမယ့် တရုတ်က အစုရှယ်ယာ အများဆုံးဖြစ်တဲ့ ၄၀ % ပိုင်ဆဲ ဖြစ်ပြီး ဒါဟာ မြန်မာ့နိုင်ငံခြားကြွေးမြီအဖြစ် ရှိနေတာပါ။ ကျောက်ဖြူ အထူးစီးပွါးရေးဇုံ စီမံခန့်ခွဲရေးကော်မတီကတော့ ဒီစီမံကိန်းကို သူတို့ ထိန်းချုပ် နိုင်တယ်လို့ ပြောသလို ဒေသခံတွေအတွက် အလုပ်ကိုင် ၄ သိန်းလောက် ဖန်တီးပေးနိုင်မယ်လို့ လည်း ပြောပါတယ်။

ဒါပေမယ့် လယ်သမားကြီး ဦးစောမောင်နုကတော့ စစ်တပ်နဲ့ ခရိုနီတွေ အမြတ်ရသွားတဲ့ ဒီစီမံကိန်းအတွက် အသိမ်းခံရတဲ့ မြေဧက ၄ ထောင်ကျော်မှာ သူ့မြေပါ ပါသွားတယ်လို့ ပြောပါတယ်။

“ဒီကနေ ထွက်သွားဖို့ ပြောရင် ဘယ်မှာ သွားနေရမလည်း။ နေစရာ မြေလည်း မရဘူးလေ သူတို့ အကုန်သိမ်းပစ်လိုက်တယ်။ ကျနော်တို့ သိပ်စိုးရိမ်ပါတယ်။ ”

ရေနံပိုက်လိုင်းဆောက်ဖို့ မြေအသိမ်းခံရသူ ဒေါ်နုအေးသာကလည်း မြေသိမ်းသွားပေမယ့် လျှော်ကြေးမရဘူးလို့ ပြောပါတယ်။

"ပြန်မပေးဘူး။ သူတို့ပေးတဲ့ ငွေတပြား ၂ ပြားနဲ့ ဘာသွားသုံးမလဲ။ သုံးစားလို့မှ မရတာပဲ။ မြေမရှိတော့တဲ့ အတွက် အခုတော့ ကျွန်ခံရုံပဲရှိတယ်”

ဒေသခံ တက်ကြွလှုပ်ရှားသူ ကိုစိုးလွင်ကတော့ ဒီစီမံကိန်းတွေ မလိုအပ်ပဲ ကိုယ့်ဒေသသယံဇာတက ရတဲ့ငွေနဲ့ ကိုယ့်ပြည်နယ်ဖွံ့ဖြိုးအောင် ကိုယ်တိုင်လုပ်နိုင်တယ်လို့ ဆိုပါတယ်။

“ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုလို့ ရှိရင် လုံးဝအခက်အခဲရှိတဲ့ မသေချာ မရေရာတဲ့ စက်ရုံကြီးတွေကို တည်ဆောက်ပြီး လုပ်နေဖို့ မလိုဘူး။ လက်ရှိ ကျနော်တို့ ပြည်နယ်က ထွက်တဲ့ သယံဇာတ ကို ရောင်းလို့ရတဲ့ ငွေကြေးနဲ့ ရခိုင်ပြည်ကို တည်ဆောက်လို့ ရတယ်။”

မြန်မာအာဏာပိုင်တွေ လူ့အခွင့်ရေး ချိုးဖေါက်တယ် ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် သယံဇာတပေါကြွယ်တဲ့ မြန်မာမှာ တရုတ်နဲ့ အပြိုင် စီးပွါးရေးအကျိုးမြတ်ရဖို့ လုပ်နေသူတွေကတော့ စင်္ကာပူ၊ ဂျပန်နဲ့ ထိုင်းတို့ ဖြစ်ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း မြန်မာနဲ့ လက်တွဲလုပ်ဆောင်ဖို့ မကြာသေးခင်ကပဲ ဂျပန်ရောက်ချိန်က ပန်ကြားခဲ့တာပါ။ ဒါပေမယ့် ဒေသခံတွေ မကြေနပ်ရင် နိုင်ငံတွင်း စီမံကိန်းတွေကို ရပ်ပစ်နိုင်တယ်ဆိုတာကိုတော့ တရုတ်ရဲ့မြစ်ဆုံရေကာတာ စီမံကိန်းက သက်သေပြနေပါတယ်။

ေဒၚခင္မ်ဳိးသက္/ VOA Burmese
https://burmese.voanews.com
ေဒသခံေတြ စိုးရိမ္ေနတဲ့ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းနဲ႔ စီးပြားေရးဇံု ေဒသခံေတြ စိုးရိမ္ေနတဲ့ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းနဲ႔ စီးပြားေရးဇံု Reviewed by THITHTOOLWIN on 20:25 Rating: 5
Powered by Blogger.