ကန္လက္ခံတဲ႔ ဒုကၡသည္ေတြထဲ ျမန္မာ ဒုတိယအမ်ားဆံုး

အေမရိကန္ကိုလာတဲ့ ကရင္ဒုကၡသည္မ်ား
အေမရိကန္ ျပည္ေထာင္စုက ၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္ အတြင္း လက္ခံခဲ႔တဲ႔ ကမၻာတလႊားက ဒုကၡသည္ေတြထဲမွာ ျမန္မာ ဒုကၡသည္က ဒုယတိ အမ်ားဆံုး ျဖစ္ပါတယ္။ ေအာက္တိုဘာလ ၁ ရက္ ၂၀၁၈ ခုႏွစ္ကေန စက္တင္ဘာလ ၃၀ ၂၀၁၉ ခုႏွစ္ အတြင္း အေမရိကန္ ျပည္ေထာင္စုက လက္ခံခဲ႔တဲ႔ ဒုကၡသည္ေတြထဲမွာ ဒီမိုကရက္တစ္ ကြန္ဂို သမၼတ ႏိုင္ငံက ဒုကၡသည္ ၁၃၀၀၀ နီးပါးကို လက္ခံခဲ႔ၿပီး ျမန္မာ ဒုကၡသည္က ၄၉၃၂ ဦးနဲ႔ ဒုတိယ ေနရာက လိုက္ေနတာပါ။

ဒီေနာက္မွာေတာ့ ယူကရိန္း၊ အီရီႀတီးယား၊ အာဖဂန္နစၥတန္တို႔က ဒုကၡသည္ လက္ခံမႈ အမ်ားဆံုး ထိပ္တန္း ၅ ႏုိင္ငံထဲမွာ ပါ၀င္ခဲ႔ပါတယ္။ အီရတ္နဲ႔ ဆီးရီးယားတို႔ကေတာ့ ဒုကၡသည္ ၆၀၀ ေလာက္ နီးပါးစီ လက္ခံခဲ႔ပါတယ္။ အေမရိကန္ ျပည္ေထာင္စုရဲ႕ ၂၀၁၉ ခုႏွစ္ ဘ႑ာႏွစ္က တနလာၤေန႔မွာ အဆံုးသတ္ခဲ႔ၿပီး ဒုကၡသည္ အမ်ားဆံုး ၃၀၀၀၀ သာ လက္ခံဖို႔ ကန္႔သတ္ခ်က္လည္း ျပည့္မီခဲ႔ပါတယ္။

လာမယ့္ ၂၀၂၀ ျပည့္ႏွစ္မွာလည္း ကမၻာတလႊားက ဒုကၡသည္ေတြ လက္ခံမယ့္ အေရအတြက္ကို သိသိသာသာ ထပ္ၿပီး ေလွ်ာ့ခ်ဖို႔ သမၼတ Donald Trump အစိုးရက ဆန္းစစ္ေနပါတယ္။ ၿပီးခဲ႔တဲ႔ ၂၀၁၈ တုန္းကေတာ့ ဒုကၡသည္ အေရအတြက္ကို အမ်ားဆံုး ၄၅၀၀၀ ထိသာ လက္ခံဖို႔ သတ္မွတ္ခ်က္နဲ႔ယွဥ္ရင္ေတာ့ အခု ၂၀၁၉ ခုႏွစ္မွ ထက္၀က္နီးပါးသာ ရွိတဲ႔ ၂၂၄၉၁ ဦးသာ လက္ခံခဲ႔တာပါ။

ေအာက္တိုဘာလ ၁ ရက္ ၂၀၁၉ ကေန စမယ့္ ဘ႑ာေရး ႏွစ္သစ္မွာေတာ့ အေမရိကန္က ဒုကၡသည္ အေရအတြက္ ၁၈၀၀၀ ထိသာ လက္ခံဖို႔ စဥ္းစားေနေၾကာင္း ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ၿပီးခဲ႔တဲ႔ သတင္းပတ္ အတြင္း ေၾကညာခဲ႔ပါတယ္။ တကယ္လို႔ ဒီေၾကညာခ်က္သာ အတည္ျဖစ္ခဲ႔မယ္ဆိုရင္ေတာ့ ၁၉၈၀ ျပည့္ႏွစ္မွာ လႊတ္ေတာ္က အတည္ျပဳခဲ႔တဲ႔ ေခတ္သစ္ ဒုကၡသည္ အစီအစဥ္ေနာက္ပိုင္း ဒုကၡသည္ လက္ခံမႈ အနည္းဆံုး သတ္မွတ္ခ်က္ ျဖစ္လာမွာပါ။

.......................

{Unicode}

ကန်လက်ခံတဲ့ ဒုက္ခသည်တွေထဲ မြန်မာ ဒုတိယအများဆုံး

အမေရိကန် ပြည်ထောင်စုက ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် အတွင်း လက်ခံခဲ့တဲ့ ကမ္ဘာတလွှားက ဒုက္ခသည်တွေထဲမှာ မြန်မာ ဒုက္ခသည်က ဒုယတိ အများဆုံး ဖြစ်ပါတယ်။ အောက်တိုဘာလ ၁ ရက် ၂၀၁၈ ခုနှစ်ကနေ စက်တင်ဘာလ ၃၀ ၂၀၁၉ ခုနှစ် အတွင်း အမေရိကန် ပြည်ထောင်စုက လက်ခံခဲ့တဲ့ ဒုက္ခသည်တွေထဲမှာ ဒီမိုကရက်တစ် ကွန်ဂို သမ္မတ နိုင်ငံက ဒုက္ခသည် ၁၃၀၀၀ နီးပါးကို လက်ခံခဲ့ပြီး မြန်မာ ဒုက္ခသည်က ၄၉၃၂ ဦးနဲ့ ဒုတိယ နေရာက လိုက်နေတာပါ။

ဒီနောက်မှာတော့ ယူကရိန်း၊ အီရီတြီးယား၊ အာဖဂန်နစ္စတန်တို့က ဒုက္ခသည် လက်ခံမှု အများဆုံး ထိပ်တန်း ၅ နိုင်ငံထဲမှာ ပါဝင်ခဲ့ပါတယ်။ အီရတ်နဲ့ ဆီးရီးယားတို့ကတော့ ဒုက္ခသည် ၆၀၀ လောက် နီးပါးစီ လက်ခံခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ ၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်က တနလာၤနေ့မှာ အဆုံးသတ်ခဲ့ပြီး ဒုက္ခသည် အများဆုံး ၃၀၀၀၀ သာ လက်ခံဖို့ ကန့်သတ်ချက်လည်း ပြည့်မီခဲ့ပါတယ်။

လာမယ့် ၂၀၂၀ ပြည့်နှစ်မှာလည်း ကမ္ဘာတလွှားက ဒုက္ခသည်တွေ လက်ခံမယ့် အရေအတွက်ကို သိသိသာသာ ထပ်ပြီး လျှော့ချဖို့ သမ္မတ Donald Trump အစိုးရက ဆန်းစစ်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ တုန်းကတော့ ဒုက္ခသည် အရေအတွက်ကို အများဆုံး ၄၅၀၀၀ ထိသာ လက်ခံဖို့ သတ်မှတ်ချက်နဲ့ယှဉ်ရင်တော့ အခု ၂၀၁၉ ခုနှစ်မှ ထက်ဝက်နီးပါးသာ ရှိတဲ့ ၂၂၄၉၁ ဦးသာ လက်ခံခဲ့တာပါ။

အောက်တိုဘာလ ၁ ရက် ၂၀၁၉ ကနေ စမယ့် ဘဏ္ဍာရေး နှစ်သစ်မှာတော့ အမေရိကန်က ဒုက္ခသည် အရေအတွက် ၁၈၀၀၀ ထိသာ လက်ခံဖို့ စဉ်းစားနေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ သတင်းပတ် အတွင်း ကြေညာခဲ့ပါတယ်။ တကယ်လို့ ဒီကြေညာချက်သာ အတည်ဖြစ်ခဲ့မယ်ဆိုရင်တော့ ၁၉၈၀ ပြည့်နှစ်မှာ လွှတ်တော်က အတည်ပြုခဲ့တဲ့ ခေတ်သစ် ဒုက္ခသည် အစီအစဉ်နောက်ပိုင်း ဒုက္ခသည် လက်ခံမှု အနည်းဆုံး သတ်မှတ်ချက် ဖြစ်လာမှာပါ။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ကန္လက္ခံတဲ႔ ဒုကၡသည္ေတြထဲ ျမန္မာ ဒုတိယအမ်ားဆံုး ကန္လက္ခံတဲ႔ ဒုကၡသည္ေတြထဲ ျမန္မာ ဒုတိယအမ်ားဆံုး Reviewed by THITHTOOLWIN on 04:07 Rating: 5
Powered by Blogger.