အင္းေလးမွာ ေမာ္ေတာ္တိုက္ခံရၿပီး ေလွေပၚမွတစ္ဦးျပဳတ္က်ေသဆုံး

ဓါတ္ပုံ- Lay Nge

ေတာင္ႀကီး၊ ေအာက္တိုဘာ၇

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေညာင္ေ႐ႊၿမိဳ႕နယ္၊ အင္းေလးေဒသ၊ နန္းသဲေက်း႐ြာအုပ္စု၊ ေျမာင္းဝႀကီး႐ြာမွာ ေအာက္တိုဘာလ၆ရက္ေန႔လည္ပိုင္းအခ်ိန္က ေလွငယ္တစ္စင္းကိုေမာ္ေတာ္တိုက္ခံရၿပီး ေလွေပၚမွတစ္ဦးျပဳတ္က်ေသဆုံးမႈျဖစ္ပြားခဲ့တယ္လို႔ ေ႐ႊေမတၱာလူမႈေစာင့္ေရွာက္ေရးႏွင့္နာေရးကူညီမႈအဖြဲ႕ထံမွ သိရပါတယ္။

ဓါတ္ပုံ- Lay Nge

ေျမာင္းဝႀကီး႐ြာေန ဦးယုံ၊အသက္၇၄ႏွစ္ကေ အာက္တိုဘာ၆ရက္၊ ေန႔လည္ပိုင္းအခ်ိန္က ၎ရဲ႕ၿခံကိုေလွနဲ႔သြားေနစဥ္ ေမာ္ေတာ္ တစ္စီးက ဝင္တိုက္ခဲ့တဲ့အတြက္ ေရထဲျပဳတ္က်ကာေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ယင္းကဲ့သို႔ ဝင္ေရာက္တိုက္မိခဲ့မႈေၾကာင့္ ဦးယုံမွာ ယာမ်က္ခုံးထြက္ဒဏ္ရာရရွိခဲ့ၿပီး အျခားဒဏ္ရာတစ္စုံတစ္ရာမရရွိဘဲ ေရနစ္ေသဆုံးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ဓါတ္ပုံ- Lay Nge

ေသဆုံးသူရဲ႕အေလာင္းကို ေ႐ႊေမတၱာလူမႈေစာင့္ေရွာက္ေရးႏွင့္နာေရးကူညီမႈအဖြဲ႕ယာဥ္နဲ႔ ေညာင္ေ႐ႊျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ၿပီး တိုက္‌ေျပးသြားတဲ့ေမာ္ေတာ္ကို ေညာင္ေ႐ႊရဲတပ္ဖြဲ႕မွ လိုက္လံစုံးစမ္းစစ္ေဆးေဆာင္႐ြက္လ်က္ရွိကာ ေညာင္ေ႐ႊၿမိဳ႕မရဲစခန္းမွာ ဥပေဒအမႈဖြင့္လွစ္ႏိုင္ေရးအတြက္ေဆာင္႐ြက္လ်က္ရွိတယ္လို႔ သိရပါတယ္။

သတင္း- ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)
ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/

(Unicode)
အင်းလေးမှာ မော်တော်တိုက်ခံရပြီး လှေပေါ်မှတစ်ဦးပြုတ်ကျသေဆုံး

တောင်ကြီး၊ အောက်တိုဘာ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ နန်းသဲကျေးရွာအုပ်စု၊ မြောင်းဝကြီးရွာမှာ အောက်တိုဘာလ၆ရက်နေ့လည်ပိုင်းအချိန်က လှေငယ်တစ်စင်းကိုမော်တော်တိုက်ခံရပြီး လှေပေါ်မှတစ်ဦးပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ရွှေမေတ္တာလူမှုစောင့်ရှောက်ရေးနှင့်နာရေးကူညီမှုအဖွဲ့ထံမှ သိရပါတယ်။

မြောင်းဝကြီးရွာနေ ဦးယုံ၊အသက်၇၄နှစ်ကအောက် တိုဘာ၆ရက်၊ နေ့လည်ပိုင်းအချိန်က ၎င်းရဲ့ခြံကိုလှေနဲ့သွားနေစဉ် မော်တော်တစ်စီးက ဝင်တိုက်ခဲ့တဲ့အတွက် ရေထဲပြုတ်ကျကာသေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယင်းကဲ့သို့ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် ဦးယုံမှာ ယာမျက်ခုံးထွက်ဒဏ်ရာရရှိခဲ့ပြီး အခြားဒဏ်ရာတစ်စုံတစ်ရာမရရှိဘဲ ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့အလောင်းကို ရွှေမေတ္တာလူမှုစောင့် ရှောက်ရေးနှင့်နာရေးကူညီမှုအဖွဲ့ယာဉ်နဲ့ ညောင်ရွှေပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီးတိုက်‌ပြေးသွားတဲ့မော်တော်ကို ညောင်ရွှေရဲတပ်ဖွဲ့မှ လိုက်လံစုံးစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကာ ညောင်ရွှေမြို့မရဲ စခန်းမှာ ဥပဒေအမှုဖွင့်လှစ်နိုင်ရေးအတွက်ဆောင် ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

သတင်း- ရဲရင့်ဇွဲ(ရွှေတြိဂံ)
ဓါတ်ပုံ- Lay Nge

အင္းေလးမွာ ေမာ္ေတာ္တိုက္ခံရၿပီး ေလွေပၚမွတစ္ဦးျပဳတ္က်ေသဆုံး အင္းေလးမွာ ေမာ္ေတာ္တိုက္ခံရၿပီး ေလွေပၚမွတစ္ဦးျပဳတ္က်ေသဆုံး Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.