ရခိုင္အေရး ကုလစိုးရိမ္ခ်က္ အတိုင္ပင္ခံပုဂၢိဳလ္ တံု႔ျပန္

၃၅ ႀကိမ္ေျမာက္ အာဆီယံထိပ္သီး အစည္းအေဝး တက္ရန္ ဘန္ေကာက္ၿမိဳ႕သုိ႔ ေရာက္ရွိလာသည့္ ေဒၚေအာင္ဆန္းစုၾကည္အား ထုိင္းဒုတိယဝန္ႀကီးခ်ဳပ္ Anutin Charnvirakul က ေလဆိပ္တြင္ ႀကိဳဆုိေနစဥ္။ (ႏုိဝင္ဘာ ၁၊ ၂၀၁၉)

(Zawgyi / Unicode)

ရခုိင္ပဋိပကၡနဲ႔ ပတ္သက္ၿပီး လက္ရွိအစိုးရ သက္တမ္းထက္ ဆယ္ဆေလာက္ အဲဒီေဒသမွာ ရွိခဲ့ၾကတဲ့ ကုလသမဂၢ အဖြဲ႔အစည္းေတြအေနနဲ႔ ျပႆနာရဲ႕ သိမ္ေမြ႔ ႐ႈပ္ေထြးမႈကို အနည္းအက်ဥ္း သိထားဖို႔ လိုအပ္ေၾကာင္း ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ကို တုံ႔ျပန္ ေျပာဆိုခဲ့ေၾကာင္း ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕ေတာ္မွာ ႏို၀င္ဘာလ ၃ ရက္ေန႔က က်င္းပတဲ့ အေရွ႕ေတာင္အာရွ ႏုိင္ငံမ်ားအသင္း ASEAN ထိပ္သီးေခါင္းေဆာင္ေတြနဲ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္တို႔ ေတြ႔ဆံု ေဆြးေႏြးခဲ့ၾကတာပါ။ အဲဒီေဆြးေႏြးပြဲအတြင္း ရခုိင္ အေရးကိစၥအေပၚ စိုးရိမ္ေၾကာင္း၊ ျပႆနာ အရင္းအျမစ္ကို ေျဖရွင္းဖို႔နဲ႔ ေနရပ္စြန္႔ခြာသူေတြ ဆႏၵအေလ်ာက္ ေဘးကင္းလံုၿခံဳမႈနဲ႔ သိကၡာရွိရွိ ျပန္လာႏိုင္ေရးက ျမန္မာအစိုးရရဲ႕ တာ၀န္ျဖစ္ေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Guterres က ေျပာဆိုခဲ့တာပါ။

ကာကြယ္ေပးရမယ့္သူေတြရဲ႕ အခြင့္အေရးနဲ႔ လံုၿခံဳမႈေပးေရးကို ျမန္မာအစိုးရအေနနဲ႔ ေရွာင္လႊဲမွာ မဟုတ္ေၾကာင္း၊ ဒုကၡသည္ေတြကို စိစစ္ၿပီး လက္ခံသြားမယ္ ဆိုတာကို ျမန္မာဘက္က ကတိျပဳထားၿပီး ျဖစ္ေၾကာင္းလည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုခဲ့ပါတယ္။

ေနရပ္စြန္႔ခြာ ထြက္ေျပးရသူေတြ ဆႏၵအေလ်ာက္ ေဘးကင္းလံုၿခံဳမႈရွိရွိ ျပန္လာႏုိင္မယ့္ အေျခအေနမ်ိဳး ဖန္တီးေပးေရး ျမန္မာအစိုးရရဲ႕ ႀကိဳးပမ္းခ်က္ေတြမွာ ကူညီပံ့ပိုးတဲ့ အတြက္ အာဆီယံအဖြဲ႔ကို ေက်းဇူးတင္ရွိေၾကာင္းလည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ရခုိင္ျပႆနာအေပၚ လက္ေတြ႔က်ၿပီး ဘက္မလိုက္ဘဲ မွ်မွ်တတ ခ်ဥ္းကပ္ ကူညီေပးသူေတြရဲ႕ အကူအညီနဲ႔ ဆက္လက္ႀကိဳးပမ္း ေဆာင္ရြက္မယ္လို႔လည္း ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ေျပာပါတယ္။

-----------------------------------

(Unicode)

ရခိုင်အရေး ကုလစိုးရိမ်ချက် အတိုင်ပင်ခံပုဂ္ဂိုလ် တုံ့ပြန်

ရခိုင်ပဋိပက္ခနဲ့ ပတ်သက်ပြီး လက်ရှိအစိုးရ သက်တမ်းထက် ဆယ်ဆလောက် အဲဒီဒေသမှာ ရှိခဲ့ကြတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ ပြဿနာရဲ့ သိမ်မွေ့ ရှုပ်ထွေးမှုကို အနည်းအကျဉ်း သိထားဖို့ လိုအပ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကို တုံ့ပြန် ပြောဆိုခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN ထိပ်သီးခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ အဲဒီဆွေးနွေးပွဲအတွင်း ရခိုင် အရေးကိစ္စအပေါ် စိုးရိမ်ကြောင်း၊ ပြဿနာ အရင်းအမြစ်ကို ဖြေရှင်းဖို့နဲ့ နေရပ်စွန့်ခွာသူတွေ ဆန္ဒအလျောက် ဘေးကင်းလုံခြုံမှုနဲ့ သိက္ခာရှိရှိ ပြန်လာနိုင်ရေးက မြန်မာအစိုးရရဲ့ တာဝန်ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Guterres က ပြောဆိုခဲ့တာပါ။

ကာကွယ်ပေးရမယ့်သူတွေရဲ့ အခွင့်အရေးနဲ့ လုံခြုံမှုပေးရေးကို မြန်မာအစိုးရအနေနဲ့ ရှောင်လွှဲမှာ မဟုတ်ကြောင်း၊ ဒုက္ခသည်တွေကို စိစစ်ပြီး လက်ခံသွားမယ် ဆိုတာကို မြန်မာဘက်က ကတိပြုထားပြီး ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ ဆန္ဒအလျောက် ဘေးကင်းလုံခြုံမှုရှိရှိ ပြန်လာနိုင်မယ့် အခြေအနေမျိုး ဖန်တီးပေးရေး မြန်မာအစိုးရရဲ့ ကြိုးပမ်းချက်တွေမှာ ကူညီပံ့ပိုးတဲ့ အတွက် အာဆီယံအဖွဲ့ကို ကျေးဇူးတင်ရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရခိုင်ပြဿနာအပေါ် လက်တွေ့ကျပြီး ဘက်မလိုက်ဘဲ မျှမျှတတ ချဉ်းကပ် ကူညီပေးသူတွေရဲ့ အကူအညီနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်မယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ရခိုင္အေရး ကုလစိုးရိမ္ခ်က္ အတိုင္ပင္ခံပုဂၢိဳလ္ တံု႔ျပန္ ရခိုင္အေရး ကုလစိုးရိမ္ခ်က္ အတိုင္ပင္ခံပုဂၢိဳလ္ တံု႔ျပန္ Reviewed by THITHTOOLWIN on 09:37 Rating: 5
Powered by Blogger.