ျမန္မာေရႊ႕ေျပာင္းလုပ္သား ၂၀၀ ေက်ာ္ ေနရပ္ျပန္

MOU အလုပ္သမားမ်ား နစ္နာေၾကးရသြားပံု (AAC)
(Zawgyi/ Unicode)

ထိုင္းႏိုင္ငံမွာ ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္ MOU နဲ႔ တရားဝင္ အလုပ္သြားၾကတဲ့ ျမန္မာအလုပ္သမား ၂၀၀ ေက်ာ္ဟာ အလုပ္ရွာေဖြေပးတဲ့ ကုမၸဏီေတြက စာခ်ဳပ္ပါ စည္းမ်ဥ္းအတိုင္း လုပ္မေပးၾကတဲ့အတြက္ အဆင္မေျပျဖစ္ၿပီး ဒီလပိုင္းအတြင္းမွာပဲ ျမန္မာျပည္ကို ျပန္လာၾကတယ္လို႔ အလုပ္သမားအေရး ေဆာင္ရြက္သူေတြက ေျပာပါတယ္။ အမ်ားစုဟာ စာခ်ဳပ္ပါစက္ရံုမွာပဲ အလုပ္လုပ္ၾကရတာ မဟုတ္တဲ့အတြက္ ထိုင္းအာဏာပိုင္ေတြရဲ႕ ဖမ္းဆီးတာ ခံၾကရသလို လုပ္အားခလည္း ပံုမွန္မရၾကဘူးလို႔ ေျပာပါတယ္။

အျပည့္အစုံကုိေတာ့ ထုိင္းအေျခစုိက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

ထိုင္းႏိုင္ငံထဲမွာ အလုပ္အကုိင္အခြင့္အလမ္းေတြရဖို႔အတြက္ ျမန္မာျပည္ထဲက ကုမၸဏီေတြနဲ႔ ခ်ိိတ္ဆက္ၿပီးအလုပ္လုပ္ကိုင္ေနၾကတဲ့ ျမန္မာအလုပ္သမားေတြဟာ ၃လမျပည့္ခင္မွာဘဲ ေနရပ္ျပန္လာသူေတြ ရွိလာပါတယ္။ စာခ်ဳပ္ထဲမွာပါတဲ့ စက္ရံုကိုသြားရတာမဟုတ္ပဲ ေနရာေပါင္းစံုကုိ ပို႔ေနတာေၾကာင့္ တခ်ိဳ႕လည္း ရဲေတြလာ၀င္ဖမ္းတဲ့အခါမွာ အလုပ္နဲ႔ ေနရာမတူဘူးဆိုၿပီး ဖမ္းဆီးခံရမူေတြလည္း ႀကံဳေနရပါတယ္။ လုပ္အားခလစာကလည္း ပံုမွန္မရသလို အလုပ္လုပ္ရတဲ့ ရက္ကလည္း ပံုမွန္မရွိတာကို ႀကံဳရတာေၾကာင့္ နယ္စပ္ကိုျပန္ဆင္းၿပီး သူတို႔ ပို႔ခဲ့တဲ့ကုမၸဏီေတြကုိ နစ္နာေၾကးျပန္ေပးဖို႔ ေတာင္းဆိုၾကပါတယ္။ အခုဆိုရင္ ေအာက္တုိဘာလနဲ႔ ႏို၀င္ဘာလထဲမွာပဲ အလုပ္သမား ၂၀၀ေက်ာ္ နယ္စပ္ဆင္းလာလို ့အကူ့ညီေပးေနရေၾကာင္း ေအေအစီမဟာမိတ္အဖဲြ႕က ကုိရဲမင္းက အခုလိုေျပာပါတယ္။

“ထိုင္းကုိ MOU စနစ္နဲ႕ သြားတယ္ စာခ်ဳပ္ပါစည္းမ်ဥ္းစည္းကမ္းေတြပံုစံမ်ိဳးစံုနဲ႔ ခ်ိဳးေဖာက္ခံရတယ္ အဲဒီအလုပ္သမားေတြက ေလာေလာဆည္ ျပန္လာတာေပါ့ေနာ္။ ထုိင္းနယ္စပ္က က်ေနာ္တို႔ ေအေအစီအဖဲြ႕ကုိခ်ိတ္ဆက္ျပီးေတာ့ အကူအညီေတာင္းၿပီး ျပည္ေတာ္ျပန္လာတာ။ ဒီလပိုင္းမွာပဲ ႏွစ္ရာေက်ာ္သြားၿပီ ၂၄၀ ေလာက္ရွိသြားၿပီ”

ျမ၀တီေရာက္တဲ့အခါမွာကုမၸဏီေတြနဲ႔ ဆက္သြယ္ၿပီး သူတို႔ ေပးထားခဲ့တဲ့ က်ပ္ေငြ ၈သိန္းကေန ၁၀သိန္းအထိ ေပးထားတဲ့ ေငြေတြကိုျပန္ရဖို႔ အတြက္ေတာင္းဆုိေနႀကပါတယ္။ အဲဒီကာလအတြင္းမွာ ျမ၀တီျမိဳ႕ ျမန္မာဘုန္းေတာ္ႀကီးေက်ာင္းမွာ တည္းခိုေနထုိင္ေနရတာေၾကာင့္ အခုဆုိရင္ ျမ၀တီက လူ၁၀၀ေက်ာ္ေလာက္ဟာ စားေသာက္ေရးအခက္အခဲေတြနဲ႕ ႀကံဳေနရတယ္လို႔ အလုပ္သမတဦး ဆုိပါတယ္။

“နႏၵသုခေက်ာင္းမွာေနရတယ္၊ စားေရးေသာက္ေရးကအစ အခက္အခဲရွိတယ္။ ေနေရးထုိင္ေရးကအစ အခက္အခဲရွိတယ္။ ၾကာလာေတာ့ စားေရးေသာက္ေရးက အရမ္း ခက္ခဲတယ္ေပါ့။ အခု ဆန္ဆိုလည္း မရွိေတာ့ဘူး မနက္ဆိုလည္း ဆရာေတာ္ေတြ ဆြမ္းခံေကၽြးတဲ့ ဟင္းနဲ႔ပဲ ခ်က္ျပဳတ္စားေသာက္ေနရတာ။ ျမန္မာျပည္မွာလည္းျပန္လုပ္စားဖို႔က အဆင္မေျပဘူး။”

MOU နဲ႔ လာတဲ့ အလုပ္သမားတဦးကေတာ့ သူဟာ ေနရာ ၃ ေနရာထက္မနည္း ေျပာင္းေရႊ႕ လုပ္ကိုင္ခဲ့ရၿပီး ေနာက္ဆံုး အလုပ္ရွင္မတူဘူးဆိုရင္ ဖမ္းဆီး ခံရမွာစုိးတာေၾကာင့္ နယ္စပ္ကုိျပန္ဆင္းလာခဲ့ရတယ္လုိ႕ အခုလိုေျပာပါတယ္။

“ ဟုိေရာက္ေတာ့ က်ေနာ္တို႔က သံုးေနရာ ေလးေနရာကိုေျပာင္းခဲ့ရတယ္။ အဲဒါနဲ႔ သူေဌးကိုေခၚ ေျပာတယ္။ သူေဌးက ဟုိလိမ္ေခၚ၊ ဒီလိမ္ေခၚနဲ႕ ေနာက္ေတာ့ အဆင္မေျပာေတာ့ က်ေနာ္တို႔ ေအာက္ (နယ္စပ္)ကုိပဲျပန္ဆင္းလာရပါတယ္”

တကယ္ေတာ့ MoU နဲ ့သြားၾကတဲ့ အလုပ္သမားေတြဟာ တရား၀င္သြားၾကတာပါ။ ဒါေပမယ့္ ပုိလုိက္တဲ့ ကုမၸဏီေတြက တာ၀န္ယူမူ တာ၀န္ခံမူအားနည္းတာေၾကာင့္ စာခ်ဳပ္ပါ စည္းမ်ဥ္းအတိုင္း လုပ္ေဆာင္တာမ်ိဳး မရွိတာေၾကာင့္ အလုပ္သမားေတြ အခက္အခဲေတြ႔ခဲ့ရတာပါ။

ထိုင္းႏိုင္ငံထဲမွာ ျမန္မာအလုပ္သမား ၃သန္းထက္မနည္းရွိၿပီး MoU နဲ႔ လာတဲ့ အလုပ္သမား သိန္းဂဏန္းရွိပါတယ္။ ဒါေပမဲ့ ကုမၸဏီေတြက စာခ်ဳပ္ပါစည္းကမ္းအတိုင္း အလုပ္ရံုေတြကို ပုိ႔မေပးတာေၾကာင့္ အလုပ္ေနရာလဲြမူ ၊ အလုပ္ရွင္သူေဌး မတူတာေတြနဲ႕ ဖမ္းဆီးခံေနရပါတယ္။ ကုမဏီေတြက ထုိင္းဘက္က လုပ္ငန္းရွင္ေတြ လိုအပ္တဲ့ အလုပ္သမားထက္ပိုၿပီး လူပုိေတြကုိ ေခၚလာၿပီး ထိုင္းထဲကုိ ပုိ႔ေနတာပါ။ အလုပ္သမားတဦးကို က်ပ္ေငြ ၈သိန္းကေန ၁၀သိန္းေလာက္ထိ ေတာင္းခံ ပုိ႔ေနသလို အလုပ္အကုိင္အခြင့္အလမ္းရဖို႔ လာတဲ့သူေတြဟာ ထုိင္းႏုိင္ငံထဲမွာ အလုပ္မရွိတဲ့ ျပႆနာေတြႀကံဳတဲ့့အခါမွာေတာ့ တာ၀န္ယူမူေတြ မရွိတာေၾကာင့္ ေနာက္ဆံုးမွာ နယ္စပ္ျပန္ဆင္းၿပီး သူတုိ႔နစ္နာေၾကးေတြကုိ ျပန္လည္ေတာင္းဆုိေနတာျဖစ္ပါတယ္။

.................

မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော် နေရပ်ပြန်

(Unicode)

ထိုင်းနိုင်ငံမှာ နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ တရားဝင် အလုပ်သွားကြတဲ့ မြန်မာအလုပ်သမား ၂၀၀ ကျော်ဟာ အလုပ်ရှာဖွေပေးတဲ့ ကုမ္ပဏီတွေက စာချုပ်ပါ စည်းမျဉ်းအတိုင်း လုပ်မပေးကြတဲ့အတွက် အဆင်မပြေဖြစ်ပြီး ဒီလပိုင်းအတွင်းမှာပဲ မြန်မာပြည်ကို ပြန်လာကြတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ အများစုဟာ စာချုပ်ပါစက်ရုံမှာပဲ အလုပ်လုပ်ကြရတာ မဟုတ်တဲ့အတွက် ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးတာ ခံကြရသလို လုပ်အားခလည်း ပုံမှန်မရကြဘူးလို့ ပြောပါတယ်။

အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲမှာ အလုပ်အကိုင်အခွင့်အလမ်းတွေရဖို့အတွက် မြန်မာပြည်ထဲက ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီးအလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာ ၃လမပြည့်ခင်မှာဘဲ နေရပ်ပြန်လာသူတွေ ရှိလာပါတယ်။ စာချုပ်ထဲမှာပါတဲ့ စက်ရုံကိုသွားရတာမဟုတ်ပဲ နေရာပေါင်းစုံကို ပို့နေတာကြောင့် တချို့လည်း ရဲတွေလာဝင်ဖမ်းတဲ့အခါမှာ အလုပ်နဲ့ နေရာမတူဘူးဆိုပြီး ဖမ်းဆီးခံရမူတွေလည်း ကြုံနေရပါတယ်။ လုပ်အားခလစာကလည်း ပုံမှန်မရသလို အလုပ်လုပ်ရတဲ့ ရက်ကလည်း ပုံမှန်မရှိတာကို ကြုံရတာကြောင့် နယ်စပ်ကိုပြန်ဆင်းပြီး သူတို့ ပို့ခဲ့တဲ့ကုမ္ပဏီတွေကို နစ်နာကြေးပြန်ပေးဖို့ တောင်းဆိုကြပါတယ်။ အခုဆိုရင် အောက်တိုဘာလနဲ့ နိုဝင်ဘာလထဲမှာပဲ အလုပ်သမား ၂၀၀ကျော် နယ်စပ်ဆင်းလာလို့အကူ့ညီပေးနေရကြောင်း အေအေစီမဟာမိတ်အဖွဲ့က ကိုရဲမင်းက အခုလိုပြောပါတယ်။

“ထိုင်းကို MOU စနစ်နဲ့ သွားတယ် စာချုပ်ပါစည်းမျဉ်းစည်းကမ်းတွေပုံစံမျိုးစုံနဲ့ ချိုးဖောက်ခံရတယ် အဲဒီအလုပ်သမားတွေက လောလောဆည် ပြန်လာတာပေါ့နော်။ ထိုင်းနယ်စပ်က ကျနော်တို့ အေအေစီအဖွဲ့ကိုချိတ်ဆက်ပြီးတော့ အကူအညီတောင်းပြီး ပြည်တော်ပြန်လာတာ။ ဒီလပိုင်းမှာပဲ နှစ်ရာကျော်သွားပြီ ၂၄၀ လောက်ရှိသွားပြီ”

မြဝတီရောက်တဲ့အခါမှာကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီး သူတို့ ပေးထားခဲ့တဲ့ ကျပ်ငွေ ၈သိန်းကနေ ၁၀သိန်းအထိ ပေးထားတဲ့ ငွေတွေကိုပြန်ရဖို့ အတွက်တောင်းဆိုနေကြပါတယ်။ အဲဒီကာလအတွင်းမှာ မြဝတီမြို့ မြန်မာဘုန်းတော်ကြီးကျောင်းမှာ တည်းခိုနေထိုင်နေရတာကြောင့် အခုဆိုရင် မြဝတီက လူ၁၀၀ကျော်လောက်ဟာ စားသောက်ရေးအခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ အလုပ်သမတဦး ဆိုပါတယ်။

“နန္ဒသုခကျောင်းမှာနေရတယ်၊ စားရေးသောက်ရေးကအစ အခက်အခဲရှိတယ်။ နေရေးထိုင်ရေးကအစ အခက်အခဲရှိတယ်။ ကြာလာတော့ စားရေးသောက်ရေးက အရမ်း ခက်ခဲတယ်ပေါ့။ အခု ဆန်ဆိုလည်း မရှိတော့ဘူး မနက်ဆိုလည်း ဆရာတော်တွေ ဆွမ်းခံကျွေးတဲ့ ဟင်းနဲ့ပဲ ချက်ပြုတ်စားသောက်နေရတာ။ မြန်မာပြည်မှာလည်းပြန်လုပ်စားဖို့က အဆင်မပြေဘူး။”

MOU နဲ့ လာတဲ့ အလုပ်သမားတဦးကတော့ သူဟာ နေရာ ၃ နေရာထက်မနည်း ပြောင်းရွှေ့ လုပ်ကိုင်ခဲ့ရပြီး နောက်ဆုံး အလုပ်ရှင်မတူဘူးဆိုရင် ဖမ်းဆီး ခံရမှာစိုးတာကြောင့် နယ်စပ်ကိုပြန်ဆင်းလာခဲ့ရတယ်လို့ အခုလိုပြောပါတယ်။

“ ဟိုရောက်တော့ ကျနော်တို့က သုံးနေရာ လေးနေရာကိုပြောင်းခဲ့ရတယ်။ အဲဒါနဲ့ သူဌေးကိုခေါ် ပြောတယ်။ သူဌေးက ဟိုလိမ်ခေါ်၊ ဒီလိမ်ခေါ်နဲ့ နောက်တော့ အဆင်မပြောတော့ ကျနော်တို့ အောက် (နယ်စပ်)ကိုပဲပြန်ဆင်းလာရပါတယ်”

တကယ်တော့ MoU နဲ့သွားကြတဲ့ အလုပ်သမားတွေဟာ တရားဝင်သွားကြတာပါ။ ဒါပေမယ့် ပိုလိုက်တဲ့ ကုမ္ပဏီတွေက တာဝန်ယူမူ တာဝန်ခံမူအားနည်းတာကြောင့် စာချုပ်ပါ စည်းမျဉ်းအတိုင်း လုပ်ဆောင်တာမျိုး မရှိတာကြောင့် အလုပ်သမားတွေ အခက်အခဲတွေ့ခဲ့ရတာပါ။

ထိုင်းနိုင်ငံထဲမှာ မြန်မာအလုပ်သမား ၃သန်းထက်မနည်းရှိပြီး MoU နဲ့ လာတဲ့ အလုပ်သမား သိန်းဂဏန်းရှိပါတယ်။ ဒါပေမဲ့ ကုမ္ပဏီတွေက စာချုပ်ပါစည်းကမ်းအတိုင်း အလုပ်ရုံတွေကို ပို့မပေးတာကြောင့် အလုပ်နေရာလွဲမူ ၊ အလုပ်ရှင်သူဌေး မတူတာတွေနဲ့ ဖမ်းဆီးခံနေရပါတယ်။ ကုမဏီတွေက ထိုင်းဘက်က လုပ်ငန်းရှင်တွေ လိုအပ်တဲ့ အလုပ်သမားထက်ပိုပြီး လူပိုတွေကို ခေါ်လာပြီး ထိုင်းထဲကို ပို့နေတာပါ။ အလုပ်သမားတဦးကို ကျပ်ငွေ ၈သိန်းကနေ ၁၀သိန်းလောက်ထိ တောင်းခံ ပို့နေသလို အလုပ်အကိုင်အခွင့်အလမ်းရဖို့ လာတဲ့သူတွေဟာ ထိုင်းနိုင်ငံထဲမှာ အလုပ်မရှိတဲ့ ပြဿနာတွေကြုံတဲ့အခါမှာတော့ တာဝန်ယူမူတွေ မရှိတာကြောင့် နောက်ဆုံးမှာ နယ်စပ်ပြန်ဆင်းပြီး သူတို့နစ်နာကြေးတွေကို ပြန်လည်တောင်းဆိုနေတာဖြစ်ပါတယ်။

ေအးေအးမာ/ VOA Burmese
https://burmese.voanews.com
ျမန္မာေရႊ႕ေျပာင္းလုပ္သား ၂၀၀ ေက်ာ္ ေနရပ္ျပန္ ျမန္မာေရႊ႕ေျပာင္းလုပ္သား ၂၀၀ ေက်ာ္ ေနရပ္ျပန္ Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.