ထိုင္းႏိုင္ငံ သတင္းလြတ္လပ္ခြင့္ ထိန္းခ်ဳပ္ခံရဖြယ္ ရွိေနသလား

အြန္လုိင္းေပၚမွ လုပ္ႀကံဖန္တီးသည့္ သတင္းမ်ား ျဖန္႔ေဝမႈ ထိန္းခ်ဳပ္ေရးစင္တာ၏ ဝက္ဘ္ဆုိက္စာမ်က္ႏွာ။ (ၾသဂုတ္ ၂၁၊ ၂၀၁၉)
ထိုင္းႏုိင္ငံမွာ အင္တာနက္ အြန္လုိင္းေပၚက လုပ္ႀကံဖန္တီးထားတဲ့ သတင္းေတြ ျဖန္႔ေ၀မႈကို ထိန္းခ်ဳပ္ဖို႔ အာဏာပိုင္ေတြက စင္တာသစ္တခု ဖြင့္လွစ္မယ့္အေရးဟာဆိုရင္ ေ၀ဖန္သူေတြကို ႏႈတ္ဆိတ္သြားေအာင္ ပစ္မွတ္ထား ေဆာင္ရြက္တဲ့ေနရာမွာ တလြဲသံုးလာႏုိင္တယ္လို႔ အခြင့္အေရးလႈပ္ရွားမႈ အဖြဲ႔ေတြနဲ႔ အတိုက္အခံပါတီေတြက သတိေပးေနပါတယ္။ အစိုးရဘက္ကေတာ့ တည္ၿငိမ္ ေအးခ်မ္းေရးကို ထိပါးေစႏုိင္တဲ့ လုပ္ႀကံသတင္းေတြ၊ အခ်က္အလက္ အမွားေတြကို တိုက္ဖ်က္ဖို႔ ျဖစ္တယ္လို႔ ေျပာဆိုေနပါတယ္။ Zsombor Peter ရဲ႕ သတင္းေဆာင္းပါးကို မသိဂႌထုိက္က တင္ျပေပးထားပါတယ္။

ထိုင္းႏုိင္ငံရဲ႕ ဒစ္ဂ်စ္တယ္ စီးပြားေရးနဲ႔ လူ႔အဖြဲ႔အစည္းဆိုင္ရာ ၀န္ႀကီး Buddhipongse Punnakanta က အြန္လိုင္းေပၚက လုပ္ႀကံဖန္တီးထားတဲ့ သတင္းေတြကို တင္းတင္းက်ပ္က်ပ္ ထိန္းခ်ဳပ္ေဆာင္ရြက္တဲ့ ေဒသတြင္းႏုိင္ငံေတြထဲမွာ ထိုင္းႏုိင္ငံလည္း ပါ၀င္မယ္လို႔ ေၾကညာၿပီး ဒီစင္တာသစ္ကို မၾကာခင္ စတင္ေတာ့မယ့္အေၾကာင္း ၾသဂုတ္လအတြင္းက ေၾကညာခဲ့တာပါ။ အြန္လိုင္းေပၚက သတင္းအမွားေတြကို စိစစ္ဖို႔၊ ေနာက္ ၿငိမ္းခ်မ္းေရး၊ လံုၿခံဳေရးကို ထိခိုက္ေစမယ့္ မွားယြင္းေဖာ္ျပခ်က္ေတြကို Facebook၊ မက္ေဆ့ခ်္ပို႔တဲ့ Apps နဲ႔ သီးသန္႔ ၀က္ဘ္ဆိုက္တုိ႔ကေန တုံ႔ျပန္ေဆာင္ရြက္သြားမယ့္ စင္တာကို ႏို၀င္ဘာလ ၁ ရက္ေန႔မွာ ဖြင့္လွစ္မယ္လို႔ ႏုိင္ငံပိုင္ National News Bureau က ေဖာ္ျပပါတယ္။ ဒီစင္တာအေနနဲ႔ သဘာ၀ ေဘးအႏၱရာယ္၊ စီးပြားေရးနဲ႔ ဘ႑ာေရး၊ က်န္းမာေရးဆိုင္ရာ ကုန္ပစၥည္းေတြ၊ ၿခိမ္းေျခာက္မႈေတြနဲ႔ အစိုးရရဲ႕ မူ၀ါဒပိုင္းဆိုင္ရာတို႔ကို အဓိကထား ေဆာင္ရြက္မယ္လို႔လည္း ေျပာပါတယ္။

ဒါေပမယ့္လည္း အတိုက္အခံပါတီေတြနဲ႔ အခြင့္အေရးလႈပ္ရွားမႈ အဖြဲ႔ေတြကေတာ့ စစ္တပ္လိုလားတဲ့ Palang Pracharath ပါတီက ေခါင္းေဆာင္တဲ့ အစိုးရရဲ႕ အခုလို ေစာင့္ၾကည့္မယ့္လုပ္ရပ္က စိုးရိမ္စရာရွိတယ္လို႔ ေျပာဆိုၾကပါတယ္။ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႔ HRW ရဲ႕ ထုိင္းႏုိင္ငံက အႀကီးတန္းသုေတသီ Sunai Phasuk ကေတာ့ အခုလို ေျပာပါတယ္။

“လုပ္ႀကံဖန္တီးတဲ့ သတင္းေတြနဲ႔ ပတ္သက္ၿပီး ကိုင္တြယ္မယ့္ အစိုးရရဲ႕ စင္တာနဲ႔ ပတ္သက္လို႔ အထူးစိုးရိမ္ခ်က္ေတြကေတာ့ ဆင္ဆာတည္းျဖတ္မယ့္ နည္းလမ္းတခု ျဖစ္လာမွာကိုပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ထိုင္းအာဏပိုင္ေတြရဲ႕ လုပ္ႀကံဖန္တီးတဲ့ သတင္းေတြ တိုက္ဖ်က္ေရး ေဆာင္ရြက္ခ်က္ေတြဟာဆိုရင္ ေ၀ဖန္သူေတြနဲ႔ သေဘာထားကြဲျပားသူေတြရဲ႕ ေျပာဆိုခ်က္ေတြကိုပဲ အထူးအေလးထား ေဆာင္ရြက္ေနတာျဖစ္ၿပီး စစ္တပ္၊ ေနာက္ အာဏာရ Palang Pracharath ပါတီနဲ႔ အဆက္အစပ္ရွိတယ္လို႔ သိထားရတဲ့ ရင္းျမစ္ေတြက အခ်က္အလက္ အမွားေတြနဲ႔ မုန္းတီးမႈ အေျခခံ စည္း႐ုံးလႈပ္ရွားမႈေတြကိုေတာ့ အေရးယူမႈ မရွိပါဘူး။”

ဒစ္ဂ်စ္တယ္ စီးပြားေရးနဲ႔ လူ႔အဖြဲ႔အစည္းဆိုင္ရာ ၀န္ႀကီး Buddhipongse Punnakanta ရဲ႕ ႐ုံးကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး ေျဖၾကားမယ့္သူ မရွိဘူးလို႔ VOA ကို ေျပာပါတယ္။

၂၀၁၄ ခုႏွစ္တုန္းက စစ္အာဏာသိမ္းခဲ့တဲ့ ေခါင္းေဆာင္ေတြက ၿပီးခဲ့တဲ့ မတ္လတုန္းက အျပစ္အနာအဆာမကင္းတဲ့ ေရြးေကာက္ပြဲနဲ႔ ၅ ႏွစ္ၾကာ စစ္အုပ္ခ်ဳပ္ေရးကို အဆံုးသတ္ၿပီး အရပ္သားအစိုးရအျဖစ္နဲ႔ ႏုိင္ငံကို ဦးေဆာင္ေနတာပါ။ စစ္တပ္ကို ေ၀ဖန္မႈနဲ႔ စစ္အုပ္ခ်ဳပ္ေရးကို ၿငိမ္းခ်မ္းစြာ ခ်ီတက္ဆႏၵျပသူ ရာနဲ႔ခ်ီၿပီး စစ္အစိုးရက ဖမ္းဆီး တရားစြဲဆိုခဲ့ပါတယ္။ မမွန္ကန္ဘူးလို႔ အစိုးရဘက္က စြပ္စြဲခြင့္နဲ႔ ဖမ္းဆီး တရားစြဲဆိုႏုိင္တဲ့ အာဏာကို ဒီစင္တာက ေပါင္းစည္းေပးမယ့္ အေရးကလည္း ေ၀ဖန္သူေတြရဲ႕ ဘံုစိုးရိမ္ခ်က္တခု ျဖစ္ပါတယ္။

အင္တာနက္ အြန္လိုင္းေပၚမွာ လြတ္လပ္စြာ ေဖာ္ထုတ္ႏုိင္ေရး စည္း႐ုံးလႈပ္ရွားသူ Thai Netizen Network ရဲ႕ ပူးတြဲတည္ေထာင္သူ Arthit Suriyawongkuk ကလည္း သူစိတ္ပူေနတဲ့ အခ်က္ကို အခုလို ေျပာပါတယ္။

“မွန္မွန္ကန္ကန္ က်င့္သံုးေဆာင္ရြက္လိမ့္မယ္လို႔ေတာ့ ေမွ်ာ္လင့္ေနဆဲပါ။ ဒီကိစၥကို အေကာင္းျမင္ခ်င္ပါတယ္။ လုပ္ႀကံဖန္တီးတဲ့ သတင္းေတြနဲ႔ မမွန္မကန္ အခ်က္အလက္ေတြက တကယ္ေတာ့ ထိခိုက္နစ္နာေစတယ္လို႔ က်ေနာ္တို႔ ယူဆပါတယ္။”

ဒါေပမယ့္ ဆန္းစစ္ေ၀ဖန္တဲ့ အေတြးအျမင္ေတြကို လုပ္ႀကံဖန္တီးတဲ့ သတင္းေတြဆိုၿပီး အာဏာပိုင္ေတြက မၾကာခဏဆိုသလို လုပ္ေနတယ္လို႔လည္း Arthit က ေျပာပါတယ္။

“အမ်ားစုကေတာ့ အစိုးရဆန္႔က်င္သူေတြ ဒါမွမဟုတ္လည္း သေဘာထား ကြဲျပားသူေတြကို တကယ္တန္း ပစ္မွတ္ထား ေဆာင္ရြက္ခ်က္ေတြကို က်ေနာ္တို႔ ေတြ႔ရပါတယ္။ တခါတေလမွာ သတင္းအခ်က္အလက္ေတြက မွားသလား၊ မွန္သလား ဆိုတာေတာင္ ရွင္းရွင္းလင္းလင္း မရွိပါဘူး။ အာဏာပိုင္ေတြအေနနဲ႔ ထုတ္ေဖာ္ ေျပာဆိုခ်က္ေတြကို ႏွိပ္ကြပ္စရာ နည္းလမ္းတခုအေနနဲ႔ အလြယ္သံုးေနတယ္လို႔ ထင္ပါတယ္။”

အင္တာနက္ အြန္လိုင္းေပၚက ေရးသား ေဖာ္ျပခ်က္ေတြနဲ႔ ပတ္သက္ၿပီး ထိန္းခ်ဳပ္တာက ေဒသတြင္းမွာ ထုိင္းႏုိင္ငံတခုတည္းတင္ေတာ့ မဟုတ္ပါဘူး။ အေရွ႕ေတာင္အာရွ ေဒသဟာ လုပ္ႀကံဖန္တီးေရးသား ေဖာ္ျပမႈဆိုင္ရာ ဥပေဒေတြကို ကမၻာေပၚမွာ လက္ေတြ႔က်င့္သံုးရာ ေဒသတခု ျဖစ္လာေနတယ္လို႔ ထိုင္းႏုိင္ငံ Thammasat တကၠသိုလ္ ဥပေဒေရးရာဌာန ကထိက Lasse Schuldt က ေျပာပါတယ္။

လုပ္ႀကံဖန္တီးထားတဲ့ သတင္းေတြအေရး ကိုင္တြယ္ဖို႔ မေလးရွားနဲ႔ စင္ကာပူတို႔မွာ မၾကာခင္က ဥပေဒျပဳမႈေတြအေပၚ အမ်ားစုက အာ႐ုံစိုက္ခဲ့ၾကသလိုပဲ ဒီကိစၥနဲ႔ပတ္သက္ၿပီး အေရွ႕ေတာင္အာရွ ႏိုင္ငံေတြမွာ သူတို႔နည္း သူတို႔ဟန္ ဥပေဒျပဳမႈေတြ ရွိေနပါတယ္။ ျမန္မာႏုိင္ငံမွာ ဗုဒၶဘာသာ၀င္ေတြနဲ႔ မြတ္စလင္ေတြၾကား ေသြးထြက္သံယို ပဋိပကၡေတြနဲ႔ ကမၻာ့ တတိယအႀကီးဆံုး ဒီမိုကေရစီႏုိင္ငံျဖစ္တဲ့ အင္ဒိုနီးရွားမွာ ဒီႏွစ္အေစာပိုင္း ေရြးေကာက္ပြဲ အႀကိဳကာလ လူမ်ိဳးေရး၊ ဘာသာေရး တင္းမာမႈေတြ ျဖစ္ခဲ့ရတာက လူမႈကြန္ရက္ မီဒီယာမွာ လုပ္ႀကံဖန္တီးတဲ့ သတင္းေတြ ျဖန္႔ေ၀ခဲ့မႈေၾကာင့္ဆိုၿပီးလည္း အျပစ္တင္ ေျပာဆိုၾကပါတယ္။

-----------------------------------

(Unicode)

ထိုင်းနိုင်ငံ သတင်းလွတ်လပ်ခွင့် ထိန်းချုပ်ခံရဖွယ် ရှိနေသလား

ထိုင်းနိုင်ငံမှာ အင်တာနက် အွန်လိုင်းပေါ်က လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေ ဖြန့်ဝေမှုကို ထိန်းချုပ်ဖို့ အာဏာပိုင်တွေက စင်တာသစ်တခု ဖွင့်လှစ်မယ့်အရေးဟာဆိုရင် ဝေဖန်သူတွေကို နှုတ်ဆိတ်သွားအောင် ပစ်မှတ်ထား ဆောင်ရွက်တဲ့နေရာမှာ တလွဲသုံးလာနိုင်တယ်လို့ အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တွေနဲ့ အတိုက်အခံပါတီတွေက သတိပေးနေပါတယ်။ အစိုးရဘက်ကတော့ တည်ငြိမ် အေးချမ်းရေးကို ထိပါးစေနိုင်တဲ့ လုပ်ကြံသတင်းတွေ၊ အချက်အလက် အမှားတွေကို တိုက်ဖျက်ဖို့ ဖြစ်တယ်လို့ ပြောဆိုနေပါတယ်။ Zsombor Peter ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံရဲ့ ဒစ်ဂျစ်တယ် စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ ဝန်ကြီး Buddhipongse Punnakanta က အွန်လိုင်းပေါ်က လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဆောင်ရွက်တဲ့ ဒေသတွင်းနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံလည်း ပါဝင်မယ်လို့ ကြေညာပြီး ဒီစင်တာသစ်ကို မကြာခင် စတင်တော့မယ့်အကြောင်း သြဂုတ်လအတွင်းက ကြေညာခဲ့တာပါ။ အွန်လိုင်းပေါ်က သတင်းအမှားတွေကို စိစစ်ဖို့၊ နောက် ငြိမ်းချမ်းရေး၊ လုံခြုံရေးကို ထိခိုက်စေမယ့် မှားယွင်းဖော်ပြချက်တွေကို Facebook၊ မက်ဆေ့ချ်ပို့တဲ့ Apps နဲ့ သီးသန့် ဝက်ဘ်ဆိုက်တို့ကနေ တုံ့ပြန်ဆောင်ရွက်သွားမယ့် စင်တာကို နိုဝင်ဘာလ ၁ ရက်နေ့မှာ ဖွင့်လှစ်မယ်လို့ နိုင်ငံပိုင် National News Bureau က ဖော်ပြပါတယ်။ ဒီစင်တာအနေနဲ့ သဘာ၀ ဘေးအန္တရာယ်၊ စီးပွားရေးနဲ့ ဘဏ္ဍာရေး၊ ကျန်းမာရေးဆိုင်ရာ ကုန်ပစ္စည်းတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ အစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာတို့ကို အဓိကထား ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။

ဒါပေမယ့်လည်း အတိုက်အခံပါတီတွေနဲ့ အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တွေကတော့ စစ်တပ်လိုလားတဲ့ Palang Pracharath ပါတီက ခေါင်းဆောင်တဲ့ အစိုးရရဲ့ အခုလို စောင့်ကြည့်မယ့်လုပ်ရပ်က စိုးရိမ်စရာရှိတယ်လို့ ပြောဆိုကြပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ ထိုင်းနိုင်ငံက အကြီးတန်းသုတေသီ Sunai Phasuk ကတော့ အခုလို ပြောပါတယ်။

“လုပ်ကြံဖန်တီးတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်မယ့် အစိုးရရဲ့ စင်တာနဲ့ ပတ်သက်လို့ အထူးစိုးရိမ်ချက်တွေကတော့ ဆင်ဆာတည်းဖြတ်မယ့် နည်းလမ်းတခု ဖြစ်လာမှာကိုပါပဲ။ ဘာကြောင့်လဲဆိုတော့ ထိုင်းအာဏပိုင်တွေရဲ့ လုပ်ကြံဖန်တီးတဲ့ သတင်းတွေ တိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေဟာဆိုရင် ဝေဖန်သူတွေနဲ့ သဘောထားကွဲပြားသူတွေရဲ့ ပြောဆိုချက်တွေကိုပဲ အထူးအလေးထား ဆောင်ရွက်နေတာဖြစ်ပြီး စစ်တပ်၊ နောက် အာဏာရ Palang Pracharath ပါတီနဲ့ အဆက်အစပ်ရှိတယ်လို့ သိထားရတဲ့ ရင်းမြစ်တွေက အချက်အလက် အမှားတွေနဲ့ မုန်းတီးမှု အခြေခံ စည်းရုံးလှုပ်ရှားမှုတွေကိုတော့ အရေးယူမှု မရှိပါဘူး။”

ဒစ်ဂျစ်တယ် စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ ဝန်ကြီး Buddhipongse Punnakanta ရဲ့ ရုံးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေကြားမယ့်သူ မရှိဘူးလို့ VOA ကို ပြောပါတယ်။

၂၀၁၄ ခုနှစ်တုန်းက စစ်အာဏာသိမ်းခဲ့တဲ့ ခေါင်းဆောင်တွေက ပြီးခဲ့တဲ့ မတ်လတုန်းက အပြစ်အနာအဆာမကင်းတဲ့ ရွေးကောက်ပွဲနဲ့ ၅ နှစ်ကြာ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ပြီး အရပ်သားအစိုးရအဖြစ်နဲ့ နိုင်ငံကို ဦးဆောင်နေတာပါ။ စစ်တပ်ကို ဝေဖန်မှုနဲ့ စစ်အုပ်ချုပ်ရေးကို ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြသူ ရာနဲ့ချီပြီး စစ်အစိုးရက ဖမ်းဆီး တရားစွဲဆိုခဲ့ပါတယ်။ မမှန်ကန်ဘူးလို့ အစိုးရဘက်က စွပ်စွဲခွင့်နဲ့ ဖမ်းဆီး တရားစွဲဆိုနိုင်တဲ့ အာဏာကို ဒီစင်တာက ပေါင်းစည်းပေးမယ့် အရေးကလည်း ဝေဖန်သူတွေရဲ့ ဘုံစိုးရိမ်ချက်တခု ဖြစ်ပါတယ်။

အင်တာနက် အွန်လိုင်းပေါ်မှာ လွတ်လပ်စွာ ဖော်ထုတ်နိုင်ရေး စည်းရုံးလှုပ်ရှားသူ Thai Netizen Network ရဲ့ ပူးတွဲတည်ထောင်သူ Arthit Suriyawongkuk ကလည်း သူစိတ်ပူနေတဲ့ အချက်ကို အခုလို ပြောပါတယ်။

“မှန်မှန်ကန်ကန် ကျင့်သုံးဆောင်ရွက်လိမ့်မယ်လို့တော့ မျှော်လင့်နေဆဲပါ။ ဒီကိစ္စကို အကောင်းမြင်ချင်ပါတယ်။ လုပ်ကြံဖန်တီးတဲ့ သတင်းတွေနဲ့ မမှန်မကန် အချက်အလက်တွေက တကယ်တော့ ထိခိုက်နစ်နာစေတယ်လို့ ကျနော်တို့ ယူဆပါတယ်။”

ဒါပေမယ့် ဆန်းစစ်ဝေဖန်တဲ့ အတွေးအမြင်တွေကို လုပ်ကြံဖန်တီးတဲ့ သတင်းတွေဆိုပြီး အာဏာပိုင်တွေက မကြာခဏဆိုသလို လုပ်နေတယ်လို့လည်း Arthit က ပြောပါတယ်။

“အများစုကတော့ အစိုးရဆန့်ကျင်သူတွေ ဒါမှမဟုတ်လည်း သဘောထား ကွဲပြားသူတွေကို တကယ်တန်း ပစ်မှတ်ထား ဆောင်ရွက်ချက်တွေကို ကျနော်တို့ တွေ့ရပါတယ်။ တခါတလေမှာ သတင်းအချက်အလက်တွေက မှားသလား၊ မှန်သလား ဆိုတာတောင် ရှင်းရှင်းလင်းလင်း မရှိပါဘူး။ အာဏာပိုင်တွေအနေနဲ့ ထုတ်ဖော် ပြောဆိုချက်တွေကို နှိပ်ကွပ်စရာ နည်းလမ်းတခုအနေနဲ့ အလွယ်သုံးနေတယ်လို့ ထင်ပါတယ်။”

အင်တာနက် အွန်လိုင်းပေါ်က ရေးသား ဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး ထိန်းချုပ်တာက ဒေသတွင်းမှာ ထိုင်းနိုင်ငံတခုတည်းတင်တော့ မဟုတ်ပါဘူး။ အရှေ့တောင်အာရှ ဒေသဟာ လုပ်ကြံဖန်တီးရေးသား ဖော်ပြမှုဆိုင်ရာ ဥပဒေတွေကို ကမ္ဘာပေါ်မှာ လက်တွေ့ကျင့်သုံးရာ ဒေသတခု ဖြစ်လာနေတယ်လို့ ထိုင်းနိုင်ငံ Thammasat တက္ကသိုလ် ဥပဒေရေးရာဌာန ကထိက Lasse Schuldt က ပြောပါတယ်။

လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေအရေး ကိုင်တွယ်ဖို့ မလေးရှားနဲ့ စင်ကာပူတို့မှာ မကြာခင်က ဥပဒေပြုမှုတွေအပေါ် အများစုက အာရုံစိုက်ခဲ့ကြသလိုပဲ ဒီကိစ္စနဲ့ပတ်သက်ပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ သူတို့နည်း သူတို့ဟန် ဥပဒေပြုမှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေကြား သွေးထွက်သံယို ပဋိပက္ခတွေနဲ့ ကမ္ဘာ့ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ ဒီနှစ်အစောပိုင်း ရွေးကောက်ပွဲ အကြိုကာလ လူမျိုးရေး၊ ဘာသာရေး တင်းမာမှုတွေ ဖြစ်ခဲ့ရတာက လူမှုကွန်ရက် မီဒီယာမှာ လုပ်ကြံဖန်တီးတဲ့ သတင်းတွေ ဖြန့်ဝေခဲ့မှုကြောင့်ဆိုပြီးလည်း အပြစ်တင် ပြောဆိုကြပါတယ်။

မသိဂႌထုိက္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ထိုင္းႏိုင္ငံ သတင္းလြတ္လပ္ခြင့္ ထိန္းခ်ဳပ္ခံရဖြယ္ ရွိေနသလား ထိုင္းႏိုင္ငံ သတင္းလြတ္လပ္ခြင့္ ထိန္းခ်ဳပ္ခံရဖြယ္ ရွိေနသလား Reviewed by THITHTOOLWIN on 07:23 Rating: 5
Powered by Blogger.