ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ ကာလ ၿမိဳ႕မေဈးအတြင္း ေဈးဝယ္ဟန္ေဆာင္၍ ခါးပိုက္ႏႈိက္ေနသူ အမ်ိဳးသမီးႏွစ္ဦးဖမ္းမိ

(Zawgyi)⤵⤵⤵
ေတာင္ႀကီး၊ ႏိုဝင္ဘာ ၁၀

ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ ဘုံကထိန္ၿမိဳ႕လုံးကြၽတ္လည့္လည္တဲ့ ႏိုဝင္ဘာ ၁၀ ရက္နံနက္ခင္းပိုင္းက ၿမိဳ႕မေဈးအတြင္းမွာ ေဈးဝယ္ဟန္ေဆာင္၍ ခါးပိုက္ႏိုက္ေနတဲ့ အမ်ိဳးသမီးႏွစ္ဦး ကိုဖမ္းဆီးရမိခဲ့တယ္လို႔ ေတာင္ႀကီးၿမိဳ႕မရဲစခန္းမွ သတင္းရရွိပါတယ္။

ရွမ္းျပည္နယ္ ရဲအကူတပ္ဖြဲ႕ခြဲ၊ မႈခင္းအကူအဖြဲ႕၊ ၿမိဳ႕မရဲစခန္းနယ္ထိန္းေခါင္းေဆာင္ နဲ႔ ပူးေပါင္းအဖြဲ႕ေတြဟာ ဒီကေန႔ ႏိုဝင္ဘာ ၁၀ ရက္ နံနက္ပိုင္းက တန္ေဆာင္တိုင္ပြဲေတာ္ကာလ ခိုး၊ဆိုး၊လု၊ႏႈိက္ မျဖစ္ပြားေစေရးအတြက္ လည့္ကင္းေဆာင္႐ြက္ ေနစဥ္အခ်ိန္ အမ်ိဳးသမီးႏွစ္ဦး ၿမိဳ႕မေဈးထဲမွာ ေဈးဝယ္ဟန္ေဆာင္ၿပီး ခါးပိုက္ႏႈိက္ေနတယ္ဆိုတဲ့သတင္းအရ စုံစမ္းရာကေန ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။

ၿမိဳ႕မေဈးရဲ႕ေတာင္ဖက္ ဘုံကထိန္ လူစည္ကားတဲ့အခ်ိန္ လူအုပ္ၾကားထဲကေန ေဈးဝယ္၊ ေဈးသုံးဟန္ေဆာင္ၿပီး ခါးပိုက္ႏႈိက္ေနတဲ့ ေညာင္ေ႐ႊၿမိဳ႕နယ္ ၊ ေတာင္ပို႔ႀကီးအုပ္စု ၊ လြယ့္ၿငိမ့္ေက်း႐ြာေန ေဒၚမိုး ၄၈ ႏွစ္နဲ႔ ပဲခူးတိုင္းေဒသႀကီး ေအာင္လံၿမိဳ႕ေနထိုင္သူ မျပည့္ျပည့္ေအာင္ အသက္ ၁၉ ႏွစ္တို႔ကို ခါးပိုက္ႏႈိက္ထားတဲ့ ေငြသား ၊ ဖုန္းႏွစ္လုံးတို႔ကို သက္ေသေတြ ေရွ႕မွာသိမ္းဆည္းရမိခဲ့တယ္လို႔ ရဲမွတ္တမ္းမွာေဖာ္ျပထားပါတယ္။

၎တို႔ႏွစ္ဦးထံကေန ေငြသားေရာရာ က်ပ္တစ္သိန္းေက်ာ္၊ ပန္းဆီေရာင္ အိတ္ဇစ္ပါ တစ္လုံး၊ အ႐ုပ္ပါ ပလတ္စတစ္အိတ္ တစ္လုံး၊ ဖုန္းႏွစ္လုံး၊ အစိမ္းေရာင္အိတ္တစ္လုံးတို႔ကို သိမ္းဆည္းရမိခဲ့တယ္လို႔ ေတာင္ႀကီးၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္ကာလ မတိုင္ခင္ကတည္းက ခါးပိုက္ႏႈိက္ အႏၲရာယ္သတိျပဳရန္ ၊ အေရးေပၚ ဆက္သြယ္ရန္ ဖုန္းနံပါတ္ေတြပါရွိတဲ့ လက္ကမ္းစာေစာင္ေတြကိုလည္း ရဲတပ္ဖြဲ႕က ျပည္သူေတြထံေဝမွ်ထားပါတယ္။

အဆိုပါျဖစ္စဥ္နဲ႔ပတ္သတ္ၿပီးေတာ့ ေဒၚမိုး ၄၈ ႏွစ္နဲ႔ မျပည့္ျပည့္ေအာင္ ၁၉ႏွစ္တို႔ကို ေတာင္ႀကီးၿမိဳ႕မရဲစခန္းမွာ ခါးပိုက္ႏႈိက္မႈနဲ႔ အမႈဖြင့္ ဖမ္းဆီးစစ္ေဆးလ်က္ရွိပါတယ္။

သတင္း- နန္းဧကရီ(ေ႐ႊႀတိဂံ)
ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵

တောင်ကြီးမြို့ တန်ဆောင်တိုင် ကာလ မြို့မဈေးအတွင်း ဈေးဝယ်ဟန်ဆောင်၍ ခါးပိုက်နှိုက်နေသူ အမျိုးသမီးနှစ်ဦးဖမ်းမိ

တောင်ကြီး၊ နိုဝင်ဘာ ၁၀

တောင်ကြီးမြို့ တန်ဆောင်တိုင် ဘုံကထိန်မြို့လုံးကျွတ်လည့်လည်တဲ့ နိုဝင်ဘာ ၁၀ ရက်နံနက်ခင်းပိုင်းက မြို့မဈေးအတွင်းမှာ ဈေးဝယ်ဟန်ဆောင်၍ ခါးပိုက်နိုက်နေတဲ့ အမျိုးသမီးနှစ်ဦး ကိုဖမ်းဆီးရမိခဲ့တယ်လို့ တောင်ကြီးမြို့မရဲစခန်းမှ သတင်းရရှိပါတယ်။

ရှမ်းပြည်နယ် ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူအဖွဲ့၊ မြို့မရဲစခန်းနယ်ထိန်းခေါင်းဆောင် နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဒီကနေ့ နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက တန်ဆောင်တိုင်ပွဲတော်ကာလ ခိုး၊ဆိုး၊လု၊နှိုက် မဖြစ်ပွားစေရေးအတွက် လည့်ကင်းဆောင်ရွက် နေစဉ်အချိန် အမျိုးသမီးနှစ်ဦး မြို့မဈေးထဲမှာ ဈေးဝယ်ဟန်ဆောင်ပြီး ခါးပိုက်နှိုက်နေတယ်ဆိုတဲ့သတင်းအရ စုံစမ်းရာကနေ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

မြို့မဈေးရဲ့တောင်ဖက် ဘုံကထိန် လူစည်ကားတဲ့အချိန် လူအုပ်ကြားထဲကနေ ဈေးဝယ်၊ ဈေးသုံးဟန်ဆောင်ပြီး ခါးပိုက်နှိုက်နေတဲ့ ညောင်ရွှေမြို့နယ် ၊ တောင်ပို့ကြီးအုပ်စု ၊ လွယ့်ငြိမ့်ကျေးရွာနေ ဒေါ်မိုး ၄၈ နှစ်နဲ့ ပဲခူးတိုင်းဒေသကြီး အောင်လံမြို့နေထိုင်သူ မပြည့်ပြည့်အောင် အသက် ၁၉ နှစ်တို့ကို ခါးပိုက်နှိုက်ထားတဲ့ ငွေသား ၊ ဖုန်းနှစ်လုံးတို့ကို သက်သေတွေ ရှေ့မှာသိမ်းဆည်းရမိခဲ့တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

၎င်းတို့နှစ်ဦးထံကနေ ငွေသားရောရာ ကျပ်တစ်သိန်းကျော်၊ ပန်းဆီရောင် အိတ်ဇစ်ပါ တစ်လုံး၊ အရုပ်ပါ ပလတ်စတစ်အိတ် တစ်လုံး၊ ဖုန်းနှစ်လုံး၊ အစိမ်းရောင်အိတ်တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ တောင်ကြီးမြို့မရဲစခန်းကနေ သိရပါတယ်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကာလ မတိုင်ခင်ကတည်းက ခါးပိုက်နှိုက် အန္တရာယ်သတိပြုရန် ၊ အရေးပေါ် ဆက်သွယ်ရန် ဖုန်းနံပါတ်တွေပါရှိတဲ့ လက်ကမ်းစာစောင်တွေကိုလည်း ရဲတပ်ဖွဲ့က ပြည်သူတွေထံဝေမျှထားပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သတ်ပြီးတော့ ဒေါ်မိုး ၄၈ နှစ်နဲ့ မပြည့်ပြည့်အောင် ၁၉နှစ်တို့ကို တောင်ကြီးမြို့မရဲစခန်းမှာ ခါးပိုက်နှိုက်မှုနဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိပါတယ်။

သတင်း- နန်းဧကရီ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ ကာလ ၿမိဳ႕မေဈးအတြင္း ေဈးဝယ္ဟန္ေဆာင္၍ ခါးပိုက္ႏႈိက္ေနသူ အမ်ိဳးသမီးႏွစ္ဦးဖမ္းမိ ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ ကာလ ၿမိဳ႕မေဈးအတြင္း ေဈးဝယ္ဟန္ေဆာင္၍ ခါးပိုက္ႏႈိက္ေနသူ အမ်ိဳးသမီးႏွစ္ဦးဖမ္းမိ Reviewed by THITHTOOLWIN on 00:28 Rating: 5
Powered by Blogger.