တားျမစ္ထားတဲ့ၾကားက ဖားကန္႔မွာ ဥပေဒမဲ့ ေက်ာက္စိမ္းတူးေဖာ္မႈ ရွိေနဆဲ

ဖားကန္႔ရွိ ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ကြက္တခု။
ကခ်င္ျပည္နယ္ ဖားကန္႔ေဒသက ေက်ာက္စိမ္းတူးေဖာ္ခြင့္ကို အစုိးရက ဥပေဒအရ ထိန္းခ်ဳပ္ထားေပမယ့္ လတ္တေလာမွာေတာ့ ခြင့္ျပဳခ်က္မရွိဘဲ တရားမဝင္ တူးေဖာ္မႈေတြ ဆက္ရွိေနတယ္လို႔ ေဒသခံေတြက VOA ကို ေျပာပါတယ္။ ဒီလို တရားမဝင္ တူးေဖာ္တဲ့ကိစၥမွာ ေဒသခံ လက္နက္ကိုင္အဖြဲ႔ေတြ ပါဝင္ပတ္သက္ေနတာကို ၾကည့္ရင္ ျမန္မာ့ၿငိမ္းခ်မ္းေရး အလားအလာအတြက္ အဟန္႔အတားေတြ ျဖစ္ေစတယ္လို႔ သုံးသပ္မႈေတြလည္း ရွိပါတယ္။ အျပည့္အစုံကုိ ကိုဉာဏ္ဝင္းေအာင္က စုံစမ္းေမးျမန္း တင္ျပထားပါတယ္။

မုိးတြင္းကာလမွာ အႏၱရာယ္မ်ားတာေၾကာင့္ ေက်ာက္စိမ္းလုပ္ကြက္ေတြအားလုံး တူးေဖာ္မႈ ၃ လရပ္ထားဖို႔ အစုိးရက ညႊန္ၾကားခဲ့တာပါ။ အခုလို မုိးရာသီကုန္ဆုံးခ်ိန္မွာ အစားထိုး တူးေဖာ္ခြင့္တခ်ဳိ႕ ျပန္ခ်ေပးေပမယ့္ စက္ယႏၱရားႀကီးေတြသုံးၿပီး တရားမဝင္ တူးေဖာ္မႈ ရွိေနတယ္လို႔ ဖားကန္႔ေဒသခံလည္းျဖစ္၊ သတင္းေထာက္တဦးလည္းျဖစ္တဲ့ ကိုေဇာ္မိုးထက္က ေျပာပါတယ္။

“အဓိက က်ေနာ္တုိ႔ ဖားကန္႔မွာက တရားမဝင္ ေက်ာက္စိမ္းတူးေဖာ္မႈေတြက ဆက္ရွိေနတယ္။ အဲဒါကို အစုိးရအေနနဲ႔ လုိင္စင္သက္တမ္းေတြ တုိးမေပးတာ၊ ရပ္႐ုံတင္ ရပ္ထားတာမ်ိဳး မလုပ္ဘဲနဲ႔ သက္တမ္းကုန္တဲ့ လုပ္ကြက္ေတြမွာလည္း တရားမဝင္ တူးေဖာ္မႈေတြ မရွိေအာင္ ၾကပ္ၾကပ္မတ္မတ္ ေဆာင္ရြက္ဖုိ႔လိုတယ္။ တပ္မေတာ္အေနနဲ႔ လုံၿခံဳေရးေပးသင့္တယ္။ ဒါမွလည္း ေက်ာက္စိမ္း႐ုံးက ဝန္ထမ္းေတြက တရားမဝင္ ခုိးတူးတဲ့ကိစၥေတြကို ၾကပ္ၾကပ္မတ္မတ္ ေဆာင္ရြက္ႏုိင္မယ္ေပါ့ေနာ္။”

ဖားကန္႔ေဒသမွာ ေက်ာက္စိမ္းအလြန္အကၽြံ တူးေဖာ္မႈေၾကာင့္ သဘာဝပတ္ဝန္းက်င္ ပ်က္စီးလာသလို စြန္႔ပစ္ေျမစာပုံမွာ ေရမေဆးေက်ာက္ ရွာေဖြသူေတြ ေျမၿပဳိေျမပိၿပီး ေသဆုံးမႈ မ်ားလာတာေၾကာင့္လည္း ေက်ာက္တူးေဖာ္မႈကို ယာယီရပ္ဆိုင္းခဲ့တာပါ။ ၂၀၁၇ ျမန္မာ့ေက်ာက္မ်က္ဥပေဒအရ ဧက ဆယ္ဂဏန္း၊ ရာဂဏန္းရွိတဲ့ လုပ္ကြက္ေတြကို တူးေဖာ္ခြင့္ ပိတ္ထားေပမယ့္ ၅ ဧကအရြယ္ အလတ္စား လုပ္ကြက္ေတြကိုသာ ခြင့္ျပဳထားတယ္လို႔ ဆိုပါတယ္။

ဒီသီတင္းပတ္ေတြအတြင္း ဖားကန္႔ေဒသက ေက်ာက္စိမ္းတူးေဖာ္မႈေတြဟာ ၅ ဧက အရြယ္အစားထက္ ပိုက်ယ္ျပန္႔တဲ့ လုပ္ကြက္ေတြျဖစ္ၿပီး သက္တမ္းကုန္ဆုံးေနတဲ့ လုပ္ကြက္ေတြျဖစ္တယ္လို႔ ဆိုပါတယ္။ ျမန္မာမွတ္ပုံတင္ ကိုင္ေဆာင္ထားတဲ့ တ႐ုတ္သူေဌးေတြက ေဒသခံ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔ေတြရဲ႕ ခြင့္ျပဳခ်က္ရယူၿပီး နယ္ေျမခံ အစိုးရစစ္တပ္၊ ရဲတပ္ရင္း၊ ေက်ာက္စိမ္းတူးေဖာ္မႈ ထိန္းခ်ဳပ္ေရး႐ုံး စတဲ့ အာဏာပိုင္ေတြနဲ႔ ေပါင္းၿပီး တရားမဝင္ တူးေဖာ္ေနတာ ျဖစ္တယ္လို႔ အမည္မေဖာ္လိုတဲ့ ေဒသခံေတြက VOA ကို ေျပာပါတယ္။

လတ္တေလာ တူးေဖာ္မႈေတြဟာ အစားထိုးတူးေဖာ္ခြင့္ ျပန္ေပးတာမွန္ေပမယ့္ ၅ ဧကထက္ ေက်ာ္တာေတြကို ခြင့္ျပဳထားတာမ်ဳိး ရွိမရွိဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးဘူးလို႔ ဖားကန္႔ၿမဳိ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္စိုးက ရွင္းျပပါတယ္။

“ဒါ အရင္ သက္တမ္း ၃ လ နားလုိက္တဲ့အတြက္ အစားထုိး လုပ္ခုိင္းတယ္လို႔ပဲ က်ေနာ္ နားလည္ပါတယ္။ အစားထုိးသက္တမ္းသည္ နဂိုအတုိင္းပဲ ဧကအမ်ားႀကီးကိုပဲ လုပ္ခုိင္းတာလား၊ ဒါမွမဟုတ္ရင္ အလတ္စား ၅ ဧကကိုပဲ တူးခုိင္းတာလား ဆုိတာကေတာ့ သိပ္ၿပီးေတာ့ ေရေရရာရာ မရွိေသးတဲ့ ပုံစံမ်ဳိး ေတြ႔ရတယ္ဗ်။”

ဖားကန္႔မွာ သက္တမ္းကုန္ဆုံးသြားတဲ့ ေက်ာက္တူးေဖာ္ေရး လုပ္ကြက္ဧရိယာ ၇၀% ေလာက္ရွိၿပီး တူးေဖာ္ခြင့္သက္တမ္း ထပ္မတုိးေပးတာေၾကာင့္လည္း တရားမဝင္ တူးေဖာ္မႈေတြ ဆက္ရွိေနေပမယ့္ အစိုးရအေနနဲ႔ ထိေရာက္စြာ ကိုင္တြယ္ႏိုင္ျခင္း မရွိေသးဘူးလို႔ ဦးတင္စိုးက ေျပာပါတယ္။

“အႀကီးအက်ယ္ ခုိးတူးေနတဲ့ ကိစၥေတြက က်ေနာ္ လႊတ္ေတာ္မွာကုိ ဒီကိစၥေတြ ေဆြးေႏြးၿပီးၿပီေလ၊ ေျပာၿပီးၿပီ၊ တင္ျပၿပီးၿပီ။ ဒါေပမယ့္ ေဆာင္ရြက္မႈက အစုိးရအဖြဲ႔ရဲ႕ တာဝန္ပဲျဖစ္တယ္။ ေအာက္ေျခမွာလည္း ႏုိင္ႏုိင္နင္းနင္း ထိန္းခ်ဳပ္ႏုိင္ဖုိ႔ အတြက္ကေတာ့ ဝန္ႀကီးဌာနရဲ႕ တာဝန္ပဲျဖစ္တယ္။ ဒီမွာ တပ္မရွိတယ္၊ ရဲတပ္ရင္း ၃ ရင္းရွိတယ္၊ ဒီၾကားထဲမွာမွ ဒီေလာက္အထိ ခုိးတူးေနတာဟာ ဘာေၾကာင့္လဲဆုိတာကိုပါ က်ေနာ္ ေထာက္ျပခဲ့တာ ရွိပါတယ္။ ႏုိင္ငံေတာ္ရဲ႕ အက်ဳိးစီးပြားထက္ မိမိရဲ႕ အက်ဳိးစီးပြားကိုပဲ ေရွ႕ဦးတည္ၿပီး လုပ္ေနတဲ့လူေတြ ရွိေနသေရြ႕ကေတာ့ က်ေနာ္တုိ႔ ဒါေတြဟာ အေကာင္အထည္ေဖာ္ဖုိ႔ဆုိတာ ခက္ခဲေနဦးမွာပဲ ျဖစ္ပါတယ္။”

တကယ္ေတာ့ ကခ်င္ျပည္နယ္ အပါအဝင္ အျခား နယ္စပ္ေဒသေတြမွာ ျမန္မာစစ္တပ္နဲ႔ တုိင္းရင္းသား လက္နက္ကိုင္တပ္ေတြၾကား စစ္ပြဲျဖစ္ေနရတဲ့ အေၾကာင္းရင္းေတြထဲမွာ သယံဇာတ ထုတ္ယူေရးနဲ႔ ပတ္သက္လို႔ ထိန္းခ်ဳပ္မႈ ရႏိုင္ေရးလည္း ပါဝင္တယ္လို႔ သုံးသပ္မႈေတြ ရွိပါတယ္။ ဒါေပမယ့္ လတ္တေလာ ဖားကန္႔ေဒသက လက္နက္ကိုင္အုပ္စုေတြ ေပါင္းၿပီး တရားမဝင္ ေက်ာက္တူးေဖာ္ေရး လုပ္ေနတာကုိ ၾကည့္ရင္ မၿပီးဆုံးႏိုင္ေသးတဲ့ ျမန္မာ့ၿငိမ္းခ်မ္းေရးမွာ ႐ိုက္ခတ္မႈ ရွိေစလိမ့္မယ္လို႔ သုံးသပ္ေၾကာင္း ဝါရွင္တန္ဒီစီအေျခစိုက္ ကခ်င္မဟာမိတ္အဖြဲ႔ ဥကၠ႒ ကိုဂြန္ဆမ္းက ေျပာပါတယ္။

“KIO ကေန ေက်ာက္တူးတာေတာ့ က်ေနာ္ မၾကားဖူးဘူး။ ဒါေပမယ့္ KIO ကလည္း အခြန္ေကာက္တာေတာ့ ၾကားဖူးပါတယ္။ ၉၀ ေနာက္ပုိင္းမွာ ဖားကန္႔တြင္းကုိ ေရာင္းတာက အဓိက စစ္တပ္ပါ။ စစ္တပ္ကေနၿပီးေတာ့ စည္းကမ္းေတြေဖာက္ၿပီး ေက်ာက္ေတြ ပရမ္းပတာတူးတာေတြ ျမင္ေတြ႔ရတယ္။ အဲေတာ့ ဦးပုိင္မရွိရင္ေတာ့ ဒီျပႆနာ က လြယ္ပါတယ္။ ေျပလည္သြားမွာပါ။ စစ္တပ္ကလည္း တုိင္းရင္းသားေဒသ ဆုိေပမယ့္ တုိင္းရင္းသားေတြနဲ႔ မခြဲေဝခ်င္ဘူး။ ကိုယ္ကုိယ္တုိင္ အကုန္လုံးပိုင္ခ်င္တဲ့ စိတ္ဓာတ္ရွိတယ္။ စစ္တပ္ ထိပ္ပုိင္းေခါင္းေဆာင္ေတြကိုယ္တုိင္ ပါဝင္ပတ္သက္ေနတဲ့ စီးပြားေရးဆုိေတာ့ ဒီအစုိးရကေနၿပီးေတာ့ Corruption နဲ႔ ပတ္သက္ၿပီးမွ တကယ့္ကုိ ထိထိေရာက္ေရာက္ ကုိင္တြယ္လာမယ္၊ စစ္တပ္ကလည္း တကယ့္ကို အစုိးရရဲ႕ အမိန္႔ေအာက္မွာ လုိက္နာရမယ့္ အေျခအေန ေရာက္သြားမွပဲ သယံဇာတ ခြဲေဝမႈတုိ႔ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီးေတာ့မွ တကယ့္ကုိ ထိေရာက္ တုိးတက္မႈမွာ အားနည္းေနတာေပါ့။ ျပည္သူလူထုက တင္ေျမႇာက္တဲ့ အစုိးရေအာက္မွာရွိတဲ့ စစ္တပ္ရွိမွပဲ ၿငိမ္းခ်မ္းေရး တုိးတက္မႈရွိလာမယ္လို႔ပဲ က်ေနာ္ သုံးသပ္ရပါတယ္။”

လက္ရွိ ဖားကန္႔က တူးေဖာ္မႈနဲ႔ပတ္သက္လို႔ ပုိသိရေအာင္ ကခ်င္ျပည္နယ္ သယံဇာတေရးရာဝန္ႀကီး ဦးလရွီဒါဆိုင္းကို VOA က အႀကိမ္ႀကိမ္ ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းကိုင္ေျဖၾကားျခင္း မရွိခဲ့ပါဘူး။

--------------------------

(Unicode)

တားမြစ်ထားတဲ့ကြားက ဖားကန့်မှာ ဥပဒေမဲ့ ကျောက်စိမ်းတူးဖော်မှု ရှိနေဆဲ

ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ခွင့်ကို အစိုးရက ဥပဒေအရ ထိန်းချုပ်ထားပေမယ့် လတ်တလောမှာတော့ ခွင့်ပြုချက်မရှိဘဲ တရားမဝင် တူးဖော်မှုတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက VOA ကို ပြောပါတယ်။ ဒီလို တရားမဝင် တူးဖော်တဲ့ကိစ္စမှာ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေ ပါဝင်ပတ်သက်နေတာကို ကြည့်ရင် မြန်မာ့ငြိမ်းချမ်းရေး အလားအလာအတွက် အဟန့်အတားတွေ ဖြစ်စေတယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က စုံစမ်းမေးမြန်း တင်ပြထားပါတယ်။

မိုးတွင်းကာလမှာ အန္တရာယ်များတာကြောင့် ကျောက်စိမ်းလုပ်ကွက်တွေအားလုံး တူးဖော်မှု ၃ လရပ်ထားဖို့ အစိုးရက ညွှန်ကြားခဲ့တာပါ။ အခုလို မိုးရာသီကုန်ဆုံးချိန်မှာ အစားထိုး တူးဖော်ခွင့်တချို့ ပြန်ချပေးပေမယ့် စက်ယန္တရားကြီးတွေသုံးပြီး တရားမဝင် တူးဖော်မှု ရှိနေတယ်လို့ ဖားကန့်ဒေသခံလည်းဖြစ်၊ သတင်းထောက်တဦးလည်းဖြစ်တဲ့ ကိုဇော်မိုးထက်က ပြောပါတယ်။

“အဓိက ကျနော်တို့ ဖားကန့်မှာက တရားမဝင် ကျောက်စိမ်းတူးဖော်မှုတွေက ဆက်ရှိနေတယ်။ အဲဒါကို အစိုးရအနေနဲ့ လိုင်စင်သက်တမ်းတွေ တိုးမပေးတာ၊ ရပ်ရုံတင် ရပ်ထားတာမျိုး မလုပ်ဘဲနဲ့ သက်တမ်းကုန်တဲ့ လုပ်ကွက်တွေမှာလည်း တရားမဝင် တူးဖော်မှုတွေ မရှိအောင် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ဖို့လိုတယ်။ တပ်မတော်အနေနဲ့ လုံခြုံရေးပေးသင့်တယ်။ ဒါမှလည်း ကျောက်စိမ်းရုံးက ဝန်ထမ်းတွေက တရားမဝင် ခိုးတူးတဲ့ကိစ္စတွေကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နိုင်မယ်ပေါ့နော်။”

ဖားကန့်ဒေသမှာ ကျောက်စိမ်းအလွန်အကျွံ တူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာသလို စွန့်ပစ်မြေစာပုံမှာ ရေမဆေးကျောက် ရှာဖွေသူတွေ မြေပြိုမြေပိပြီး သေဆုံးမှု များလာတာကြောင့်လည်း ကျောက်တူးဖော်မှုကို ယာယီရပ်ဆိုင်းခဲ့တာပါ။ ၂၀၁၇ မြန်မာ့ကျောက်မျက်ဥပဒေအရ ဧက ဆယ်ဂဏန်း၊ ရာဂဏန်းရှိတဲ့ လုပ်ကွက်တွေကို တူးဖော်ခွင့် ပိတ်ထားပေမယ့် ၅ ဧကအရွယ် အလတ်စား လုပ်ကွက်တွေကိုသာ ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

ဒီသီတင်းပတ်တွေအတွင်း ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်မှုတွေဟာ ၅ ဧက အရွယ်အစားထက် ပိုကျယ်ပြန့်တဲ့ လုပ်ကွက်တွေဖြစ်ပြီး သက်တမ်းကုန်ဆုံးနေတဲ့ လုပ်ကွက်တွေဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာမှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ တရုတ်သူဌေးတွေက ဒေသခံ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ခွင့်ပြုချက်ရယူပြီး နယ်မြေခံ အစိုးရစစ်တပ်၊ ရဲတပ်ရင်း၊ ကျောက်စိမ်းတူးဖော်မှု ထိန်းချုပ်ရေးရုံး စတဲ့ အာဏာပိုင်တွေနဲ့ ပေါင်းပြီး တရားမဝင် တူးဖော်နေတာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတွေက VOA ကို ပြောပါတယ်။

လတ်တလော တူးဖော်မှုတွေဟာ အစားထိုးတူးဖော်ခွင့် ပြန်ပေးတာမှန်ပေမယ့် ၅ ဧကထက် ကျော်တာတွေကို ခွင့်ပြုထားတာမျိုး ရှိမရှိဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ရှင်းပြပါတယ်။

“ဒါအရင် သက်တမ်း ၃ လ နားလိုက်တဲ့အတွက် အစားထိုး လုပ်ခိုင်းတယ်လို့ပဲ ကျနော် နားလည်ပါတယ်။ အစားထိုးသက်တမ်းသည် နဂိုအတိုင်းပဲ ဧကအများကြီးကိုပဲ လုပ်ခိုင်းတာလား၊ ဒါမှမဟုတ်ရင် အလတ်စား ၅ ဧကကိုပဲ တူးခိုင်းတာလား ဆိုတာကတော့ သိပ်ပြီးတော့ ရေရေရာရာ မရှိသေးတဲ့ ပုံစံမျိုး တွေ့ရတယ်ဗျ။”

ဖားကန့်မှာ သက်တမ်းကုန်ဆုံးသွားတဲ့ ကျောက်တူးဖော်ရေး လုပ်ကွက်ဧရိယာ ၇၀% လောက်ရှိပြီး တူးဖော်ခွင့်သက်တမ်း ထပ်မတိုးပေးတာကြောင့်လည်း တရားမဝင် တူးဖော်မှုတွေ ဆက်ရှိနေပေမယ့် အစိုးရအနေနဲ့ ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်း မရှိသေးဘူးလို့ ဦးတင်စိုးက ပြောပါတယ်။

“အကြီးအကျယ် ခိုးတူးနေတဲ့ ကိစ္စတွေက ကျနော် လွှတ်တော်မှာကို ဒီကိစ္စတွေ ဆွေးနွေးပြီးပြီလေ၊ ပြောပြီးပြီ၊ တင်ပြပြီးပြီ။ ဒါပေမယ့် ဆောင်ရွက်မှုက အစိုးရအဖွဲ့ရဲ့ တာဝန်ပဲဖြစ်တယ်။ အောက်ခြေမှာလည်း နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်ဖို့ အတွက်ကတော့ ဝန်ကြီးဌာနရဲ့ တာဝန်ပဲဖြစ်တယ်။ ဒီမှာ တပ်မရှိတယ်၊ ရဲတပ်ရင်း ၃ ရင်းရှိတယ်၊ ဒီကြားထဲမှာမှ ဒီလောက်အထိ ခိုးတူးနေတာဟာ ဘာကြောင့်လဲဆိုတာကိုပါ ကျနော် ထောက်ပြခဲ့တာ ရှိပါတယ်။ နိုင်ငံတော်ရဲ့ အကျိုးစီးပွားထက် မိမိရဲ့ အကျိုးစီးပွားကိုပဲ ရှေ့ဦးတည်ပြီး လုပ်နေတဲ့လူတွေ ရှိနေသရွေ့ကတော့ ကျနော်တို့ ဒါတွေဟာ အကောင်အထည်ဖော်ဖို့ဆိုတာ ခက်ခဲနေဦးမှာပဲ ဖြစ်ပါတယ်။”

တကယ်တော့ ကချင်ပြည်နယ် အပါအဝင် အခြား နယ်စပ်ဒေသတွေမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြား စစ်ပွဲဖြစ်နေရတဲ့ အကြောင်းရင်းတွေထဲမှာ သယံဇာတ ထုတ်ယူရေးနဲ့ ပတ်သက်လို့ ထိန်းချုပ်မှု ရနိုင်ရေးလည်း ပါဝင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ ဒါပေမယ့် လတ်တလော ဖားကန့်ဒေသက လက်နက်ကိုင်အုပ်စုတွေ ပေါင်းပြီး တရားမဝင် ကျောက်တူးဖော်ရေး လုပ်နေတာကို ကြည့်ရင် မပြီးဆုံးနိုင်သေးတဲ့ မြန်မာ့ငြိမ်းချမ်းရေးမှာ ရိုက်ခတ်မှု ရှိစေလိမ့်မယ်လို့ သုံးသပ်ကြောင်း ဝါရှင်တန်ဒီစီအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ကိုဂွန်ဆမ်းက ပြောပါတယ်။

“KIO ကနေ ကျောက်တူးတာတော့ ကျနော် မကြားဖူးဘူး။ ဒါပေမယ့် KIO ကလည်း အခွန်ကောက်တာတော့ ကြားဖူးပါတယ်။ ၉၀ နောက်ပိုင်းမှာ ဖားကန့်တွင်းကို ရောင်းတာက အဓိက စစ်တပ်ပါ။ စစ်တပ်ကနေပြီးတော့ စည်းကမ်းတွေဖောက်ပြီး ကျောက်တွေ ပရမ်းပတာတူးတာတွေ မြင်တွေ့ရတယ်။ အဲတော့ ဦးပိုင်မရှိရင်တော့ ဒီပြဿနာ က လွယ်ပါတယ်။ ပြေလည်သွားမှာပါ။ စစ်တပ်ကလည်း တိုင်းရင်းသားဒေသ ဆိုပေမယ့် တိုင်းရင်းသားတွေနဲ့ မခွဲဝေချင်ဘူး။ ကိုယ်ကိုယ်တိုင် အကုန်လုံးပိုင်ချင်တဲ့ စိတ်ဓာတ်ရှိတယ်။ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့ စီးပွားရေးဆိုတော့ ဒီအစိုးရကနေပြီးတော့ Corruption နဲ့ ပတ်သက်ပြီးမှ တကယ့်ကို ထိထိရောက်ရောက် ကိုင်တွယ်လာမယ်၊ စစ်တပ်ကလည်း တကယ့်ကို အစိုးရရဲ့ အမိန့်အောက်မှာ လိုက်နာရမယ့် အခြေအနေ ရောက်သွားမှပဲ သယံဇာတ ခွဲဝေမှုတို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့မှ တကယ့်ကို ထိရောက် တိုးတက်မှုမှာ အားနည်းနေတာပေါ့။ ပြည်သူလူထုက တင်မြှောက်တဲ့ အစိုးရအောက်မှာရှိတဲ့ စစ်တပ်ရှိမှပဲ ငြိမ်းချမ်းရေး တိုးတက်မှုရှိလာမယ်လို့ပဲ ကျနော် သုံးသပ်ရပါတယ်။”

လက်ရှိ ဖားကန့်က တူးဖော်မှုနဲ့ပတ်သက်လို့ ပိုသိရအောင် ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးလရှီဒါဆိုင်းကို VOA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

ကိုဉာဏ္ဝင္းေအာင္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
တားျမစ္ထားတဲ့ၾကားက ဖားကန္႔မွာ ဥပေဒမဲ့ ေက်ာက္စိမ္းတူးေဖာ္မႈ ရွိေနဆဲ တားျမစ္ထားတဲ့ၾကားက ဖားကန္႔မွာ ဥပေဒမဲ့ ေက်ာက္စိမ္းတူးေဖာ္မႈ ရွိေနဆဲ Reviewed by THITHTOOLWIN on 04:32 Rating: 5
Powered by Blogger.