ကိုယ္ဝန္ေဆာင္ ေမေမတစ္ေယာက္ လုပ္သင့္တဲ့ က်န္းမာေရးစစ္ေဆးမႈမ်ား

(Zawgyi)⤵⤵⤵
ေဘဘီေလးတစ္ေယာက္ကို လူ႔ေလာကထဲေရာက္မလာခင္ကတည္းက ဝမ္းနဲ႔လြယ္ၿပီး အရိပ္တၾကည့္ၾကည့္ ေစာင့္ၾကည့္ခဲ့ၾကသူေတြက ေမေမေတြပါ။ က်န္းမာေပ်ာ္႐ႊင္တဲ့ ေဘဘီေလးေမြးဖြားလာေစဖို႔က ကိုယ္ဝန္စရွိခ်ိန္မွာကတည္းက ေမေမေရာ ေဘဘီေလးပါက်န္းမာေစဖို႔ လိုအပ္တဲ့ က်န္းမာေရး ေစာင့္ေရွာက္စစ္ေဆးမႈေတြက ေမေမတို႔က ေသခ်ာေလးလုပ္ေဆာင္ဖို႔လိုပါမယ္။ ဒီတစ္ေခါက္ေတာ့ ကိုယ္ဝန္ေဆာင္ေမေမတိုင္းလုပ္သင့္တဲ့ က်န္းမာေရးစစ္ေဆးမႈေလးေတြအေၾကာင္း ေျပာျပေပးပါရေစ။

ကိုယ္ဝန္ေဆာင္ေမေမတိုင္း လုပ္သင့္တဲ့ က်န္းမာေရးစစ္ေဆးမႈေတြက ဘာေတြမ်ားလဲ…….

ကိုယ္ဝန္ရွိၿပီလို႔စသိၿပီဆိုတာနဲ႔ သားဖြားမီးယပ္ဆရာဝန္နဲ႔ သြားေရာက္ျပသရပါမယ္။ ကိုယ္ဝန္ကာလ အပိုင္းအျခားကို ပထမ ၃ လပတ္ (ကိုယ္ဝန္ေဆာင္ကာလ ၁ ပတ္က ေန ၁၂ ပတ္အထိ)၊ ဒုတိယ ၃ လပတ္ (ကိုယ္ဝန္ေဆာင္ကာလ ၁၃ ပတ္ ကေန ၂၆ ပတ္အထိ) နဲ႔ တတိယ၃ လပတ္ (ကိုယ္ဝန္ေဆာင္ကာလ ၃၇ ပတ္ကေန ေမြးဖြားတဲ့အခ်ိန္အထိ) ရယ္ဆိုၿပီး ခြဲျခားထားပါတယ္။ ကိုယ္ဝန္ေဆာင္ ေမေမတစ္ေယာက္အေနနဲ႔ ကာလအပိုင္းအျခားအလိုက္ အပတ္တိုင္းအလိုက္မွာ စစ္ေဆးရမယ့္ က်န္းမာေရးစစ္ေဆးမႈေတြကလည္း မနည္းပါဘူး။

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေဆးခန္းျပရမယ့္အခ်ိန္ဇယား

ကိုယ္ဝန္ေဆာင္ကာလ ၄ ပတ္ ကေန ၂၈ ပတ္အတြင္းမွာ ေဆးခန္းကို တစ္လတစ္ႀကိမ္ပုံမွန္သြားရပါမယ္။

ကိုယ္ဝန္ေဆာင္ကာလ ၂၈ ပတ္ကေန ၃၆ ပတ္ကာလအတြင္းမွာေတာ့ ေဆးခန္းကို ၁ လ ၂ ႀကိမ္ ပုံမွန္သြားရပါမယ္။

ကိုယ္ဝန္ေဆာင္ကာလ ၃၆ ပတ္ေနာက္ပိုင္းမွာေတာ့ အပတ္စဥ္ တစ္ပတ္တစ္ႀကိမ္ ဆရာဝန္နဲ႔ သြားေရာက္ေတြ႕ဆုံရပါမယ္။

ဆရာဝန္နဲ႔ ပထမဆုံးသြားေတြ႕တဲ့အခါ ဘာေတြစစ္ၾကမလဲ…..

ပထမဆုံး ေဆးခန္းသြားတဲ့အခ်ိန္မွာ အရင္ဆုံး ဆရာဝန္က ေသြးစစ္ခိုင္းပါလိမ့္မယ္။ ၿပီးရင္ေတာ့ ေမြးဖြားမယ့္ရက္ကို တြက္ေပးပါလိမ့္မယ္။ ၿပီးရင္ေတာ့ ရင္သားကိုစစ္ေဆးေပးပါမယ္။ သားအိမ္အေနအထားကို စစ္ပါမယ္။ သားအိမ္ေခါင္းစစ္ေဆးမႈေတြလုပ္ေဆာင္ေပးပါလိမ့္မယ္။

ေသြးေပါင္ခ်ိန္တိုင္းမယ္

ကိုယ္အေလးခ်ိန္တိုင္းမယ္

ေဘဘီေလးရဲ႕ ႏွလုံးခုန္ႏႈန္းစစ္မယ္

ကေလးရဲ႕ႀကီးထြားမႈကို စစ္ေဆးဖို႔ ဗိုက္ကို တိုင္းပါမယ္။

ဒါေတြစစ္ေဆးၿပီးရင္ေတာ့ ပုံမွန္ လာေရာက္ေဆြးေႏြးရမယ့္ ရက္ေတြကိုေျပာျပပါလိမ့္မယ္။

ကိုယ္ဝန္ေဆာင္ဆီးခ်ိဳရွိ/ မရွိ

ကိုယ္ဝန္ေဆာင္ကာလ ၁၂ ပတ္မွာ ဆီးစစ္ၿပီး ေသြးခ်ိဳနဲ႔ ပ႐ိုတင္းပမာဏကို စစ္ေဆးပါလိမ့္မယ္။ မ်ားေသာအားျဖင့္ကေတာ့

ပထမကေလးက ေမြးဖြားခ်ိန္က ကိုယ္အေလးခ်ိန္ ၉ ေပါင္ေက်ာ္ေနမယ္

ဆီးခ်ိဳေရာဂါရွိတဲ့ မ်ိဳး႐ိုးရွိမယ္

အဝလြန္ေနမယ္ဆိုရင္ ကိုယ္ဝန္ေဆာင္ဆီးခ်ိဳျဖစ္ႏိုင္ေျခမ်ားတာေၾကာင့္ ေသခ်ာစစ္ေဆးဖို႔လိုပါမယ္။

ကိုယ္ဝန္ေဆာင္ေမေမတိုင္း မျဖစ္မေနလုပ္ရမယ့္ က်န္းမာေရးစစ္ေဆးမႈ

ကေလးမွာ ေမြးရာပါေရာဂါပါလာႏိုင္လားဆိုတာကို သိဖို႔ မိဘႏွစ္ေယာက္ရဲ႕ ေသြးအမ်ိဳးအစားကို စစ္ရပါမယ္။ (ကိုယ္ဝန္မေဆာင္ခင္ကတည္းက စစ္ထားလို႔လည္းရပါတယ္) (ကိုယ္ဝန္ေဆာင္ကာလ ၁၂ ပတ္အတြင္း)

မိခင္ေသြး Rh အမ်ိဳးအစားကို စစ္ပါမယ္ (ကိုယ္ဝန္ေဆာင္ကာလ ၁၂ ပတ္အတြင္း)

သေႏၶသား အေနအထားမွန္/မမွန္ အာထရာေဆာင္း႐ိုက္မယ္ (ကိုယ္ဝန္ေဆာင္ကာလ ၆ ပတ္ ကေန ၁၂ ပတ္)

ေမြးရာပါေရာဂါ ပါလားႏိုင္လားဆိုတာကိုသိရဖို႔ သေႏၶသားရဲ႕ ခ႐ိုမိုဆုမ္းစစ္ပါမယ္ (ကိုယ္ဝန္ေဆာင္ကာလ ၁၀ ပတ္ ကေန ၁၂ ပတ္အတြင္း)

ေဘဘီေလးမွာ Down Sydrome ပါလားႏိုင္လားဆိုတာကို သိဖို႔ ေသြးစစ္မယ္ (ကိုယ္ဝန္ေဆာင္ ၁၁ ပတ္ ကေန ၁၆ ပတ္အတြင္း)

ကေလးေကာင္းစြာဖြံ႕ၿဖိဳးရဲ႕လားဆိုတာကို သိရွိဖို႔ နဲ႔ ေမြးရာခ်ိဳ႕ယြင္းခ်က္တစ္ခုခုပါလားႏိုင္လားဆိုတာကို သိရဖို႔ အာထရာေဆာင္း႐ိုက္မယ္ (ကိုယ္ဝန္ေဆာင္ကာလ ၁၃ ပတ္ ကေန ၁၇ ပတ္အတြင္း)

ေဘဘီေလး ဦးေႏွာက္နဲ႔ အာ႐ုံေၾကာ ေကာင္းစြာဖြံ႕ၿဖိဳးရဲ႕လားဆိုတာနဲ႔ အခ်င္းအေနအထားမွန္ရဲ႕လား ဆိုတာကို အာထရာေဆာင္း႐ိုက္ၿပီး စစ္ေဆးမယ္ ( ကိုယ္ဝန္ေဆာင္ကာလ ၁၆ ပတ္ ကေန အပတ္ ၂၀ အတြင္း)

ေဘဘီေလးမွာ ေမြးရာပါေရာဂါတစ္ခုခုပါလားႏိုင္လားဆိုတာကို ေရႁမႊာရည္ စစ္မယ္ (ကိုယ္ဝန္ေဆာင္ကာလ ၁၆ ပတ္ေနာက္ပိုင္း)

ကေလးအေနအထားမွန္/မမွန္ နဲ႔ ေကာင္းစြာဖြံ႕ၿဖိဳးရဲ႕လားဆိုတာကို အာထရာေဆာင္း႐ိုက္မယ္ (ကိုယ္ဝန္ေဆာင္ကာလ ၁၉ ပတ္ ကေန ၂၅ ပတ္)

ေမေမေရာ ေဘဘီေလးပါက်န္းမာရဲ႕လားဆိုတာကို စစ္ေဆးမႈလုပ္မယ္ (ကိုယ္ဝန္ေဆာင္ ကာလ ၃၇ ပတ္ေနာက္ပိုင္း)

ေသြးအားနည္းေရာဂါရွိေနလား၊ ကိုယ္ဝန္ေဆာင္ဆီးခ်ိဳရွိေနလားဆိုတာကို ေသြးစစ္မယ္ (ကိုယ္ဝန္ေဆာင္ကာလ ၂၄ ပတ္ကေန ၂၈ ပတ္အတြင္း)

သေႏၶသားအေနအထား နဲ႔ သေႏၶသားပုံမွန္ႀကီးထြားရဲ႕လားဆိုတာကို သိႏိုင္ဖို႔ အာထရာေဆာင္း႐ိုက္မယ္ (ကိုယ္ဝန္ေဆာင္ကာလ ၃၇ ပတ္ေနာက္ပိုင္း)

ဒါေတြအျပင္ လိုအပ္တဲ့ ကာကြယ္ေဆးေတြကို ႀကိဳတင္ထိုလို႔ ေမြးလာမယ့္ ေဘဘီေလးရဲ႕ က်န္းမာေရးကိုေရာ ေမေမကိုယ္တိုင္ရဲ႕ က်န္းမာေရးကိုပါ ဂ႐ုစိုက္လိုက္ရေအာင္လား ေဖေဖေမေမ တို႔ေရ…………..

ေရးသားသူ -Aye Thi Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ -Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
--------------
(Unicode)⤵⤵⤵

ကိုယ်ဝန်ဆောင် မေမေတစ်ယောက် လုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုများ

ဘေဘီလေးတစ်ယောက်ကို လူ့လောကထဲရောက်မလာခင်ကတည်းက ဝမ်းနဲ့လွယ်ပြီး အရိပ်တကြည့်ကြည့် စောင့်ကြည့်ခဲ့ကြသူတွေက မေမေတွေပါ။ ကျန်းမာပျော်ရွှင်တဲ့ ဘေဘီလေးမွေးဖွားလာစေဖို့က ကိုယ်ဝန်စရှိချိန်မှာကတည်းက မေမေရော ဘေဘီလေးပါကျန်းမာစေဖို့ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်စစ်ဆေးမှုတွေက မေမေတို့က သေချာလေးလုပ်ဆောင်ဖို့လိုပါမယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်မေမေတိုင်းလုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုလေးတွေအကြောင်း ပြောပြပေးပါရစေ။

ကိုယ်ဝန်ဆောင်မေမေတိုင်း လုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေက ဘာတွေများလဲ…….

ကိုယ်ဝန်ရှိပြီလို့စသိပြီဆိုတာနဲ့ သားဖွားမီးယပ်ဆရာဝန်နဲ့ သွားရောက်ပြသရပါမယ်။ ကိုယ်ဝန်ကာလ အပိုင်းအခြားကို ပထမ ၃ လပတ် (ကိုယ်ဝန်ဆောင်ကာလ ၁ ပတ်က နေ ၁၂ ပတ်အထိ)၊ ဒုတိယ ၃ လပတ် (ကိုယ်ဝန်ဆောင်ကာလ ၁၃ ပတ် ကနေ ၂၆ ပတ်အထိ) နဲ့ တတိယ၃ လပတ် (ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ်ကနေ မွေးဖွားတဲ့အချိန်အထိ) ရယ်ဆိုပြီး ခွဲခြားထားပါတယ်။ ကိုယ်ဝန်ဆောင် မေမေတစ်ယောက်အနေနဲ့ ကာလအပိုင်းအခြားအလိုက် အပတ်တိုင်းအလိုက်မှာ စစ်ဆေးရမယ့် ကျန်းမာရေးစစ်ဆေးမှုတွေကလည်း မနည်းပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးခန်းပြရမယ့်အချိန်ဇယား

ကိုယ်ဝန်ဆောင်ကာလ ၄ ပတ် ကနေ ၂၈ ပတ်အတွင်းမှာ ဆေးခန်းကို တစ်လတစ်ကြိမ်ပုံမှန်သွားရပါမယ်။

ကိုယ်ဝန်ဆောင်ကာလ ၂၈ ပတ်ကနေ ၃၆ ပတ်ကာလအတွင်းမှာတော့ ဆေးခန်းကို ၁ လ ၂ ကြိမ် ပုံမှန်သွားရပါမယ်။

ကိုယ်ဝန်ဆောင်ကာလ ၃၆ ပတ်နောက်ပိုင်းမှာတော့ အပတ်စဉ် တစ်ပတ်တစ်ကြိမ် ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံရပါမယ်။

ဆရာဝန်နဲ့ ပထမဆုံးသွားတွေ့တဲ့အခါ ဘာတွေစစ်ကြမလဲ…..

ပထမဆုံး ဆေးခန်းသွားတဲ့အချိန်မှာ အရင်ဆုံး ဆရာဝန်က သွေးစစ်ခိုင်းပါလိမ့်မယ်။ ပြီးရင်တော့ မွေးဖွားမယ့်ရက်ကို တွက်ပေးပါလိမ့်မယ်။ ပြီးရင်တော့ ရင်သားကိုစစ်ဆေးပေးပါမယ်။ သားအိမ်အနေအထားကို စစ်ပါမယ်။ သားအိမ်ခေါင်းစစ်ဆေးမှုတွေလုပ်ဆောင်ပေးပါလိမ့်မယ်။

သွေးပေါင်ချိန်တိုင်းမယ်

ကိုယ်အလေးချိန်တိုင်းမယ်

ဘေဘီလေးရဲ့ နှလုံးခုန်နှုန်းစစ်မယ်

ကလေးရဲ့ကြီးထွားမှုကို စစ်ဆေးဖို့ ဗိုက်ကို တိုင်းပါမယ်။

ဒါတွေစစ်ဆေးပြီးရင်တော့ ပုံမှန် လာရောက်ဆွေးနွေးရမယ့် ရက်တွေကိုပြောပြပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်ဆီးချိုရှိ/ မရှိ

ကိုယ်ဝန်ဆောင်ကာလ ၁၂ ပတ်မှာ ဆီးစစ်ပြီး သွေးချိုနဲ့ ပရိုတင်းပမာဏကို စစ်ဆေးပါလိမ့်မယ်။ များသောအားဖြင့်ကတော့

ပထမကလေးက မွေးဖွားချိန်က ကိုယ်အလေးချိန် ၉ ပေါင်ကျော်နေမယ်

ဆီးချိုရောဂါရှိတဲ့ မျိုးရိုးရှိမယ်

အဝလွန်နေမယ်ဆိုရင် ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်နိုင်ခြေများတာကြောင့် သေချာစစ်ဆေးဖို့လိုပါမယ်။

ကိုယ်ဝန်ဆောင်မေမေတိုင်း မဖြစ်မနေလုပ်ရမယ့် ကျန်းမာရေးစစ်ဆေးမှု

ကလေးမှာ မွေးရာပါရောဂါပါလာနိုင်လားဆိုတာကို သိဖို့ မိဘနှစ်ယောက်ရဲ့ သွေးအမျိုးအစားကို စစ်ရပါမယ်။ (ကိုယ်ဝန်မဆောင်ခင်ကတည်းက စစ်ထားလို့လည်းရပါတယ်) (ကိုယ်ဝန်ဆောင်ကာလ ၁၂ ပတ်အတွင်း)

မိခင်သွေး Rh အမျိုးအစားကို စစ်ပါမယ် (ကိုယ်ဝန်ဆောင်ကာလ ၁၂ ပတ်အတွင်း)

သန္ဓေသား အနေအထားမှန်/မမှန် အာထရာဆောင်းရိုက်မယ် (ကိုယ်ဝန်ဆောင်ကာလ ၆ ပတ် ကနေ ၁၂ ပတ်)

မွေးရာပါရောဂါ ပါလားနိုင်လားဆိုတာကိုသိရဖို့ သန္ဓေသားရဲ့ ခရိုမိုဆုမ်းစစ်ပါမယ် (ကိုယ်ဝန်ဆောင်ကာလ ၁၀ ပတ် ကနေ ၁၂ ပတ်အတွင်း)

ဘေဘီလေးမှာ Down Sydrome ပါလားနိုင်လားဆိုတာကို သိဖို့ သွေးစစ်မယ် (ကိုယ်ဝန်ဆောင် ၁၁ ပတ် ကနေ ၁၆ ပတ်အတွင်း)

ကလေးကောင်းစွာဖွံ့ဖြိုးရဲ့လားဆိုတာကို သိရှိဖို့ နဲ့ မွေးရာချို့ယွင်းချက်တစ်ခုခုပါလားနိုင်လားဆိုတာကို သိရဖို့ အာထရာဆောင်းရိုက်မယ် (ကိုယ်ဝန်ဆောင်ကာလ ၁၃ ပတ် ကနေ ၁၇ ပတ်အတွင်း)

ဘေဘီလေး ဦးနှောက်နဲ့ အာရုံကြော ကောင်းစွာဖွံ့ဖြိုးရဲ့လားဆိုတာနဲ့ အချင်းအနေအထားမှန်ရဲ့လား ဆိုတာကို အာထရာဆောင်းရိုက်ပြီး စစ်ဆေးမယ် ( ကိုယ်ဝန်ဆောင်ကာလ ၁၆ ပတ် ကနေ အပတ် ၂၀ အတွင်း)

ဘေဘီလေးမှာ မွေးရာပါရောဂါတစ်ခုခုပါလားနိုင်လားဆိုတာကို ရေမြွှာရည် စစ်မယ် (ကိုယ်ဝန်ဆောင်ကာလ ၁၆ ပတ်နောက်ပိုင်း)

ကလေးအနေအထားမှန်/မမှန် နဲ့ ကောင်းစွာဖွံ့ဖြိုးရဲ့လားဆိုတာကို အာထရာဆောင်းရိုက်မယ် (ကိုယ်ဝန်ဆောင်ကာလ ၁၉ ပတ် ကနေ ၂၅ ပတ်)

မေမေရော ဘေဘီလေးပါကျန်းမာရဲ့လားဆိုတာကို စစ်ဆေးမှုလုပ်မယ် (ကိုယ်ဝန်ဆောင် ကာလ ၃၇ ပတ်နောက်ပိုင်း)

သွေးအားနည်းရောဂါရှိနေလား၊ ကိုယ်ဝန်ဆောင်ဆီးချိုရှိနေလားဆိုတာကို သွေးစစ်မယ် (ကိုယ်ဝန်ဆောင်ကာလ ၂၄ ပတ်ကနေ ၂၈ ပတ်အတွင်း)

သန္ဓေသားအနေအထား နဲ့ သန္ဓေသားပုံမှန်ကြီးထွားရဲ့လားဆိုတာကို သိနိုင်ဖို့ အာထရာဆောင်းရိုက်မယ် (ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ်နောက်ပိုင်း)

ဒါတွေအပြင် လိုအပ်တဲ့ ကာကွယ်ဆေးတွေကို ကြိုတင်ထိုလို့ မွေးလာမယ့် ဘေဘီလေးရဲ့ ကျန်းမာရေးကိုရော မေမေကိုယ်တိုင်ရဲ့ ကျန်းမာရေးကိုပါ ဂရုစိုက်လိုက်ရအောင်လား ဖေဖေမေမေ တို့ရေ…………..

ရေးသားသူ -Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ကိုယ္ဝန္ေဆာင္ ေမေမတစ္ေယာက္ လုပ္သင့္တဲ့ က်န္းမာေရးစစ္ေဆးမႈမ်ား ကိုယ္ဝန္ေဆာင္ ေမေမတစ္ေယာက္ လုပ္သင့္တဲ့ က်န္းမာေရးစစ္ေဆးမႈမ်ား Reviewed by THITHTOOLWIN on 00:47 Rating: 5
Powered by Blogger.