ျမန္မာ႔မူးယစ္ေဆး အႏၱရာယ္ ႀကီးမား

ဘိန္းစိုက္ခင္းတခု
ျမန္မာႏိုင္ငံရဲ႕ မူးယစ္ေဆးျပႆနာဟာ အရင္ကထက္ ပုိဆိုးလာေနတယ္လို႔ ခန္႔မွန္းရေၾကာင္း အကဲခတ္တခ်ဳိ႕က သုံးသပ္ပါတယ္။ ဒီသီတင္း ပတ္အတြင္း ျမန္မာႏိုင္ငံတြင္းနဲ႔ ထုိင္းႏိုင္ငံတို႔မွာ စိတ္ၾကြေဆးနဲ႔ ဘိန္းမ်ဳိးေစ့ေတြ အေျမာက္အမ်ား ဖမ္းဆီးရမိခဲ့ၿပီးေနာက္ အခုလို သုံးသပ္လာ ၾကတာ ျဖစ္ပါတယ္။ တိုင္းရင္းသားလက္နက္ကုိင္ျပႆနာ မေျဖရွင္းႏိုင္သေရြ႕ ဒီမူးယစ္ေဆးဝါး ျပႆနာေတြ ဆက္ရွိေနဦးမယ္လို႔ ေျပာၾက တာပါ။ အေၾကာင္းစုံကို ကုိဉာဏ္ဝင္းေအာင္က တင္ျပပါမယ္။

ျမန္မာႏို္င္ငံအထက္ပိုင္း စစ္ကုိင္းတိုင္းမွာ အေမရိကန္ေဒၚလာ (၁.၇)သန္းဖိုးေလာက္ရွိတဲ့ စိတ္ၾကြေဆးျပား (၁.၃)သန္းနီးပါး ဖမ္းမိသိမ္းဆည္ ခဲ့တယ္လို႔ အစိုးရတာဝန္ရွိသူေတြက ေသာၾကာေန႔မွာ ေၾကညာပါတယ္။ ဒီေဆးျပားေတြကို အိႏၵိယ-ျမန္မာနယ္စပ္ၿမဳိ့ျဖစ္တဲ့ တမူးမွာ ေမာ္ေတာ္ဆိုင္ကယ္နဲ႔ သယ္လာတုန္း ဖမ္းမိခဲ့ၿပီး၊ ဆက္စပ္သတင္းအရ ထပ္မံရွာေဖြဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၾသဂုတ္လထဲမွာလည္း ရွမ္းျပည္နယ္၊ ရန္ကုန္ ဗဟန္းနဲ႔ စမ္းေခ်ာင္းၿမဳိ႕နယ္ေတြမွာ ေဒၚလာ (၁၂)သန္းခြဲေက်ာ္ဖုိးရွိတဲ့ မက္သာဖက္တမင္း ေဆးျပားေတြ ဖမ္းမိခဲ့ တယ္လို႔ ဆိုပါတယ္။

အလားတူ ထိုင္းႏိုင္ငံ ခၽြန္ဗူရီခ႐ုိင္ လမ္ခ်ာဘန္ဆိပ္ကမ္းမွာ ပါကစၥတန္ႏိုင္ငံကေန ျမန္မာႏုိင္ငံကို ပစၥည္းတင္ပို႔တဲ့ ကြန္တိန္နာထဲမွာ ဘိန္းမ်ဳိးေစ့ တန္ခ်ိန္(၁၇၀)ကို သိမ္းဆည္း ရမိခဲ့တယ္လို႔ ေအာက္တိုဘာ ၄ ရက္ထုတ္ ဘန္ေကာက္ပုိ႔စ္သတင္းစာမွာ ေဖၚျပပါတယ္။

ဒီလို သိမ္းဆည္းရမိတာေတြကို ၾကည့္ရင္ ျမန္မာႏိုင္ငံရဲ႕ မူးယစ္ေဆးျပႆနာဟာ အရင္ထက္ ပုိဆိုးလာတယ္လို႔ ခန္႔မွန္းေၾကာင္း အေမရိကန္ ကယ္လီဖုိးနားအေျခစိုက္ ရွမ္းစာေပနဲ႔ ယဥ္ေက်းမႈအသင္းဥကၠဌ ေဒါက္တာ စိုင္းေထြးေမာင္က ေျပာပါတယ္။

“က်ေနာ့္အျမင္ကေတာ့ ဒီ မူးယစ္ေဆး၀ါးျပႆနာက ပိုဆိုးလာတယ္ အခုဆိုရင္ တခ်ိဳ႕ေနရာမွာဆိုရင္ အလကားေတာင္ရႏိုင္တယ္ လို႔ေျပာေနတယ္။ အရင္တုန္းကဆိုရင္ အရမ္းေစ်းႀကီးတယ္။ ေနာက္ၿပီးေတာ့ ရဖို႔လည္းမလြယ္ဘူး လူငယ္ေတြက အမ်ားဆံုးပ်က္ဆီးေနတယ္။ ဘယ္ေလာက္အထိ ေၾကာက္စရာေကာင္းလဲဆိုရင္ က်ေနာ္တို႔ အထူးသျဖင့္ ရွမ္းျပည္ ၊ ကခ်င္ျပည္မွာဆိုရင္ ေက်ာင္းမွာ တကၠသိုလ္မွာ၊ ရြာမွာ ၊ ၿမိဳ႕ထဲမွာဆိုရင္ လမ္းေဘးမွာ ေဆးထုိးအပ္ေတြကေတာ့ ပံုေနတာပဲ ။ စိတ္ၾကြေဆးကို သူတို႔က တခါတည္း အရည္ေဖ်ာ္ၿပီးမွ ေဆးထုိးအပ္နဲ႔သူတို႔ ေသြးေၾကာထဲကို သူတို႔ကိုယ္တိုင္ ထည့္လိုက္တာ။”

ျမန္မာႏိုင္ငံရဲ႕ မူးယစ္ေဆးထုတ္လုပ္မႈဟာ တႏွစ္ကို အေမရိကန္ေဒၚလာ (၆၅)ဘီလ်ံ ဝန္းက်င္ ရွိတယ္လို႔ ICG ေခၚ ႏိုင္ငံတကာ ပဋိပကၡ ေလ့လာေရးအဖြဲ႔က ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖၚျပထားတာပါ။ ဒီလုိ မူးယစ္ေဆးေတြကို နယ္စပ္ေဒသ လက္နက္ကိုင္အဖြဲ႔ အမ်ားစုက ထုတ္လုပ္ေနတာ ျဖစ္တယ္လုိ႔ ရွမ္းျပည္နယ္အေရး အထူးေစာင့္ၾကည့္သူ ဂ်ာမနီႏိုင္ငံက စိုင္းဝမ္စိုင္းက ေထာက္ျပပါတယ္။

“ဒီမူးယစ္ေဆး၀ါးနဲ႔ ပတ္သက္တာ ၆၅ ဘီလီယံေဒၚလာေလာက္ တႏွစ္ထုတ္လုပ္မႈ ရွိတယ္လို႔ သူတို႔က ခန္႔မွန္းတာေပါ့ေနာ္။ အခုဒီ မူးယစ္ေဆး၀ါးကေနရတဲ့ အျမတ္အစြန္းေတြကို ျပည္တြင္းမွာပဲ ထားတယ္၊ ျပည္ပမွာ မထုတ္ဘူး။ လာအိုမွာရွိတဲ့ ကာဆီႏိုေတြမွာ သူတို႔ လဲၿပီး အဲဒီေငြေတြကို သူတို႔ တရား၀င္သံုးတာေပါ့ ။ ျပည္တြင္းမွာ ရွိတဲေငြေတြက်ေတာ့ Real Estate ေပါ့ ၊ အိမ္ရာေျမ ေဆာက္လုပ္တာေတြဘာေတြမွာ သူတို႔သြင္းတယ္။ အဲဒီေတာ့ စီးပြားေရး ေစ်းကြက္မွာ သူတို႔ ၀င္ၿပီး လည္ပတ္ေနတာ ကို ထိန္းခ်ဳပ္လို႔မရဘူး။ သူတို႔ဆိုတာက လက္နက္ကိုင္အင္အားစုေတြ BGF ၊ နယ္ျခားေစာင္းတပ္ေတြ ျပည္သူ႔စစ္ေတြပါတယ္ ။ လက္နက္ကိုင္ၿပီး ေတာ္လွန္ေနတဲ့ အဖြဲ႔အစည္းေတြကလည္း ဒါရိုက္မဟုတ္ရင္လည္း သြယ္၀ွိက္ၿပီးေတာ့ ပါတယ္။”

မူးယစ္ေဆး ထုတ္လုပ္သူေတြဟာ ျပည္ပေစ်းကြက္သာမက ျပည္တြင္းေစ်းကြက္ကိုပါ အားထားလာေနတယ္လို႔ ေဒါက္တာစိုင္းေထြးေမာင္က ျမင္ပါတယ္။

“အခုေဆး၀ါးေတြ အမ်ားႀကီးထြက္ေနတာက က်ေနာ္တို႔တိုင္းျပည္မွာ သံုးစြဲေနတဲ့လူေတြ အရမ္းမ်ားေနလို႔လည္းျဖစ္တယ္။ ေနာက္တခုက ႏိုင္ငံျခားေစ်းကြက္ ေကာင္းတယ္၊ မေကာင္းဘူးဆိုတာထက္ သူတို႔ရႏိုင္သေလာက္ပို႔ၿပီးေတာ့မွ သူတို႔ လိုအပ္ေနတဲ့ ေငြကို ရေအာင္ရွာေနတဲ့ သေဘာရွိတယ္။ အထူးသျဖင့္ ရွမ္းျပည္မွာရွိတဲ့ လက္နက္ကိုင္တဲ့အဖြဲ႔ေတြက လုပ္ေနၾကတာ။”

တိုင္းရင္းသားလက္နက္ကုိင္ျပႆနာ မေျဖရွင္းႏိုင္သ၍ ဒီမူးယစ္ေဆးဝါး ျပႆနာ ဆက္ရွိေနဦးမယ္လို႔ စိုင္းဝမ္းစုိင္းက ေထာက္ျပပါတယ္။

“အပစ္အခတ္ရပ္စဲေရးမလုပ္ႏုိင္ရင္ က်ေနာ္တို႔က ႏိုင္ငံေရး ေျပလည္မႈအတြက္ က်ေနာ္တို႔ မေဆြးေႏြးႏိုင္ဘူး ။ မေဆြးေႏြးႏိုင္ဘူးဆိုရင္ လက္နက္ကိုင္ေတာ္လွန္ေရးလုပ္တဲ့လူေတြက သူတို႔ေငြလိုရင္ သူတို႔ရတဲ့ဟာေတြ သူတို႔လုပ္မွာပဲ ။ လုပ္တာလည္း အျမတ္အစြန္း မ်ားမ်ားထြက္တာလည္း မူးယစ္ေဆးကို။ မူးယစ္ေဆး၀ါးကလည္း ၁၉၆၀ ေလာက္ကေနစၿပီး လုပ္လာတာကို အဲဒါဆိုေတာ့ အကုန္လံုး အျမစ္တြယ္ေနၿပီ သူတို႔ infrastructure ကလည္း က်က်နန ရွိေနၿပီ။ အဲဒါႀကီးကို ေခ်ဖ်က္ဖို႔ဆိုရင္လည္း အျပည္ျပည္ဆိုင္ရာ ကူညီမႈမပါပဲနဲ႔ မေခ်ဖ်က္ႏိုင္ဘူး။”

ဒီရက္ပို္င္းေတြအတြင္း ရွမ္းျပည္နယ္ မုိင္းတုံၿမဳိ႕မွာ စိတ္ၾကြေဆးျပား ၅ သန္းကို UWSA ဝတပ္ဖြဲ႔က လိုက္လံဖမ္းဆီးခဲ့ၿပီး နယ္စပ္အေျခစိုက္ ျပည္သူ႔စစ္ေတြနဲ႔ ဆက္စပ္သူေတြဆီက ဖမ္းမိတာျဖစ္ပါတယ္။

အခုဆိုရင္ ျမန္မာႏိုင္ငံဟာ ကမၻာေပၚမွာ စိတ္ၾကြေဆး အမ်ားဆုံးထုတ္လုပ္တဲ့ ႏို္င္ငံလို႔ေတာင္မွ တခ်ဳိ႕ကေျပာေနၾကပါတယ္။ ေဆးျပား အမ်ားစုကုိ ရွမ္းျပည္နယ္မွာ ထုတ္တယ္လို႔ မူးယစ္ေဆး အစီရင္ခံစာတခ်ဳိ႕မွာ ေထာက္ျပပါတယ္။ ဒီစိတ္ၾကြေဆးေတြကို ထုိင္း၊ တ႐ုတ္၊ ဘဂၤလားေဒ့ရွ္နဲ႔ အိမ္နီးခ်င္း ႏို္င္ငံေတြကို တင္ပို႔သလို၊ ဂ်ပန္ ေတာင္ကုိရီးယားနဲ႔ ၾသစေၾတးလ်ား နယူဇီလန္ႏိုင္ငံေတြအထိ တင္ပို႔ေနတာ ျဖစ္ပါတယ္။

.........................

{Unicode}

မြန်မာ့မူးယစ်ဆေး အန္တရာယ် ကြီးမား

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးပြဿနာဟာ အရင်ကထက် ပိုဆိုးလာနေတယ်လို့ ခန့်မှန်းရကြောင်း အကဲခတ်တချို့က သုံးသပ်ပါတယ်။ ဒီသီတင်း ပတ်အတွင်း မြန်မာနိုင်ငံတွင်းနဲ့ ထိုင်းနိုင်ငံတို့မှာ စိတ်ကြွဆေးနဲ့ ဘိန်းမျိုးစေ့တွေ အမြောက်အများ ဖမ်းဆီးရမိခဲ့ပြီးနောက် အခုလို သုံးသပ်လာ ကြတာ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်ပြဿနာ မဖြေရှင်းနိုင်သရွေ့ ဒီမူးယစ်ဆေးဝါး ပြဿနာတွေ ဆက်ရှိနေဦးမယ်လို့ ပြောကြ တာပါ။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းမှာ အမေရိကန်ဒေါ်လာ (၁.၇)သန်းဖိုးလောက်ရှိတဲ့ စိတ်ကြွဆေးပြား (၁.၃)သန်းနီးပါး ဖမ်းမိသိမ်းဆည် ခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေက သောကြာနေ့မှာ ကြေညာပါတယ်။ ဒီဆေးပြားတွေကို အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တမူးမှာ မော်တော်ဆိုင်ကယ်နဲ့ သယ်လာတုန်း ဖမ်းမိခဲ့ပြီး၊ ဆက်စပ်သတင်းအရ ထပ်မံရှာဖွေဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာလည်း ရှမ်းပြည်နယ်၊ ရန်ကုန် ဗဟန်းနဲ့ စမ်းချောင်းမြို့နယ်တွေမှာ ဒေါ်လာ (၁၂)သန်းခွဲကျော်ဖိုးရှိတဲ့ မက်သာဖက်တမင်း ဆေးပြားတွေ ဖမ်းမိခဲ့ တယ်လို့ ဆိုပါတယ်။

အလားတူ ထိုင်းနိုင်ငံ ချွန်ဗူရီခရိုင် လမ်ချာဘန်ဆိပ်ကမ်းမှာ ပါကစ္စတန်နိုင်ငံကနေ မြန်မာနိုင်ငံကို ပစ္စည်းတင်ပို့တဲ့ ကွန်တိန်နာထဲမှာ ဘိန်းမျိုးစေ့ တန်ချိန်(၁၇၀)ကို သိမ်းဆည်း ရမိခဲ့တယ်လို့ အောက်တိုဘာ ၄ ရက်ထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ ဖေါ်ပြပါတယ်။

ဒီလို သိမ်းဆည်းရမိတာတွေကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးပြဿနာဟာ အရင်ထက် ပိုဆိုးလာတယ်လို့ ခန့်မှန်းကြောင်း အမေရိကန် ကယ်လီဖိုးနားအခြေစိုက် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်က ပြောပါတယ်။

“ကျနော့်အမြင်ကတော့ ဒီ မူးယစ်ဆေးဝါးပြဿနာက ပိုဆိုးလာတယ် အခုဆိုရင် တချို့နေရာမှာဆိုရင် အလကားတောင်ရနိုင်တယ် လို့ပြောနေတယ်။ အရင်တုန်းကဆိုရင် အရမ်းဈေးကြီးတယ်။ နောက်ပြီးတော့ ရဖို့လည်းမလွယ်ဘူး လူငယ်တွေက အများဆုံးပျက်ဆီးနေတယ်။ ဘယ်လောက်အထိ ကြောက်စရာကောင်းလဲဆိုရင် ကျနော်တို့ အထူးသဖြင့် ရှမ်းပြည် ၊ ကချင်ပြည်မှာဆိုရင် ကျောင်းမှာ တက္ကသိုလ်မှာ၊ ရွာမှာ ၊ မြို့ထဲမှာဆိုရင် လမ်းဘေးမှာ ဆေးထိုးအပ်တွေကတော့ ပုံနေတာပဲ ။ စိတ်ကြွဆေးကို သူတို့က တခါတည်း အရည်ဖျော်ပြီးမှ ဆေးထိုးအပ်နဲ့သူတို့ သွေးကြောထဲကို သူတို့ကိုယ်တိုင် ထည့်လိုက်တာ။”

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးထုတ်လုပ်မှုဟာ တနှစ်ကို အမေရိကန်ဒေါ်လာ (၆၅)ဘီလျံ ဝန်းကျင် ရှိတယ်လို့ ICG ခေါ် နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာပါ။ ဒီလို မူးယစ်ဆေးတွေကို နယ်စပ်ဒေသ လက်နက်ကိုင်အဖွဲ့ အများစုက ထုတ်လုပ်နေတာ ဖြစ်တယ်လို့ ရှမ်းပြည်နယ်အရေး အထူးစောင့်ကြည့်သူ ဂျာမနီနိုင်ငံက စိုင်းဝမ်စိုင်းက ထောက်ပြပါတယ်။

“ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်တာ ၆၅ ဘီလီယံဒေါ်လာလောက် တနှစ်ထုတ်လုပ်မှု ရှိတယ်လို့ သူတို့က ခန့်မှန်းတာပေါ့နော်။ အခုဒီ မူးယစ်ဆေးဝါးကနေရတဲ့ အမြတ်အစွန်းတွေကို ပြည်တွင်းမှာပဲ ထားတယ်၊ ပြည်ပမှာ မထုတ်ဘူး။ လာအိုမှာရှိတဲ့ ကာဆီနိုတွေမှာ သူတို့ လဲပြီး အဲဒီငွေတွေကို သူတို့ တရားဝင်သုံးတာပေါ့ ။ ပြည်တွင်းမှာ ရှိတဲငွေတွေကျတော့ Real Estate ပေါ့ ၊ အိမ်ရာမြေ ဆောက်လုပ်တာတွေဘာတွေမှာ သူတို့သွင်းတယ်။ အဲဒီတော့ စီးပွားရေး ဈေးကွက်မှာ သူတို့ ဝင်ပြီး လည်ပတ်နေတာ ကို ထိန်းချုပ်လို့မရဘူး။ သူတို့ဆိုတာက လက်နက်ကိုင်အင်အားစုတွေ BGF ၊ နယ်ခြားစောင်းတပ်တွေ ပြည်သူ့စစ်တွေပါတယ် ။ လက်နက်ကိုင်ပြီး တော်လှန်နေတဲ့ အဖွဲ့အစည်းတွေကလည်း ဒါရိုက်မဟုတ်ရင်လည်း သွယ်ဝှိက်ပြီးတော့ ပါတယ်။”

မူးယစ်ဆေး ထုတ်လုပ်သူတွေဟာ ပြည်ပဈေးကွက်သာမက ပြည်တွင်းဈေးကွက်ကိုပါ အားထားလာနေတယ်လို့ ဒေါက်တာစိုင်းထွေးမောင်က မြင်ပါတယ်။

“အခုဆေးဝါးတွေ အများကြီးထွက်နေတာက ကျနော်တို့တိုင်းပြည်မှာ သုံးစွဲနေတဲ့လူတွေ အရမ်းများနေလို့လည်းဖြစ်တယ်။ နောက်တခုက နိုင်ငံခြားဈေးကွက် ကောင်းတယ်၊ မကောင်းဘူးဆိုတာထက် သူတို့ရနိုင်သလောက်ပို့ပြီးတော့မှ သူတို့ လိုအပ်နေတဲ့ ငွေကို ရအောင်ရှာနေတဲ့ သဘောရှိတယ်။ အထူးသဖြင့် ရှမ်းပြည်မှာရှိတဲ့ လက်နက်ကိုင်တဲ့အဖွဲ့တွေက လုပ်နေကြတာ။”

တိုင်းရင်းသားလက်နက်ကိုင်ပြဿနာ မဖြေရှင်းနိုင်သ၍ ဒီမူးယစ်ဆေးဝါး ပြဿနာ ဆက်ရှိနေဦးမယ်လို့ စိုင်းဝမ်းစိုင်းက ထောက်ပြပါတယ်။

“အပစ်အခတ်ရပ်စဲရေးမလုပ်နိုင်ရင် ကျနော်တို့က နိုင်ငံရေး ပြေလည်မှုအတွက် ကျနော်တို့ မဆွေးနွေးနိုင်ဘူး ။ မဆွေးနွေးနိုင်ဘူးဆိုရင် လက်နက်ကိုင်တော်လှန်ရေးလုပ်တဲ့လူတွေက သူတို့ငွေလိုရင် သူတို့ရတဲ့ဟာတွေ သူတို့လုပ်မှာပဲ ။ လုပ်တာလည်း အမြတ်အစွန်း များများထွက်တာလည်း မူးယစ်ဆေးကို။ မူးယစ်ဆေးဝါးကလည်း ၁၉၆၀ လောက်ကနေစပြီး လုပ်လာတာကို အဲဒါဆိုတော့ အကုန်လုံး အမြစ်တွယ်နေပြီ သူတို့ infrastructure ကလည်း ကျကျနန ရှိနေပြီ။ အဲဒါကြီးကို ချေဖျက်ဖို့ဆိုရင်လည်း အပြည်ပြည်ဆိုင်ရာ ကူညီမှုမပါပဲနဲ့ မချေဖျက်နိုင်ဘူး။”

ဒီရက်ပိုင်းတွေအတွင်း ရှမ်းပြည်နယ် မိုင်းတုံမြို့မှာ စိတ်ကြွဆေးပြား ၅ သန်းကို UWSA ဝတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ပြီး နယ်စပ်အခြေစိုက် ပြည်သူ့စစ်တွေနဲ့ ဆက်စပ်သူတွေဆီက ဖမ်းမိတာဖြစ်ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ စိတ်ကြွဆေး အများဆုံးထုတ်လုပ်တဲ့ နိုင်ငံလို့တောင်မှ တချို့ကပြောနေကြပါတယ်။ ဆေးပြား အများစုကို ရှမ်းပြည်နယ်မှာ ထုတ်တယ်လို့ မူးယစ်ဆေး အစီရင်ခံစာတချို့မှာ ထောက်ပြပါတယ်။ ဒီစိတ်ကြွဆေးတွေကို ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိမ်နီးချင်း နိုင်ငံတွေကို တင်ပို့သလို၊ ဂျပန် တောင်ကိုရီးယားနဲ့ သြစတြေးလျား နယူဇီလန်နိုင်ငံတွေအထိ တင်ပို့နေတာ ဖြစ်ပါတယ်။

ကိုဉာဏ္ဝင္းေအာင္ / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျမန္မာ႔မူးယစ္ေဆး အႏၱရာယ္ ႀကီးမား ျမန္မာ႔မူးယစ္ေဆး အႏၱရာယ္ ႀကီးမား Reviewed by THITHTOOLWIN on 00:10 Rating: 5
Powered by Blogger.