ကခ်င္ဒုကၡသည္ေတြ ေနရပ္ျပန္ေရး ေဘးကင္းလံုၿခံဳတဲ့၀န္းက်င္ လုိအပ္

Je Yang ဒုကၡသည္စခန္းတြင္းမွ ကခ်င္ဒုကၡသည္မ်ား။ (ဇန္နဝါရီ ၄၊ ၂၀၁၃)
ကခ်င္ျပည္နယ္အတြင္း ေဘးကင္းလံုၿခံဳတဲ့ လူမႈပတ္ဝန္းက်င္ ဖန္တီးေပးၿပီး စစ္ေၾကာင့္ျဖစ္ခဲ့ရတဲ့ စိတ္ပိုင္းဆိုင္ရာ ကုစားမႈေတြ စနစ္တက် ေဆာင္ရြက္ေပးၿပီးမွသာ ကခ်င္စစ္ေျပးဒုကၡသည္ေတြ ေနရပ္ျပန္သင့္တယ္လို႔ ကခ်င္အေရး လႈပ္ရွားသူေတြက ေျပာဆိုလိုက္ၾကပါတယ္။ ဒီသီတင္းပတ္အတြင္းမွာပဲ ဝိုင္းေမာ္က စစ္ေရွာင္ျပည္သူေတြ ကိုယ့္ေနရပ္ရင္း ျပန္လိုတဲ့ဆႏၵ ရွိ၊ မရွိ ဆိုတာကိုလည္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးေတြက ဆႏၵသေဘာထား ေကာက္ခံေနၾကပါတယ္။ ကခ်င္ဒုကၡသည္ေတြ ေနရပ္ရင္းျပန္ႏုိင္ေရး ဘယ္လိုအေျခအေနရွိပါသလဲ၊ အျပည့္အစုံကုိ မဆုမြန္က စုစည္းတင္ျပထားပါတယ္။

ျမန္မာ့အစိုးရစစ္တပ္နဲ႔ ကခ်င္လြတ္ေျမာက္ေရးအဖြဲ႔ KIO လက္ေအာက္ခံ ကခ်င္လြတ္ေျမာက္ေရးတပ္ဖြဲ႔ KIA တို႔ၾကား ၂၀၁၁ ခုႏွစ္ ဇြန္လကစလို႔ ကခ်င္ျပည္နယ္တြင္း တေက်ာ့ျပန္တိုက္ပြဲေတြ ျပန္ျဖစ္ခဲ့တဲ့အတြက္ ကခ်င္ေဒသခံျပည္သူ တသိန္းေက်ာ္ဟာ အစိုးရထိန္းခ်ဳပ္နယ္ေျမ၊ ကခ်င္လက္နက္ကိုင္တပ္ KIA ထိန္းခ်ဳပ္နယ္ေျမနဲ႔ တ႐ုတ္-ျမန္မာနယ္စပ္က စစ္ေဘး စစ္ေရွာင္စခန္းေတြဆီမွာ ခိုလံႈေနထိုင္ေနခဲ့ရတာ အခုဆိုရင္ေတာ့ ၈ ႏွစ္ေက်ာ္ ၉ ႏွစ္ထဲ ေရာက္လာေနပါၿပီ။

ဒီစစ္ေရွာင္တသိန္းေက်ာ္ ေနရပ္ရင္း ျပန္လည္အေျခခ် ေနထိုင္ေရးအတြက္ ျပည္ေထာင္စုအစိုးရ၊ ကခ်င္ျပည္နယ္အစိုးရနဲ႔ ကခ်င္ဒုကၡသည္အေရး ကူညီေပးေနတဲ့ အဖြဲ႔ေတြ ပူးေပါင္းေဆာင္ရြက္ေနေပမယ့္လို႔ အိုးအိမ္စြန္႔ခြာ ထြက္ေျပးၾကရတဲ့ စစ္ေရွာင္ဒုကၡသည္ေတြ ေနရပ္ရင္းကို ေကာင္းေကာင္းမြန္မြန္နဲ႔ ေဘးကင္းလံုၿခံဳစြာ ျပန္ႏုိင္ေရးနဲ႔ ျပန္လည္အေျခခ်ေနထိုင္မႈ လုပ္ငန္းေတြမွာ ဒုကၡသည္ေတြကိုယ္တုိင္ ပူးေပါင္းပါဝင္ႏိုင္ဖို႔ ဒုကၡသည္ေတြနဲ႔ ဒုကၡသည္ေတြအေရး ေဆာင္ရြက္သူေတြက ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္ထဲကပဲ ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္တြင္း ရပ္ကြက္ ေက်းရြာအုပ္စုေတြထဲက စစ္ေရွာင္စခန္းေတြထဲက ျပည္သူေတြအေနနဲ႔ အခုအခါမွာေတာ့ နယ္ေျမအေျခအေန တည္ၿငိမ္ေအးခ်မ္းလာလို႔ မိမိတို႔ မူရင္းေဒသကို ျပန္လည္ေရႊ႕ေျပာင္းလိုျခင္း ရွိ၊ မရွိနဲ႔ တျခားတင္ျပလိုတဲ့ ဆႏၵသေဘာထားေတြ စက္တင္ဘာ ၃၀ ေနာက္ဆံုးထားေပးပို႔ဖို႔ ျမစ္ႀကီးနားခ႐ုိင္ ဝိုင္းေမာ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးက အေၾကာင္းၾကားစာေတြ ေပးပို႔ခဲ့တာပါ။

ဒီအေပၚမွာေတာ့ ကခ်င္လြတ္ေျမာက္ေရးအဖြဲ႔ KIO နဲ႔ ျမန္မာအစိုးရနဲ႔ စစ္တပ္တို႔ၾကား ခုိင္မာတဲ့ ၿငိမ္းခ်မ္းေရး သေဘာတူလက္မွတ္ေရးထိုးၿပီး ေဒသတြင္း ေအးခ်မ္းတည္ၿငိမ္မႈရွိမွ၊ ကခ်င္လူထုအတြက္ ေဘးကင္းလံုၿခံဳတဲ့ လူမႈပတ္ဝန္းက်င္ကို ဖန္တီးေပးႏိုင္မွပဲ ကခ်င္စစ္ေဘးေရွာင္ ဒုကၡသည္ေတြ ေနရပ္ျပန္သင့္တယ္လို႔ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ ကခ်င္လူမႈဖြံ႔ၿဖိဳးေရးအဖြဲ႔ ျမစ္ႀကီးနားဥကၠ႒ ဦးေဇာ္ဂ်တ္က အႀကံျပဳပါတယ္။

“အခု က်ေနာ့္အျမင္ ေျပာရမယ္ဆိုရင္ေတာ့ ၈ ႏွစ္ေက်ာ္သြားၿပီ၊ ၉ ႏွစ္ထဲ ဝင္ၿပီေပါ့ေနာ္ တုိက္ပြဲေရွာင္ေနတာက။ ဒါေပမယ့္ ဒီတုိင္း ဖိအားေပးတဲ့အေနနဲ႔ IDP ေတြကို ဇြတ္ျပန္ခုိင္းမယ္ဆုိရင္ေတာ့ က်ေနာ့္အေနနဲ႔က ဒါ သဘာဝမက်ဘူး။ သူတုိ႔ စာခ်ဳပ္ေတာင္မွ Bilateral ေတာင္မွ သူတုိ႔ မခ်ဳပ္ေသးဘဲနဲ႔ အခ်ိန္မွာ ျပည္သူေတြကုိ ျပန္ခုိင္းတယ္ဆုိရင္၊ စာရင္းေတြ ျပန္ေကာက္တယ္ဆုိရင္ ဒါ သူတို႔ဘက္က လုံၿခဳံမႈ မရွိဘူးေပါ့။ အခ်ိန္မေရြး တုိက္ပြဲျပန္ျဖစ္လာႏုိင္တဲ့ အေနအထား ရွိတယ္။ အဲဒါေၾကာင့္ က်ေနာ့္အေနနဲ႔ဆုိရင္ေတာ့ တကယ့္ Concern ျဖစ္တာေပါ့ေနာ။”

ဒါ့အျပင္ ကခ်င္စစ္ေရးပဋိပကၡေတြၾကား အိုးအိမ္ေတြစြန္႔ခြာ အသက္ေဘးကေန လုေျပးခဲ့ရတဲ့ ကခ်င္ျပည္သူေတြအတြက္ ေန႔စဥ္ လူမႈပတ္ဝန္းက်င္ ပုံမွန္ဘဝေတြမွာ ရပ္တည္ႏုိင္ဖို႔ ႐ုပ္ပိုင္းဆိုင္ရာ ေစာင့္ေရွာက္မႈေတြ ေပးသင့္သလို စိတ္ပိုင္းဆိုင္ရာ ကုထံုးေတြနဲ႔လည္း ဝိုင္းဝန္းကူညီေပးဖို႔ သက္ဆိုင္ရာ တာဝန္ရွိသူေတြဘက္က ေဆာင္ရြက္ေပးသင့္တယ္လို႔လည္း ဦးေဇာ္ဂ်တ္က ေျပာပါတယ္။

“တကယ္လို႔မ်ား Bilateral ထုိးၿပီးမွ စာခ်ဳပ္ထုိးၿပီးမွ သူတို႔ ေနရပ္ျပန္သြားရင္ေတာင္မွ စိတ္ဓာတ္ပုိင္းဆုိင္ရာေရာ၊ Resettlement ဘယ္ေလာက္ပဲလုပ္လုပ္ နဂိုအတုိင္း တကယ့္ သူတို႔ ေနထားခဲ့တဲ့အတုိင္း ရဖုိ႔ကေတာ့ ဆယ္ႏွစ္နီးပါး Resettlement ျပန္လုပ္ရမယ့္ အေနအထားရွိတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ေတာေတာင္ျဖစ္သြားၿပီေလ။ ေတာေတာင္ျဖစ္သြားတဲ့ အေနအထားမွာတခ်က္၊ ၿပီးေတာ့ သူတို႔ရဲ႕ ကၽြဲ၊ ႏြား တိရစၦာန္ေတြလည္း ဘာမွမရွိေတာ့ဘူး။ အိမ္ေတြလည္း အကုန္ ေတာေတာင္ေတြ ျဖစ္ကုန္ၿပီေလ။

“အခုက ၈ ႏွစ္၊ ၉ ႏွစ္ ျဖစ္သြားတယ္ဆုိေတာ့ ဘာမွ လူေတာင္မသြားတဲ့ေနရာႀကီး ျဖစ္သြားတယ္ဆုိေတာ့ သူတို႔ရဲ႕ စိတ္ဒဏ္ရာေတြေရာ သူတုိ႔ရဲ႕ Moral ပုိင္းေရာ သူတုိ႔ကုိ ျပန္လည္ကုစားတဲ့အေနနဲ႔ စစ္မေရွာင္တဲ့ ျပည္သူေတြနဲ႔ တတန္းတည္းျဖစ္ေအာင္ေတာ့ တာဝန္ရွိတဲ့ အာဏပိုင္အဖြဲ႔အစည္း အသီးသီးအေနနဲ႔ အလွ်င္အျမန္ ဒါကုိ ကုစားသင့္တယ္လို႔ က်ေနာ္ျမင္တယ္။ အင္တုိက္ အားတုိက္နဲ႔ အာဏာပုိင္ အဖြဲ႔အစည္းေရာ၊ ျပည္ေထာင္စုအစုိးရေရာ၊ ျပည္နယ္အစုိးရေရာ၊ CSO ေတြေရာ၊ ၿပီးေတာ့ ဘာသာေရး အသီးသီးက ေခါင္းေဆာင္ေတြေရာ၊ လက္နက္ကုိင္တပ္ဖြဲ႔ေတြေရာ ျပည္သူလူထုေတြကုိ စြမ္းစြမ္းတမံ လုပ္ေပးႏုိင္ရင္ေတာ့ အနည္းနဲ႔အမ်ားေတာ့ IDP ေတြလည္း ေက်နပ္မႈရွိမယ္လို႔ က်ေနာ္ယုံၾကည္တယ္။”

အထူးသျဖင့္ စစ္ေဘးေရွာင္ျပည္သူေတြ ေနရပ္ရင္း ျပန္ၾကတဲ့အခါ သူတို႔ေနရပ္ေတြမွာ စစ္တပ္စစ္စခန္း ခ်ထားတာမ်ိဳး စစ္အရိပ္အေယာင္ေတြ မရွိဖို႔လိုၿပီး စစ္ေရွာင္ျပည္သူေတြ စိတ္ထဲ အမွန္တကယ္ လုံၿခံဳစိတ္ခ်မႈရွိဖို႔ လိုတယ္လို႔ ကခ်င္အေရး လႈပ္ရွားသူတဦးျဖစ္တဲ့ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႔ခ်ဳပ္က ကိုထြယ္ေအာင္က အႀကံျပဳပါတယ္။

“က်ေနာ့္အျမင္ကေတာ့ ရြာေတြမွာ ျပန္ဖို႔က သိပ္အဆင္မေျပေလာက္ေသးဘူးလို႔ ထင္တယ္ဗ်။ စစ္ေျပးေတြ ျပန္လာတဲ့အခ်ိန္မွာက်ေတာ့ ရြာေတြမွာ အရင္ကလုိပဲ ႏွစ္ဖက္စစ္တပ္ေတြလည္း မရွိဘူး။ ၿပီးေတာ့ ပညာေရးပုိင္းလည္း ေက်ာင္းေတြ ဘာေတြ ဖြင့္ထားမယ္ အကုန္လုံး၊ အဓိကေတာ့ ႏွစ္ဖက္စစ္တပ္ေတြ မရွိဖို႔ အေရးႀကီးတယ္။ ရြာမွာဆုိရင္ က်ေနာ္တုိ႔က စစ္သားဆုိရင္ ေခြးေတာင္ေၾကာက္တယ္ေလ ေနာ။ ဆုိေတာ့ စစ္သားေတြ မရွိဖို႔က အေရးႀကီးတယ္ဗ်။ လုံၿခဳံေရးအေနနဲ႔ေပါ့။”

အစိုးရဘက္က IDP ဒုကၡသည္စခန္းေတြ ပိတ္သိမ္းဖို႔ စစ္ေရွာင္ျပည္သူေတြ ျပန္ပို႔ဖို႔ စီစဥ္ေနေပမယ့္လည္း အခုအခ်ိန္အထိ ကခ်င္လြတ္ေျမာက္ေရးအဖြဲ႔ KIO လက္ေအာက္ခံတပ္ဖြဲ႔ KIA နဲ႔ ျမန္မာအစိုးရတပ္တို႔ၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြ ေသာင္မတင္ေရမက် ျဖစ္ေနပါတယ္။ ဒုကၡသည္ေတြဟာ အခုခ်ိန္အထိ ဒုကၡသည္စခန္းေတြမွာ ေနထိုင္ေနၾကရဆဲျဖစ္ၿပီး ကခ်င္စစ္ေရွာင္စခန္းေတြထဲ အေရးေပၚလိုအပ္ခ်က္ေတြ မ်ားစြာရွိေနေသးတယ္လို႔ ကခ်င္စစ္ေရွာင္ျပည္သူေတြအေရး ေဆာင္ရြက္ေပးေနသူေတြက ေျပာပါတယ္။

-----------------------------

(Unicode)

ကချင်ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဘေးကင်းလုံခြုံတဲ့ဝန်းကျင် လိုအပ်

ကချင်ပြည်နယ်အတွင်း ဘေးကင်းလုံခြုံတဲ့ လူမှုပတ်ဝန်းကျင် ဖန်တီးပေးပြီး စစ်ကြောင့်ဖြစ်ခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေ စနစ်တကျ ဆောင်ရွက်ပေးပြီးမှသာ ကချင်စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်သင့်တယ်လို့ ကချင်အရေး လှုပ်ရှားသူတွေက ပြောဆိုလိုက်ကြပါတယ်။ ဒီသီတင်းပတ်အတွင်းမှာပဲ ဝိုင်းမော်က စစ်ရှောင်ပြည်သူတွေ ကိုယ့်နေရပ်ရင်း ပြန်လိုတဲ့ဆန္ဒ ရှိ၊ မရှိ ဆိုတာကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ဆန္ဒသဘောထား ကောက်ခံနေကြပါတယ်။ ကချင်ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ရေး ဘယ်လိုအခြေအနေရှိပါသလဲ၊ အပြည့်အစုံကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

မြန်မာ့အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လက်အောက်ခံ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တို့ကြား ၂၀၁၁ ခုနှစ် ဇွန်လကစလို့ ကချင်ပြည်နယ်တွင်း တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တဲ့အတွက် ကချင်ဒေသခံပြည်သူ တသိန်းကျော်ဟာ အစိုးရထိန်းချုပ်နယ်မြေ၊ ကချင်လက်နက်ကိုင်တပ် KIA ထိန်းချုပ်နယ်မြေနဲ့ တရုတ်-မြန်မာနယ်စပ်က စစ်ဘေး စစ်ရှောင်စခန်းတွေဆီမှာ ခိုလှုံနေထိုင်နေခဲ့ရတာ အခုဆိုရင်တော့ ၈ နှစ်ကျော် ၉ နှစ်ထဲ ရောက်လာနေပါပြီ။

ဒီစစ်ရှောင်တသိန်းကျော် နေရပ်ရင်း ပြန်လည်အခြေချ နေထိုင်ရေးအတွက် ပြည်ထောင်စုအစိုးရ၊ ကချင်ပြည်နယ်အစိုးရနဲ့ ကချင်ဒုက္ခသည်အရေး ကူညီပေးနေတဲ့ အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နေပေမယ့်လို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ရင်းကို ကောင်းကောင်းမွန်မွန်နဲ့ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးနဲ့ ပြန်လည်အခြေချနေထိုင်မှု လုပ်ငန်းတွေမှာ ဒုက္ခသည်တွေကိုယ်တိုင် ပူးပေါင်းပါဝင်နိုင်ဖို့ ဒုက္ခသည်တွေနဲ့ ဒုက္ခသည်တွေအရေး ဆောင်ရွက်သူတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ထဲကပဲ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင်း ရပ်ကွက် ကျေးရွာအုပ်စုတွေထဲက စစ်ရှောင်စခန်းတွေထဲက ပြည်သူတွေအနေနဲ့ အခုအခါမှာတော့ နယ်မြေအခြေအနေ တည်ငြိမ်အေးချမ်းလာလို့ မိမိတို့ မူရင်းဒေသကို ပြန်လည်ရွှေ့ပြောင်းလိုခြင်း ရှိ၊ မရှိနဲ့ တခြားတင်ပြလိုတဲ့ ဆန္ဒသဘောထားတွေ စက်တင်ဘာ ၃၀ နောက်ဆုံးထားပေးပို့ဖို့ မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူးက အကြောင်းကြားစာတွေ ပေးပို့ခဲ့တာပါ။

ဒီအပေါ်မှာတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရနဲ့ စစ်တပ်တို့ကြား ခိုင်မာတဲ့ ငြိမ်းချမ်းရေး သဘောတူလက်မှတ်ရေးထိုးပြီး ဒေသတွင်း အေးချမ်းတည်ငြိမ်မှုရှိမှ၊ ကချင်လူထုအတွက် ဘေးကင်းလုံခြုံတဲ့ လူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မှပဲ ကချင်စစ်ဘေးရှောင် ဒုက္ခသည်တွေ နေရပ်ပြန်သင့်တယ်လို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့ မြစ်ကြီးနားဥက္ကဋ္ဌ ဦးဇော်ဂျတ်က အကြံပြုပါတယ်။

“အခု ကျနော့်အမြင် ပြောရမယ်ဆိုရင်တော့ ၈ နှစ်ကျော်သွားပြီ၊ ၉ နှစ်ထဲ ဝင်ပြီပေါ့နော် တိုက်ပွဲရှောင်နေတာက။ ဒါပေမယ့် ဒီတိုင်း ဖိအားပေးတဲ့အနေနဲ့ IDP တွေကို ဇွတ်ပြန်ခိုင်းမယ်ဆိုရင်တော့ ကျနော့်အနေနဲ့က ဒါ သဘာဝမကျဘူး။ သူတို့ စာချုပ်တောင်မှ Bilateral တောင်မှ သူတို့ မချုပ်သေးဘဲနဲ့ အချိန်မှာ ပြည်သူတွေကို ပြန်ခိုင်းတယ်ဆိုရင်၊ စာရင်းတွေ ပြန်ကောက်တယ်ဆိုရင် ဒါ သူတို့ဘက်က လုံခြုံမှု မရှိဘူးပေါ့။ အချိန်မရွေး တိုက်ပွဲပြန်ဖြစ်လာနိုင်တဲ့ အနေအထား ရှိတယ်။ အဲဒါကြောင့် ကျနော့်အနေနဲ့ဆိုရင်တော့ တကယ့် Concern ဖြစ်တာပေါ့နော။”

ဒါ့အပြင် ကချင်စစ်ရေးပဋိပက္ခတွေကြား အိုးအိမ်တွေစွန့်ခွာ အသက်ဘေးကနေ လုပြေးခဲ့ရတဲ့ ကချင်ပြည်သူတွေအတွက် နေ့စဉ် လူမှုပတ်ဝန်းကျင် ပုံမှန်ဘဝတွေမှာ ရပ်တည်နိုင်ဖို့ ရုပ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုတွေ ပေးသင့်သလို စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေနဲ့လည်း ဝိုင်းဝန်းကူညီပေးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ဆောင်ရွက်ပေးသင့်တယ်လို့လည်း ဦးဇော်ဂျတ်က ပြောပါတယ်။

“တကယ်လို့များ Bilateral ထိုးပြီးမှ စာချုပ်ထိုးပြီးမှ သူတို့ နေရပ်ပြန်သွားရင်တောင်မှ စိတ်ဓာတ်ပိုင်းဆိုင်ရာရော၊ Resettlement ဘယ်လောက်ပဲလုပ်လုပ် နဂိုအတိုင်း တကယ့် သူတို့ နေထားခဲ့တဲ့အတိုင်း ရဖို့ကတော့ ဆယ်နှစ်နီးပါး Resettlement ပြန်လုပ်ရမယ့် အနေအထားရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တောတောင်ဖြစ်သွားပြီလေ။ တောတောင်ဖြစ်သွားတဲ့ အနေအထားမှာတချက်၊ ပြီးတော့ သူတို့ရဲ့ ကျွဲ၊ နွား တိရစ္ဆာန်တွေလည်း ဘာမှမရှိတော့ဘူး။ အိမ်တွေလည်း အကုန် တောတောင်တွေ ဖြစ်ကုန်ပြီလေ။

“အခုက ၈ နှစ်၊ ၉ နှစ် ဖြစ်သွားတယ်ဆိုတော့ ဘာမှ လူတောင်မသွားတဲ့နေရာကြီး ဖြစ်သွားတယ်ဆိုတော့ သူတို့ရဲ့ စိတ်ဒဏ်ရာတွေရော သူတို့ရဲ့ Moral ပိုင်းရော သူတို့ကို ပြန်လည်ကုစားတဲ့အနေနဲ့ စစ်မရှောင်တဲ့ ပြည်သူတွေနဲ့ တတန်းတည်းဖြစ်အောင်တော့ တာဝန်ရှိတဲ့ အာဏပိုင်အဖွဲ့အစည်း အသီးသီးအနေနဲ့ အလျှင်အမြန် ဒါကို ကုစားသင့်တယ်လို့ ကျနော်မြင်တယ်။ အင်တိုက် အားတိုက်နဲ့ အာဏာပိုင် အဖွဲ့အစည်းရော၊ ပြည်ထောင်စုအစိုးရရော၊ ပြည်နယ်အစိုးရရော၊ CSO တွေရော၊ ပြီးတော့ ဘာသာရေး အသီးသီးက ခေါင်းဆောင်တွေရော၊ လက်နက်ကိုင်တပ်ဖွဲ့တွေရော ပြည်သူလူထုတွေကို စွမ်းစွမ်းတမံ လုပ်ပေးနိုင်ရင်တော့ အနည်းနဲ့အများတော့ IDP တွေလည်း ကျေနပ်မှုရှိမယ်လို့ ကျနော်ယုံကြည်တယ်။”

အထူးသဖြင့် စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ရင်း ပြန်ကြတဲ့အခါ သူတို့နေရပ်တွေမှာ စစ်တပ်စစ်စခန်း ချထားတာမျိုး စစ်အရိပ်အယောင်တွေ မရှိဖို့လိုပြီး စစ်ရှောင်ပြည်သူတွေ စိတ်ထဲ အမှန်တကယ် လုံခြုံစိတ်ချမှုရှိဖို့ လိုတယ်လို့ ကချင်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ကိုထွယ်အောင်က အကြံပြုပါတယ်။

“ကျနော့်အမြင်ကတော့ ရွာတွေမှာ ပြန်ဖို့က သိပ်အဆင်မပြေလောက်သေးဘူးလို့ ထင်တယ်ဗျ။ စစ်ပြေးတွေ ပြန်လာတဲ့အချိန်မှာကျတော့ ရွာတွေမှာ အရင်ကလိုပဲ နှစ်ဖက်စစ်တပ်တွေလည်း မရှိဘူး။ ပြီးတော့ ပညာရေးပိုင်းလည်း ကျောင်းတွေ ဘာတွေ ဖွင့်ထားမယ် အကုန်လုံး၊ အဓိကတော့ နှစ်ဖက်စစ်တပ်တွေ မရှိဖို့ အရေးကြီးတယ်။ ရွာမှာဆိုရင် ကျနော်တို့က စစ်သားဆိုရင် ခွေးတောင်ကြောက်တယ်လေ နော။ ဆိုတော့ စစ်သားတွေ မရှိဖို့က အရေးကြီးတယ်ဗျ။ လုံခြုံရေးအနေနဲ့ပေါ့။”

အစိုးရဘက်က IDP ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းဖို့ စစ်ရှောင်ပြည်သူတွေ ပြန်ပို့ဖို့ စီစဉ်နေပေမယ့်လည်း အခုအချိန်အထိ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လက်အောက်ခံတပ်ဖွဲ့ KIA နဲ့ မြန်မာအစိုးရတပ်တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ သောင်မတင်ရေမကျ ဖြစ်နေပါတယ်။ ဒုက္ခသည်တွေဟာ အခုချိန်အထိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရဆဲဖြစ်ပြီး ကချင်စစ်ရှောင်စခန်းတွေထဲ အရေးပေါ်လိုအပ်ချက်တွေ များစွာရှိနေသေးတယ်လို့ ကချင်စစ်ရှောင်ပြည်သူတွေအရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

မဆုမြန္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ကခ်င္ဒုကၡသည္ေတြ ေနရပ္ျပန္ေရး ေဘးကင္းလံုၿခံဳတဲ့၀န္းက်င္ လုိအပ္ ကခ်င္ဒုကၡသည္ေတြ ေနရပ္ျပန္ေရး ေဘးကင္းလံုၿခံဳတဲ့၀န္းက်င္ လုိအပ္ Reviewed by THITHTOOLWIN on 07:21 Rating: 5
Powered by Blogger.