ဂ်ပန္၀န္ႀကီးခ်ဳပ္ေဟာင္း နာကာဆုိေနး ကြယ္လြန္

ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း Yasuhiro Nakasone
(Zawgyi/Unicode)

ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း Yasuhiro Nakasone ဟာ အသက္ ၁၀၁ ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားပါတယ္။ Tokyo ေဆး႐ံုမွာ ဒီကေန႔ ကြယ္လြန္သြားတယ္ဆိုတာကို သားျဖစ္သူက အတည္ျပဳေျပာၾကားခဲ့ပါတယ္။

၁၉၈၂ ခုႏွစ္ကေန ၁၉၈၇ ခုႏွစ္အထိ ဝန္ႀကီးခ်ဳပ္တာဝန္ယူခဲ့သူ နာကာဆိုေနးဟာ ဒုတိယကမာၻစစ္ပြဲေနာက္ပိုင္း ဂ်ပန္ႏိုင္ငံကို အေနာက္ႏိုင္ငံေတြနဲ႔ အျပည့္အဝ ဆက္ဆံေရး တည္ေဆာက္ႏိုင္ခဲ့သူျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုနဲ႔လည္း စစ္ေရးအရ ခုိင္မာတဲ့ မဟာမိတ္ႏိုင္ငံျဖစ္ေအာင္ လုပ္ႏိုင္ခဲ့ပါတယ္။ အေမရိကန္နဲ႔ သေဘာထားအႀကီးအက်ယ္ ကြဲျပားေနခ်ိန္မွာ ဂ်ပန္နဲ႔ အေမရိကန္ၾကား လံုၿခံဳေရးအရ ဆက္ဆံေရးခိုင္မာေအာင္ သူအာ႐ံုစိုက္အားထုတ္ခဲ့တာပါ။

ဝန္ႀကီးခ်ဳပ္ေဟာင္း နာကာဆိုေနးဟာ အေမရိကန္သမၼတေဟာင္း Ronald Reagan နဲ႔ေႏြးေထြးတဲ့ ဆက္ဆံေရး႐ွိခဲ့သူလည္းျဖစ္ပါတယ္။ သူ႔လက္ထက္မွာ ဂ်ပန္ရဲ႕ ကာကြယ္ေရးအသံုးစရိတ္ကို တိုးျမွင့္ခဲ့တဲ့အျပင္ ဒုတိယကမာၻစစ္ပြဲအၿပီး အေမရိကန္ေရးဆြဲေပးခဲ့တဲ့ ဂ်ပန္ရဲ႕ ဖြဲ႔စည္းပံုကို ျပင္ဆင္ႏိုင္ေရး တက္တက္ႂကြႂကြ ႀကိဳးစားခဲ့ပါတယ္။

ဂ်ပန္လူမ်ဳိးေတြအေနနဲ႔ မ်ဳိးခ်စ္စိတ္႐ွိၾကဖုိ႔ ရဲရဲတင္းတင္း တိုက္တြန္းခဲ့တာေၾကာင့္လည္း ေဝဖန္မႈတခ်ဳိ႕ကို ရင္ဆိုင္ခဲ့ရပါတယ္။ ဒုတိယကမာၻစစ္ပြဲကာလက ေရတပ္အရာ႐ွိတေယာက္ျဖစ္ခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း ရာဆူဟီ႐ို နာကာဆိုေနးဟာ ဂ်ပန္ရဲ႕ ဆံုး႐ႈံးနစ္နာမႈေတြကို အတြင္းက်က် သိ႐ွိခဲ့သူလည္း ျဖစ္ပါတယ္။

ဒုတိယကမာၻစစ္ပြဲအၿပီး အႏွစ္ ၄၀ ေလာက္အၾကာ ဂ်ပန္စီးပြားေရး တိုးတက္ေအာင္ျမင္ေနခ်ိန္မွာ ဂ်ပန္ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့ရသူျဖစ္ပါတယ္။ ၂၀၁၂ ခုႏွစ္ မတ္လမွာ တည္ေထာင္ခဲ့တဲ့ ဂ်ပန္ ျမန္မာအသင္းမွာ ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း နာကာဆိုေနးလည္း အသင္းတည္ေထာင္သူတဦးအေနနဲ႔ ပါဝင္ခဲ့ပါတယ္။

........................

(Unicode)

ဂျပန်ဝန်ကြီးချုပ်ဟောင်း Yasuhiro Nakasone ဟာ အသက် ၁၀၁ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။ Tokyo ဆေးရုံမှာ ဒီကနေ့ ကွယ်လွန်သွားတယ်ဆိုတာကို သားဖြစ်သူက အတည်ပြုပြောကြားခဲ့ပါတယ်။

၁၉၈၂ ခုနှစ်ကနေ ၁၉၈၇ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန်ယူခဲ့သူ နာကာဆိုနေးဟာ ဒုတိယကမ္ဘာစစ်ပွဲနောက်ပိုင်း ဂျပန်နိုင်ငံကို အနောက်နိုင်ငံတွေနဲ့ အပြည့်အဝ ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့သူဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့လည်း စစ်ရေးအရ ခိုင်မာတဲ့ မဟာမိတ်နိုင်ငံဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ အမေရိကန်နဲ့ သဘောထားအကြီးအကျယ် ကွဲပြားနေချိန်မှာ ဂျပန်နဲ့ အမေရိကန်ကြား လုံခြုံရေးအရ ဆက်ဆံရေးခိုင်မာအောင် သူအာရုံစိုက်အားထုတ်ခဲ့တာပါ။

ဝန်ကြီးချုပ်ဟောင်း နာကာဆိုနေးဟာ အမေရိကန်သမ္မတဟောင်း Ronald Reagan နဲ့နွေးထွေးတဲ့ ဆက်ဆံရေးရှိခဲ့သူလည်းဖြစ်ပါတယ်။ သူ့လက်ထက်မှာ ဂျပန်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ခဲ့တဲ့အပြင် ဒုတိယကမ္ဘာစစ်ပွဲအပြီး အမေရိကန်ရေးဆွဲပေးခဲ့တဲ့ ဂျပန်ရဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ရေး တက်တက်ကြွကြွ ကြိုးစားခဲ့ပါတယ်။

ဂျပန်လူမျိုးတွေအနေနဲ့ မျိုးချစ်စိတ်ရှိကြဖို့ ရဲရဲတင်းတင်း တိုက်တွန်းခဲ့တာကြောင့်လည်း ဝေဖန်မှုတချို့ကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်ပွဲကာလက ရေတပ်အရာရှိတယောက်ဖြစ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရာဆူဟီရို နာကာဆိုနေးဟာ ဂျပန်ရဲ့ ဆုံးရှုံးနစ်နာမှုတွေကို အတွင်းကျကျ သိရှိခဲ့သူလည်း ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ပွဲအပြီး အနှစ် ၄၀ လောက်အကြာ ဂျပန်စီးပွားရေး တိုးတက်အောင်မြင်နေချိန်မှာ ဂျပန်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ရသူဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် မတ်လမှာ တည်ထောင်ခဲ့တဲ့ ဂျပန် မြန်မာအသင်းမှာ ဂျပန်ဝန်ကြီးချုပ်ဟောင်း နာကာဆိုနေးလည်း အသင်းတည်ထောင်သူတဦးအနေနဲ့ ပါဝင်ခဲ့ပါတယ်။

VOA Burmese
https://burmese.voanews.com
ဂ်ပန္၀န္ႀကီးခ်ဳပ္ေဟာင္း နာကာဆုိေနး ကြယ္လြန္ ဂ်ပန္၀န္ႀကီးခ်ဳပ္ေဟာင္း နာကာဆုိေနး ကြယ္လြန္ Reviewed by THITHTOOLWIN on 20:42 Rating: 5
Powered by Blogger.