တပ္မဲ႐ုံျပင္ပေ႐ႊ႕ဖို႔ နည္းဥပေဒမူၾကမ္း လႊတ္ေတာ္ကို တင္ျပ

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေနျပည္ေတာ္ ေဇယ်ာသီရိၿမိဳ႕နယ္က အေနာ္ရထာမဲ႐ုံ အမွတ္ ၁ မွာ ၂၀၁၅ ႏိုဝင္ဘာလ ၈ ရက္ေန႔က မဲထည့္ေနစဥ္
Photo: Win Ko Ko Latt/ RFA
(Zawgyi)⤵⤵⤵

တပ္တြင္းမဲ႐ုံေတြကို ျပင္ပမွာထားရွိဖို႔ ဆိုတဲ့ အခ်က္အပါအဝင္ ေ႐ြးေကာက္ပြဲနည္းဥပေဒေတြကို ပၪၥမအႀကိမ္ ျပင္ဆင္ တဲ့ နည္းဥပေဒမူၾကမ္းကို ေ႐ြးေကာက္ပြဲေကာ္မရွင္က ေအာက္တိုဘာ ၃ ရက္ေန႔ ရက္စြဲနဲ႔ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ကို မေန႔က ေပးပို႔ခဲ့ပါတယ္။

အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီနဲ႔ ပါတီတခ်ိဳ႕က တပ္တြင္းမွာ မဲ႐ုံထားရွိတာေၾကာင့္ တပ္မေတာ္သားေတြနဲ႔ မိသားစုဝင္ေတြ လြတ္လပ္စြာမဲေပးခြင့္ ရႏိုင္ပါ့မလားဆိုၿပီး စိုးရိမ္ပူပန္မူရွိပါတယ္။

တပ္ျပင္ပမွာ မဲ႐ုံထားရွိလိုက္႐ုံနဲ႔ မဲဆႏၵရွင္ တပ္မေတာ္သားေတြအတြက္ အက်ိဳးမယုတ္ႏိုင္ဘူးလို႔ ခန႔္မွန္းမႈေတြ ရွိသလို ဒါက ျပႆနာေျဖရွင္းနည္း မဟုတ္ဘူးလို႔လည္း ေဝဖန္မႈေတြရွိပါတယ္။

NLD ပါတီက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္သစ္က တပ္မေတာ္သားေတြဟာ ႏိုင္ငံသားေတြပဲ ျဖစ္တဲ့အတြက္ တစ္ဦးခ်င္းရဲ႕ အခြင့္အေရးကိစၥသာျဖစ္ၿပီး အဖြဲ႕အစည္းကိစၥ မဟုတ္ဘူးလို႔ ေျပာပါတယ္။

လြတ္လပ္ၿပီး တရားမွ်တမႈ ပိုရႏိုင္တဲ့ ေ႐ြးေကာက္ပြဲေတြ ျဖစ္လာဖို႔ ရည္မွန္းခ်က္နဲ႔ နည္းဥပေဒျပင္ဆင္ဖို႔ ေဆာင္႐ြက္တာလို႔ NLD ပါတီ ကိုယ္စားလွယ္ေတြက သေဘာထားပါတယ္။

တပ္တြင္းမဲ႐ုံေတြမွာ တပ္မေတာ္သားေတြ မဲေပးတဲ့အခါ ပါတီႀကီးတစ္ခုကပဲ မဲေတြ ပုံေအာၿပီး ရယ္ဆိုတာ သဘာဝမက်ပဲ သံသယျဖစ္စရာေတြရွိတယ္လို႔ ေဝဖန္မႈေတြရွိပါတယ္။

သက္ဆိုင္ရာ ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲေတြအေနနဲ႔ တပ္မေတာ္သားနဲ႔ မိသားစုဝင္ေတြ သင့္ေတာ္ တဲ့ေနရာမွာ မဲေပးႏိုင္ဖို႔ စီစဥ္ေပးရမွာျဖစ္သလို၊ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ၊ ေ႐ြးေကာက္ပြဲ ကိုယ္စား လွယ္ေတြနဲ႔ ေလ့လာေစာင့္ၾကည့္သူေတြ အလြယ္တကူ ဝင္ထြက္ႏိုင္တဲ့ေနရာျဖစ္ရမယ္လို႔လည္း အဲဒီ နည္းဥပေဒမွာ ေဖာ္ျပထားပါတယ္။

ျပည္သူ႔လႊတ္ေတာ္ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ အစုအဖြဲ႕ေခါင္းေဆာင္ ဗိုလ္မႉးခ်ဳပ္ ေမာင္ေမာင္က တပ္တြင္း ျပင္ပမွာ မဲ႐ုံထားရွိမယ္ဆိုတဲ့ကိစၥအေပၚ ေဆြးေႏြးတိုင္ပင္ထားတာ မရွိေသးဘူးလို႔ ေျပာပါတယ္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က အခုလို ေပးပို႔လာတာက နည္းဥပေဒျပင္ဆင္ဖို႔ျဖစ္ၿပီး လႊတ္ေတာ္က ေဆြးေႏြးအတည္ျပဳေပးရမွာ မဟုတ္ဘဲ ကန႔္ကြက္လိုပါက ေကာ္မရွင္နဲ႔သာ သက္ဆိုင္တယ္လို႔ သိရပါတယ္။

လႊတ္ေတာ္ကို အသိေပးၿပီးေနာက္ ရက္ေပါင္း ၉၀ အတြင္း ဒီနည္းဥပေဒျပင္ဆင္ခ်က္ဟာ အတည္ျဖစ္လာဖို႔ရွိၿပီး ကန႔္ကြက္ခ်က္ေတြရွိလာရင္ေတာ့ လႊတ္ေတာ္ထဲမွာ ေဆြးေႏြး၊ မဲခြဲ ဆုံးျဖတ္ရတာေတြရွိလာႏိုင္ပါတယ္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ေျပာေရးဆိုခြင့္ရွိသူ ဦးျမင့္ႏိုင္က သီးျခားမွတ္ခ်က္ေပးစရာမရွိဘဲ အဲဒီ နည္းဥပေဒမွာ ေဖာ္ျပထားတဲ့အတိုင္း မွတ္ယူေစလိုတယ္လို႔ ေျပာပါတယ္။

ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီက  ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေသာင္းေအးက တစ္ဦးနဲ႔ တစ္ဦး၊ တစ္ဖြဲ႕နဲ႔ တစ္ဖြဲ႕ၾကား သံသယေတြထားရွိေနတယ္လို႔ ယူဆေၾကာင္း ေျပာပါတယ္။

NLD ပါတီက ျပည္သူ႔လႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီ အတြင္းေရးမႉး ဦးေက်ာ္စိုးလင္းက တပ္မေတာ္သားေတြ ျပည္သူေတြနဲ႔အတူမဲေပးတာက နည္းလမ္းက်ၿပီး သဘာဝအားျဖင့္လည္း အဆင္ေျပေစတဲ့နည္းလမ္းျဖစ္တယ္လို႔ ေျပာပါတယ္။

ႀကိဳတင္မဲကိစၥေတြမွာ အျငင္းပြားစရာေတြ မရွိေရးနဲ႔ သံသယေတြ မျဖစ္ေစေရး ထိန္းညႇိဳတဲ့အခ်က္ေတြလည္း အဲဒီနည္းဥပေဒမူၾကမ္းထဲမွာ ပါဝင္တယ္လို႔ သိရပါတယ္။

ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈအဖြဲ႕ PACE က အမႈေဆာင္ဒါ႐ိုက္တာ စိုင္းရဲေက်ာ္စြာျမင့္က ေ႐ြးေကာက္ပြဲျဖစ္စဥ္မွာ ပါဝင္သူအားလုံး သေဘာမတူႏိုင္တဲ့ ဥပေဒအေျပာင္းအလဲေတြျဖစ္လာရင္ ႏိုင္ငံေရးအရ မတည္ၿငိမ္မႈေတြကို ျဖစ္ေစႏိုင္တယ္လို႔ ခန႔္မွန္းပါတယ္။

ဒီနည္းဥပေဒနဲ႔ ပတ္သက္လို႔ လႊတ္ေတာ္ထဲမွာ ေဆြးေႏြးေဝဖန္တာေတြ ၊ အျငင္းပြားစရာေတြ ျဖစ္လာမယ္လို႔ ခန႔္မွန္းရၿပီး ဘယ္လိုနည္းလမ္းနဲ႔ တပ္ျပင္ပမွာ မဲ႐ုံထားရွိႏိုင္မလဲဆိုတာေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
------------------
(Unicode)⤵⤵⤵
တပ်မဲရုံပြင်ပရွှေ့ဖို့ နည်းဥပဒေမူကြမ်း လွှတ်တော်ကို တင်ပြ

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော် ဇေယျာသီရိမြို့နယ်က အနော်ရထာမဲရုံ အမှတ် ၁ မှာ ၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ့က မဲထည့်နေစဉ် / Photo: Win Ko Ko Latt/ RFA

တပ်တွင်းမဲရုံတွေကို ပြင်ပမှာထားရှိဖို့ ဆိုတဲ့ အချက်အပါအဝင် ရွေးကောက်ပွဲနည်းဥပဒေတွေကို ပဉ္စမအကြိမ် ပြင်ဆင် တဲ့ နည်းဥပဒေမူကြမ်းကို ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၃ ရက်နေ့ ရက်စွဲနဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကို မနေ့က ပေးပို့ခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ပါတီတချို့က တပ်တွင်းမှာ မဲရုံထားရှိတာကြောင့် တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ လွတ်လပ်စွာမဲပေးခွင့် ရနိုင်ပါ့မလားဆိုပြီး စိုးရိမ်ပူပန်မူရှိပါတယ်။

တပ်ပြင်ပမှာ မဲရုံထားရှိလိုက်ရုံနဲ့ မဲဆန္ဒရှင် တပ်မတော်သားတွေအတွက် အကျိုးမယုတ်နိုင်ဘူးလို့ ခန့်မှန်းမှုတွေ ရှိသလို ဒါက ပြဿနာဖြေရှင်းနည်း မဟုတ်ဘူးလို့လည်း ဝေဖန်မှုတွေရှိပါတယ်။

NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်သစ်က တပ်မတော်သားတွေဟာ နိုင်ငံသားတွေပဲ ဖြစ်တဲ့အတွက် တစ်ဦးချင်းရဲ့ အခွင့်အရေးကိစ္စသာဖြစ်ပြီး အဖွဲ့အစည်းကိစ္စ မဟုတ်ဘူးလို့ ပြောပါတယ်။

လွတ်လပ်ပြီး တရားမျှတမှု ပိုရနိုင်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာဖို့ ရည်မှန်းချက်နဲ့ နည်းဥပဒေပြင်ဆင်ဖို့ ဆောင်ရွက်တာလို့ NLD ပါတီ ကိုယ်စားလှယ်တွေက သဘောထားပါတယ်။

တပ်တွင်းမဲရုံတွေမှာ တပ်မတော်သားတွေ မဲပေးတဲ့အခါ ပါတီကြီးတစ်ခုကပဲ မဲတွေ ပုံအောပြီး ရယ်ဆိုတာ သဘာဝမကျပဲ သံသယဖြစ်စရာတွေရှိတယ်လို့ ဝေဖန်မှုတွေရှိပါတယ်။

သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေအနေနဲ့ တပ်မတော်သားနဲ့ မိသားစုဝင်တွေ သင့်တော် တဲ့နေရာမှာ မဲပေးနိုင်ဖို့ စီစဉ်ပေးရမှာဖြစ်သလို၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ပွဲ ကိုယ်စား လှယ်တွေနဲ့ လေ့လာစောင့်ကြည့်သူတွေ အလွယ်တကူ ဝင်ထွက်နိုင်တဲ့နေရာဖြစ်ရမယ်လို့လည်း အဲဒီ နည်းဥပဒေမှာ ဖော်ပြထားပါတယ်။

ပြည်သူ့လွှတ်တော် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်က တပ်တွင်း ပြင်ပမှာ မဲရုံထားရှိမယ်ဆိုတဲ့ကိစ္စအပေါ် ဆွေးနွေးတိုင်ပင်ထားတာ မရှိသေးဘူးလို့ ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အခုလို ပေးပို့လာတာက နည်းဥပဒေပြင်ဆင်ဖို့ဖြစ်ပြီး လွှတ်တော်က ဆွေးနွေးအတည်ပြုပေးရမှာ မဟုတ်ဘဲ ကန့်ကွက်လိုပါက ကော်မရှင်နဲ့သာ သက်ဆိုင်တယ်လို့ သိရပါတယ်။

လွှတ်တော်ကို အသိပေးပြီးနောက် ရက်ပေါင်း ၉၀ အတွင်း ဒီနည်းဥပဒေပြင်ဆင်ချက်ဟာ အတည်ဖြစ်လာဖို့ရှိပြီး ကန့်ကွက်ချက်တွေရှိလာရင်တော့ လွှတ်တော်ထဲမှာ ဆွေးနွေး၊ မဲခွဲ ဆုံးဖြတ်ရတာတွေရှိလာနိုင်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က သီးခြားမှတ်ချက်ပေးစရာမရှိဘဲ အဲဒီ နည်းဥပဒေမှာ ဖော်ပြထားတဲ့အတိုင်း မှတ်ယူစေလိုတယ်လို့ ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြား သံသယတွေထားရှိနေတယ်လို့ ယူဆကြောင်း ပြောပါတယ်။

NLD ပါတီက ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက တပ်မတော်သားတွေ ပြည်သူတွေနဲ့အတူမဲပေးတာက နည်းလမ်းကျပြီး သဘာဝအားဖြင့်လည်း အဆင်ပြေစေတဲ့နည်းလမ်းဖြစ်တယ်လို့ ပြောပါတယ်။

ကြိုတင်မဲကိစ္စတွေမှာ အငြင်းပွားစရာတွေ မရှိရေးနဲ့ သံသယတွေ မဖြစ်စေရေး ထိန်းညှိုတဲ့အချက်တွေလည်း အဲဒီနည်းဥပဒေမူကြမ်းထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE က အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ရွေးကောက်ပွဲဖြစ်စဉ်မှာ ပါဝင်သူအားလုံး သဘောမတူနိုင်တဲ့ ဥပဒေအပြောင်းအလဲတွေဖြစ်လာရင် နိုင်ငံရေးအရ မတည်ငြိမ်မှုတွေကို ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ဒီနည်းဥပဒေနဲ့ ပတ်သက်လို့ လွှတ်တော်ထဲမှာ ဆွေးနွေးဝေဖန်တာတွေ ၊ အငြင်းပွားစရာတွေ ဖြစ်လာမယ်လို့ ခန့်မှန်းရပြီး ဘယ်လိုနည်းလမ်းနဲ့ တပ်ပြင်ပမှာ မဲရုံထားရှိနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
တပ္မဲ႐ုံျပင္ပေ႐ႊ႕ဖို႔ နည္းဥပေဒမူၾကမ္း လႊတ္ေတာ္ကို တင္ျပ တပ္မဲ႐ုံျပင္ပေ႐ႊ႕ဖို႔ နည္းဥပေဒမူၾကမ္း လႊတ္ေတာ္ကို တင္ျပ Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.