ကထိန္ခင္းဖို႔သြားတဲ့ ကားတိမ္းေမွာက္ၿပီး ဘုန္းႀကီး၂ပါးအပါအဝင္ (၁၃)ဦးေသဆုံး

Photo – Lwin Myo Oo(Sbo-Rescue)
(Zawgyi)⤵⤵⤵

သပိတ္က်င္း၊ ႏို၀င္ဘာ ၅-၂၀၁၉

ဇလုံေတာင္နားမွာ ကထိန္ခင္းဖို႔အတြက္ ေမာ္လၿမိဳင္ကေနလာတဲ့ Express ကားႏွစ္စီးဟာ သပိတ္က်င္းၿမိဳ႕နယ္၊ ေက်ာက္ႀကီးေက်း႐ြာနားမွာ သစ္ပင္ကို၀င္တိုက္ၿပီး ကားႏွစ္စီးလုံးတိမ္းေမွာက္သြားတဲ့ျဖစ္စဥ္ ဒီကေန႔မနက္အေစာပိုင္းကျဖစ္ပြားခဲ့တယ္လို႔ ေ႐ႊဘိုခ႐ိုင္လူမူကယ္ဆယ္ေရးအဖြဲ႕ကေနသိရပါတယ္။

သတင္းကို အတည္ေတာ့မျပဳႏိုင္ေသးဘူး ၊ ခုထိ အေလာင္းထုတ္ေနတုန္းရွိပါေသးတယ္ ၊ ဘုန္းႀကီး၂ပါး ေယာက်ာ္း၁ေယာက္ မိန္းမ၁၀ေယာက္ ေသဆုံးတယ္"လို႔ ျဖစ္တဲ့ေနရာမွာ သြားေရာက္ ကယ္ဆယ္ေရးလုပ္ေနတဲ့ ေ႐ႊဘိုခ႐ိုင္လူမႈကယ္ဆယ္ေရးအသင္းမွ ဦးေနမ်ိဳးထြန္းက ေျပာပါတယ္။

ကထိန္ခင္းဖို႔လာတဲ့ကားႏွစ္စီးဟာ ေမာ္လၿမိဳင္ၿမိဳ႕ကေန ဇလုံေတာင္နားမွာ ကထိန္ခင္းဖို႔သြားရာက သပိတ္က်င္းၿမိဳ႕နယ္၊ ေက်ာက္ႀကီး႐ြာနားက ေတာင္အဆင္းလမ္းမွာ တိမ္းေမွာက္မႈျဖစ္ခဲ့တယ္လို႔ ျမန္မာႏိုင္ငံလူမူကယ္ဆယ္‌ေရးအဖြဲ႕ကေန သိရပါတယ္။

တိမ္းေမွာက္တဲ့ ကားႏွစ္စီးေပၚက ဘုန္းႀကီး(၂)ပါးအပါအ၀င္ (၁၃)ဦးေသးဆုံးခဲ့ၿပီး ဒဏ္ရာရ လူနာ ၂၇ဦးရွိကာ ဒဏ္ရာရသူေတြကို မႏၲေလးျပည့္သူ႔ေဆး႐ုံႀကီးနဲ႔ သပိတ္က်င္းေဆး႐ုံးတို႔မွာ အသီးသီးပို႔ေဆာင္ၿပီး ေဆးကုသမႈခံေနတယ္လို႔ သိရပါတယ္။

ဟိန္းကို(VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
ကထိန်ခင်းဖို့သွားတဲ့ ကားတိမ်းမှောက်ပြီး ဘုန်းကြီး၂ပါးအပါအဝင် (၁၃)ဦးသေဆုံး

သပိတ်ကျင်း၊ နိုဝင်ဘာ ၅-၂၀၁၉

ဇလုံတောင်နားမှာ ကထိန်ခင်းဖို့အတွက် မော်လမြိုင်ကနေလာတဲ့ Express ကားနှစ်စီးဟာ သပိတ်ကျင်းမြို့နယ်၊ ကျောက်ကြီးကျေးရွာနားမှာ သစ်ပင်ကိုဝင်တိုက်ပြီး ကားနှစ်စီးလုံးတိမ်းမှောက်သွားတဲ့ဖြစ်စဉ် ဒီကနေ့မနက်အစောပိုင်းကဖြစ်ပွားခဲ့တယ်လို့ ရွှေဘိုခရိုင်လူမူကယ်ဆယ်ရေးအဖွဲ့ကနေသိရပါတယ်။

သတင်းကို အတည်တော့မပြုနိုင်သေးဘူး ၊ ခုထိ အလောင်းထုတ်နေတုန်းရှိပါသေးတယ် ၊ ဘုန်းကြီး၂ပါး ယောကျာ်း၁ယောက် မိန်းမ၁၀ယောက် သေဆုံးတယ်"လို့ ဖြစ်တဲ့နေရာမှာ သွားရောက် ကယ်ဆယ်ရေးလုပ်နေတဲ့ ရွှေဘိုခရိုင်လူမှုကယ်ဆယ်ရေးအသင်းမှ ဦးနေမျိုးထွန်းက ပြောပါတယ်။

ကထိန်ခင်းဖို့လာတဲ့ကားနှစ်စီးဟာ မော်လမြိုင်မြို့ကနေ ဇလုံတောင်နားမှာ ကထိန်ခင်းဖို့သွားရာက သပိတ်ကျင်းမြို့နယ်၊ ကျောက်ကြီးရွာနားက တောင်အဆင်းလမ်းမှာ တိမ်းမှောက်မှုဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံလူမူကယ်ဆယ်‌ရေးအဖွဲ့ကနေ သိရပါတယ်။

တိမ်းမှောက်တဲ့ ကားနှစ်စီးပေါ်က ဘုန်းကြီး(၂)ပါးအပါအဝင် (၁၃)ဦးသေးဆုံးခဲ့ပြီး ဒဏ်ရာရ လူနာ ၂၇ဦးရှိကာ ဒဏ်ရာရသူတွေကို မန္တလေးပြည့်သူ့ဆေးရုံကြီးနဲ့ သပိတ်ကျင်းဆေးရုံးတို့မှာ အသီးသီးပို့ဆောင်ပြီး ဆေးကုသမှုခံနေတယ်လို့ သိရပါတယ်။

ဟိန်းကို(VOM)
Photo – Lwin Myo Oo(Sbo-Rescue)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ကထိန္ခင္းဖို႔သြားတဲ့ ကားတိမ္းေမွာက္ၿပီး ဘုန္းႀကီး၂ပါးအပါအဝင္ (၁၃)ဦးေသဆုံး ကထိန္ခင္းဖို႔သြားတဲ့ ကားတိမ္းေမွာက္ၿပီး ဘုန္းႀကီး၂ပါးအပါအဝင္ (၁၃)ဦးေသဆုံး Reviewed by THITHTOOLWIN on 20:51 Rating: 5
Powered by Blogger.