
ကျူးဘား-မြန်မာ အလံမျာ




....................

{Unicode}

ကျူးဘား-မြန်မာ သံတမန်ဆက်ဆံရေး တရားဝင်စတင်

နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ အဖွဲ့ဟာ ကျူးဘားနိုင်ငံကို သွားရောက်ခဲ့ပြီး ကျူးဘားကျန်းမာရေးဝန်ကြီး Jose Angel Portal နဲ့ တွေ့ဆုံခဲ့ကြောင်း ကျူးဘားသတင်းဌာန ACN က သောကြာနေ့မှာ ဖေါ်ပြပါတယ်။

အခုလို တွေ့ဆုံရာမှာ ကျန်းမာရေးကဏ္ဍမှာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားကြောင်း မြန်မာအစိုးရအထူးသံတမန် ဦးကျော်တင့်ဆွေက ပြောကြားခဲ့သလို ၂ နိုင်ငံကြား တရားဝင် သံတမန်ဆက်ဆံရေး ဖွင့်လှစ်ကြောင်း ကြေညာဖို့ ကျူးဘားကို လာရောက်တာ ဖြစ်ကြောင်း MINSAP ကျူးဘားကျန်းမာရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖေါ်ပြထားတာပါ။

ကျန်းမာရေးဝန်ကြီး Portal ကလည်း ၂ နိုင်ငံကြား ကျန်းမာရေးနဲ့ ပညာရေးဝန်ဆောင်မှုတွေအပြင် ဇီဝနည်းပညာနဲ့ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းဆိုင်ရာ ကဏ္ဍတွေမှာပါ ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာရှိတယ်လို့လည်း ပြောခဲ့ပါတယ်။

ကျူးဘားကျန်းမာရေးစနစ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး စနစ် တခုထဲမှာ ပါဝင်နေတဲ့အတွက် အခုလို ပူးပေါင်းဆောင်ရွက်မှုဟာ ၂ နိုင်ငံ စလုံးအတွက် အကျိုးရှိစေမယ်လို့ ဝန်ကြီး ဦးကျော်တင့်ဆွေရဲ့ ပြောကြားချက်ကိုလည် ဖေါ်ပြထားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ကျူးဘား-မြန်မာ သံတမန်ဆက်ဆံရေး တရားဝင်စတင် ကျူးဘား-မြန်မာ သံတမန်ဆက်ဆံရေး တရားဝင်စတင် Reviewed by THITHTOOLWIN on 04:30 Rating: 5
Powered by Blogger.