အစိုးရပံ့ပိုးမႈ ဆရာ ဆရာမမ်ား ေတာင္းဆို

ဓာတ္ပုံ - UNESCO
ျမန္မာ့ပညာေရး တိုးတက္ေကာင္းမြန္ဖို႔ဆိုရင္ အေရးႀကီးတဲ့ အခန္းက႑မွာ ပါဝင္တဲ့ ဆရာ ဆရာမေတြ စြမ္းေဆာင္ရည္ျမႇင့္တင္ေပးဖို႔ အပါအဝင္ က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ လုပ္ငန္းခြင္လံုၿခံဳမႈေတြကို အစိုးရဘက္က စနစ္တက် ေဆာင္ရြက္ေပးဖို႔ ျမန္မာႏုိင္ငံလံုးဆိုင္ရာ ဆရာ ဆရာမမ်ားအဖြဲ႔ခ်ဳပ္က ကမာၻ႔ဆရာမ်ားေန႔မွာ ေတာင္းဆိုလုိက္ပါတယ္။ ဆရာ ဆရာမေတြရဲ႕ သင္ၾကားမႈစြမ္းရည္ ျမႇင့္တင္ေပးဖို႔ အပါအဝင္ ျမန္မာ့ပညာေရးအခန္းက႑ တိုးတက္ျမင့္မားလာေစေရး ျမန္မာႏုိင္ငံအေနနဲ႔ ႏုိင္ငံတကာရဲ႕ ဝိုင္းဝန္းပံ့ပိုးမႈေတြနဲ႔ ပူးေပါင္းေဆာင္ရြက္သင့္တယ္လို႔လည္း အႀကံျပဳၾကပါတယ္။ အျပည့္အစုံကုိ မဆုမြန္က တင္ျပထားပါတယ္။

ဒီကေန႔ ေအာက္တိုဘာလ ၅ ရက္ေန႔ကေတာ့ ကမာၻ႔ဆရာမ်ားေန႔ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ ပညာေရးအဆင့္ျမင့္ တိုးတက္ေကာင္းမြန္လာဖို႔ဆိုရင္ အဓိက အေရးႀကီးတဲ့ အခန္းက႑မွာ ပါဝင္တဲ့ ဆရာ ဆရာမေတြရဲ႕ ပညာသင္ၾကားမႈ စြမ္းေဆာင္ရည္ ျမင့္မားလာေစဖို႔အတြက္ ဆရာ ဆရာမ တဦးခ်င္းဆီမွာ တာဝန္ရွိသလို အစိုးရ၊ ပညာေရးဝန္ႀကီးဌာနနဲ႔ သက္ဆိုင္တဲ့ အဖြဲ႔အစည္းေတြအားလံုး ဝိုင္းဝန္းပူးေပါင္း ေဆာင္ရြက္ဖို႔ အေရးႀကီးတယ္လို႔ ျမန္မာႏုိင္ငံလံုးဆုိင္ရာ ဆရာ ဆရာမမ်ားအဖြဲ႔ခ်ဳပ္က ကမာၻ႔ဆရာမ်ားေန႔မွာ ေျပာဆိုလိုက္ပါတယ္။

ျမန္မာ့ပညာေရးအခန္းက႑ တိုးတက္ျမင့္မားလာေစေရး ျမန္မာႏုိင္ငံအေနနဲ႔ အေမရိကန္ျပည္ေထာင္စု အပါအဝင္ ႏုိင္ငံတကာရဲ႕ ဝိုင္းဝန္းပံ့ပိုးမႈေတြနဲ႔ ေဆာင္ရြက္သင့္တယ္လို႔ ျမန္မာႏုိင္ငံလံုးဆုိင္ရာ ဆရာ ဆရာမမ်ားအဖြဲ႔ခ်ဳပ္ အေထြေထြအတြင္းေရးမွဴး ဦးသုတက ဗီြအိုေအျမန္မာပိုင္းကို ေျပာပါတယ္။

“ဒီ ဆရာ ဆရာမေတြရဲ႕ အရည္အေသြးကေတာ့ နံပါတ္တစ္ ဆရာ ဆရာမေတြကုိယ္တုိင္ တည္ေဆာက္ဖုိ႔လုိသလို က်ေနာ္တုိ႔ ဆရာအဖြဲ႔အစည္းေတြ၊ ဝန္ႀကီးဌာနက ေဆာင္ရြက္ဖုိ႔လုိတယ္။ အဲဒီလုိေဆာင္ရြက္တဲ့အခါမွာ တဖက္က က်ေနာ္တို႔ ဆရာ ဆရာမေတြရဲ႕ ေဆာင္ရြက္ေပးႏုိင္စြမ္းကေတာ့ အတုိင္းအတာတခုပဲ ရတယ္။ ပညာေရးကို စိတ္ဝင္စားတဲ့ႏုိင္ငံေတြေပါ့၊ အီးယူကေန အေထာက္အပံ့ေတြနဲ႔ ဆက္လုပ္မယ္ဆုိရင္ေတာ့ က်ေနာ္တုိ႔ အကုန္လုံး All Inclusive လုိ႔ ဒီေန႔ေခတ္စားေနတဲ့ စကားလုံးေပါ့ေနာ္၊ အဲဒါနဲ႔ သြားမွရမွာ။

“ဥပမာ အရပ္ဘက္အဖြဲ႔အစည္းေတြ၊ အထူးသျဖင့္ အေမရိကန္သံ႐ုံးလုိမ်ဳိး ပညာေရးကို စိတ္ဝင္စားတဲ့ႏုိင္ငံေတြ အီးယူတုိ႔ကေန အေထာက္အပံ့ေတြနဲ႔ ဆက္လုပ္မယ္ဆုိရင္ေတာ့ ျမန္မာ့ပညာေရးက မၾကာမတင္အတြင္းမွာ အရမ္းေကာင္းတဲ့ ပညာေရးစနစ္၊ တာဝန္ယူတဲ့ တာဝန္ခံတတ္တဲ့စနစ္ ျဖစ္လာမယ္လို႔ေတာ့ က်ေန္ာတုိ႔ ထင္ပါတယ္။ အဲေတာ့ အေမရိကန္သံ႐ုံးကလည္း က်ေနာ္တုိ႔ကုိ က်ယ္က်ယ္ျပန္႔ျပန္႔၊ အခုဆုိ အေမရိကန္ လက္ေထာက္ႏုိင္ငံျခားေရးဝန္ႀကီးလည္း လာတယ္၊ ျမန္မာ့ပညာေရးကို အရမ္းကူညီေနတယ္ေပါ့ေနာ္။ အဲဒါေၾကာင့္မုိ႔ အတုိင္းအတာ တခုထိေတာ့ ေရာက္လာၿပီ။ ဒါေပမယ့္ ႏုိင္ငံတကာ အကူအညီ လုိအပ္သလုိ ကုိယ့္ကုိယ္ကိုယ္လည္း တဦးခ်င္းစီ ျပင္ဆင္ၿပီး ႀကိဳးစားသြားဖို႔ လုိအပ္တယ္လို႔ ထင္ပါတယ္။”

အေျခခံမူလတန္းႀကိဳကေနတဆင့္ မူလတန္း၊ အလယ္တန္း၊ အထက္တန္း၊ အဆင့္ျမင့္ပညာေရး သင္တန္းေက်ာင္းေတြအထိ ပညာသင္ၾကားေပးေနတဲ့ ဆရာ ဆရာမေတြအတြက္ လုပ္ငန္းခြင္လံုၿခံဳမႈ၊ က်န္းမာေရးေစာင့္ေရွာက္မႈ အပါအဝင္ လံုေလာက္တဲ့ ဘဝအာမခံခ်က္ ေပးႏိုင္တဲ့အထိ ေရရွည္စီမံကိန္းေတြနဲ႔ စနစ္တက် ေဆာင္ရြက္ေပးသင့္တယ္လို႔လည္း ျမန္မာႏုိင္ငံလံုးဆုိင္ရာ ဆရာ ဆရာမမ်ားအဖြဲ႔ခ်ဳပ္ အေထြေထြအတြင္းေရးမွဴး ဦးသုတက ေျပာပါတယ္။

“က်ေနာ္တုိ႔ အရပ္သားအစုိးရ လက္ထက္မွာက်ေတာ့ နံပါတ္တစ္ ေက်ာင္းသားေတြရဲ႕ အရည္အေသြး၊ ဆရာေတြရဲ႕ အရည္အေသြး ႏွစ္ခုလုံး တိုးတက္ေအာင္လို႔ Management ကိုလည္း ျပင္ဖုိ႔လုိတာေပါ့။ အဲေတာ့ ပညာေရးဝန္ႀကီးဌာနရဲ႕ စီမံခန္႔ခြဲမႈ အပုိင္းေလးေတြကုိ ျပင္ၿပီးေတာ့ လုပ္မယ္ေပါ့။ ၿပီးေတာ့ အရပ္ဘက္ အဖြဲ႔အစည္းေတြနဲ႔ ပညာေရးဌာနက ပူးေပါင္းေဆာင္ရြက္မွသာလွ်င္ ေအာင္ျမင္မယ္လို႔ ထင္တယ္။ ဒါက တပုိင္းပါခင္ဗ်။ အဲေတာ့ အစုိးရအေနနဲ႔ လစာနဲ႔ Safety ေပါ့ေနာ္၊ သူတို႔ရဲ႕ လုံၿခဳံမႈဆုိင္ရာေပါ့၊ ပတ္ဝန္းက်င္ဆုိင္ရာ လုံၿခဳံမႈရွိမယ္၊ က်န္းမာေရး အသုံးစရိတ္ေတြကို အစုိးရ ေထာက္ပံ့ေပးတာမ်ဳိး၊ ၿပီးေတာ့ က်န္းမာေရး အာမခံ ပညာေရးဝန္ထမ္းေတြကို ထားေပးတာမ်ဳိးေတြ လုိသလုိ တဖက္ကလည္း ေနစရာ ထုိင္စရာ ဆရာ ဆရာမေတြရဲ႕ဘဝ လုံၿခဳံေရးအတြက္ေပါ့၊ အညိဳေရာင္နယ္ေျမ စစ္ျဖစ္ေနတဲ့ ဧရိယာမွာ သြားရင္ လုံၿခဳံမႈအားနည္းတယ္။ အဲေတာ့ မလုံၿခဳံတဲ့အခါ လက္နက္ကိုင္ အဖြဲ႔အစည္းေတြ ၾကားမွာေတာ့ ဆရာ ဆရာမေတြကို အျပည့္အဝ ကာကြယ္ေစာင့္ေရွာက္ေပးသင့္တယ္။ ဘယ္အဖြဲ႔ပဲျဖစ္ျဖစ္ပါ၊ အဲလိုမ်ဳိး လုပ္ေပးမယ္ဆုိရင္ေတာ့ ပညာေရး တုိးတက္မွာေပါ့ေနာ္။”

ျမန္မာ့ပညာေရး ျပဳျပင္ေျပာင္းလဲေရး ၿငိမ္းခ်မ္းစြာ ဆႏၵျပ ေတာင္းဆိုခဲ့တဲ့ ေက်ာင္းသားေခါင္းေဆာင္တဦးလည္းျဖစ္၊ အိုးေဝပညာဒါန စာသင္ေက်ာင္းကို ဦးေဆာင္ ေဆာင္ရြက္ေနသူ ဗကသ ေက်ာင္းသားေခါင္းေဆာင္တဦးျဖစ္တဲ့ မင္းေသြးသစ္ကလည္း ပညာေရးေလာက ျမႇင့္တင္ေရး ဆရာ ဆရာမေတြရဲ႕ အခန္းက႑ကို ျမႇင့္တင္ေပးႏိုင္ဖို႔နဲ႔ သင္ၾကားသင္ယူ ေလ့လာႏိုင္ေရး အဘက္ဘက္က ဝိုင္းဝန္းေဆာင္ရြက္ေပးဖို႔ လိုတယ္လို႔လည္း ေျပာပါတယ္။

“က်ေနာ္တုိ႔ႏုိင္ငံမွာေတာ့ ဆရာ ဆရာမေတြရဲ႕ အရည္အခ်င္းပုိင္းဆုိင္ရာ ေတာ္ေတာ္ေလး လုိအပ္မႈရွိတယ္။ အရည္အခ်င္းပုိင္းဆုိင္ရာ ဆုိတဲ့ေနရာမွာ အစုိးရက ဖန္တီးေပးသေလာက္နဲ႔ ေခတ္ကာလ ေခတ္စနစ္ ပညာေရးအေျခအေနနဲ႔ေတာ့ လက္လွမ္းမီမွာ မဟုတ္ေသးဘူး။ ဒါ ဆရာ ဆရာမေတြဘက္က လိုအပ္ခ်က္အပုိင္းေပါ့။ ေနာက္တခုက ဆရာ ဆရာမေတြရဲ႕ ဘဝလုံၿခဳံမႈအပုိင္းေပါ့၊ ကိုယ္ရည္ကုိယ္ေသြး သူတို႔ရဲ႕ အရည္အေသြးေတြ တုိးတက္လာေရး အဲဒါ အစိုးရဘက္က စီစဥ္ေပးရမွာေပါ့။ ေခတ္ကာလ အေျခအေနနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္။ ဘာေၾကာင့္လဲဆုိေတာ့ ပညာေရး ျပဳျပင္ေျပာင္းလဲမႈမွာ ဆရာ ဆရာမေတြရဲ႕ အခန္းက႑က အလြန္အေရးႀကီးတဲ့ အခန္းက႑မွာ ပါဝင္ေနတာျဖစ္တယ္။”

ကမာၻ႔ဆရာမ်ားေန႔ကို အေျခခံနဲ႔ အဆင့္ျမင့္ပညာေရး ပူးေပါင္းေဆာင္ရြက္မႈ ေကာ္မတီက ႀကီးမွဴးၿပီးလည္း ဝိဇၨာခန္းမေဆာင္မွာ က်င္းပပါတယ္။ ရန္ကုန္ အေမရိကန္သံ႐ံုးကလည္း ကမာၻ႔ဆရာမ်ားေန႔ အထိမ္းအမွတ္ အသက္ ၃ ႏွစ္ကေန ၁၀ ႏွစ္အတြင္း ငယ္ရြယ္တဲ့ ကေလးသူငယ္ေလးေတြကို အဂၤလိပ္စာ သင္ၾကားေပးရာမွာ အသံုးဝင္မယ့္ လက္ေတြ႔သင္ခန္းစာေတြ သင္ယူႏုိင္ေရး အေမရိကန္သံ႐ံုးရဲ႕ အြန္လိုင္းအခမဲ့သင္တန္း ဖြင့္လွစ္ေပးမယ့္အေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

ႏွစ္စဥ္ ေအာက္တိုဘာလ ၅ ရက္တိုင္းမွာ က်ေရာက္တဲ့ ကမာၻ႔ဆရာမ်ားေန႔ကို ကမာၻ႔ကုလသမဂၢ လက္ေအာက္ခံ အဖြဲ႔အစည္းေတြျဖစ္တဲ့ ကုလသမဂၢ ပညာေရး၊ သိပၸံနဲ႔ ယဥ္ေက်းမႈအဖြဲ႔ UNESCO၊ အျပည္ျပည္ဆုိင္ရာ အလုပ္သမားအဖြဲ႔ခ်ဳပ္ ILO၊ ကုလသမဂၢ ဖြံ႔ၿဖိဳးမႈအစီအစဥ္ UNDP ကုလသမဂၢ ကေလးသူငယ္မ်ား ရန္ပံုေငြအဖြဲ႔ UNICEF တို႔က ပူးေပါင္းစီစဥ္ က်င္းပတာ ျဖစ္ပါတယ္။

------------------------------

(Unicode)

အစိုးရပံ့ပိုးမှု ဆရာ ဆရာမများ တောင်းဆို

မြန်မာ့ပညာရေး တိုးတက်ကောင်းမွန်ဖို့ဆိုရင် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်တဲ့ ဆရာ ဆရာမတွေ စွမ်းဆောင်ရည်မြှင့်တင်ပေးဖို့ အပါအဝင်ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လုပ်ငန်းခွင်လုံခြုံမှုတွေကို အစိုးရဘက်က စနစ်တကျ ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်က ကမ္ဘာ့ဆရာများနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဆရာ ဆရာမတွေရဲ့ သင်ကြားမှုစွမ်းရည် မြှင့်တင်ပေးဖို့ အပါအဝင် မြန်မာ့ပညာရေးအခန်းကဏ္ဍ တိုးတက်မြင့်မားလာစေရေး မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ ဝိုင်းဝန်းပံ့ပိုးမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့လည်း အကြံပြုကြပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၅ ရက်နေ့ကတော့ ကမ္ဘာ့ဆရာများနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပညာရေးအဆင့်မြင့် တိုးတက်ကောင်းမွန်လာဖို့ဆိုရင် အဓိက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်တဲ့ ဆရာ ဆရာမတွေရဲ့ ပညာသင်ကြားမှု စွမ်းဆောင်ရည် မြင့်မားလာစေဖို့အတွက် ဆရာ ဆရာမ တဦးချင်းဆီမှာ တာဝန်ရှိသလို အစိုးရ၊ ပညာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်က ကမ္ဘာ့ဆရာများနေ့မှာ ပြောဆိုလိုက်ပါတယ်။

မြန်မာ့ပညာရေးအခန်းကဏ္ဍ တိုးတက်မြင့်မားလာစေရေး မြန်မာနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာရဲ့ ဝိုင်းဝန်းပံ့ပိုးမှုတွေနဲ့ ဆောင်ရွက်သင့်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးသုတက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဒီ ဆရာ ဆရာမတွေရဲ့ အရည်အသွေးကတော့ နံပါတ်တစ် ဆရာ ဆရာမတွေကိုယ်တိုင် တည်ဆောက်ဖို့လိုသလို ကျနော်တို့ ဆရာအဖွဲ့အစည်းတွေ၊ ဝန်ကြီးဌာနက ဆောင်ရွက်ဖို့လိုတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါမှာ တဖက်က ကျနော်တို့ ဆရာ ဆရာမတွေရဲ့ ဆောင်ရွက်ပေးနိုင်စွမ်းကတော့ အတိုင်းအတာတခုပဲ ရတယ်။ ပညာရေးကို စိတ်ဝင်စားတဲ့နိုင်ငံတွေပေါ့၊ အီးယူကနေ အထောက်အပံ့တွေနဲ့ ဆက်လုပ်မယ်ဆိုရင်တော့ ကျနော်တို့ အကုန်လုံး All Inclusive လို့ ဒီနေ့ခေတ်စားနေတဲ့ စကားလုံးပေါ့နော်၊ အဲဒါနဲ့ သွားမှရမှာ။

“ဥပမာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အထူးသဖြင့် အမေရိကန်သံရုံးလိုမျိုး ပညာရေးကို စိတ်ဝင်စားတဲ့နိုင်ငံတွေ အီးယူတို့ကနေ အထောက်အပံ့တွေနဲ့ ဆက်လုပ်မယ်ဆိုရင်တော့ မြန်မာ့ပညာရေးက မကြာမတင်အတွင်းမှာ အရမ်းကောင်းတဲ့ ပညာရေးစနစ်၊ တာဝန်ယူတဲ့ တာဝန်ခံတတ်တဲ့စနစ် ဖြစ်လာမယ်လို့တော့ ကျနေ်ာတို့ ထင်ပါတယ်။ အဲတော့ အမေရိကန်သံရုံးကလည်း ကျနော်တို့ကို ကျယ်ကျယ်ပြန့်ပြန့်၊ အခုဆို အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးလည်း လာတယ်၊ မြန်မာ့ပညာရေးကို အရမ်းကူညီနေတယ်ပေါ့နော်။ အဲဒါကြောင့်မို့ အတိုင်းအတာ တခုထိတော့ ရောက်လာပြီ။ ဒါပေမယ့် နိုင်ငံတကာ အကူအညီ လိုအပ်သလို ကိုယ့်ကိုယ်ကိုယ်လည်း တဦးချင်းစီ ပြင်ဆင်ပြီး ကြိုးစားသွားဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။”

အခြေခံမူလတန်းကြိုကနေတဆင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ အဆင့်မြင့်ပညာရေး သင်တန်းကျောင်းတွေအထိ ပညာသင်ကြားပေးနေတဲ့ ဆရာ ဆရာမတွေအတွက် လုပ်ငန်းခွင်လုံခြုံမှု၊ ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် လုံလောက်တဲ့ ဘဝအာမခံချက် ပေးနိုင်တဲ့အထိ ရေရှည်စီမံကိန်းတွေနဲ့ စနစ်တကျ ဆောင်ရွက်ပေးသင့်တယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးသုတက ပြောပါတယ်။

“ကျနော်တို့ အရပ်သားအစိုးရ လက်ထက်မှာကျတော့ နံပါတ်တစ် ကျောင်းသားတွေရဲ့ အရည်အသွေး၊ ဆရာတွေရဲ့ အရည်အသွေး နှစ်ခုလုံး တိုးတက်အောင်လို့ Management ကိုလည်း ပြင်ဖို့လိုတာပေါ့။ အဲတော့ ပညာရေးဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှု အပိုင်းလေးတွေကို ပြင်ပြီးတော့ လုပ်မယ်ပေါ့။ ပြီးတော့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပညာရေးဌာနက ပူးပေါင်းဆောင်ရွက်မှသာလျှင် အောင်မြင်မယ်လို့ ထင်တယ်။ ဒါက တပိုင်းပါခင်ဗျ။ အဲတော့ အစိုးရအနေနဲ့ လစာနဲ့ Safety ပေါ့နော်၊ သူတို့ရဲ့ လုံခြုံမှုဆိုင်ရာပေါ့၊ ပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံမှုရှိမယ်၊ ကျန်းမာရေး အသုံးစရိတ်တွေကို အစိုးရ ထောက်ပံ့ပေးတာမျိုး၊ ပြီးတော့ ကျန်းမာရေး အာမခံ ပညာရေးဝန်ထမ်းတွေကို ထားပေးတာမျိုးတွေ လိုသလို တဖက်ကလည်း နေစရာ ထိုင်စရာ ဆရာ ဆရာမတွေရဲ့ဘဝ လုံခြုံရေးအတွက်ပေါ့၊ အညိုရောင်နယ်မြေ စစ်ဖြစ်နေတဲ့ ဧရိယာမှာ သွားရင် လုံခြုံမှုအားနည်းတယ်။ အဲတော့ မလုံခြုံတဲ့အခါ လက်နက်ကိုင် အဖွဲ့အစည်းတွေ ကြားမှာတော့ ဆရာ ဆရာမတွေကို အပြည့်အဝ ကာကွယ်စောင့်ရှောက်ပေးသင့်တယ်။ ဘယ်အဖွဲ့ပဲဖြစ်ဖြစ်ပါ၊ အဲလိုမျိုး လုပ်ပေးမယ်ဆိုရင်တော့ ပညာရေး တိုးတက်မှာပေါ့နော်။”

မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲရေး ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တဦးလည်းဖြစ်၊ အိုးဝေပညာဒါန စာသင်ကျောင်းကို ဦးဆောင် ဆောင်ရွက်နေသူ ဗကသ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ မင်းသွေးသစ်ကလည်း ပညာရေးလောက မြှင့်တင်ရေး ဆရာ ဆရာမတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ဖို့နဲ့ သင်ကြားသင်ယူ လေ့လာနိုင်ရေး အဘက်ဘက်က ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ လိုတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာတော့ ဆရာ ဆရာမတွေရဲ့ အရည်အချင်းပိုင်းဆိုင်ရာ တော်တော်လေး လိုအပ်မှုရှိတယ်။ အရည်အချင်းပိုင်းဆိုင်ရာ ဆိုတဲ့နေရာမှာ အစိုးရက ဖန်တီးပေးသလောက်နဲ့ ခေတ်ကာလ ခေတ်စနစ် ပညာရေးအခြေအနေနဲ့တော့ လက်လှမ်းမီမှာ မဟုတ်သေးဘူး။ ဒါ ဆရာ ဆရာမတွေဘက်က လိုအပ်ချက်အပိုင်းပေါ့။ နောက်တခုက ဆရာ ဆရာမတွေရဲ့ ဘဝလုံခြုံမှုအပိုင်းပေါ့၊ ကိုယ်ရည်ကိုယ်သွေး သူတို့ရဲ့ အရည်အသွေးတွေ တိုးတက်လာရေး အဲဒါ အစိုးရဘက်က စီစဉ်ပေးရမှာပေါ့။ ခေတ်ကာလ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင်။ ဘာကြောင့်လဲဆိုတော့ ပညာရေး ပြုပြင်ပြောင်းလဲမှုမှာ ဆရာ ဆရာမတွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာဖြစ်တယ်။”

ကမ္ဘာ့ဆရာများနေ့ကို အခြေခံနဲ့ အဆင့်မြင့်ပညာရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီက ကြီးမှူးပြီးလည်း ဝိဇ္ဇာခန်းမဆောင်မှာ ကျင်းပပါတယ်။ ရန်ကုန် အမေရိကန်သံရုံးကလည်း ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသက် ၃ နှစ်ကနေ၁၀ နှစ်အတွင်း ငယ်ရွယ်တဲ့ ကလေးသူငယ်လေးတွေကို အင်္ဂလိပ်စာ သင်ကြားပေးရာမှာ အသုံးဝင်မယ့် လက်တွေ့သင်ခန်းစာတွေ သင်ယူနိုင်ရေး အမေရိကန်သံရုံးရဲ့ အွန်လိုင်းအခမဲ့သင်တန်း ဖွင့်လှစ်ပေးမယ့်အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

နှစ်စဉ် အောက်တိုဘာလ ၅ ရက်တိုင်းမှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ကို ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေဖြစ်တဲ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ UNECIF တို့က ပူးပေါင်းစီစဉ် ကျင်းပတာ ဖြစ်ပါတယ်။

မဆုမြန္ / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
အစိုးရပံ့ပိုးမႈ ဆရာ ဆရာမမ်ား ေတာင္းဆို အစိုးရပံ့ပိုးမႈ ဆရာ ဆရာမမ်ား ေတာင္းဆို Reviewed by THITHTOOLWIN on 00:12 Rating: 5
Powered by Blogger.