႐ိုဟင္ဂ်ာအေရး ကုလအတြင္းေရးမွဴးစိုးရိမ္ခ်က္ အာဆီယံအစည္းအေဝးတြင္း ေဖာ္ျပ

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres. (ၾသဂုတ္ ၁၊ ၂၀၁၉)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းကေန ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးခဲ့ၾကရတဲ့ မြတ္စလင္ဒုကၡသည္ ၇ သိန္းေက်ာ္အေရးနဲ႔ ပတ္သက္ၿပီးေတာ့ သူ႔အေနနဲ႔ အင္မတန္ စိုးရိမ္ပူပန္မိတယ္လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ေျပာပါတယ္။

ျမန္မာအစိုးရအေနနဲ႔ ဒီပဋိပကၡနဲ႔ ပတ္သက္လို႔ အရင္းခံအေၾကာင္းတရားကို ကိုင္တြယ္ေျဖရွင္းဖို႔နဲ႔ သူတို႔ေတြ လုံလုံၿခဳံၿခဳံ ေနရပ္ရင္းျပန္ႏိုင္ေရး ေဆာင္ရြက္သြားဖို႔ကိုလည္း ကုလအတြင္းေရးမွဴးခ်ဳပ္က တိုက္တြန္းခဲ့ပါတယ္။

“ရခိုင္ျပည္နယ္က အေျခအေနေတြနဲ႔ Cox’s Bazar စခန္းမွာရွိေနတဲ့ ဒုကၡသည္ အစုအၿပဳံလိုက္ အေနအထိုင္ ဆင္းရဲမႈေတြ ရင္ဆိုင္ေနရတာေတြနဲ႔ ပတ္သက္လို႔ အင္မတန္စိုးရိမ္မိပါတယ္၊ ပဋိပကၡရဲ႕ ရင္းျမစ္ကို ျမန္မာအစိုးရအေနနဲ႔ ေျဖရွင္းဖို႔ တာဝန္ရွိပါတယ္။ ႏိုင္ငံတကာ စံႏႈန္းစံထားေတြနဲ႔အညီ ဒုကၡသည္ေတြအေနနဲ႔ လုံၿခဳံေဘးကင္းစြာ ဂုဏ္သိကၡာရွိရွိ ကိုယ့္ဆႏၵနဲ႔ကိုယ္ ေနရပ္ျပန္ႏိုင္ၾကမယ့္ ဝန္းက်င္တခု ျမန္မာအစိုးရအေနနဲ႔ ဖန္တီးေပးဖို႔ လိုပါတယ္။”

အခု တနဂၤေႏြေန႔မွာ က်င္းပေနတဲ့ အာဆီယံ အေရွ႕ေတာင္အာရွႏိုင္ငံမ်ား ထိပ္သီးအစည္းအေဝးမွာ ကုလအတြင္းေရးမွဴးခ်ဳပ္က အခုလို ေျပာဆိုသြားတာပါ။ အဲဒီမွာ ျမန္မာႏိုင္ငံက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္လည္း တတ္ေရာက္ေနပါတယ္။

ျမန္မာႏိုင္ငံ ရခိုင္ေျမာက္ပိုင္းေဒသမွာ ၂၀၁၇ ခုႏွစ္ကျဖစ္တဲ့ အၾကမ္းဖက္မႈေတြနဲ႔ လုံၿခဳံေရးတပ္ေတြနဲ႔ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြေၾကာင့္ ႐ိုဟင္ဂ်ာဒုကၡသည္ သိန္းဂဏန္း အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးခဲ့ၾကပါတယ္။ အစိုးရတပ္ရဲ႕ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးအတြင္း ႐ိုဟင္ဂ်ာမြတ္စလင္ေတြကို Genocide မ်ိဳးတုံးသတ္ျဖတ္မႈေတြ က်ဴးလြန္ခဲ့တယ္လို႔ ကုလ စုံစမ္းေရးမွဴးေတြက ေျပာေနပါတယ္။ ျမန္မာအစိုးရကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္သင့္မခံသလို လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ စြပ္စြဲခ်က္ေတြဟာ တဖက္သတ္ဆန္တယ္၊ ခ်ဲ႕ကားလြန္းတယ္လို႔ တုံ႔ျပန္ထားပါတယ္။

ရခိုင္ျပည္နယ္ အေျခအေနေတြနဲ႔ ပတ္သက္လာရင္ သိန္းဂဏန္းရွိတဲ့ ႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရး အစီအစဥ္ မေအာင္မျမင္ ျဖစ္ေနတာအျပင္ ေဒသတြင္း AA ရခိုင္လက္နက္ကိုင္အဖြဲ႔နဲ႔ ျမန္မာလုံၿခဳံေရးတပ္ေတြအၾကား လတ္တေလာ စစ္ပြဲေတြေၾကာင့္လည္း ရခိုင္အေရး ႏိုင္ငံတကာ စိုးရိမ္ခ်က္ေတြ တိုးလာေနပါတယ္။

-----------------------------------

(Unicode)

ရိုဟင်ဂျာအရေး ကုလအတွင်းရေးမှူးစိုးရိမ်ချက် အာဆီယံအစည်းအဝေးတွင်း ဖော်ပြ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြရတဲ့ မွတ်စလင်ဒုက္ခသည် ၇ သိန်းကျော်အရေးနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ အင်မတန် စိုးရိမ်ပူပန်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ဒီပဋိပက္ခနဲ့ ပတ်သက်လို့ အရင်းခံအကြောင်းတရားကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ သူတို့တွေ လုံလုံခြုံခြုံ နေရပ်ရင်းပြန်နိုင်ရေး ဆောင်ရွက်သွားဖို့ကိုလည်း ကုလအတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့ပါတယ်။

“ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ Cox’s Bazar စခန်းမှာရှိနေတဲ့ ဒုက္ခသည် အစုအပြုံလိုက် အနေအထိုင် ဆင်းရဲမှုတွေ ရင်ဆိုင်နေရတာတွေနဲ့ ပတ်သက်လို့ အင်မတန်စိုးရိမ်မိပါတယ်၊ ပဋိပက္ခရဲ့ ရင်းမြစ်ကို မြန်မာအစိုးရအနေနဲ့ ဖြေရှင်းဖို့ တာဝန်ရှိပါတယ်။ နိုင်ငံတကာ စံနှုန်းစံထားတွေနဲ့အညီ ဒုက္ခသည်တွေအနေနဲ့ လုံခြုံဘေးကင်းစွာ ဂုဏ်သိက္ခာရှိရှိ ကိုယ့်ဆန္ဒနဲ့ကိုယ် နေရပ်ပြန်နိုင်ကြမယ့် ဝန်းကျင်တခု မြန်မာအစိုးရအနေနဲ့ ဖန်တီးပေးဖို့ လိုပါတယ်။”

အခု တနင်္ဂနွေနေ့မှာ ကျင်းပနေတဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ ထိပ်သီးအစည်းအဝေးမှာ ကုလအတွင်းရေးမှူးချုပ်က အခုလို ပြောဆိုသွားတာပါ။ အဲဒီမှာ မြန်မာနိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တတ်ရောက်နေပါတယ်။

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းဒေသမှာ ၂၀၁၇ ခုနှစ်ကဖြစ်တဲ့ အကြမ်းဖက်မှုတွေနဲ့ လုံခြုံရေးတပ်တွေနဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာဒုက္ခသည် သိန်းဂဏန်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြပါတယ်။ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာမွတ်စလင်တွေကို Genocide မျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ကုလ စုံစမ်းရေးမှူးတွေက ပြောနေပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံသလို လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေဟာ တဖက်သတ်ဆန်တယ်၊ ချဲ့ကားလွန်းတယ်လို့ တုံ့ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် အခြေအနေတွေနဲ့ ပတ်သက်လာရင် သိန်းဂဏန်းရှိတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အစီအစဉ် မအောင်မမြင် ဖြစ်နေတာအပြင် ဒေသတွင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာလုံခြုံရေးတပ်တွေအကြား လတ်တလော စစ်ပွဲတွေကြောင့်လည်း ရခိုင်အရေး နိုင်ငံတကာ စိုးရိမ်ချက်တွေ တိုးလာနေပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
႐ိုဟင္ဂ်ာအေရး ကုလအတြင္းေရးမွဴးစိုးရိမ္ခ်က္ အာဆီယံအစည္းအေဝးတြင္း ေဖာ္ျပ ႐ိုဟင္ဂ်ာအေရး ကုလအတြင္းေရးမွဴးစိုးရိမ္ခ်က္ အာဆီယံအစည္းအေဝးတြင္း ေဖာ္ျပ Reviewed by THITHTOOLWIN on 09:36 Rating: 5
Powered by Blogger.