တပ္ကေဆြးေႏြးခ်က္အခ်ိဳ႕ လႊတ္ေတာ္မွတ္တမ္းကေန ပယ္ဖ်က္

တပ္ကတင္တဲ့ ၂၀၀၈ ဖြဲ႕စည္းပုံျပင္ဆင္ေရးဥပေဒၾကမ္းႏွစ္ခုမွာ ဆက္ေဆြးေႏြးဖို႔ ေနာက္ထပ္ဥပေဒၾကမ္းတစ္ခု ထပ္ရွိေန
(Zawgyi)⤵⤵⤵
တပ္မေတာ္က တင္သြင္းထားတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးမူၾကမ္းကို ဆက္မေဆြးေႏြးဖို႔ ျပည္ေထာင္စုလႊတ္ေတာ္က မဲခြဲဆုံးျဖတ္အတည္ျပဳလိုက္ပါတယ္။

တပ္ကတင္ထားတဲ့ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးမူၾကမ္းကို အန္အယ္ဒီပါတီဦးေဆာင္တဲ့ လႊတ္ေတာ္တြင္း ၄၅ ဦးပူးေပါင္းေကာ္မတီရဲ႕ ဥပေဒၾကမ္းထြက္ရွိခ်ိန္က်မွ လႊတ္ေတာ္ကို တင္သြင္းဖို႔ ဥပေဒၾကမ္းေလ့လာစိစစ္ေရးေကာ္မတီရဲ႕ အစီရင္ခံစာကို မဲခြဲဆုံးျဖတ္အတည္ျပဳလိုက္တာျဖစ္ပါတယ္။

ဒီဥပေဒမူၾကမ္းကို ေလ့လာစိစစ္ပူးေပါင္းေကာ္မတီရဲ႕ ေတြ႕ရွိခ်က္ေပၚ မူတည္ၿပီး ႏိုဝင္ဘာ ၂၆ ရက္က ျပည္ေထာင္စုလႊတ္ေတာ္မွာ ေဆြးေႏြးၿပီးတဲ့ေနာက္ ေထာက္ခံမဲအမ်ားစုနဲ႔ ခုလို မဲခြဲ အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။

တပ္ကတင္ထားတဲ့ အဲဒီဥပေဒၾကမ္းမွာ ဝန္ႀကီးခ်ဳပ္နဲ႔ ျပည္ေထာင္စုဝန္ႀကီးေတြရဲ႕ အရည္အခ်င္းမွာ ပုဒ္မ ၅၉ (စ) ပါကန႔္သတ္ခ်က္ေတြကို ထည့္သြင္းဖို႔ ျပင္ဆင္တာျဖစ္ပါတယ္။

ပုဒ္မ ၅၉ (စ) ဆိုတာ သမၼတအရည္အခ်င္းသတ္မွတ္ခ်က္တစ္ခုျဖစ္ၿပီး ႏိုင္ငံျခားသားနဲ႔ ဆက္စပ္သူ မျဖစ္ရဆိုတဲ့ ကန႔္သတ္ခ်က္ျဖစ္ပါတယ္။

ဒီကန႔္သတ္ခ်က္ေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရပါတီေခါင္းေဆာင္ ျဖစ္ေပ မယ့္ သမၼတ ျဖစ္ခြင့္မရဘဲ ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ဥပေဒကို လႊတ္ေတာ္က ျပဌာန္းၿပီးေနာက္ အတိုင္ပင္ခံအျဖစ္ ႏိုင္ငံကို လက္ေတြ႕ဦးေဆာင္သူျဖစ္လာပါတယ္။

အဲဒီ ပုဒ္မနဲ႔ အလားတူပုဒ္မကို ဝန္ႀကီးခ်ဳပ္နဲ႔ ျပည္ေထာင္စုဝန္ႀကီးေတြရဲ႕ အရည္အခ်င္း သတ္မွတ္ခ်က္ထဲမွာ ထပ္ထည့္ဖို႔ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မႉးခ်ဳပ္ ေမာင္ေမာင္ ဦးေဆာင္ၿပီး တပ္ကိုယ္စားလွယ္ ၁၄၄ ဦးက တင္သြင္းခဲ့တာျဖစ္ပါတယ္။

ခုလို မဲခြဲဆုံးျဖတ္လိုက္တဲ့အတြက္ ဒီဥပေဒမူၾကမ္းကို သီးျခားေဆြးေႏြးခြင့္မရွိဘဲ ေျခဥျပင္ေရး အန္အယ္လ္ဒီ ပါတီဦးေဆာင္ၿပီး ဖြဲ႕စည္းထားတဲ့ ၄၅ ဦးေကာ္မတီရဲ႕ ဥပေဒၾကမ္းထြက္လာခ်ိန္က်မွ ေဆြးေႏြးေတာ့ မွာျဖစ္ပါတယ္။

ႏိုဝင္ဘာ ၂၆ ရက္က အဲဒီဥပေဒၾကမ္းကို ျပည္ေထာင္စုလႊတ္ေတာ္မွာ ေဆြးေႏြးစဥ္ ႀကံ့ခိုင္ေရးပါတီက မင္းကင္းအမတ္ ဦးေမာင္ျမင့္ေဆြးေႏြးခ်က္နဲ႔ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ ေဆြးေႏြးခ်က္တခ်ိဳ႕ကို ျပည္ေထာင္စုလႊတ္ေတာ္နာယကက လႊတ္ေတာ္မွတ္တမ္းကေန ပယ္ဖ်က္ခဲ့ပါတယ္။

ေဆြးေႏြးခ်က္ဟာ လႊတ္ေတာ္ဥပေဒနည္းဥပေဒနဲ႔ မညီလို႔ဆိုၿပီး ျပည္ေထာင္စု လႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္က လႊတ္ေတာ္မွတ္တမ္းက ပယ္ဖ်က္ခဲ့တာျဖစ္ပါတယ္။

တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ေဆြးေႏြးခ်က္တခ်ိဳ႕ဟာ လႊတ္ေတာ္ဥပေဒနည္းဥပေဒနဲ႔မညီလို႔ဆိုၿပီး မွတ္တမ္းက ပယ္ဖ်က္တာျဖစ္

တပ္မေတာ္က တင္ထားတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးမူၾကမ္း ေနာက္တစ္ခုရွိေနပါေသးတယ္။ အဲဒီဥပေဒၾကမ္းကို တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မႉးခ်ဳပ္ေအာင္စန္းခ်စ္ အပါအဝင္ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၄ ဦး လက္မွတ္ေရးထိုးၿပီး တင္ျပထားတာ ျဖစ္ပါတယ္။

ဒီဥပေဒၾကမ္းကို ႏိုဝင္ဘာ ၂၈ ရက္က ေဆြးေႏြးခ်ိန္မွာလည္း တပ္မေတာ္နဲ႔ ႀကံ့ခိုင္ေရးအမတ္အခ်ိဳ႕ရဲ႕ ေဆြးေႏြးခ်က္အၿပီးမွာ နာယက ဦးတီခြန္ျမတ္က ေျပာလို႔ရတိုင္း ေျပာလို႔မသင့္တဲ့ေျပာမေကာင္းတဲ့ အသုံးအႏႈန္းေတြအတြက္ လိုက္နာရမယ့္ က်င့္ဝတ္စည္းကမ္းေတြရွိၿပီး လြတ္လပ္စြာ ေျပာဆိုေဆြးေႏြးခြင့္ကို မွန္မွန္ကန္ကန္သုံးၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။ ေနာက္လာမယ့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးေတြမွာလည္း ဒီဥပေဒၾကမ္းကို ဆက္လက္ေဆြးေႏြးဖို႔ရွိေနပါတယ္။
တပ္မေတာ္က တင္ထားတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးမူၾကမ္း ေနာက္တစ္ခုရွိေန
ဒီဥပေဒၾကမ္းမွာလည္း ဝန္ႀကီးခ်ဳပ္နဲ႔ ဝန္ႀကီးေတြနဲ႔ သက္ဆိုင္တဲ့ ပုဒ္မ ၂၆၂ နဲ႔ ပုဒ္မ ၂၆၄ တို႔ကို ျပင္ဆင္ထားတဲ့အခ်က္ေတြ ပါဝင္ပါတယ္။

လႊတ္ေတာ္ရဲ႕ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္လို႔ သိပ္လက္ခံႏိုင္စရာမရွိေပမယ့္ လုပ္စရာရွိတာေတြကို ဆက္လုပ္ သြားမယ္လို႔ တပ္မေတာ္လႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္က လႊတ္ေတာ္အစည္းအေဝးအၿပီးမွာ ေျပာၾကားခဲ့ပါတယ္။

"ကြၽန္ေတာ္တို႔အေနနဲ႔ ဥပေဒနဲ႔အညီ ေဆြးေႏြးတယ္ တင္ျပတယ္ဆိုေပမယ့္လည္း ဘယ္ေလာက္ပဲ ေဆြးေႏြးေဆြးေႏြး မွန္မွန္မွားမွား မဲခြဲၿပီးေတာ့ပဲ ဆုံးျဖတ္သြားတယ္။ ဒါေတြကို ပယ္ဖ်က္သြားတာနဲ႔ပတ္သက္လို႔ လက္မခံႏိုင္ပါဘူး။ ဒါေပမဲ့ နာယကရဲ႕လုပ္ပိုင္ခြင့္ထဲက လုပ္သြားတာျဖစ္တဲ့အတြက္ သီးျခားေတာ့ ေျပာစရာမရွိပါဘူး။ ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ လုပ္စရာရွိတာ ဆက္လုပ္ေနမွာျဖစ္ပါတယ္" လို႔ လႊတ္ေတာ္အစည္းအေဝးအၿပီးမွာ သတင္းေထာက္ေတြကို ေျဖၾကားခဲ့ပါတယ္။

ေျခဥျပင္ေရး ၄၅ ဦးပူးေပါင္းေကာ္မတီဟာ အခန္းအလိုက္ေဆြးေႏြးမႈမွာ အခန္း ၅ ကို ေရာက္ရွိထားၿပီး ယခု ဒုတိယအႀကိမ္ လႊတ္ေတာ္သက္တမ္း မကုန္ခင္ ေျခဥျပင္ဆင္ေရးဥပေဒၾကမ္း ထြက္ႏိုင္မယ္လို႔ ဥေပဒၾကမ္း ေကာ္မတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးေအာင္ၾကည္ၫႊန႔္က ေျပာၾကားထားပါတယ္။

ဒီေကာ္မတီဟာ အခ်က္ေပါင္း ၃၀၀၀ ေက်ာ္ပါဝင္တဲ့ အေျခခံဥပေဒျပင္ဆင္ေရးအႀကံျပဳခ်က္ေတြကို သုံးသပ္ေဆြးေႏြးေနတာျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
တပ်ကဆွေးနွေးချက်အချို့ လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်

Image caption တပ်ကတင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းနှစ်ခုမှာ ဆက်ဆွေးနွေးဖို့ နောက်ထပ်ဥပဒေကြမ်းတစ်ခု ထပ်ရှိနေ

တပ်မတော်က တင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းကို ဆက်မဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။

တပ်ကတင်ထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းကို အန်အယ်ဒီပါတီဦးဆောင်တဲ့ လွှတ်တော်တွင်း ၄၅ ဦးပူးပေါင်းကော်မတီရဲ့ ဥပဒေကြမ်းထွက်ရှိချိန်ကျမှ လွှတ်တော်ကို တင်သွင်းဖို့ ဥပဒေကြမ်းလေ့လာစိစစ်ရေးကော်မတီရဲ့ အစီရင်ခံစာကို မဲခွဲဆုံးဖြတ်အတည်ပြုလိုက်တာဖြစ်ပါတယ်။

ဒီဥပဒေမူကြမ်းကို လေ့လာစိစစ်ပူးပေါင်းကော်မတီရဲ့ တွေ့ရှိချက်ပေါ် မူတည်ပြီး နိုဝင်ဘာ ၂၆ ရက်က ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီးတဲ့နောက် ထောက်ခံမဲအများစုနဲ့ ခုလို မဲခွဲ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

တပ်ကတင်ထားတဲ့ အဲဒီဥပဒေကြမ်းမှာ ဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီးတွေရဲ့ အရည်အချင်းမှာ ပုဒ်မ ၅၉ (စ) ပါကန့်သတ်ချက်တွေကို ထည့်သွင်းဖို့ ပြင်ဆင်တာဖြစ်ပါတယ်။

ပုဒ်မ ၅၉ (စ) ဆိုတာ သမ္မတအရည်အချင်းသတ်မှတ်ချက်တစ်ခုဖြစ်ပြီး နိုင်ငံခြားသားနဲ့ ဆက်စပ်သူ မဖြစ်ရဆိုတဲ့ ကန့်သတ်ချက်ဖြစ်ပါတယ်။

ဒီကန့်သတ်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရပါတီခေါင်းဆောင် ဖြစ်ပေ မယ့် သမ္မတ ဖြစ်ခွင့်မရဘဲ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေကို လွှတ်တော်က ပြဌာန်းပြီးနောက် အတိုင်ပင်ခံအဖြစ် နိုင်ငံကို လက်တွေ့ဦးဆောင်သူဖြစ်လာပါတယ်။

အဲဒီ ပုဒ်မနဲ့ အလားတူပုဒ်မကို ဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီးတွေရဲ့ အရည်အချင်း သတ်မှတ်ချက်ထဲမှာ ထပ်ထည့်ဖို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင် ဦးဆောင်ပြီး တပ်ကိုယ်စားလှယ် ၁၄၄ ဦးက တင်သွင်းခဲ့တာဖြစ်ပါတယ်။

ခုလို မဲခွဲဆုံးဖြတ်လိုက်တဲ့အတွက် ဒီဥပဒေမူကြမ်းကို သီးခြားဆွေးနွေးခွင့်မရှိဘဲ ခြေဥပြင်ရေး အန်အယ်လ်ဒီ ပါတီဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ ၄၅ ဦးကော်မတီရဲ့ ဥပဒေကြမ်းထွက်လာချိန်ကျမှ ဆွေးနွေးတော့ မှာဖြစ်ပါတယ်။

နိုဝင်ဘာ ၂၆ ရက်က အဲဒီဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးစဉ် ကြံ့ခိုင်ရေးပါတီက မင်းကင်းအမတ် ဦးမောင်မြင့်ဆွေးနွေးချက်နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တချို့ကို ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်ခဲ့ပါတယ်။

ဆွေးနွေးချက်ဟာ လွှတ်တော်ဥပဒေနည်းဥပဒေနဲ့ မညီလို့ဆိုပြီး ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က လွှတ်တော်မှတ်တမ်းက ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Pyidaungsu Hluttaw
Image caption တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ဆွေးနွေးချက်တချို့ဟာ လွှတ်တော်ဥပဒေနည်းဥပဒေနဲ့မညီလို့ဆိုပြီး မှတ်တမ်းက ပယ်ဖျက်တာဖြစ်

တပ်မတော်က တင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်း နောက်တစ်ခုရှိနေပါသေးတယ်။ အဲဒီဥပဒေကြမ်းကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်စန်းချစ် အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦး လက်မှတ်ရေးထိုးပြီး တင်ပြထားတာ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို နိုဝင်ဘာ ၂၈ ရက်က ဆွေးနွေးချိန်မှာလည်း တပ်မတော်နဲ့ ကြံ့ခိုင်ရေးအမတ်အချို့ရဲ့ ဆွေးနွေးချက်အပြီးမှာ နာယက ဦးတီခွန်မြတ်က ပြောလို့ရတိုင်း ပြောလို့မသင့်တဲ့ပြောမကောင်းတဲ့ အသုံးအနှုန်းတွေအတွက် လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေရှိပြီး လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်ကို မှန်မှန်ကန်ကန်သုံးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ နောက်လာမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွေမှာလည်း ဒီဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးဖို့ရှိနေပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption တပ်မတော်က တင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်း နောက်တစ်ခုရှိနေ

ဒီဥပဒေကြမ်းမှာလည်း ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေနဲ့ သက်ဆိုင်တဲ့ ပုဒ်မ ၂၆၂ နဲ့ ပုဒ်မ ၂၆၄ တို့ကို ပြင်ဆင်ထားတဲ့အချက်တွေ ပါဝင်ပါတယ်။

လွှတ်တော်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ သိပ်လက်ခံနိုင်စရာမရှိပေမယ့် လုပ်စရာရှိတာတွေကို ဆက်လုပ် သွားမယ်လို့ တပ်မတော်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က လွှတ်တော်အစည်းအဝေးအပြီးမှာ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့အနေနဲ့ ဥပဒေနဲ့အညီ ဆွေးနွေးတယ် တင်ပြတယ်ဆိုပေမယ့်လည်း ဘယ်လောက်ပဲ ဆွေးနွေးဆွေးနွေး မှန်မှန်မှားမှား မဲခွဲပြီးတော့ပဲ ဆုံးဖြတ်သွားတယ်။ ဒါတွေကို ပယ်ဖျက်သွားတာနဲ့ပတ်သက်လို့ လက်မခံနိုင်ပါဘူး။ ဒါပေမဲ့ နာယကရဲ့လုပ်ပိုင်ခွင့်ထဲက လုပ်သွားတာဖြစ်တဲ့အတွက် သီးခြားတော့ ပြောစရာမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ လုပ်စရာရှိတာ ဆက်လုပ်နေမှာဖြစ်ပါတယ်" လို့ လွှတ်တော်အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

ခြေဥပြင်ရေး ၄၅ ဦးပူးပေါင်းကော်မတီဟာ အခန်းအလိုက်ဆွေးနွေးမှုမှာ အခန်း ၅ ကို ရောက်ရှိထားပြီး ယခု ဒုတိယအကြိမ် လွှတ်တော်သက်တမ်း မကုန်ခင် ခြေဥပြင်ဆင်ရေးဥပဒေကြမ်း ထွက်နိုင်မယ်လို့ ဥပေဒကြမ်း ကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကြည်ညွှန့်က ပြောကြားထားပါတယ်။

ဒီကော်မတီဟာ အချက်ပေါင်း ၃၀၀၀ ကျော်ပါဝင်တဲ့ အခြေခံဥပဒေပြင်ဆင်ရေးအကြံပြုချက်တွေကို သုံးသပ်ဆွေးနွေးနေတာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
တပ္ကေဆြးေႏြးခ်က္အခ်ိဳ႕ လႊတ္ေတာ္မွတ္တမ္းကေန ပယ္ဖ်က္ တပ္ကေဆြးေႏြးခ်က္အခ်ိဳ႕ လႊတ္ေတာ္မွတ္တမ္းကေန ပယ္ဖ်က္ Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.