ဧကရာဇ္နန္းတက္ပြဲအတြက္ အတိုင္ပင္ခံပုဂၢိဳလ္ ဂ်ပန္ေရာက္ရွိ

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိလ္ ေဒၚေအာင္ဆန္းစုၾကည္။
Zawgyi
ဂ်ပန္ဧကရာဇ္ နာ႐ူဟီတို (Naruhito) ရဲ႕ ထီးနန္းတက္ပြဲ အခမ္းအနား တက္ေရာက္မယ့္ ႏုိင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕ေတာ္ကို တနဂၤေႏြေန႔က ဆိုက္ေရာက္သြားပါၿပီ။

ဂ်ပန္အစိုးရရဲ႕ ဖိတ္ၾကားခ်က္အရ သြားေရာက္တဲ့ ဂ်ပန္ခရီးစဥ္အတြင္းမွာေတာ့ ႏုိင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔အတူ ႏုိင္ငံေတာ္ အတိုင္ပင္ခံ႐ုံး ၀န္ႀကီး ဦးေက်ာ္တင့္ေဆြ၊ စီမံကိန္းနဲ႔ ဘ႑ာေရး ဒုတိယ၀န္ႀကီး ဦးဆက္ေအာင္တို႔ လိုက္ပါသြားပါတယ္။

တနဂၤေႏြေန႔ ညပိုင္းက တိုက်ိဳကို ေဒၚေအာင္ဆန္းစုၾကည္ ဆိုက္ေရာက္လာခ်ိန္မွာေတာ့ ဂ်ပန္ေရာက္ ျမန္မာေတြ ႀကိဳဆိုခဲ့ၾကပါတယ္။

ေမလ ၁ ရက္ေန႔ကစလို႔ တာ၀န္ယူခဲ့တဲ့ ဂ်ပန္ဧကရာဇ္သစ္ နာ႐ူဟီတုိက ေအာက္တိုဘာလ ၂၂ ရက္ေန႔ အဂၤါေန႔မွာ တရား၀င္နန္းတက္ပြဲ က်င္းပမွာျဖစ္ၿပီး ကမၻာတလႊားက ေတာ္၀င္မိသားစုေတြ၊ ႏုိင္ငံေခါင္းေဆာင္ေတြ၊ ဂုဏ္သေရရွိပုဂၢိဳလ္ ၂၀၀ နီးပါး တက္ေရာက္ၾကမွာ ျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အခုတႀကိမ္ ခရီးစဥ္ဟာဆိုရင္ တတိယေျမာက္ ဂ်ပန္ႏုိင္ငံ ခရီးစဥ္ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုလအတြင္း သြားေရာက္ခဲ့တဲ့ ဂ်ပန္ခရီးစဥ္ အတြင္းမွာေတာ့ ဂ်ပန္၀န္ႀကီးခ်ဳပ္ Shinzo Abe နဲ႔လည္း ေတြ႔ဆံုခဲ့ၿပီး စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ ရခုိင္ျပည္နယ္တြင္း အေျခအေနေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။

ေက်းလက္ေဒသ ဖြံ႔ၿဖိဳးေရးအတြက္ လမ္းပန္းဆက္သြယ္ေရးနဲ႔ လွ်ပ္စစ္တိုးတက္ရရွိဖို႔ အထူးအေရးႀကီးေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုခဲ့သလို ျမန္မာ့ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွာ ဂ်ပန္ရဲ႕ ေထာက္ပံ့မႈေတြကို ေက်းဇူးတင္ရွိေၾကာင္းလည္း ေျပာဆိုခဲ့တာပါ။ အခုခရီးစဥ္အတြင္းမွာေတာ့ စီမံဘ႑ာ ဒု၀န္ႀကီးနဲ႔ ကိုယ္စားလွယ္အဖြဲ႔လည္း လိုက္ပါသြားတာေၾကာင့္ ဂ်ပန္အစိုးရနဲ႔ ျမန္မာ့ဖြံ႔ၿဖိဳးေရး ကိစၥေတြ ေဆြးေႏြးဖြယ္ ရွိပါတယ္။

--------------------------------

(Unicode)

ဧကရာဇ်နန်းတက်ပွဲအတွက် အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်ရောက်ရှိ

ဂျပန်ဧကရာဇ် နာရူဟီတို (Naruhito) ရဲ့ ထီးနန်းတက်ပွဲ အခမ်းအနား တက်ရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့တော်ကို တနင်္ဂနွေနေ့က ဆိုက်ရောက်သွားပါပြီ။

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ သွားရောက်တဲ့ ဂျပန်ခရီးစဉ်အတွင်းမှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးဆက်အောင်တို့ လိုက်ပါသွားပါတယ်။

တနင်္ဂနွေနေ့ ညပိုင်းက တိုကျိုကို ဒေါ်အောင်ဆန်းစုကြည် ဆိုက်ရောက်လာချိန်မှာတော့ ဂျပန်ရောက် မြန်မာတွေ ကြိုဆိုခဲ့ကြပါတယ်။

မေလ ၁ ရက်နေ့ကစလို့ တာဝန်ယူခဲ့တဲ့ ဂျပန်ဧကရာဇ်သစ် နာရူဟီတိုက အောက်တိုဘာလ ၂၂ ရက်နေ့ အင်္ဂါနေ့မှာ တရားဝင်နန်းတက်ပွဲ ကျင်းပမှာဖြစ်ပြီး ကမ္ဘာတလွှားက တော်ဝင်မိသားစုတွေ၊ နိုင်ငံခေါင်းဆောင်တွေ၊ ဂုဏ်သရေရှိပုဂ္ဂိုလ် ၂၀၀ နီးပါး တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုတကြိမ် ခရီးစဉ်ဟာဆိုရင် တတိယမြောက် ဂျပန်နိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုလအတွင်း သွားရောက်ခဲ့တဲ့ ဂျပန်ခရီးစဉ် အတွင်းမှာတော့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့လည်း တွေ့ဆုံခဲ့ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ရခိုင်ပြည်နယ်တွင်း အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်တိုးတက်ရရှိဖို့ အထူးအရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သလို မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဂျပန်ရဲ့ ထောက်ပံ့မှုတွေကို ကျေးဇူးတင်ရှိကြောင်းလည်း ပြောဆိုခဲ့တာပါ။ အခုခရီးစဉ်အတွင်းမှာတော့ စီမံဘဏ္ဍာ ဒုဝန်ကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့လည်း လိုက်ပါသွားတာကြောင့် ဂျပန်အစိုးရနဲ့ မြန်မာ့ဖွံ့ဖြိုးရေး ကိစ္စတွေ ဆွေးနွေးဖွယ် ရှိပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ဧကရာဇ္နန္းတက္ပြဲအတြက္ အတိုင္ပင္ခံပုဂၢိဳလ္ ဂ်ပန္ေရာက္ရွိ ဧကရာဇ္နန္းတက္ပြဲအတြက္ အတိုင္ပင္ခံပုဂၢိဳလ္ ဂ်ပန္ေရာက္ရွိ Reviewed by THITHTOOLWIN on 20:14 Rating: 5
Powered by Blogger.